မိုးတိမ်သံသရာ

သူရႆဝါMay 25, 20102min732

“မိုးတိမ်သံသရာ”

မော့ကြည့်မိတော့ . . .

မျက်စိတဆုံး မိုးတိမ်တွေလှလိုက်တာ

မော့ကြည့်ရတဲ့မျက်ဝန်းမှာ

ဒဏ်ရာ . . . အနာတွေနဲ့အပြည့်

အဲဒီ ဒဏ်ရာတွေရဖို့

နှစ်ပေါင်းနှစ်ဆယ်ကျော် ရင်းနှီးခဲ့တယ်

အရင်းအစားများသလို

အမြတ်အစွန်းများများ ၊ အရှုံးအနိမ့်များများ

ဆိုပြန်တော့

မျက်လုံးမှာ ဒဏ်ရာအနာတွေအပြည့် . . . ဝေ့လာပြန်တယ်

အဲဒီမျက်လုံးတွေနဲ့ပဲ မော့ကြည့်လိုက်တယ်

မိုးတိမ်တွေလေ . . . လှ နေ လိုက် တာ . . . .

သူရဿဝါ

မေလ ၂၅ ရက် ၊ ၂၀၁ဝ ခုနှစ်

2 comments

  • moethiha

    May 26, 2010 at 3:41 am

    ကောင်းလိုက်တဲ့ကဗျာ။ဒသနဆန်ဆန်နဲ့
    ထပ်တင်ပေးပါဦးအမြဲတမ်းအားပေးနေပါ့မယ်

  • dreamlay

    May 31, 2010 at 10:35 am

    ကဗျာလေးတွေကိုချစ်ပါတယ်။ကဗျာလေးကအရမ်းကောင်းတာပဲနော်

Leave a Reply