အခုတလောနေရာအနှံအပြားမှာပြန့်နှံနေတဲ့ (Win32/Zimuse A နှင့် Win32/Zmuse B) လိုခေါ်တဲ့ worm virus

agkyawthantMay 25, 20101min620

ကျနော့် ကိုယ်တွေ ့တော့မဟုတ်ပါဘူး www.mmitdev.com မှာတွေ ့လို ့ပြန်ပြီး Share လုပ်တာပါ

worm virus (Win32/Zimuse A နှင့် Win32/Zmuse B)

အခုတလောနေရာအနှံအပြားမှာပြန့်နှံနေတဲ့ (Win32/Zimuse A နှင့် Win32/Zmuse B) လိုခေါ်တဲ့ worm virus တွေကိုသတိထားစေလိုပါတယ်။
ဒီ ဗိုင်းရပ် ဟာ Win32/Zimuse A နှင့် Win32/Zmuse B ဆိုပြီးအမျိုးအစား ၂ မျိုးခွဲပြီးပေါ်လာပါတယ် ပြီးတော့ ကူးစက်ပြန့်ပွားမှုတွေကလဲ ၂ နည်းရှိပါတယ်။
ဒီဗိုင်းရပ်တွေဟာ ဝက်ဆိုဒ်အတော်များများမှာ သူဖါသာသူဖြည်နိုင်စွမ်းရှိတဲ့ Zip ဖိုင်အမျိုးအစားဖြင့်ပုန်းလျှိုနေပါတယ်။

IQ Test လိုပရိုဂရမ်တွေမအနေနှင့်လဲ ရုပ်ပြောင်းရုပ်လွှဲလုပ်ထားပါသေးတယ်။
ပြီးတော့ USB Drive တွေကနေတဆင့်လဲ ကူးစက်နိုင်ပါသေးတယ်။

Win32/Zimuse.A က USB Drive ကနေ စတင်ကူးစက်ပြန့်ပွားဖို့အတွက် ၁ဝ ရက် အချိန်ယူပြီး Win32/Zimuse.B ကျတော့ ရ ရက်သာအချိန်ယူပါတယ်။
ထို့အပြင် ဒီဗိုင်းရပ်ဟာ နိုးစက်ပေးထားသလို သူသတ်မှတ်ချိန်ရောက်မှသာလျှင်စတင်ဒုက္ခပေးမှာဖြစ်ပါတယ်။
Win32/Zimuse.B ရဲ့ (ပရိုဂရမ်ထပ်ရေးမှု MBR) ဟာ မှုလ Win32/Zimuse.A ရက် ၄ဝ အချိန်အထက် ပိုမြန်ပြီး ရက် ၂ဝ အတွင်း စတင်တိုက်ခိုက်မှာဖြစ်ပါတယ်။
ဒီကောင်ကို ဖျက်ဖို့အတွက် ESET ကနေပေးထားတဲ့ ESET Ezimuse Remover ဒီဆော့ဝဲလေးကို အသုံးပြုပြီးတိုက်ဖျက်နိုင်ပါတယ်…