ဟာသာဘာလင် VS ရှော်ကေး

မောင် ပေDecember 9, 20111min994

မင်္ဂလာပါ ။
၉.၁၂.၂၀၁၁ သောကြာနေ ့ည မှာ ၊ ဘောလုံးပွဲကြည့်ချင်သူများအတွက် ၊ နံနက် ၂ နာရီမှာ ကန်မှာ ဖြစ်တဲ့ ဂျာမနီ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပွဲစဉ် (၁၆) “ ဟာသာဘာလင် – ရှော်ကေး ” ပွဲအကြောင်း ၊ အထောက်အကူပြု အချက်အလက်များကို ရေးပြချင်ပါတယ် ။
ဟာသာဘာလင် (၉) – ရှော်ကေး (၄)
ဟာသာဘာလင် အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပွဲစဉ် ၁၅ အပြီးမှာ ၄ ပွဲနိုင် ၊ ရ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး ၂၂ ပေးဂိုး ၂၃ ၊ ရမှတ် ၁၉ မှတ် နဲ ့အဆင့် ၉ မှာ ရပ်တည်နေပါတယ် ။
ရှော်ကေး အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပွဲစဉ် ၁၅ အပြီးမှာ ၉ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၅ ပွဲရှုံး ၊ ရဂိုး ၃၁ ပေးဂိုး ၂၁ ၊ ရမှတ် ၂၈မှတ် နဲ ့အဆင့် ၄ မှာ ရပ်တည်နေပါတယ် ။
ယခု ပွဲ ကို ဟာသာဘာလင် အသင်း ရဲ ့အိမ်ကွင်း “Olympiastadion Berlin” မှာ ကစားမှာ ဖြစ်ပါတယ် ။
ဟာသာဘာလင် အသင်းရဲ ့ ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ သရေ ၊ သရေ ၊ သရေ ၊ ရှုံး ၊ နိုင်
ရှော်ကေး အသင်းရဲ ့ ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ သရေ
ဟာသာဘာလင် အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ (ဂိုး) သောမတ်စ်ခရပ် ၊ (နောက်တန်း) လီဗန်ကိုဗီယာရှဗ်ဗီလီ ၊ မီဂျာတိုဗစ် ၊ ရိုမန်ဟဘ်နစ် ၊ ခရစ်ရှန်လဲ ၊ (အလယ်တန်း) နီကီတာရီကဗ်ဆိုင်ယာ ၊ ပီတာနီမီရာ ၊ ရာဖေကီတာနို ၊ အန်ဒရီးရပ်စ်အိုတဲ (ရှေ ့တန်း) လာဆောဂါ ၊ အန်ဒရီရန်ရာမို ့စ်
ရှော်ကေး အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ (ဂိုး) လာ့စ် အန်နာစတော ၊ (နောက်တန်း) မာကိုဟော့ဂါ ၊ ဘင်နီဒစ်ဟောင်းဝပ် ၊ ပါပါဒိုပူးလောစ် ၊ ခရစ်ရှန်ဖက်ချ် ၊ (အလယ်တန်း) ဂျာမိန်းဂျုန်းစ် ၊ ခရစ်စတိုဖ်မောရစ် ၊ လူးဝစ်ဟော့လ်ဘီ ၊ (ရှေ ့တန်း) တီမူးပက်ကီ ၊ ရာအူးလ် ၊ ကလော့စ်ဂျန် ဟန်တယ်လာ
ဟာသာဘာလင် အိမ်ကွင်းတွင် ရှော်ကေး အသင်းနှင့် တွေ ့ဆုံခဲ့မှု မှတ်တမ်းများမှာ
Apr 24, 2010 Hertha BSC 0 – Schalke 04 1
May 16, 2009 Hertha BSC 0 – Schalke 04 0
Mar 23, 2008 Hertha BSC 1 – Schalke 04 2
ယခုပွဲအတွက် ဈေးအနေအထားဖွင့်လှစ်မှု အရ ရှော်ကေး သရေ ဆိုလျှင် ခပ်ပါးပါးလေး ဆုံးရှုံးမည် ဖြစ်သည် ။
ဂိုးပေါင်းဈေးမှာ သုံးဂိုးဆိုလျှင် အပြည့်နီးပါး အမြတ်ရရှိမည် ဖြစ်သည် ။
ပြီးခဲ့သည့် ရာသီ က အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံးကို ရှော်ကေး အသင်း က အနိုင် ကစားခဲ့သည် ။
ယခုပွဲသည် သရေ ရလဒ်သို ့ဦးတည်နေပြီး အနိုင်ဆိုပါက ရှော်ကေး အသင်းကို ရွေးခြယ်ရမည် ဖြစ်သည် ။
“ ဟာသာဘာလင် ၁-၂/၁-၃ ရှော်ကေး ” ဟု ခန် ့မှန်းပါသည် ။

4 comments

  • “ဘီလူးကြီး”ogre

    December 10, 2011 at 7:28 am

    တိုပေ
    ဘီရိုဖစ်ပြီး ရက်ပါ ဒီဇိုင်းနဲ့ ခေါင်းမူးခြုံထားတာလဲဂျ
    သီချင်းဆိုတော့မို့လား 🙂

  • amatmin

    December 10, 2011 at 10:52 am

    ကိုပေ
    မှန်းတာတွေ တယ်လန်းနေပါလားဗျ..
    ကနေ့ လည်း အာရုံကောင်းလေးမွေးပြီး မှန်းနော်..
    ဒါနဲ့ သိပ်နောက်မကျနဲ့ ဦးဗျ.. 🙂

    ဖိုက်တာ အမတ်မင်း

    • windtalker

      December 10, 2011 at 11:50 am

      အမတ်မင်းရေ
      ရဲရဲကြီး ယုံကြည်ပြီး လိုက်ခဲ့တော့ဗျို ့
      အကောင်းဆုံး စဉ်းစားပြီး
      အားလုံးအတွက် ရေးတင်နေတာပါ

  • windtalker

    December 10, 2011 at 10:53 am

    ပွဲအပြီးရလဒ်
    ““ ဟာသာဘာလင် ၁-၂ ရှော်ကေး ”” ( အပြည့်နိုင် )

Leave a Reply