သတိထားနိုင်မှတော်ကာကျမယ်…….

iris21December 9, 20111min1568

၂၀၁၁ လည်းကုန်ခါနီးသလို ခောတ်ကြီးကလည်းတိုးတက်လာပါတယ်။ လိုက်မမှီနိုင်အောင်ပါပဲ။ အဲဒီလိုပါပဲ လူတွေရဲ.စိတ်ဓါတ်(အချို.လူတွေကိုပြောပါတယ်)တွေကလည်း လိုက်မမှီနိုင်အောင်ပါပဲ။တိုးတက်လာပုံပြောပါတယ်။ (၁၁)လပိုင်းရဲ.ဒုတိယသီတင်းပါတ်မှာပါ။ဆိုင်ကယ် accidentနဲ. လူတစ်စု ဆေးရုံကိုရောက်လာပါတယ်။အပြင်ဆေးရုံဖြစ်လို. လက်ခံကုသမပေးပါဘူးဆိုတော. ဘာမှမဖြစ်ပါဘူးတဲ.။အမှုလည်းမလုပ်ပါဘူးတဲ.။တစ်ဖက်က တစ်ယောက်ကတော. ခေါင်းနည်းနည်းမူးတယ်ဆိုပါတယ်။ဘယ်သူမှားတယ် မှန်တယ်ဆိုတာအိုင်းတို. အလုပ်မဟုတ်လို. မမေးမိပေမဲ. ဆိုင်ကယ်ချင်းဖြစ်တာတူတူကို ခေါင်းမူးတယ်ဆိုတဲ.ဘက်က တင်းမာတဲ.ပုံပါပဲ။ဆေးရုံကြီး သွားပါဆိုတာ ဘယ်လိုမှပြောလို. လက်မခံပါဘူး။တစ်ဖက်ကတော. ခေါင်းမူးတယ်ဆိုတဲ. သူတွေကို ဒီမှာပဲcheck လုပ်ပေးမယ်။လိုအပ်တာမှန်သမျှပေါ.။ခေါင်းထဲမှာသွေးခဲတယ်၊တစ်ခုခု မကောင်းခဲ.ရင် ပျောက်သည်အထိ ကုပေးမယ်လို.ဆိုပါတယ်။နှစ်ဦးနှစ်ဖက် သဘောတူကြပြီး Skull X-ray အရင်ရိုက်ပါတယ်။ ရိုက်တော.အကောင်းပါပဲ အရိုးအက်တာ ဘာညာမရှိပါဘူး။ မကျေနပ်ပဲ CT ရိုက်မယ်ဆိုတော.လည်း တစ်ဖက်က ရိုက်ပေးရှာပါတယ်။ခေါင်းမူးတဲ.လူလည်း သက်သာသွားပါပြီ။အခြေအနေ အကုန်ကောင်းပြီဆိုတော. ဗွေဖောက်လာပါတယ်။ အခုကိစ္စကို ဆေးလည်းဆက်မကုပေးနဲ.တော.။ဖြစ်လာသမျှ သူတို.ဘက်က ကိုယ်.ဘာသာကုမယ် လျှော်ကြေးအနေနဲ.သာ ပေးတော.ဆိုပြီး ဖြစ်သွားပြန်ပါတယ်။တစ်ဖက်ကလည်း ဘာမှမဖြစ်လို.သာ လူလည်ကျမှန်းသိတော. အခြေအနေက တင်းမာလာပါတယ်။ဒါပေမဲ. နောက်ဆုံးတော. ညှိကြ နှိုင်းကြရင်းနဲ. ခေါင်းမူးတဲ.သူဘက်ကို ၅သိန်းပေးလိုက်ရပါတော.တယ်။ ဆိုင်ကယ်ချင်းဖြစ်တာတူတူတောင်မှ တစ်ဖက်ကပွန်းတာ ပဲ.တာ လောက်ပဲ ဖြစ်တော. ၅သိန်းတောင်လျှော်ရပါတယ်။ ဆေးရုံမှာcheck လုပ်လို. ရှင်းရတာမပါသေးပါဘူး။ အိုင်းနဲ. ဘာဆိုင်လို.လဲ လို.မေးရင် ဘာမှတော.မဆိုင်ပါဘူး။ဒါပေမဲ. အသည်းထဲကျလိ ကျလိနေအောင်ကို စိတ်ပျက် မိလို. မနေနိုင် မထိုင်နိုင် ဝင်ရေးမိတာပါ။အခွင်.အရေးရရင် လက်တစ်ဆုံးယူမယ်ဆိုတဲ. လူတွေဘယ်လောက်တောင်များနေလဲ မပြောတတ်ပေမဲ. ဒါမျိုးကြုံတာ လက်ဆယ်ချောင်းပြည်.တော.မှာပါ။ ကာယကံရှင်ဖတ်မိလို. မကျေနပ်လည်း မတတ်နိုင်ပါဘူး။တိုက်ဆိုင်မှုရှိလျှင်ခွင်.လွှတ်ပါ လို.လည်း မပြောပါဘူး။ရည်ရွယ်ချက်ရှိရှိနဲ. တမင်ရေးတဲ.အဖြစ်မှန်ပါ။အဲဒီတော. ဆိုင်ကယ်စီးရင် သတိထားစီးတာ အစစအရာရာ safeဖြစ်ပါတယ်။ကိုယ်.အသက်မသေဖို.ရော၊ကိုယ်.ကြောင်.သူများအသက်မသေဖို.ရော၊ဒုက္ခိတတွေ တိုးပွားမလာရေးအတွက်ရောနောက်ဆုံး ကိုယ်ပင်ပင်ပန်းပန်းရှာထားတဲ. ပိုက်ဆံအချောင်ထွက်မသွားရေးရောအတွက် ဆိုင်ကယ်စီးစီး၊စက်ဘီးစီးစီး ၊ကားစီးစီး သတိထားကြပါလို.။

8 comments

  • windtalker

    December 9, 2011 at 9:06 pm

    ဂျေမီ ရဲ ့သီချင်းစာသားလေးကို သတိရမိတယ် မအိုင်းရစ်ရေ
    “သတိထားပါ” ဆိုတဲ့ သီချင်းထဲမှာ “ လမ်းသွားရင် သတိထားပါ ” ဆိုတာလေးပါတယ် လေ
    မအိုင်းရစ် ရဲ ့တွေ ့ကြုံခဲ့ရတဲ့ ဇါတ်လမ်း ၊ ဇါတ်ဆန်း လေးတွေ ကို ဆက်တင်ပေးပါဦးခင်ဗျ

  • super

    December 9, 2011 at 9:56 pm

    ကျနော်လည်း ကြုံဘူးတယ်ဗျ၊ အဲ့လိုအဖြစ်မျိုးဆန်ဆန်ပေါ့၊ ဒါပေမယ့်ကျနော်က လမ်းကိုဖြတ်တက်လာတဲ့ ဆိုဒ်ကားနဲ့ ညိသွားတာဗျ၊ ခြေထောက်ကျိုးပါပြီဆိုပြီး အော်လို့ ဆေးခန်းက ဆရာဝန်က ခြေထောက်ကိုကြည့်ပေးတာ၊ ခြေထောက်က မကျိုးဘူးနဲနဲ ဒဏ်ဖြစ်တာနေမှာပါလို့ပြောတော့၊ ချက်ချင်း ခေါင်းတွေမူးလာပြီတဲ့၊ ခေါင်းမူးတယ်ဆိုတော့ ဓါတ်မှန်ရိုက်ရရောဗျာ၊ ခေါင်းလဲ ဘာမှမဖြစ်ပါဘူးဆိုတော့ လျှော်ကြေးတောင်းလို့ လကုန်ရက် ထုတ်လာတဲ့ လစာလေး ပြောင်ပါရောလားဂျာ 😀

  • ကျနော်ကိုအဲလို လာညစ်တုံးက တစ်ပြားမ မထုတ်ဘူး။
    အမူ့ဖွင့်လိုက်လို့ပြောလဲပြောရော
    ဇွတ်ကို အညှိခို်င်းတော့တာပါဘဲ၊

  • E.T

    December 10, 2011 at 3:38 am

    ဆိုင်ကယ်စီးတာ အန ္တရာယ်များ ပါတယ်။ ဖြစ်လိုက်ရင် ကိုယ့်ဘက်က အနာကြီးဘဲ။ ဘယ်လိုဘဲ သတိထား စီးစီး ဖြစ်ချင်ရင် ဖြစ်သွားတာပါဘဲ။

  • small cat

    December 10, 2011 at 7:17 am

    အဲဒါထက်ဆိုးတာက ဆိုင်ကယ်ရှေ့ ကိုမညိ ညိအောင်လုပ်ပြီး ခွင်ရိုက်တာပဲ၊ လျော်ကြေးကိစ္စအစဉ်အလာရှိနေတော့ ခက်တယ်၊
    ရဲသိသွားရင် ပိုဆိုးသေးတယ်၊ဒါကြောင့်ညှိနေကြတာ၊ အဓိက ကတော့
    တရားရေးမဏ္ဍိုင် မခိုင်တာပေါ့ဗျာ။

  • Thel Nu Aye

    December 10, 2011 at 9:24 am

    ကျွန်မအသိတယောက်ကတော့သူ့ကားနဲ့ဆိုက်ကားညိတာ။တကယ်တော့ညိချင်ယောင်ဆောင်တာ။ ဘာမှမဖြစ်ပဲအခုလိုပဲလျော်ကြေးတောင်းတာ။ ကျွန်မအသိက ဆေးရုံအုပ်နဲ့လဲခင်တော့ သူ့သူငယ် ချင်းဆေးရုံအုပ် ကိုပြောပြီး ဆေးရုံတင်ပေးမယ်။စစ်ပေးမယ်။ ပြီးမှလျော်ကြေးပေးမယ်ဆိုပြီ သူ့ကား နဲ့ညိချင်ယောင်ဆောင်တဲ့ဆိုက်ကားသမားကိုဆေးရုံတင်ထားတာ။ ပေးမဆင်းပဲဟိုဟာစစ်လိုက်ဒီဟာစစ်လိုက်နဲ့ တပါတ်လောက်လဲကြာရောဆေးရုံကနေအတင်းဆင်းပြေးပြီး ထွက်ပြေး သွားရော။ လျော်ကြေးလဲ မယူတော့ဘူး။

  • naywoonni

    December 10, 2011 at 10:22 am

    “ကားလေး ……..တစ်စီးလောက်ဝယ်ရင် ဘရိတ်ပါပါစေ…………” ဟိုးးးးးး တစ်ချိန်က ဘိုဘိုဟန်လားမသိဘူးဆိုခဲတာ…။ အိုင်းရဲ့စာလေးဖတ်နေရင်းနဲ့ နားထဲမှာပြန်ကြားယောင်မိလို့………. 😛

  • kotun winlatt

    December 10, 2011 at 10:59 am

    ဟဲ..ဟဲ…ဒီနေရာမှာတော့ ဇနပုဒ်သားက တပန်းသာသွားပြီဗျို့…
    နွားလှည်းစီးတော့ သိပ်အန္တရာယ် မချိဘူးးးးပေါ့…..။

Leave a Reply