ကျွန်မ ဒီ Site လေး ရဲ့ ပင်တိုင် စာဖတ်သူပါ။ ရသမျိုးစုံ အတွေးမျိုးစုံ နဲ့ ရေးထားကြတာ တွေကို သဘောလဲကျ၊ အဲလို ရေးတဲ့ သူတွေကို လဲ အားကျပါတယ်။ ကျွန်မ လဲ ကိုယ်အတွေးလေး တွေ ကို Share လုပ်ချင်ပါတယ်။  ဒါပေမဲ့ ကိုယ့်အချိန်ကို ကောင်းကောင်း Manage မလုပ်နိုင်သူ မို့ စိတ်ကူး က စိတ်ကူး နဲ့ ဘဲ ဖြစ်ပြီး လက်တွေ့မဖြစ်လာပါဘူး။  တစ်ခါတစ်ခါ အကြောင်းအရာတစ်ခုကြောင့် စိတ်ထဲမှာ အတော်လေး ပေါက်ကွဲ ရင်တောင် မှ Comment လိုမျိုး  တွေ လောက်ဘဲ ရေးထွက်ပါတယ်။

ဒီတစ်ခါတော့ စိတ်ထဲမှာ အခုတစ်လော တွေးနေတာလေးကို ကြိုးစားပြီး ချရေးပါတယ်။ ဒါတောင် ၅ရက်လောက် ကြာခဲ့ပါတယ်။ :-)

ဒီလို မျိုး ရေးလို့ ရအောင် ဖန်တီး ပေးထားတဲ့ Site ပိုင်ရှင်သူကြီး Kai ကို အထူး ကျေးဇူး တင်ပါတယ်။

ကျွန်မ ဟာ သာမာန် လူပြိန်း ပါဘဲ။ မြန်မာနိုင်ငံ ကို ချစ်သူ ဖြစ်ပေမဲ့ အကြောင်းကြောင်း နဲ့ ပြည်ပမှာနေပါတယ်။

ဒါကြောင့် ကျွန်မ ကြံ့ဖွံ့ အဖွဲ့ဝင် လုံးဝ မဟုတ်ပါဘူး။ ပြည်ပ မှာနေပြီး နိုင်ငံရေး အကြောင်း စဉ်းစား နေတာကြောင့် ကျွန်မ ကို နိုင်ငံရေး ခိုလှုံခွင့်သုံး ပြီး နေတာလို့ လဲ မထင်ကြပါနဲ့။ ပြည်ပ က မည်သည့် နိုင်ငံရေးသမား နဲ့မှ အဆက် အသွယ် ပြု သိကျွမ်းခြင်း မရှိပါဘူး။ မြန်မာပြည် စစ်အစိုးရ ရဲ့ သူလျှို လုံးဝ မဟုတ်ပါဘူး။ မြန်မာပြည်မှ စီးပွါးရေးသမား တစ်ဦး တစ်ယောက် ရဲ့ အမျိုးအဆွေ တော်သူ လဲ မဟုတ်ပါဘူး။ ကိုယ်တတ်ကျွမ်း တဲ့ ပညာ နဲ့ ပြည်ပမှာ အလုပ်လုပ် နေသူ ဖြစ်ပါတယ်။

ဒီလိုမှ မရှင်းထားရင် အမျိုးမျိုး ထင်ကြတာမို့ပါ။

မြန်မာ့နိုင်ငံရေး အရှုပ်အထွေးမှာ ကိုယ်တိုင်ပါဝင် လုပ်နေတာ မဟုတ်ဘဲ ပွဲထိုင်ကြည့်နေတဲ့ ကျွန်မ လို လူတွေ အများကြီးပါ။ တစ်ခါတစ်ခါ ကျွန်မ တွေးကြည့် ပါတယ်။

မြန်မာပြည်သူ /သား (ပြည်တွင်း-ပြည်ပ) များစွာ ထဲမှာ နိုင်ငံရေး အကြောင်း ငြင်းခုံနေသူ တွေ ရာခိုင်နှုန်း နည်းနည်း ဘဲ ရှိပါမယ်။ အများစု က တော့ ဘာမှမပြောဘဲ ကိုယ်လုပ်နိုင်တဲ့ လူမှုရေး ပံ့ပိုးမှုလေး တွေကို တစ်နိုင်တစ်ပိုင် လုပ်ပေးနေတာကို တွေ့ရပါတယ်။

ပြည်တွင်း-ပြည်ပ မှာ ရတဲ့ ကိုယ့်ချွေးနဲစာ လေးတွေ ကို ကိုယ့်ပြည်တွင်းက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အိုမင်းမစွမ်း ရှိသူတွေ အတွက် မျှနေတာလဲ အဲဒီ ငြိမ်နေကြတဲ့ လူအများစု ပါဘဲ။ တိုင်းပြည်မှာ သဘာဝဘေး နဲ့ အရေးကြုံ ရင်လဲ ဝိုင်းဝန်းကြတာ အဲဒီ အများစုပါဘဲ။

ဒါဟာ လဲ အေးချမ်းစွာ နဲ့ နိုင်ငံရေး လုပ်နေတာပါဘဲ။

တကယ် တော့ နိုင်ငံရေးလုပ်တယ် ဆိုတာ ရာထူး နေရာ ရ အောင်တိုက်မှ နိုင်ငံရေးလုပ်နေသူ တွေလို့ မဆိုနိုင်ပါဘူး။

“ လွတ်လပ်ရေး ဆိုရာ၌ နေထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦး တစ်ယောက် အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံး အနေနှင့် လည်းကောင်း၊ တိုးတက်ကြီးပွါးအောင် စီမံဆောင်ရွက် နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက် နိုင်ရန် လွတ်လပ်မှု၊ စသည်တို့ ကို ဆိုလိုပေသည်။

ဤလွတ်လပ်မှု ရယူလိုမှု သည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှုလူရေး မျှသာဖြစ်သည်။”

(ဗိုလ်ချုပ်အောင်ဆန်း – ၁၉၄၆ခု ဇန်နဝါရီလ ၂၀ရက်၊ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းမှ)

 

ဒါပေမဲ့ နိုင်ငံနဲ့ ပြည်သူ/သား တွေကို တိုးတက်ကြီးပွါးအောင် လုပ်ရမှာ က တော့ အစိုးရလို့ အမည်ခံထားသူ မည်သူမဆို ရဲ့ အဓိကတာဝန်ဘဲ ဖြစ်ပါတယ်။

ဒါကို စစ်အစိုးရ က ပြည်သူ့အတွက် လုပ်ပေးရမှာတွေ ကို အရှက်၊ အကြောက် တရား ကင်းမဲ့စွာ ကိုယ်ကျိုးအတွက် ကိုယ့်အိတ်ထဲ ကိုယ်ထည့်နေလို့ ခလေးသူငယ် နဲ့ အိုမင်းသူ တွေ အပါအဝင် ပြည်သူ/သား တွေမှာ လူရောင်မပြောင် ဘဲရှိနေရတာပါ။

“စာသင်ဖို့ အခွင့်မရလို့ စာသင်ခန်း အပြင်ပြူတင်းပေါက် က စာခိုးနားထောင် ပြီး စာလိုက်ဆို တဲ့ ခလေး ဟာ သူ့ခေါင်းပေါ်မှာ အရမ်းလေးတဲ့ ထင်းစည်းကြီး နဲ့”

ဒါတောင် သိပ်ဇာတ်မနာ တဲ့ တကဲ့ အဖြစ်အပျက် ပါ။

အဲဒီ လို ပုံပြင်မဟုတ်တဲ့ တကဲ့ ဇာတ်လမ်း တွေ ကို အစိုးရ အဖွဲ့ဝင် ဆိုတဲ့ လူကြီးများ မသိဘူး လို့ဆိုချင်တာလား။ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ချမ်းသာပြီးရင်း ချမ်းသာဖို့သာ လား။

အမှန် က တိုင်းပြည် ရဲ့ ဘဏ္ဏာရေး ဟာမဆင်းရဲပါဘူး။ ဒီခလေးငယ် တွေ အတွက် ပညာရေး ၊ ကျမ်းမာ ရေး ဟာ တိုင်းပြည်ရဲ့ ဘဏ္ဏာ ကသုံးရမှာပါ။

ဒါကို မနေနိုင်သူ တွေ အိတ်စိုက် ပေးနေလို့ သူတို့ နဲနဲ ဟန်နေနိုင်တာပါ။ တကယ်တော့ သူတို့ အခွင့်အရေး ကို သူတို့ မရရှာကြ ဖြစ်နေရတာပါ။

အမှန်တော့ ပြီးခဲ့တာတွေ ကို ပြည်သူ (အစစ်) တွေဖက်က သင်ပုန်းခြေ နိုင်ပါတယ်။ ရှေ့ဆက် ပြီး ကိုယ်ကျိုးမကြည့် ဘဲ တိုင်းပြည် တကယ်ကောင်း အောင် လုပ်ဖို့သာ လိုပါမယ်။

အမှန်က ကျွန်မ ပြောချင် တဲ့ ကျွန်မ အတွေး က အခုမှ စပါမယ်။  ဒီအတွေး တွေဟာ NLD ပြန်မှတ်ပုံတင်သင့်/ မတင်သင့် ထဲက ရှိနေခဲ့ပါတယ်။

တကယ်တော့ မြန်မာပြည်ရဲ့ လွှတ်တော် လို့ အမည်တပ်ထား တဲ့ နေရာမှာ NLD ပါနိုင်ရင် တော့ အကောင်းဆုံးပါဘဲ။ ဒါမှသာ လွှတ်တော် ဆိုသာ ပြောတိုင်းယုံတဲ့ ပုတ်သင်ညို တွေ အများစုချည်း စုဝေးရာ နေရာ မဟုတ်မှာ လို့ ကျွန်မထင်လို့ ပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အဲဒီ လွှတ်တော် ထဲက တစ်ယောက်မဖြစ်စေချင် ပါဘူး။ သူဟာ ကျွန်မတို့ အတွက် အများကြီး အဓိပ္ပါယ်ရှိသူပါ။

(၁) ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေ ကြားမှာ၊ ပြည်သူတွေ ကို အမြဲ လက်တွေ့ ဝင်ကြည့် နေတဲ့ သူ ဖြစ်စေချင်ပါတယ်။

(၂) ပါတီ တစ်ဖွဲ့ ထဲ ရဲ့ ခေါင်းဆောင် အဖြစ် ဘောင်ကျဉ်း မနေစေချင်ပါဘူး။

(၃) မြန်မာနိုင်ငံ က လွှတ်တော် အမတ် ဟာ နိုင်ငံတော် အစိုးရ ခေါင်းဆောင် ဆို တဲ့ သမ္မတမှ မဖြစ်နိုင်တာ။

(၄) ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ပေးမယ် ဆိုတာက တော့ မဖြစ်နိုင်ပါ။ ပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။

(၅) အဓိက အရေးကြီးဆုံး ကတော့ အခုလို အမှောင်ထဲက ထွက် စ မမြင်နိုင်သေးတဲ့ နေရာ ကို စမ်းသွားနေတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အားလုံး ကို မြင်သာ တဲ့ နေရာ မှာရှိ ကို ရှိနေရ ပါမယ်။ ဒါမှ သာ တစ်ခုခု လွဲချော်ခဲ့ ရင် ပြန်ပြင်နိုင်မဲ့ လမ်းကြောင်း ကို အမြန် သိနိုင်ဖို့ပါ။

(We all wish for change, but there is no guarantee that change will take place or that it will live up to expectations. There is always an element of risk when we step out into the unknown.

Aung San Su Kyi – The Essential Flame)

(၆) အဲဒီ လွှတ်တော် ဟာလဲ သူ့ အထက်မှာ လွှမ်းမိုးသူ ရှိနေတဲ့ တကဲ့ အဖြစ်ကလေး လုပ်ထား တာလို့ မစွပ်စွဲချင်ပေမဲ့ ပြည်သူတွေရဲ့ ယုံကြည် အားထားစရာ အဖွဲ့ လို့ လဲ မပြောနိုင်သေးပါဘူး။

ဒါတွေ အားလုံး ကို ကြည့်ပြီး လွှတ်တော် ထဲမှာ ထိုင်နေရင် အပြင်မှာ လက်တွေ့ဖြစ် နေတာတွေ ကို  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ပိုင်အသိ၊ အမြင် နဲ့ သိနိုင်၊ မြင်နိုင် မှု အားနည်း မှာ ကျွန်မ စိုးရိမ်မိ လို့ပါ။

ဒါကြောင့် ကျွန်မ ရဲ့ အမြင် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို ဝင်မပြိုင်စေချင်ပါဘူး။
အပြင် ကနေပြီး ပြည်သူလူထု ပါတီ အားလုံး ရဲ့ ခေါင်းဆောင် အဖြစ် နဲ့သာ နေစေ ချင်ပါ တယ်။
ဒါပေမဲ့ အဲဒါဟာလဲ ကောင်းမကောင်း ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် လို IQ ရော EQ ပါ မြင့်တဲ့၊ နား မျက်စိ ကို အမြဲဖွင့် ထားတဲ့၊ ပြည်သူ အပေါ် စေတနာ စစ်မှန်တဲ့ သူ အတွက် လမ်းရွေး မမှားနိုင်ပါဘူး။
မှားခဲ့ရင် ကော။ အခုလက် ရှိ အခြေအနေ ထက်တော့ ဆိုးစရာ မရှိပါဘူး။
အမှား ကို ပြန်ပြင် နိုင်တဲ့ ပညာ နဲ့ မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ စိတ်ဓာတ် ရှိတဲ့ သူအတွက် ကျွန်မတို့ ပံ့ပိုး ဖို့ အဆင်သင့်ပါဘဲ။

အဓိက အရေးကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကိုယ်ကျိုး မပါဘဲ ပြည်သူလူထု အတွက် အလုပ်လုပ် နေတယ် ဆိုတာ ကျွန်မတို့ အားလုံး အကြွင်းမဲ့ ယုံကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျွန်မတို့ လူထုအပေါ် ထားတဲ့ အနှိုင်းမဲ့ မေတ္တာတရား နဲ့ မို့ အားလုံးဟာ အောင်မြင် ပါ။ ကိုယ့်အတွက် လဲ သတိကို တော့ မပြတ်ထားစေ ချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ရွှင်လန်းချမ်းမြေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ စေတနာ အတိုင်း မြန်မာပြည် ကြီး တိုးတက်ကြွယ်ဝ ကာ ပြည်သူပြည်သားများ ဆင်းရဲတွင်းမှ မကြာမှီ လွတ်ပါစေ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..