2010 ရွှေညာဏ်ရှင် မေးခွန်းအဖြေများ(၁)

naywoon niDecember 9, 20112min985

2010 ရွှေညာဏ်ရှင် မေးခွန်းအဖြေများ
၁။ တပ်ကုန်းဆိုတဲ့ အမည်ကို ခိုင်မာသော အထောက်အထားများအရ မည့်သည့်ခုနှစ်မှာ
အစောဆုံးတွေ့ရပါသလဲ?။
(၂၄-၃-၁၈၈၅)ရက်စွဲပါ မိုးနဲ တပ်တော်သို့ လိုက်ပါစာရင်း ပုရပိုက်တွင် “ အင်ပင်(တောင်ရွာ) တပ်ကုန်းရွာ ။ ရမည်းသင်းမြို့” စသည်ဖြင့် ပါရှိ…။
၂။ Non-Smoking Factory ဆိုတာဘာလဲ…။
ခရီးသွားလုပ်ငန်း
၃။မြန်မာ့ ပထမ ဦးဆုံး ကာလပေါ်ဝတ္ထု ၏အမည်နှင့် စာရေးဆရာ….။
မောင်ရင်မောင် ၊မယ်မဝတ္ထု….။ ဂျိမ်းစ်လှကျော်
၄။ ကြေးမုံ သတင်းစာ ထုတ်ဝေတဲ့နေ့….။
၁-၄-၁၉၅ရ (ရည်ညွှန်း – မြန်မာ့ပထမဆုံးများ (မိုးမြင်မောင်)
၅။ စာနယ်ဇင်း ဆိုတဲ့ ဝေါ်ဟာရကို စတင်သုံးစွဲခဲ့တဲ့ စာရေးဆရာ…။
ဦးဗဂျီငို( တိုးတက်ရေး ဦးစိန် )
၆ ။ “ ရန်ကြီးအောင် ကုန်းဘောင်သပါလို့ ၊ ငါးမည်ရ ပြည်ရွှေဘို” ဟူသည်ကားအဘယ်နည်း…..။
ကုန်းဘောင်နေပြည်။ ရန်ကြီးအောင်။ ရတနာသိင်္ခ ။ မုဆိုးဘို ။ ရွှေဘို
ရ။ “ ကြိကဋုက် ဆိုတာ ဘာအဓိပ္ပါယ်လဲ?……..။
ငရုတ်ကောင်း ။ ပိတ်ချင်း ။ ဂျင်း (တြိကဋတ်-၃ ပါး)
ဂ။ ကဗျာဆရာ..။ စာရေးဆရာ အမည်ကို အစွဲပြု မှည့်ခေါ်သော မြန်မာ မဂ္ဂဇင်း( ၅) မျိုး ကိုဖော်ပြပါ….။
တာရာ ။ ငွေတာရီ ။ မိုးဝေ ။ နဝဒေး ။ သာရ မဂ္ဂဇင်းများ
၉။ IELTS နှင့် TOEFL တို့၏ အရှည် အဓိပ္ပါယ်….။
International English language Testing System .
Test of English as a Foreign Language.

၁၀။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား (TV) စတင်ပြသည့်နှစ်….။
1980-နိုဝင်ဘာလ
၁၁။ “ တပ်ကုန်းမြို့နယ်” အဆင့်စတင်သတ်မှတ်သည့်နေ့….။
၃၀-၁၁-၁၉၅၇
၁၂။ CNG ဆိုတာက ဘာလဲ…။ အရှည်စာလုံးနှင့် အဓိပ္ပါယ်ဖော်ပြပါ…။
Compressed Natural Gas
၁၃။ ဆိုလာ စွမ်းအင်ဆိုတာ(Solar Energy )က ဘာလဲ?
နေရောင်ခြည်မှ ထုတ်ယူသုံးစွဲသည့် စွမ်းအင်
၁၄။ စာပေ လောကသားများက “သူ” ဆိုတာ ဘယ်သူ့ရည်ညွှန်း ပြောတာလဲ…။
ဆရာဝန်-ကိုမြင့်မောင်(ရည်ညွှန်း- သူ(ဝတ္ထု)ဂျာနယ်ကျော်ဦးချစ်မောင်ရေး )
၁၅။ လောက နိတိကျမ်းကို ရေးသားပြုစုသူ၏ အမည်…..။
စတုရင်္ဂဗလ အမတ်
၁၆။ မာသာထရီးဇာနှင်နှိုင်းယှဉ်ရလောက်အောင် မြန်မာပြည်မှ တိုင်းကျိုးပြည်ဆောင် ဘွဲ့ရရှိသည့် ပရဟိတ
ပုဂ္ဂိုလ်ကြိး အမည်…။
TPS ဘွဲ့ရ ဒေါ်ဦးဇွန်း
၁ရ။ နေပြည်တော်ခရိုင်တွင် မည့်သည့် မြို့နယ်များပါဝင်သနည်း…။
ဗမ္ဗူသီရိ။ ဇေယျာ သီရိ ။ ပုပ္ဖသီရိ ။ ဥတ္တရသီရိ ။ ဒက္ခိဏ သီရိ ။ လယ်ဝေး ။ ပျဉ်းမနား ။ တပ်ကုန်း ။
၁၈။ BOT ဆိုတာ ဘာလဲ…..။
Built, Operate& Transfer (BOT) တည်ဆောက် -ပြုပြင်- လွှဲပြောင်း
၁၉။ 2010 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နာမည်ကြီးခဲ့တဲ့ နိုင်ရှုံး ခန့်မှန်းဝိဇ္ဇာကြီး …..။
ရေဘဝဲ ပေါလ်
၂၀။ တပ်ကုန်းသားတစ်ယောက်အကြောင်းရေးထားတဲ့ အထ္ထုပ္ပတ္တိ စာအုပ်အမည်…။
ဘယ်သူ့အကြောင်းရေးတာလဲ..။ ဘယ်သူရေးရေးတာလဲ?။
ချမ်းသာဖို့ မျိုးရိုးမလိုဘူး ….။ တပ်ကုန်သားဦးမှတ်အကြောင်းကို မောင်မှိုင်းညိုရေးသားခဲ့)
၂၁။ ASEAN ဆိုတာဘာလဲ။ဘယ်တုန်းကဖွဲ့တာလဲ။ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်သည့်နှစ်ကိုဖော်ပြပါ…။
Association of South East Asian Nations ( အရှေ့တောင်အာရှ နိုင်ငံများအသင်း)
၈-၈-၁၉၆ရ စတင်ဖွဲ့စည်း….။ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရက်စွဲမှာ ( ၂၃-၇-၁၉၉၇)

၂၂။ မြန်မာနိုင်ငံ ကိုအရင်က “BURMA” လို့ခေါ်ဝေါ်သုံးစွဲရာက “ MYANMAR” ဆိုတာ ဘယ်နှစ်မှာ
တရားဝင်ပြောင်းခဲ့တာလဲ…။
၁၈-၆-၁၉၈၉
၂၃။ ဖေဖော်ဝါရီလ 12 ၊13 ၊ 14 တို့သည် ထူးခြားသော အဓိပ္ပါယ် ရှိသည့်နေ့များဖြစ်သည်။ ထို့နေ့ရက်များ၏ ထင်ရှားသော သင်္ကေတများကို ဖော်ပြပါ…။
ဖေဖော်ဝါရီလ(၁၂)ရက်နေ့- ပြည်ထောင်စုနေ့
ဖေဖော်ဝါရီလ (၁၃)ရက်နေ့ – ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့(ကလေးများနေ့)
ဖေဖော်ဝါရီလ (၁၄)ရက်နေ့ -ချစ်သူများနေ့ ( St Valentine Day)

၂၄။ ‘HIV’ နှင့် “ AIDS” တို့၏ စားရှည်အရှည်များကိုဖော်ပြပါ…။
Human Immuno Deficiency Virous (HIV) ခုခံအားပျော့ ဗိုင်းရပ်ပိုး
Acquired Immune Deficiency Sydrome( AIDS) ကိုယ်ခံအားလျော့နည်းကျဆင်းရောဂါ

၂၅။ ဩောင်း ရဲ့ အဓိပ္ပါယ်…..။
ဩောင်း= ပြီးစီးအောင်မြင်စေသတည်း(ရည်ညွှန်း- ပါဠိသက် ဝေါဟာရ အဘိဓါန်- စာ/၄၇၅)
၂၆။ မောင်စွမ်းရည်ရဲ့ လက်သံအပြောင်ဆုံး စာပေဝေဖန်ရေးစာအုပ်….။
ဗမာစာပေ ဘာလဲ ၊ ဘယ်လဲ (မောင်စွမ်းရည်)
၂၇။ “ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပြီ” ဆိုတာ ဘယ်သူရေးခဲ့တာလဲ….။
အချုပ်တန်းဆရာဖေ
၂၈။ တပ်ကုန်း ဟာ ဘယ်ခရိုင် ၊ဘယ်ဒေသကြီးထဲမှာ ပါသလဲ….။
နေပြည်တော်ခရိုင်။ မန္တလေးတိုင်းဒေသကြီး
၂၉။ “ တိုင်ကို ရေရနံ သုတ်ထား၍ ကင်းမတက်နိုင်” ရဲ့ အဓိပ္ပါယ်…..။
“တိုင်းတာမင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ ပူးပေါင်း တန်ခိုးကြီးနေသဖြင့် ကင်းဝန်းမင်းကြီး ဩဇာ မလွှမ်းမိုးနိုင်ပါ….။ (ရည်ညွှန်း = ပါတော်မူအရေးတော်ပုံ – ဦးဖိုးကျား (စာ/၅၇)
၃၀။ “ သမိုင်းကို ဘာလို့သင်သလဲ” ဆိုတဲ့ မောင်သာရရဲ့ အမေးကို သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက
ဘယ်လိုဖြေခဲ့သလဲ…။
မ, အ အောင်လို့ (မောင်သာရ)
၃၁။ တပ်ကုန်းမြို့နယ်မှ စာပေဗိမာန်ဆုရ စာရေးဆရာအမည်နှင့် စာအုပ်များကိုဖော်ပြပါ…။
ကိုကို(သုတေသန) စာအုပ်များ- (၁) ဘုရားစုံဖူးမယ်….။ (၂) ကုန်းဘောင်တော်ဝင် ကမ္ဗည်းတင်ခေါင်းလောင်များ ……..။ (၃) ဆိုကရေးတီးနှင့် ဆိုင်းဆင့် ပတ်တိုက်စာပေ……….။ (ရည်ညွှန်း- 20 ရာစု စာရေးဆရာများနှင့် စာစုစာရင်း ဆဌမတွဲ စာ/64)
၃၂။ 2010 ပါတီစုံရွေးကောက်ပွဲမှာ မဲ ဆန္ဒနယ် မည်မျှရှိသလဲ…။
330
၃၃။ Vs ဆိုတာ ဘာ အဓိပ္ပါယ် လဲ….။
Vs=Versus( ဆန့်ကျင်ဘက် ၊ အပြိုင် )
……..(ရည်ညွှန်း- အတိုကောက်ဝေါဟာရ အဘ်ိဓါန် ညွှန့်ဝေမိုး စာ/ ၂၆၁)

၃၄။ 2010 ကမ္ဘာ ဖားပွဲမှာ လူပြောများလွန်းလို့ အောက်စ်ဖို့အဘိဓါန်မှာတောင် ထည့်သွင်းခံခဲ့ရတဲ့
ဝေါ်ဟာရ….။
ဗူဗူဇီလာ (ပလတ်စတစ်နှဲ) (တောင်ဖရိကနတ်သားများသုံး လေမှုတ်ကိရီယာ)
၃၅။ “The Hell-Hound at Large” ဆိုတာဘာလဲ။ ဘယ်မဂ္ဂဇင်းမှာ ဘယ်သူရေးခဲ့တာလဲ….။
ငရဲခွေးကြီးလွတ်လာပြီ….။ (ညိုမြ…။ အိုးဝေမဂ္ဂဇင်း)
၃၆။ လေနုအေးကတနွဲ့နွဲ့ နောဆဲကို …. ဆိုတဲ့ စကားပြေကို ဘယ်သူရေးခဲ့တာလဲ….။
ဒဂုန်တာရာ ၏ “ မေ ” ဝတ္ထု အဖွင့်….။
၃၇။ မြန်မာ့ရာဇဝင်ပ၌ ထီးနန်းငြင်းသူ(ဘုရင်လုပ်ရန်ငြင်းသူ)
(၄)ဦးရှိခဲ့ကြောင်းဖော်ပြထားသည်။မည်သူတွေလဲ….။
(၁) ရမည်းသင်း စားသီလဝ (၂) မင်းကြီးရန်နောင် …။ (၃) အမတ်ကြီး လက်ျာဗိုလ် (၄) သမက်တော် သီဟပတေ့ ( ရည်ညွှန်း – ကုန်းဘောင် ရှာပုံတော် စာ/ 162)
၃၈။ မြန်မာ့သမိုင်းတွင် “ စောလုံစောင့်ပါခလှဲ့- စောလုံစောင့်ပါခလှဲ့- “
ဟုယောင်ယမ်းမြည်တမ်းမိသူကးအဘယ်သူနည်း….။
နရသီဟပတေ့ (တရုတ်ပြေးမင်း)က ကါယ်လွန်သူ မိဖုရား စောလုံအား ယောင်ရမ်းစွဲလမ်း ပြောမိသောစကား
၃၉။ ဩကာသ…. ၏ အနက် အဓိပ္ပါယ် …..။
ဩကာသ = အခွင့် ၊ ခွင့်ပြုတောမူပါ (ရည်ညွှန်း – ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ စာ/၃၅)
၄၀။ တပ်ကုန်မြို့နယ်မြောက်ဘက် ရွာတစ်ရွာမှ ထင်ရှားသော သာသနာပြုပုဂ္ဂိုလ်၏ အမည်နှင့်
ဇာတိကျေးရွာကိုဖော်ပြပါ….။
ရသေ့ကြီး ဦးခန ္တီ ၊ တပ်ကုန်းမြောက်လက် ရွာသာ ရွာ (ရည်ညွှန်း – တပ်ကုန်း မြို့ အထက (၁) ရွှေရတု မဂ္ဂဇင်း စာ/၃ဝ)
၄၁။ ကလောင်အမည်(၁၇၀) ရှိတဲ့ စာရေးဆရာဆိုတော့ ဂရင်းနစ် စာရင်းတောင် ဝင်သင့်တာပေါ့
ဘယ်သူများပါလိမ့်……..။
တက္ကသိုလ်မြတ်သူ (ကလောင်ခွဲ ၁၇ဝ -ရှိဟုဆို…။ ) ရည်ညွှန်း ((ရည်ညွှန်း- 20 ရာစု စာရေးဆရာများနှင့် စာစုစာရင်း စတုတ္ထတွဲ စာမျက်နှာ ၆၆)
၄၂။ နုနုရည် (အင်းဝ) ရဲ့ တောင်ပြုံးပွဲနောက်ခံ လုံးချင်းဝတ္ထု…….။
ပြုံး၍လည်း ကန့်တော့ခံတော်မူပါ။ ရယ်၍လည်းကန့်တော့ခံတော်မူပါ…။
၄၃။ မြန်မာ့သမိုင်းတွင် “ ငနု -နင်ယောက်ျားမဟုတ်လော” ဟူသည့် သမိုင်းတွင်သည့် စကားရှိသည်…။
ဘယ်သူက ဘယ်သူ့ကိုပြောတာလဲ………..။
စောဥမ္မာ (သတိုးမင်းဖျား၏မိဖုရား)က အတွင်းသင်းမှူး ငနုကိုပြောသောစကား
၄၄။ ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ ဘယ်နှစ်ဆက်မြောက် သမ္မတလဲ….။ ဘယ်ပါတီကလဲ?။
၄၄ ဆက်မြောက် သမ္မတ ….။ ဒီမိုကရက်တစ်ပါတီ
၄၅။ MNL ဖလား ဗိုလ်လုပွဲ စတင်ကျင်းပသောနှစ်။ ဒီနှစ်ဘယ်နှစ်သင်းယှဉ်ပြိုင်နေသလဲနှင့်
ဗိုလ်စွဲခဲ့သောအသင်း ကိုဖော်ပြပါ။
၂ဝဝ၈ ခုနှစ်စတင်ကျင်းပ…။ ၂ဝ၁ဝ နှစ်(၁၁)ပြိုင် ၂ဝဝ၈ခုနှစ် နှင့် ၂ဝဝ၉ ရတနာပုံ အသင်း ဗိုလ်စွဲ
၄၆။ ခင်ခင်ထူး၏ “ အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်သည်စာပေဆုရဖူး၏။ ဘာစာပေဆုလဲ?။
ဦးလှထွန်း ဘဏ်ဖောင်ဒေးရှင်း (နိုင်ငံရေး စာပေဆု)
၄ရ။ ၁၉၇၆ ခုနျစ်က ဧရာဝတီမြစ်ထဲက ရေနစ်သူကို သက်စွန့်ဆံဖျားကယ်ခဲ့လို့ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့
ကြက်ခြေနီလူငယ်၏အမည်….။
စိုင်းအောင်လှိုင်မြင့်
၄၈။ “ချဲ” ဆိုတာ တမင်ရည်ရွည်ချက်နဲ့ ဖွင့်ပေးနေတဲ့ ထီ မဟုတ်ဘူး။ “ ဂဏန်းပေးတယ် ဘိ်ုးတော်ပေးတဲ့
အတိတ်စိမ်း ဆိုတာတွေဟာ ချဲရူးတွေရဲ့ ရူးသွပ်မှုသာဖြစ်တယ်” ဆိုရင် ချဲဂဏန်းရဲ့
မူလဇစ်မြစ်ကဘာလဲ?
ထိုင်းစတော့ရှယ်ယာ ဈေးနှုန်းများကို ထိုင်းရုပ်သံလှိုင်းတစ်ခု မှ ထုတ်လွှင့်နေရာ နောက်ဆုံးဂဏန်းးများကို ချဲဂဏန်းအဖြစ် အသုံးချထိုးနေခြင်း (တနင်းလာနေ့မှ သောကြာနေ့ထိ နံနက် 12း00 နှင် ညနေ 4း00 ထုတ်လွှင့် ….။
၄၉။ သာသနာ(၃)ရပ်ဆိုတာဘာလဲ?
ပရိယတ္တိ သာသနာ ..။ ပဋိပတ္တိ ………။ ပဋိဝေဒ …………။
၅၀။ ဥဒုမ္ဗရ ဒေဝီဆိုတာ ဘယ်သူလဲ?
ပိဂုတ္တရ လုလင်က စွန့်ပစ်ထားခဲ့သဖြင့် ဝိဒေဟရာဇ်မင်းကြီးကတော်ကောက် မိဖုရား
မြှောက်ခံရသူ(ရေသဖန်းပင်မှရသောကြောင့် ဥဒုမ္ဗရ ဒေဝ ဟုတွင်ခေါ်)

မေးခွန်းတွေ မေးထားပြီး အဖြေတွေက နောက်မှရလာလို့ ခုမှတင်ပေးလိုက်တာပါ…။

5 comments

  • koyinmaung

    December 9, 2011 at 9:52 pm

    ကိုနီရေ….
    တနေရာထဲမှာ
    ခုလိုဗဟုသုတရစေတဲ့
    အမေးအဖြေတွေကိုတွေ့ရလို့
    ကျေးဇူးဘဲနော်………….

  • super

    December 9, 2011 at 10:02 pm

    ဖတ်မှတ်သွားပါတယ်ဗျာ…….

  • small cat

    December 10, 2011 at 7:48 am

    ကိုနေလုံးနီရေ ရှိသေးရင် ထပ်မျှပါဦး။

  • windtalker

    December 10, 2011 at 11:50 am

    ရှိသေးရင် များများရေးပါ ။

  • victor soemoe

    December 10, 2011 at 3:16 pm

    ကိုနေဝန်းကြီး
    ဖတ်ပီး မှတ်သွားတယ်ဗျ-
    နောက်ထပ် မေးခွန်း (၅၀) ကျန် သေးတာရော ဘယ်တော့ လောက် မှ တင် နိုင် မလဲ –
    ကျနော် ရှာ ထားတဲ့ အဖြေလေးတွေ နဲ့ တိုက် ကြည့်ချင်လို့ ဗျ –
    အဲ့ – မရ တာ က ခပ်များများရယ် ပါ –
    ကျေးဇူး တင် ပါ တယ် ဗျာ –

Leave a Reply