ချက်တင်မှာ ကိုယ်ကအက်လို.သူကပြန်ဆက်လာရင် ယဉ်ကျေးကြရအောင်

ကျနော်အင်တာနက်မှာစာရေးချင်တော. ကျနော်.အလုပ်က အင်တာနက်သုံးနေတဲ.ကလေးများကို အပူကပ်ရပါတယ်။
လေးလေးကိုအင်တာနက်သုံးတတ်အောင်သင်ပေးပါပေါ.။
“ကလေးတွေက လေးလေးချက်ချင်တာလား” လို.မေးတော:”.မဟုတ်ဘူး စာရေးချင်တာ”လို.ပြောပြီး အသင်ခိုင်းရပါတယ်။
သည်တော.သင်ပေးမဲ.ကလေးတွေက “စာရေးချင်ရင် အရင်ချက် ရတယ်”လို. နည်းလမ်းတွေပေးပါတယ်။
ဒါနဲ.ပဲ အလုပ်အားတဲ.အချိန်မှာကလေးတွေနဲ.အင်တာနက်ဆိုင်ကိုသွားထု်ိင်ကြပါတယ်။
သူတို.က ကြိုတင်လို. အကောင်.တစ်ခုလုပ်ပေးထားပါတယ်။
သူတို.လုပ်ပေးထားတဲ.အကောင်.နာမယ်က ယောက်ျားလားမိန်းမလား မကွဲပြားတဲ. အကောင်.နာမည်နဲ.ပါ။
သည်အကောင်.နာမယ်ကလဲတရုပ်နာမယ် ခပ်ဆန်းဆန်းပါ။
အမှန်က ကျနော်တို.တရုပ်ပြည်ကနေတင်သွင်းပြီးရောင်းနေတဲ. တီရှပ်ရဲ.နာမယ်လေးပါ။
သူတို.က ဆက်ပြီးတော. အင်တာနက်သုံးရင် စကားပြောဖော်ရှိရတယ်။
ဘယ်လိုရှာမလဲဆိုတော. mirc ဆိုတဲ.မြန်မာသူငယ်ချင်းများထဲကိုဝင်ခိုင်း။
ကိုယ်ကြိုက်တဲ.နာမယ်ဝှက်တစ်ခုပေးလို. စိတ်ကူးပေါက်ရာနာမည်တွေကို တဒိုင်းဒိုင်းနဲ. တဟိုင်းဟိုင်းလုပ်ရပါတယ်။
အဲဒီအထဲကမှာကိုယ်လိုအားအားယားယားလဲရှိ မိတ်ဆွေလဲတိုးချင်တဲ.သူများကပြန်လည်လို.ဟိုင်းလာပါတယ်။
အဲဒီလိုတက်လာမှ နာမယ်ဘယ်သူလဲ ကျားလား မလား ဘယ်ကလဲလို.မိတ်ဆက်လို. အဆင်ပြေသွားရင် အကောင်.ပေးလို. အက်ကြတာကနေပြီးမိတ်ဆွေတွေဖြစ်ကုန်ကြပါတယ်။
အဲသည်လိုမသိဘဲ ရမ်းသမ်းမိတ်ဆက်ရာကနေ အခုထိ ညီအကိုလို မောင်နှမလို မိတ်ဆွေတွေဖြစ်လို.နေတဲ.သူတွေရှိသလို
ပြောတာမှ မကြာသေး အထာတွေပေးလို.နောက်ဆုတ် ဘလောက်လုပ်လိုက်ရတဲ.သူတွေကလဲတစ်ပုံတစ်ပင်ပါ။
တဟိုင်းဟိုင်းအဆင်.ကိုလွန်မြောက်သွားတဲ.အခါမှာ သင်ပေးတဲ.ကလေးတွေက မေးလ်တွေပို.ပေးလို. ဖော်ဝပ်နဲ.လာတဲ.
ထဲက သူများမိတ်ဆွေတွေကို ကိုယ်မိတ်ဆွေဖြစ်အောင် ပြန်လို.မိတ်ဆက်ကြပါတယ်။
သည်လိုမိတ်ဆွေများကတော. တစ်ဆင်.ဆက်သွယ်လာတဲ.မိတ်ဆွေတွေဆိုတော.အများအားဖြင်.ယဉ်ယဉ်ကျေးကျေးတွေများပါတယ်။
ကိုယ်က စအက်လိုက်တာကို လက်ခံလိုက်သူရှိသလို. ဘာမှန်းမသိလို. ငြင်းလိုက်သူတွေလဲရှိပါတယ်။
တစ်ချို.ကြတော.အဲ အင်ဗိုက်လုပ်ထားတာကိုအကြာကြီးလက်မခံလို. မာနကြီးတယ်ထင်မိတာ တစ်လတစ်ခါလောက်မှဆိုင်လာလို.မေးဖတ်တဲ.သူတွေပါတဲ.။
သည်မှာလဲ အဆင်ပြေသောမိတ်ဆွေ အဆင်မပြေသောမိတ်ဆွေတွေကိုကြုံရပါတယ်။
အဆင်ပြေရင်ချက် အဆင်မပြေတော.လဲထွက်ပေါ. ပြသနာမဟုတ်ပြန်ပါဘူး။
အများအားဖြင်.သည်လိုမေးလ်ကတစ်ဆင်.ဆက်သွယ်မိကြသူတွေက သူလိုကိုယ်လို အလုပ်ခွင်ထဲက လူတွေများပါတယ်။
အဲသည်ထဲကနေပြီး မိတ်ဆွေဖြစ်လို. ခုထိစကားပြောကြ စာတွေအပြန်အလှန်ပို.ကြ နဲ.မိတ်ဆွေရင်းတွေအများကြီးပါ။
နောက်တော.ကျနော်ကလေးတွေက စာရေးချင်ရင် အသင်းတွေကိုဝင်ထားမှာစာရေးရတယ်ဆိုလို. သူတို.မိတ်ဆွေသူငယ်ချင်းများကနေ မြန်မာသူငယ်ချင်းများတို. ထာဝရမိတ်ဆွေများတို.ကို ဝင်ဘို.စာတွေပို.ပေးလို. အသင်းဝင်ပြီးစာတွေရေးပါတယ်။
အဲသည်မှာ စာရေးတာနည်းနည်းလေးလူသိလာတော. ကို်ယ်စာနဲ.အထာကျသွားတဲ. သူတွေက အသင်းဝင်စာတွေပို.ပေးလို.
အဖွဲ.တော်တော်များများမှာ ဝင်လို.ရေးဖြစ်တယ် လူနည်းနည်းလက်ခံလာတယ်ဆိုပါတော.။

ကိုယ်.အကောင်.ကိုဘယ်ကရလို.ရမှန်းမသိတဲ.သူတွေက ကိုယ်.ကိုလာအက်ပါတော.တယ်။
လာအက်တော.လဲ လက်ခံလိုက်ပါတယ်။
ဒီအချိန်ကြမှ ပြသနာက စတော.တာ။
တစ်ချို.က ဟေ.ကောင်ဘာလုပ်နေလဲ တို.
တစ်ချု.ိကမင်းနာမယ်ဘယ်လိုခေါ်လဲတို.ဘာလုပ်လဲတို.မေးတော.တာပါဘဲ။
တစ်ချို.က ကိုယ်ရေးတဲ.စာကိုဖတ်ပြီးနှစ်သက်ရာကနေ အကောင်.ပေးလို.မိတ်ဆွေတွေဖြစ်ကုန်ပါတယ်။
သည်မိတ်ဆွေတွေကနေတစ်ဆင်.ဆက်ပေးတဲ.မိတ်ဆွေတွေလဲ ရှိလာပါတယ်။
သည်တော. ကျနော်ကလည်း အက်လာသူတွေကိုလေးလေးစားစား ကျနော်ခင်ဗျားနဲ.ပြောပါတယ်။
တစ်ခါတစ်လေ အက်လာလို.လက်ခံထားသူကို လိုင်းပေါ်မှာတွေ.လို ပထမဆုံးစတွေ.လို .ဟိုင်းလိုက်ရင်
ပြန်ဖြေလိုက်ပါတယ် “ဘာတုန်း” “မင်းဘယ်ကလဲ ” တို.တွေ.လိုက်ရင် အတော်ကိုစိတ်ညစ်သွားပါတယ်။
ကိုယ်က စအက်လို. အပြောခံလိုက်ရရင်တော်ပါသေးတယ် ခုသူကလဲ အက်သေးတယ် နုတ်ဆက်လိုက်တာ ကိုအငေါ်တူးတဲ.လေသံနဲ.ပြန်ပြောလိုက်တော. ဖီးတော. အတော်လေးငုတ်သွားပါတယ်။
တစ်ခုတော.ရှိပါတယ် ကို်ယ်က အသက်ကြီးသူဖြစ်တာရယ် လုပ်ငန်းမှာလဲလူကြီးတစ်ယောက်ဖြစ်နေတော.အားလုံးက လေးလေးစားစားနဲ.အဆက်ဆံခံရတဲ.လူတစ်ယောက်ဖြစ်လို.လဲ သည်စိတ်မျုးိပေါ်တာလဲဖြစ်နိုင်ပါတယ်။
ဒါပေမဲ.ကျနော်အမြင်ပြောရရင် ကိုယ်က သူများကို အက်ထားလို.ပြန်နုတ်ဆက်တဲ.သူကိုကောင်းကောင်းမွန်မွန်ပြန်ဖြေသင်.တယ်ထင်ပါတယ်။
အင်တာနက်မှာဆိုတာ တစ်ယောက်တစ်ယောက်မမြင်ရ တော. ကိုယ်နဲ.ပြောတဲ.သူက ဘယ်သူမှန်းဘယ်အသက်အရွယ်ရှိတယ်ဆိုတာ မသိနိုင်တဲ.အတွက် အနည်းနဲ.အများလေးစားသင်.တယ်လို.ထင်ပါတယ်။
တစ်ယောက်နဲ.တစ်ယောက်အပျော်ချက်တဲ.ကလေးတွေကိုတော. မဆိုလိုပါဘူး။
ချက်တင်ကနေ အလွန်ကို ရင်းနှီးသွားကြတဲ.ဆိုးတိုင်ပင်ကောင်းတိုင်ပင်မိတ်ဆွေတွေ
မောင်ရင်းနှမလိုခင်မင်သွားသူတွေ
အသဲခြင်းဆက်လုံးတစ်ဘဝလုံးခြင်းထပ်လိုက်သူတွေ လည်းအများကြီးအများကြီးရှိပါတယ်။
ချက်တင်ကိုနာမယ်ဆိုးထွက်အောင် ဖျက်ဆီးနေသူတွေလဲရှိပါတယ် ။
ချက်တင်မှာအပျော်သဘောနဲ. စကြနောက်ကြ ဟာသတွေလုပ်နေသူတွေလည်းရှိနေပြန်သလို
အားအားယားယား ကြူကိုကို တို. ကြူမမ တို.ကလည်းတစ်လိုင်းသီးသန်.ပါ။
ဒါပေမဲ.ဘာဘဲပြောပြော တစ်ယောက်နဲ.တစ်ယောက်မမြင်မသိပေမဲ. ကိုယ်က အက်လိုက်လို. ပြန်ဆက်လာသူကို
လေးလေးစားစားလေးတော.ပြန်ဖြေသင်.တယ်လို.ထင်မိကြောင်းပါဗျာ……………………

10 comments

  • moethiha

    May 26, 2010 at 3:14 am

    ဟုတ်ပါ့ဗျာကောင်းလိုက်တာအဲ့လိုကိုဖြစ်သင့်တာ

  • char too lan

    September 23, 2010 at 10:27 am

    ဟုတ်ပါတယ် ဒီချက်တင်တွေမှာလဲဘယ်လိုလူတွေသုံး
    လာကြလဲမသိပါဘူးဗျာ…
    အလုပ်မအားလို ့ပြန်မပြောမိရင်လဲ မိုက်မိုက်ရိုင်းရိုင်းတွေပြောဆဲသွားသေးတယ်
    ကျနော်ဆိုရင်မြန်မာဖောင့်ရိုက်တာအတော်လေးနှေးပါတယ်။
    ဟိုတလောက ကိုယ့်ကိုအက်လို ့လက်ခံမိပါတယ်မြန်မာလိုပဲ “ဟိုင်း” နေတော့တာပဲ
    “ဟေ့ပြန်မပြောဘူးလား” Englishလဲမရ Myanglish လိုလဲမသိနဲ့ “မြန်မာလိုပြောပါဟ” ဆိုတာလဲပါသေးတယ်
    အလုပ်များနေတဲ့ကြားကပဲ “ဘယ်သူပါလဲ” လို ့မေးလိုက်တော့
    “လူပါ” လို့ဖြေတယ်လေဗျာ……..
    ကျနော်လဲစိတ်တိုတာနဲ့ “ဘယ်ခွေးမှ online မတက်ဘူး” လို ့ဆဲမိလိုက်တယ်ဗျာ……..

  • PHYOGYI86

    September 23, 2010 at 11:56 am

    အရမ်းကိုမှန်ပါတယ်
    online မှာကယဉ်ကျေးတဲ့သူူတွေများသလို မိုက်ရိုင်းတဲ့သူတွေလဲ တစ်ပုံကြီးပါပဲ …. တစ်ချိုု့ရှိသေးတယ်
    မိန်းကလေးဆိုတာသိတာနဲ့ body size ကိုမေးတာနဲ့ Sex အကြောင်းတွေလာပြောနေတာနဲ့ ဘာတွေမှန်းကို မသိပါဘူး …. ဒီလိုစကားတွေစလာရင် တော့ block လုပ်လိုက်တာအကောင်းဆုံးပါပဲ … ဆက်ပြောနေရင် မလိုလားအပ်တဲ့ အနှောင့်အယှက်တွေဖြစ်ပေါ် လာနိုင်ပါတယ် အခု online ကလူတော်တော်များများက တစ်ပါးသူရဲ့ personal ရေးရာထိခိုက်မှာကို ထည့်မစဉ်းစား ပေးကြဘဲ သူတို့ရဲ့စိတ်ထဲကခံစားချက်တွေကိုပဲ ဦးစားပေးကြတာများလွန်းနေကြတယ် ….

  • thethtet87

    September 28, 2010 at 4:12 am

    ကိုပေါက်ရေအဖြစ်ချင်းကတူလိုက်တာနော်။ကျွန်တော်လည်းဒီအတွေးတွေတွေးနေတာကြာပြီ။ကျွန်တော်တို့ကလုပ်ငန်းမှာသုံးရတာကိုတခါတလေကိုယ်အလုပ်နဲ့ဆိုတောဟိုင်းတာလောက်ဘဲလုပ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့
    နိုင်ငံမှာအများစုကသတ်မှတ်ထားတာကချက်တင်ကကြူဖို့ဖြစ်နေတယ်။တခါမန္တလေးဂေးဇက်ထဲမှာဖတ်လိုက်ရတယ်။ဘယ်သူရေးတာလဲမမှတ်မိတော့ဘူး။ချက်တင်တွေးသုံးနေပြီးကွန်ပြူတာတခြားလုပ်ဆောင်ချက်သေးသေး
    လေးတွေတောင်မလုပ်ဆောင်တတ်ကြဘူး။ကျွန်တော်
    တို့ကချက်တင်ဆိုတာလုပ်ငန်းသဘောရယ်ပေါင်းသင်း
    ဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်ဖို့ရယ်ကိုအဓီကထားစေချင်တယ်။အင်တာနက်ဆိုင်တခါတစ်လေပျင်းလို့သွားတော့ကိုယ်ကကိုယ့်စိတ်ဝင်စားမှုနဲ့ကိုသူတို့ကချိန်းပြီမှန့်ဝယ်ကျွေးခိုင်း၊ရုပ်ရှင်ပြခိုင်းနဲ့တအားရယ်ချင်တယ်။
    အင်းလုပ်ဆောင်ချက်တွေကနည်းနည်းလမ်းလွဲနေတယ်ထင်တယ်။ကိုပေါက်ပြောသလိုဘဲကျွန်တော်တို့ကလုပ်ငန်းခွင်မှာလူကြီးတွေလိုနေနေကြတော့အံမဝင်တာလဲဖြစ်နိုင်တယ်။ကလေးတွေကတော့သူတို့ဟာသူတို့
    အဆင်ပြေနေကြတာဘဲ။ကျွန်တော်ကလူကြီးလိုတွေးလို့နေမှာပေါ့။ခွင့်လွှတ်လိုက်ရအောင်နော်။

  • ဒီပိုစ်လေးက ကျနော်စာရေးစက တင်ထားတဲ့ပိုစ်လေးပါ။
    ကိုယ်ဟာကကိုယ်ပြန်ဖော်ရတာတော့ ရှက်စရာကြီးပါ။
    ဒါပေမယ့် မဖတ်ရသေးသူများ ဖတ်ဖြစ်အောင်လို့။
    အခုရွာထဲက စည်ကားတော့ သစ်သစ်ဟောင်းဟောင်း ကော်မင်းရဘို့မရှား။.
    ကျနော်တို့စာရေးစက ကော်မင်းအင်မတန်ရခဲတာကို သိစေချင်လို့ပါ။
    (အသစ်ကလေးတွေကသူတို့ကို မနွေးထွေးဘူးထင်မှာစိုးလို့ပါ)

  • မွန်မွန်

    June 22, 2012 at 5:57 pm

    ကိုယ်ကပဲ အသက်ကြီးလားလို့လားမသိဘူး…ချက်တင်ထိုင်တာကို သိပ်မလုပ်ချင်တော့ဘူး။ အခုတော့ အကောင့်ထဲမှာ သိတဲ့သူတွေကိုုပဲ rename လုပ်ပြီး မသိရင် ပြန် block လိုက်တာ များတယ်။ ur asl plz ဆိုတာနဲ့ကို block ပြီးသားပဲ။ တစ်ဖက်သတ်ဆန်သလား မသိပေမယ့် မပြောချင်တော့ဘူး။ ပြောကြည့်လိုက်တယ်။ ဆွေးနွေးလို့အဆင်ပြေတယ်၊ အကျိုးရှိမယ့် စကားတွေပဲ ပြောဖြစ်တယ်ဆိုရင်တော့ ဆက်ခင်ဖြစ်ပါတယ်။ အဓိကကတော့ သူကျူ၊ ကိုယ်ကျူ၊ အပြန်အလှန်ကျူကြရင်းနဲ့ အပြင်မှာပါ ဇာတ်လမ်းတွေဆက်ရှုပ်တော့ အွန်လိုင်းကပဲ နာမည်ဆိုးထွက်တော့တာပေါ့။ သုံးတတ်ရင် ပညာတွေအများကြီးရပါတယ်။

  • water-melon

    June 22, 2012 at 5:59 pm

    လေးပေါက်ရေ
    ကိုယ်ကအက်ပြီး
    ကောင်းကောင်းမွန်မွန်ပြောပေမဲ့လည်း
    တဖက်သူက ဘလော့သွားရေ
    ကိုယ်ကလက်ခံတော့လည်း အက်တဲ့သူတွေက စကားတွေကရင့်တယ်ဗျာ
    အကောင်းဆုံးကတော့ ဘယ်သူမှမပြောတော့ဘူး

  • myat pearl phyu

    March 1, 2014 at 5:47 pm

    ရွာ (wordpress)မှာ (Ning) ဆိုဒ်တွေလို ချတ်ရွှန်း မရှိတာ ကောင်းပါဒယ် …
    အက်ဒမင်ဒွေ မျတ်ချိရှုပ် စိတ်ရှုပ်သက်သာတာပေါ့…

  • Crystalline

    March 2, 2014 at 11:29 am

    ကျမ သုံးတဲ့ ဂျီတော့ထဲ အမျိုးနဲ့ မိတ်ဆွေရင်းကလွဲမရှိဘူး.. အဲဒါတောင် တခါတလေ ကိုယ်အလုပ်ရှုပ်တဲ့အချိန်မျိုးဆို အဲဒီလူလေးနဲ့တင်စိတ်ရှုပ်ရတယ်… တတောင်တောင်နဲ့.. နောက်ပိုင်း ဖုန်းနဲ့သုံးတော့ Invisible လုပ်ထားလိုက်တယ်.. :))

  • ကောင်း မှ ကောင်း ပါ ခရစ် စ တယ် ရေ

    အ ခု လက် ရှိ မှာ ကျ နော် လဲ ဂျ ီ တော ့ ချက် တင် မသုံး တော့ ပါ

    ဒါ ပေ မယ် ့ ဖွ ဘုတ် က ပို ဆိုး ပါ သည်

Leave a Reply