Tokyo Daibutsu လို့ခေါ်တဲ့ ဘုရားပါဗျ…

အိမ်ကနေ နာရီဝက်လောက်လမ်းလျောက်ရင်ရောက်တယ်.ဗျ…

သည် အယ်လ်ဘမ်က ကျနော် ဖစ်လတာ နဲ့ တက္ကနီကွေး အသစ်အချို့ စမ်းထားတာဖြစ်လို့…..

ဒါ့ပုံပညာ အရ ပြူးတူးပြဲတဲဖြစ်မယ် မထော်မနန်းဖြစ်မယ်ဆို သည်းခံရှုစားပေးကြပါကုန်၊

 

 

 

ဒါ့ပုံသမားထဲမတော့ ကျနော်က အတော် အရှက် ကင်းတဲ့ အစား ဗျ. …

ရိုက်ပြီး ပြင်ပြီး ရင် မပစ်ရက်ဘူး …တင်တာပဲ ….အဲ့လာနဲ့ဘဲ မဟာဖေ့စ်ဘုတ်တော်ကြီးမှာ ၀မ်းဂစ်ဖြစ်လာရောပေါ့…

ပီးခဲ့တဲ့လက ရိုက်တဲ့ပုံ သည်လပြန်ကြည့်ရင် မကြိုက်တော့ဘူး….ရယ်

 

 

ကျနော် ဘာလိုသွားလဲ ကျနော်ပုံတွေကနေ ကျနော် ပြန်သင်ယူမိပါတယ်. … နောက်တခါဆို ငါ ဘယ်လိုရိုက်မယ်ပေါ့….

ကျနော့် အတွက် ကျနော့်မိုင်တိုင် ကျနော် စိုက်ကြည့်နေတဲ့သဘောပါဗျာ ….

သိပ်လွဲလာတာတွေ သိပ် ရှက်လာတာတွေ ဆိုရင်တော့ ကျနော် အဲ့သည့်ပုံတွေ hide လုပ်ပစ်တယ်ဗျ ….

(ဖျက်တော့ မပစ်ရက်ဘူးဗျာ….)

 

သည်လကုန်ရင် ကျနော့် ရိုက်သက် ၁နှစ်ပြည့်မယ် … ကျနော်က target တခုထားပြီးရိုက်နေတာဗျာ..

ကျနော် ၁နှစ် ပုံ ၃သောင်းကျော်အောင်  ရိုက်မယ်…. ၃နှစ်ပြည့်ရင် ပုံ ၁သိန်း …

ပြည့်အောင် ဖြစ်ညှစ်ပြီးတော့ တော့ မရိုက်ပါဘူး ..ကျနော့်မှာ  4GB  မန်မိုရီကဒ် တခုပဲ ဆောင်ထားတယ်…

ထပ်ဝယ် ..ရတယ်… ကျနော်မ၀ယ်ပါဘူး …RAW နဲ့ရိုက်ရင် ပုံ ၁၅၀ကျတယ်ဗျာ..

ကျနော် တနေ့ ဒါမှမဟုတ် နေ့တ၀က် အတွင်းမှာ အကောင်းဆုံး ပုံ ၁၅၀ပဲ ရိုက်မယ်…

ကျနော့်ကိုယ်ကျနော် ကန့်သတ်ထားတာပါ …မဟုတ်ရင် မလွယ်ဘူးဗျ ..လူဆိုတာ အကျင့်ပျက် သတ္တ၀ါ………

 

 

ခရီးလိုဟာမျိုးဆိုရင်တော့ ကျနော့် စုတ်ပြတ်သတ်နေတဲ့ ဒဲလ် လက်ပကျွတ်လေး ဆောင်သွားပေါ့ဗျာ …

တနေ့စာ ရိုက် ပြန်လာ …ကူး … အသစ်ထွက်ရိုက်… ဂလိုပေါ့….

ကျနော်၃ နှစ်အတွင်းမှာ  ပုံ ၁သိန်း ရိုက်မယ်ဆိုတာ အကြောင်းရှိတယ်ဗျ. ……

 

ကင်မလာရဲ့ sensor သက်တမ်းက ပုံပေါင်း ချပ်ရေ ၁သိန်းခွဲ ရိုက်လို့ရတယ် ဆိုထားတယ်လေ..

ကျနော်ကင်မလာလေးကို ကျနော် မပစ်ရက်ဘူးဗျ… အဟောင်းတန်းမှာ သွားလည်းမရောင်းရက်ဘူး…

ကျနော့်လက်ထဲမှာဘဲ သူ့ကို သက်တမ်းကုန်စေချင်တယ်. ….သူသေသွားရင်လည်း ကျနော့်အခန်းမှာ

နေရာတနေရာပေးပြီး သီးသန့်ဖြစ်တည်မှု တခုအနေနဲ့ ဂုဏ်ပြုသွားမှာပါဗျာ ….

 

 

၃နှစ်လို့ ဘာလို့ သတ်မှတ်သလဲဆို …ဟုတ်ကဲ့ ပညာရပ်တခုကို လေ့လာလိုက်စားဖို့….

အတိုင်းအတာတခုထိ တီးမိခေါက်မိ ဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ကျနော် ယူဆလို့ပါ…

ဘယ်သူဟာ ဘယ်မှာ ဘယ်လောက် ပါရမီပါတယ် ..အမြင်ရှိတယ် ထက်သန်တယ် ဆိုတာ

လုပ်မကြည့်ရင် မသိဘူးရယ်. …မစို့မပို့ လုပ်ကြည့်တာနဲ့ အသေအချာ inspire လုပ်တာနဲ့ မတူဝူးရယ်..

တချို့ slow learner တွေရှိတယ်ဗျာ ..စလုပ် လိုက်ရင် ၆တလွဲ …အဲ့..အသားကျလာကြည့် ..ငုတ်လျိုးနေတဲ့

သူ့ပါရမီ ကထွက်လာပီး ထိပ်တန်းရောက်သွားတတ်ရော ……….

 

 

 

တချို့ကတော့ sprinter တွေဗျ. ..တာတို အပြေးသမားတွေ တာထွက်တာနဲ့ ရှေ့ရောက်သွားတာမြန်ချက်….

သို့သော် အဲ့လူတွေကို မာရသွန်ခေါ်ပြိုင်ခိုင်းကြည့် ….၁နာရီမပြည့်ခင် ..လျှာထွက်ပြီး ကိစ္စတုန်းသွားမယ်

သည်တော့ ကျနော် ၃နှစ်သတ်မှတ်ပြီး မှန်မှန်နဲ့ မြန်မြန်ပြေးကြည့်နေမိတာဗျာ…

 

၃နှစ်ပြည့်ရင်လား ….အင်း… ကိုယ့်ကိုကိုယ် လုံလောက်တဲ့ ပါရမီ skill, know-how ရှိတယ် သတ်မှတ်မိရင် ကျနော် တကယ် professional

photographer လုပ်မ်ယ်ဗျာ …ဘယ်လိုင်းလဲ genre တော့ မပြောတတ်သေးဘူး… သည်၃နှစ်က ပဲ ရွေးပေးသွားမယ်ထင်ရဲ့

skillက ကျင့်ယူရင်ရတယ်ဗျာ  equipmentက ရင်းနှီးမြှုပ်နှံနိုင်ရင်ရတယ် .. know-howကတော့ လေ့လာရမယ်. …..မရတာ တခုပဲ

အဲ့ဒါ ပါရမီ …….ဘယ်လောက် အထုံပါသလဲ ..အမြင်စူး ပါသလဲဆိုတဲ့ကိစ္စ….

 

 

 

ကျနော့်မှာ တက်စရာ ကျောင်းမရှိဘူးဗျ…. သည်တော့ ဘ၀တက္ကသိုလ်ပဲ တက်ရတာပေါ့ …. သည်အမြင် ဆိုတဲ့ကိစ္စကို

ဖြည့်ဆည်းဖို့အတွက် …ဒါ့ပုံပညာ သက်သက်မကတော့ဘဲ ဒီဇို င်းဆိုတာ လေ့လာဖြစ်တယ် ….ပန်းချီဘက် ကို

လေ့လာရဦးမယ်..(ဒါကအကြွေးတင်နေတာ..) နောက်… စာပေ အယူအဆတွေ ..ဖြစ်တည်မှုသဘောတွေ ….

မတူညီတဲ့ ခံစားချက်တွေအတွက် မတူညီတဲ့ ရှုထောင့်ကနေ မတူညီတဲ့ ရသပေးချင်ရင် ……..

ဆိုတဲ့စကားကို ထောက်ရှုရင် ….ဟုတ်ကဲ့ ကျနော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ်..

 

 

ဒါ့ပုံပညာကို ၀-၁၀ လို့ သတ်မှတ်ရင် ကျနော်က ၀.၁ လောက်ပဲရောက်သေးတဲ့အနေအထားပါ….

ရိုက်ပြီး ရင်ပြီးလား ဆိုတော့ မပြီးဘူးဗျ…..post productionလို့လည်းခေါ်တယ် retouch လို့လည်းခေါ်တယ် ပြန်တို့ တယ်ပေါ့

သဂျီး ပြောသလို လက်ဖျားနဲ့ မတို့ဘဲ ဆိုတဲ့ စကားကို ပြန်ကောက်ရရင် ..ကျနော် လက်ဖျားနဲ့တော့ မတို့ပါဘူး. …

software သုံးပြီးတော့တော့ ..ပြန်တို့ ပါတယ်ဗျာ..

 

 

အဲ့သည့် ပြန်တို့တဲ့နေရာမှာလည်း တက္ကနီကွေးတွေ မက်သတ် တွေ ..know-how တွေ

အရိုးဆုံးပြောရရင် အထှာတွေပေါ့ဗျာ ..အဲ့ဒါတွေ အများကြီးလိုပါတယ်. …..ကျနော် ကံကောင်းတာက

ငယ်ငယ်ကတည်းက အိုင်တီဘက်မှာ နေလာခဲ့တော့ ပြန်တို့software သုံးရတဲ့နေရာမှာ အတော်လေး ခရီးတွင်တယ်ဗျ…

သို့သော် …အမြင်တို့ အထှာတို့တော့ မနပ်သေးဘူး … အများကြီး ကြိုးစားရဦးမယ်…

 

 

အချုပ်ပြောရရင် ရွာဦး ရုပ်ပွားတော်မြတ်ကို …ကျနော် အသစ်တွေ့ရှိထားတဲ့ ပြန်တို့နည်းတွေနဲ့

ပြန်တို့ထားပါတယ် …. ဝေဖန် အားပေးကြပါဦးဗျာ …. ဒါ့ပုံပညာအရ စည်းမျဉ်းအချို့ကို ချိုးဖောက်

ခဲ့တယ်ဆိုရင်လည်း …. ကျနော် ရေးထားတာလေးတွေဖတ်ပြီး စမ်းသပ်လေ့လာသင်ယူဆဲ ကာလမို့

ခွင့်လွှတ် သီးခံ ပေးစေလိုပါကြောင်း……

 

 

ခင်တဲ့

Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011