ရွာဦး ရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ခြင်း Autumn in my heart 2.5

ムラカミDecember 10, 20113min18921

Tokyo Daibutsu လို့ခေါ်တဲ့ ဘုရားပါဗျ…

အိမ်ကနေ နာရီဝက်လောက်လမ်းလျောက်ရင်ရောက်တယ်.ဗျ…

သည် အယ်လ်ဘမ်က ကျနော် ဖစ်လတာ နဲ့ တက္ကနီကွေး အသစ်အချို့ စမ်းထားတာဖြစ်လို့…..

ဒါ့ပုံပညာ အရ ပြူးတူးပြဲတဲဖြစ်မယ် မထော်မနန်းဖြစ်မယ်ဆို သည်းခံရှုစားပေးကြပါကုန်၊

 

 

 

ဒါ့ပုံသမားထဲမတော့ ကျနော်က အတော် အရှက် ကင်းတဲ့ အစား ဗျ. …

ရိုက်ပြီး ပြင်ပြီး ရင် မပစ်ရက်ဘူး …တင်တာပဲ ….အဲ့လာနဲ့ဘဲ မဟာဖေ့စ်ဘုတ်တော်ကြီးမှာ ဝမ်းဂစ်ဖြစ်လာရောပေါ့…

ပီးခဲ့တဲ့လက ရိုက်တဲ့ပုံ သည်လပြန်ကြည့်ရင် မကြိုက်တော့ဘူး….ရယ်

 

 

ကျနော် ဘာလိုသွားလဲ ကျနော်ပုံတွေကနေ ကျနော် ပြန်သင်ယူမိပါတယ်. … နောက်တခါဆို ငါ ဘယ်လိုရိုက်မယ်ပေါ့….

ကျနော့် အတွက် ကျနော့်မိုင်တိုင် ကျနော် စိုက်ကြည့်နေတဲ့သဘောပါဗျာ ….

သိပ်လွဲလာတာတွေ သိပ် ရှက်လာတာတွေ ဆိုရင်တော့ ကျနော် အဲ့သည့်ပုံတွေ hide လုပ်ပစ်တယ်ဗျ ….

(ဖျက်တော့ မပစ်ရက်ဘူးဗျာ….)

 

သည်လကုန်ရင် ကျနော့် ရိုက်သက် ၁နှစ်ပြည့်မယ် … ကျနော်က target တခုထားပြီးရိုက်နေတာဗျာ..

ကျနော် ၁နှစ် ပုံ ၃သောင်းကျော်အောင်  ရိုက်မယ်…. ၃နှစ်ပြည့်ရင် ပုံ ၁သိန်း …

ပြည့်အောင် ဖြစ်ညှစ်ပြီးတော့ တော့ မရိုက်ပါဘူး ..ကျနော့်မှာ  4GB  မန်မိုရီကဒ် တခုပဲ ဆောင်ထားတယ်…

ထပ်ဝယ် ..ရတယ်… ကျနော်မဝယ်ပါဘူး …RAW နဲ့ရိုက်ရင် ပုံ ၁၅ဝကျတယ်ဗျာ..

ကျနော် တနေ့ ဒါမှမဟုတ် နေ့တဝက် အတွင်းမှာ အကောင်းဆုံး ပုံ ၁၅ဝပဲ ရို်က်မယ်…

ကျနော့်ကိုယ်ကျနော် ကန့်သတ်ထားတာပါ …မဟုတ်ရင် မလွယ်ဘူးဗျ ..လူဆိုတာ အကျင့်ပျက် သတ္တဝါ………

 

 

ခရီးလိုဟာမျိုးဆိုရင်တော့ ကျနော့် စုတ်ပြတ်သတ်နေတဲ့ ဒဲလ် လက်ပကျွတ်လေး ဆောင်သွားပေါ့ဗျာ …

တနေ့စာ ရိုက် ပြန်လာ …ကူး … အသစ်ထွက်ရိုက်… ဂလိုပေါ့….

ကျနော်၃ နှစ်အတွင်းမှာ  ပုံ ၁သိန်း ရိုက်မယ်ဆိုတာ အကြောင်းရှိတယ်ဗျ. ……

 

ကင်မလာရဲ့ sensor သက်တမ်းက ပုံပေါင်း ချပ်ရေ ၁သိန်းခွဲ ရိုက်လို့ရတယ် ဆိုထားတယ်လေ..

ကျနော်ကင်မလာလေးကို ကျနော် မပစ်ရက်ဘူးဗျ… အဟောင်းတန်းမှာ သွားလည်းမရောင်းရက်ဘူး…

ကျနော့်လက်ထဲမှာဘဲ သူ့ကို သက်တမ်းကုန်စေချင်တယ်. ….သူသေသွားရင်လည်း ကျနော့်အခန်းမှာ

နေရာတနေရာပေးပြီး သီးသန့်ဖြစ်တည်မှု တခုအနေနဲ့ ဂုဏ်ပြုသွားမှာပါဗျာ ….

 

 

၃နှစ်လို့ ဘာလို့ သတ်မှတ်သလဲဆို …ဟုတ်ကဲ့ ပညာရပ်တခုကို လေ့လာလိုက်စားဖို့….

အတိုင်းအတာတခုထိ တီးမိခေါက်မိ ဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ကျနော် ယူဆလို့ပါ…

ဘယ်သူဟာ ဘယ်မှာ ဘယ်လောက် ပါရမီပါတယ် ..အမြင်ရှိတယ် ထက်သန်တယ် ဆိုတာ

လုပ်မကြည့်ရင် မသိဘူးရယ်. …မစို့မပို့ လုပ်ကြည့်တာနဲ့ အသေအချာ inspire လုပ်တာနဲ့ မတူဝူးရယ်..

တချို့ slow learner တွေရှိတယ်ဗျာ ..စလုပ် လိုက်ရင် ၆တလွဲ …အဲ့..အသားကျလာကြည့် ..ငုတ်လျိုးနေတဲ့

သူ့ပါရမီ ကထွက်လာပီး ထိပ်တန်းရောက်သွားတတ်ရော ……….

 

 

 

တချို့ကတော့ sprinter တွေဗျ. ..တာတို အပြေးသမားတွေ တာထွက်တာနဲ့ ရှေ့ရောက်သွားတာမြန်ချက်….

သို့သော် အဲ့လူတွေကို မာရသွန်ခေါ်ပြိုင်ခိုင်းကြည့် ….၁နာရီမပြည့်ခင် ..လျှာထွက်ပြီး ကိစ္စတုန်းသွားမယ်

သည်တော့ ကျနော် ၃နှစ်သတ်မှတ်ပြီး မှန်မှန်နဲ့ မြန်မြန်ပြေးကြည့်နေမိတာဗျာ…

 

၃နှစ်ပြည့်ရင်လား ….အင်း… ကိုယ့်ကိုကိုယ် လုံလောက်တဲ့ ပါရမီ skill, know-how ရှိတယ် သတ်မှတ်မိရင် ကျနော် တကယ် professional

photographer လုပ်မ်ယ်ဗျာ …ဘယ်လိုင်းလဲ genre တော့ မပြောတတ်သေးဘူး… သည်၃နှစ်က ပဲ ရွေးပေးသွားမယ်ထင်ရဲ့

skillက ကျင့်ယူရင်ရတယ်ဗျာ  equipmentက ရင်းနှီးမြှုပ်နှံနိုင်ရင်ရတယ် .. know-howကတော့ လေ့လာရမယ်. …..မရတာ တခုပဲ

အဲ့ဒါ ပါရမီ …….ဘယ်လောက် အထုံပါသလဲ ..အမြင်စူး ပါသလဲဆိုတဲ့ကိစ္စ….

 

 

 

ကျနော့်မှာ တက်စရာ ကျောင်းမရှိဘူးဗျ…. သည်တော့ ဘဝတက္ကသိုလ်ပဲ တက်ရတာပေါ့ …. သည်အမြင် ဆိုတဲ့ကိစ္စကို

ဖြည့်ဆည်းဖို့အတွက် …ဒါ့ပုံပညာ သက်သက်မကတော့ဘဲ ဒီဇို င်းဆိုတာ လေ့လာဖြစ်တယ် ….ပန်းချီဘက် ကို

လေ့လာရဦးမယ်..(ဒါကအကြွေးတင်နေတာ..) နောက်… စာပေ အယူအဆတွေ ..ဖြစ်တည်မှုသဘောတွေ ….

မတူညီတဲ့ ခံစားချက်တွေအတွက် မတူညီတဲ့ ရှုထောင့်ကနေ မတူညီတဲ့ ရသပေးချင်ရင် ……..

ဆိုတဲ့စကားကို ထောက်ရှုရင် ….ဟုတ်ကဲ့ ကျနော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ်..

 

 

ဒါ့ပုံပညာကို ဝ-၁ဝ လို့ သတ်မှတ်ရင် ကျနော်က ဝ.၁ လောက်ပဲရောက်သေးတဲ့အနေအထားပါ….

ရိုက်ပြီး ရင်ပြီးလား ဆိုတော့ မပြီးဘူးဗျ…..post productionလို့လည်းခေါ်တယ် retouch လို့လည်းခေါ်တယ် ပြန်တို့ တယ်ပေါ့

သဂျီး ပြောသလို လက်ဖျားနဲ့ မတို့ဘဲ ဆိုတဲ့ စကားကို ပြန်ကောက်ရရင် ..ကျနော် လက်ဖျားနဲ့တော့ မတို့ပါဘူး. …

software သုံးပြီးတော့တော့ ..ပြန်တို့ ပါတယ်ဗျာ..

 

 

အဲ့သည့် ပြန်တို့တဲ့နေရာမှာလည်း တက္ကနီကွေးတွေ မက်သတ် တွေ ..know-how တွေ

အရိုးဆုံးပြောရရင် အထှာတွေပေါ့ဗျာ ..အဲ့ဒါတွေ အများကြီးလိုပါတယ်. …..ကျနော် ကံကောင်းတာက

ငယ်ငယ်ကတည်းက အိုင်တီဘက်မှာ နေလာခဲ့တော့ ပြန်တို့software သုံးရတဲ့နေရာမှာ အတော်လေး ခရီးတွင်တယ်ဗျ…

သို့သော် …အမြင်တို့ အထှာတို့တော့ မနပ်သေးဘူး … အများကြီး ကြိုးစားရဦးမယ်…

 

 

အချုပ်ပြောရရင် ရွာဦး ရုပ်ပွားတော်မြတ်ကို …ကျနော် အသစ်တွေ့ရှိထားတဲ့ ပြန်တို့နည်းတွေနဲ့

ပြန်တို့ထားပါတယ် …. ဝေဖန် အားပေးကြပါဦးဗျာ …. ဒါ့ပုံပညာအရ စည်းမျဉ်းအချို့ကို ချိုးဖောက်

ခဲ့တယ်ဆိုရင်လည်း …. ကျနော် ရေးထားတာလေးတွေဖတ်ပြီး စမ်းသပ်လေ့လာသင်ယူဆဲ ကာလမို့

ခွင့်လွှတ် သီးခံ ပေးစေလိုပါကြောင် း……

 

 

ခင်တဲ့

Inz@ghi

21 comments

  • blackchaw

    December 10, 2011 at 2:40 pm

    လေးလေးစားစား နဲ့ ဝင်ရောက်ဖူးမျှော်ကြည်ညိုပြီးသကာလ
    သာဓုသုံးကြိမ်ကို စိတ်ပါ၊ လက်ပါ၊ ခေါ်ဆိုပေးခဲ့ပါသည် မစ်စတာ ဂီဂီ ခင်ဗျား။
    သာဓု သာဓု သာဓု ပါဗျာ။
    ဒါ့ပုံပညာပိုင်းဆိုင်ရာအမြင်များကိုတော့ ဆြာသမားတွေမှ မြင်နိုင်မှာ ဖြစ်တဲ့အတွက်
    ကျွန်ုပ်က နှမ်းမဖြူးလိုတော့ပါကြောင်း။

  • ဆူး

    December 10, 2011 at 2:50 pm

    ဟလို ဟဲလို..
    အဲဒါ
    မဟာယန ဘုရားဆင်းတုကြီး။
    ထေရဝါဒ ဘုရားဆင်းတုတွေက ရင်ဘတ်လုံတယ်။
    ရွာဦး ရုပ်ပွားတော် ဆိုလို့ ကွန်မန်း လာပေးတာ…
    ဒါပဲ.. ဒါဘဲ.. ဂွက်..

    • inz@ghi

      December 10, 2011 at 5:39 pm

      အင်း …… ကျောလော့ပါဝူး ..
      တူက စွာဒယ် …..

      ကျောလော့ ကျောလိုက်ပါ့မယ်လေ……
      မဟာယန အယူကို မကြိုက်လျင် မယူပါနှင့် ….
      သို့သော် မဟာယန များ တည်သော ဘုရားများသည်လည်း …
      Lord Buddha ကိုသာ ရည်ညွှန်းသည်ဖြစ်သဖြင့်

      သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားအား …
      ရည်စူးပြီး မိမိ လက်ခံကျင့်သုံးသည့် ..ဝါဒအလျောက်
      ဦးချ ကန်တော့ပါက ကုသိုလ်ရပါသည်ခင်ဗျား …..

      ဘုရားဆင်းတု လက်ဆောင်ဝယ်လာပေးမလို့ဟာ
      ပေးလော့ဝူး .. ဘုရားdiscrimination လုပ်လို့…..
      🙁

      • Yin Nyine Nway

        December 11, 2011 at 9:13 am

        ဟီး…ဂယ်ကြီးလား
        ဝယ်လာရင် ရင်ငြိမ်းအတွက် တဆူ…
        ဟီး…. ဘိုကင်ချိတ်ထားတယ်နော်

        • inz@ghi

          December 11, 2011 at 9:20 am

          ဟုတ် ..
          ဂယ် ဝယ်လာမယ် မမရင်ငြိမ်း..
          ၃လပိုင်း လကုန်လောက်..
          နီးရင်ပြောပါ့မယ်..
          (အနေကဇာ တင်ရင် ဖိတ်နော ….လာဝိုက်မယ်…ခစ်ခစ်…)

          P.S
          ဟို ဘုရား discrimination လုပ်တဲ့ တယော က်အတွက်တော့ မပါဘူး…ဟွန့်…

  • MaMa

    December 10, 2011 at 3:02 pm

    ပထမပုံကြည့်ပြီး ကြိုက်တယ်။
    နောက်တစ်ပုံ ကြည့်တော့လည်း ကြိုက်တာပဲ။
    (ကြိုက်ဆို ကိုယ်ကလည်း အော်တိုကင်မရာကို ခလုတ်နှိပ်ရုံ တတ်တာကိုး 😀 )

    အားလုံးကြည့်ပြီး ပြန်ရွေးလိုက်တော့ ၈ပုံမြောက်ကို အကြိုက်ဆုံးပဲ။ 🙂

    • inz@ghi

      December 10, 2011 at 5:34 pm

      ရပုံနဲ့ ၈ပုံမြောက်က……..ဘုရားကွယ်နေတာကို ရိုက်ပြချင်တာ ဟီး …

      ကျနော့် အမြင်အရတော့ ၄ပုံမြောက် ကို အကြိုက်ဆုံးဖြစ်ပါသည်..
      ကျနော်တို့ ဘုရားထိုင်ဦးချ သည့်အခါ မြင်ရသည့် မြင်ကွင်းမို့ ဖြစ်ပါသည်….

      ပါးစပ်ကဘုရား … သာပြောနေတာ …
      လက်က စိုင် ကိုပြန်တို့နေတာ ….

      ဘုရားပုံကလည်း စိုင်သွားမပစ်ခင် ……တင်တာ ..

      အင်း ဂီဂီလေးကတော့ ကုသိုလ်တွေ ရဦးမယ်. …..

      • MaMa

        December 10, 2011 at 8:55 pm

        ပထမပိုင်းပုံတွေက ပုံမှန် မြင်နေကျ အမြင်ထောင့်မို့လို့ ယှဉ်ကြည့်လိုက်တဲ့အခါကျတော့ တစ်ပိုင်းတစ်စ ကွယ်နေတဲ့ ၈ ပုံမြောက်က အမြင်ဆန်းနေတာမို့ ပိုကြိုက်သွားတာ။
        တင်တာက ဘုရားပုံ။ စိုင် ပစ်ဖို့/တို့ဖို့ကို စိတ်စောနေတယ် ထင်ပါရဲ့။ 😆

  • Diamond Key

    December 10, 2011 at 4:03 pm

    ဝင်ရောက်ကာ ရိုရိုသေသေ ဖူးမျှော်ကြည်ညိုသွားပါတယ်။ မောင်စိန်သော့လေးလည်း ကိုယ်တိုင်ရောက်ရှိ ဖူးခွင့်ရကာ ယခုဆြာဂီလိုရိုက်ပြီး ရွာထဲတင်ခွင့် အမြန်ရလိုပါ၏။ 😀
    တောင်းဆု အမြန်ပြည့်ဝပါလျှင် ဆြာလာဂီတို့လို ဖစ်လတာ နဲ့ တက္ကနီကွေး အသစ်အသစ်တွေ မစမ်းနိုင်၊ မစမ်းတတ်တာကြောင်း၊ ဘုရားကြီး၏ ပတ်ဝန်းကျင်ရှုခင်းများနှင့် ဘုရားဖူးလာ စိုင်လေးများကို သဘာဝ ကျကျ ရိုက်ကူးတင်ပြပါမည့် အကြောင်း သိစေအပ်ပါသည် ရွာသူရွာသား အပေါင်းတို့…………………..ဒူ !!!!!!!!!!!!!!!!!!!!!!!!!!!!!(သဂျီးမောင်းကို ခဏဌားကာ ထုပါသည်) :mrgreen:

    • inz@ghi

      December 10, 2011 at 5:44 pm

      မနောက်ပါနဲ့ ဆြာသော့ရယ် ..ကျနော်က …
      ဆြာသော့ ..ကို လေးစားပြီးသားပါဗျာ …

      ကျနော်တို့က ပြန်တို့တဲ့ ဒါ့ပုံသမားတွေ…
      ပို့စကဒ် ပန်းချီကားလို ထွက်အောင် အတင်းဖြစ်ညှစ်ပြီး လိုက်လုပ်တဲ့ ရိုက်တဲ့ကောင်တွေ …..
      ဆြာတို့က ရီရယ်လစ်ဇင်မ် တွေ……
      လိုင်းမတူဘူးပေါ့ဗျာ ….စကေးလ် သမားတွေ
      ဆော့ဖ်ဝဲ တက္ကနစ် ဒါတွေ အားမကိုးသူတွေ

      ဆြာ့ ကွန်ပိုဇစ်ရှင်း စကေးလ်…. အတွေ့အကြုံ …ဖြတ်သန်းမှု
      ဒါတွေအားလုံး နဲ့ ကျနော်တို့ လိုင်း လာရိုက်မယ် ဆိုရင်ဖြင့်
      ဆြာ့လက်ရာ ကို ကျနော် မယှဉ်နိုင်ဘူးဆိုတာ သိလို့ ..ရိုသေလေးစားလျက်ပါဆြာ…

      😀
      မောထှာ …စိုင်လေး သွားတို့လိုက်ဦးမယ် ဟိ..

  • pooch

    December 10, 2011 at 5:21 pm

    ဓာတ်ပုံပညာမျက်စိနဲ့ က ပညာရှင်မဟုတ်လို့ မကြည့်တတ်ပါဘူး…
    သို့သော် အနုပညာကို ခံစားချင်တဲ့ စိတ်နဲ့ နည်းနည်းလေးတော့ ပြောကြည့်ပါရစေ….

    ပုံတွေ အားလုံးက အရောင်တွေစုံနေတယ် ဒါပေမဲ့ ကြည်လင်တောက်ပတဲ့ ခံစားမှုမျိုးမရဘူး နည်းနည်းလေး မှိုင်းနေတယ် အေးချမ်းမှု ရယ် တိတ်ဆိတ်ငြိမ်သက်မှုရယ်ကိုတော့ တွေ့တယ်…

    ၃ပုံမြောက်ကို အနှစ်သက်ဆုံးပါပဲ ခံစားမှုတွေ စုံလို့ ….

    ဘာသာရေးအမြင်နဲ့ တော့ အမှန်အတိုင်းပြောရရင် ရင်ဘတ်တော် ပွင့်လျှက်မို့ ကြည်ညိုစိတ်မဖြစ်မိဘူး…
    statue တခုလိုပဲ ခံစားမိပါတယ်…

    inspiration ကောင်းလို့ကတော့ ဘယ်အနုပညာမဆို ထိပ်တန်းရောက်လေ့ရှိပါတယ် genius လေးသာတွဲပါလို့ ကတော့ ပြောစရာတောင်မလိုတော့ပါဘူး

    မြင်သလောက်တော့ အလွန်ထူးတဲ့ genius တော့ရှိနေပါတယ် inspiration တော့ မပြောတတ်ဖူး

    • inz@ghi

      December 10, 2011 at 5:30 pm

      အာဟိ…

      မှိုင်းမှာပေါ့ ….မမပုရယ် …. မမှိုင်း မှိုင်းအောင် ကလိထားဒါဘဲကို …..
      (ရန်ကုန်တက္ကသိုလ်ဝန်းထဲ မှာ ရိုက်တဲ့လူတွေ သုံးတဲ့နည်းနဲ့ ….)

      အင်စပိုင်းယား က နည်းနည်းပြောရခက်တွားဘီဂျာ ….
      အားတဲ့ရက် နဲ့ ဝယ်သာဖိုင်းတဲ့ရက် လုလုပြီးရိုက်ရတာဆိုဒေါ့ …
      ဖီလင်လာတဲ့နေ့ ရုပ်ထွက်ကောင်းတယ်..
      ဖီလင်မလာတဲ့နေ့ …ချာတူးလန်တယ် …အဲ့လိုကိုဖြစ်နေတာ ….
      လူက စိတ်မမှန်တော့ ..မုဒ် ကလဲအဲ့လို ….

      အခုသုံးနေတဲ့ တက္ကနီကွေး ကို အသားကျသွားရင်ဖြင့် …..
      (လူကတော့ အသားကျပီး အရိုးချည်း ကျန်တော့တယ်..ဟီး ….)

      အားပေးတွားတာ ကျေးကျေးဗျို့

  • alinsett

    December 10, 2011 at 7:05 pm

    ပုံ တွေ ဟာ တစ်ပုံချင်းစီတိုင်းက ပန်းချီကားတစ်ချက်လိုပါပဲ.။

    ထူးခြားတဲ ့ ဆန်းသစ်တဲ ့ရိုက်ချက်တွေ… သူများရိုက်လေ့မရှိတဲ ့ ထောင့်တွေကနေ
    ရိုက်ထထားတာနော်။
    အဲဒါ သိပ်ကောင်းတဲ့ ..သိပ် လေးစားစရာကောင်းတဲ ့ အရာပါ။ အခု တွေ့ရတဲ့ အရောင်…တွေရဲ ့ ဟန်ချက်က …ကြည့်သူကို တမျိုးတဖုံသော ခံစားချက်ကို ရစေပါတယ် ။

    ပုံ 10 ပု့ လုံးကို ကြိုက်ပါတယ် ။
    တစ်ပုံချင်းစီကို ကြိုက်တာပါ ။

    နောက်ကို လည်း အဲလို ဆန်းသစ်တဲ ့ပုံ့ တွေ..တင်ပါဦး။

    အခုလို ဘာသာရေး လေးတွေ..ကို..ပို ့စ် အဖြစ် ဖန်တီးပေးတာကို သိပ်ကျေးဇူးတင်ပါတယ် ။

  • windtalker

    December 10, 2011 at 8:59 pm

    ဂီကြီးရေ
    သည်တစ်ခါတော့
    နင် က ဘုရားဒကာ ဖြစ်ပြီ နော
    ငါ တစ်ခါမှ မဖူးဘူး သော တိုကျို ဒိုင်ဘတ်ဆု ရုပ်ပွားတော်မြတ်ကြီးကို
    အားရပါးရ ဖူးမျှော်ကြည်ညိုခွင့်ရလို ့အရမ်းကို ကျေးဇူးတင်ပါတယ် နော
    သာဓု သာဓု သာဓု ပါ
    ယခုပြုသော ကုသိုလ်ကြောင့်
    အရှေ ့ကျွန်းမှာ တစ်ဘက် မိန်းမလှ ငါးရာ နှင့်
    ပျော်ပါးမော်ကြွား နိုင်ပါစေ ဗျား

  • Yin Nyine Nway

    December 10, 2011 at 9:07 pm

    အဲဒီဘုရားကို ဆရာမတယောက်က လက်ဆောင်ပေးဖူးတယ်
    သူက အပြင်မှာ ထားပြိးကိုးကွယ်ရတယ်လို့ပြောတယ်
    ကျောင်းဆောင်နဲ့ မထားရဘူးလို့လဲပြောတယ်
    တကယ်လေးလေးနက်နက်နဲ့ တခုထဲလိုချင်တဲ့ ဆုကိုသာတောင်း
    ပြည့်တယ်လို့လဲဆိုတယ်

  • ကြောင်ကြီး

    December 10, 2011 at 9:50 pm

    တိုကျို ဒိုင်ဘတ်ဆု ရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးဘူးသူတိုင်း နောက်တကြိမ် ဂျပန်ကို ပြန်လာရတယ် ဒါမှမဟုတ် ဂျပန်ခရီးလွယ်လွယ်ရတယ် ပြောသံကြားဖူးတယ်။ ကျနော်လည်း အဲဒီရုပ်ပွားတော်ကြီးကို အရင်ကထဲက ကြည်ညိုနှစ်သက်တယ်။ အဲဒီအတိုင်းသာ မှန်ရင် ဂျပန်နဲ့ရေစက်ဆုံမယ်ထင်တယ်။ စကပ်တိုတိုနဲ့ နိပွန်မလေးတွေ သိပ်မိုက်တယ်ကား..။ ကြားဖူးတာ ဂျပန်ဘုရင်တပါး သူ့မျက်နှာနဲ့တူအောင် ထုထားခဲ့တယ်ဆိုလား။။။။။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘုရားအဖြစ် တည်ထားကိုးကွယ်တာမို့ ယူတတ်ရင် ကုသိုလ်ကြီးကြီးရပါမယ်။

  • kai

    December 11, 2011 at 3:55 am

    ဘုရားdiscrimination လုပ်လို့…..

    အဲဒီစာသားလေးကြိုက်တယ်ဗျာ….။
    တိုကျို ဒိုင်ဘုဆု ဆိုရင်အသံထွက်ပိုမှန်ပါမယ်…။
    Daibutsu (大仏) or ‘giant Buddha’

    နံပါတ်၈ ပုံအကြိုက်ဆုံးဗျာ…။
    နံပါတ်၄က..အပေါ်စီးကြီးနဲ့လှမ်းကြည့်နေသလိုလို…။ တခုခုလှမ်းပေးမလိုလို… ခံစားရလို့..။ 😆

    • windtalker

      December 11, 2011 at 11:29 am

      ဟုတ်ကဲ့ ကျေးဇူးကြီးမားလှကြောင်းပါ သူကြီးရေ
      “ ဒိုင်ဘုဆု ” လို ့မှတ်သားလိုက်ပါပြီ
      အရိဂတ်တော

  • အင်ဂီဂီရေ
    မြင်တာလေးကို ခလုပ်နှိပ်ရုံလေး နှိပ်တတ်တာလေ။
    အဲတော့ ဂီတို့ သော့တိုနဲ့ ယှဉ်လိုက်ရင် ကိုပေါက်ရိုက်တာတွေက
    စန္ဒယားပေါ်ကြောင်တက်လျှောက်သလို ခံစားမိပါတယ်။
    ကိုစိန်သော့က သေသပ်ကျွမ်းကျင်တယ်လို့ သတ်မှတ်ရင်
    ဂီဂီကိုတော့ နပ်ပြီး အဆန်းတွေထွင်တတ်သူလို့ ဂုဏ်ပြုလိုက်ပါတယ်။
    ကျနော်ကတော့ လက်ဆော့ ရုံသက်သက်ပါဘဲ။
    ဒါပေမယ့် မြင်သမျှတော့ လက်ဆော့ နေအုံးမှာပါဘဲ။
    လက်ဆော့ လို့ မဝသေးဘူးလေ။

    • E.T

      December 11, 2011 at 12:04 pm

      လေးလေးပေါက် အားမငယ်ပါနဲ ့။ ကျွန်တော်က လေးပေါက်ထက်ပိုဆိုးတယ်
      ကင်မလာတောင် မရှိဘူး။ ဖုန်းတစ်လုံးနဲ ့ လျှောက်ရိုက်နေတာ။ အားငယ်လိုက်တာ 🙁
      ဆြာဂီ ရ ပုံမြောက်က zoom ဆွဲရိုက်ပြီး ဝါးထားတာလား။

      • inz@ghi

        December 11, 2011 at 12:22 pm

        ဟုတ်တယ်ဗျ….

        ရိုက်နေတုန်း လှည့် ပလိုက်တာ..

        အားမငယ်နဲ့ လေးပေါက်ရေ့ …..
        ကျနော်တို့က ဒါနဲ့ ထမင်းစားဖို့ လုပ်နေတာဆိုတော့ ….
        ကရိယာ တန်ဆာပလာတွေ ဆောင်ထားရလို့ပါဗျာ….
        အပျော်တမ်း စာရင်းမှာ လေးပေါက်လက်ရာ က ထိပ်တန်းပါ…
        ပြီး စေတနာလေး ဖြည့်စွက်ထားတော့ အလွန် မြိန်ပါတယ်ခင်ဗျား…
        (သဘာဝတွေချည်း စွတ်ရိုက်မနေနဲ့ဦးဗျ)

        မန္တလာသူလေးတွေ ကိုလည်း မိတ်ဆက်ပေးဦး နော..

Leave a Reply