နှုတ်တရာ စာတလုံး Definition


သတင်းတွေမှာ ဖတ်ရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများ အရေးနဲ့ပတ်သက်လို့ ခံစားမိတာကို ပြောချင်တယ်ဗျာ။ တလောက သံမဒဂျီးဆိုသူ ပုလင်းတူဗူးဆို့ဖက် အင်ဒိုနီးရှားနိုင်ငံသွား ဘာလီရည်သောက်တုန်းက ဘာပြောဒယ် မှတ်သလဲ၊ နိုင်ငံရေး အကျဉ်းးသား မရှိပါတဲ့။ ဒီနေ့လည်း မဇ္ဆျိမသတင်းနဲ့ အင်တာဘူးမှာ (သူတို့က အငြင်းသန်လို့ 😆 ) မှာ ဒုဋိယ နိုင်ငံဂျားယေးးဝံဂျီးက “အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ ရှိရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသားသော်လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ သူ့မှာ ယုံကြည်ချက်ရှိကောင်း ရှိမယ်၊ ဒါပေမယ့် သူက ပြည်တွင်းမှာ ရှိနေတဲ့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ ရှိရင်တော့ တရားရုံးရဲ့ တရားစွဲဆိုပြီးတော့မှ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။ အဲဒီအချိန်မှာ သူဟာ သာမန် အကျဉ်းသားလို့ပဲ ကျနော်တို့က ဆုံးဖြတ်ထားပါတယ်။” http://www.mizzimaburmese.com/interview/8738-2011-12-09-14-07-49.html
ကြာလာရင် အမှားကနေ အမှန်ဖြစ်ပြီး ဘာဖြစ်လည်းကွာ၊ မင်းတို့ကလည်း လိုက်စကားကပ်နေတယ်၊ လွတ်ရင် ပြီးရောပေါ့လို့ အတိုက်အခံများကို အထင်အမြင် လွဲမှားနိုင်ပါတယ်။ အန်အယ်ဒီကလည်း တင်းမာတဲ့ အမူအယာ မပြချင်စိတ်များနေတော့ အခြေအနေက ပွင့်ပွင့်လင်းလင်း မရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဘယ်လိုဖြေရှင်းပေးမှာလဲ။ နာဂစ်အခြေခံဥပဒေနဲ့ စစ်တပိုင်းအစိုးရအား အရှိကို အရှိအတိုင်းအဖြစ် လက်ခံတယ်လို့ အရှက်ပြောသလိုမျိုး နိုင်ငံရေး အကျဉ်းသားများကိစ္စကိုလည်း စစ်အုပ်စုသတ်မှတ်ချက်အတိုင်း လက်ခံအုံးမှာလား။ တရားဥပဒေစိုးမိုးမှ ရေရှည်တည်မြဲ နိုင်မယ်ဆိုတာ ဒေါ်စုလည်း အစဉ်တစိုက် ပြောပါတယ်။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုရင် တရားဥပဒေမှာ ဖွင့်ဆိုမယ့် စကားလုံး အဓိပ္ပါယ် သတ်မှတ်ချက်များ ဒွိဟ မဖြစ်ဖို့ အသက်တမျှ အရေးကြီးတာ ပြောစရာ လိုမယ်မထင်ပါဘူး။
ဥပဒေ စာချုပ်သတ်မှတ်ချက်များနဲဆိုင်လို့ ကျောင်းတုန်းက သင်ဖူးတဲ့ စာတပုဒ်ကို ပြောပြချင်ပါတယ်။ အမေရိကတိုက်ကို ရှေးဦးလူဖြူ အမေရိကန်ဘိုးအေကြီးများ အခြေချလာတော့ ဒေသခံ ရက်အင်ဒီးယန်းများနဲ့ ပဋိပက္ခတိုက်ပွဲများ မကြာခဏဖြစ်တယ်။ နောက်တော့ အမေရိကန်များက ရက်အင်ဒီးယန်း အကြီးအကဲများနဲ့ တွေ့ဆုံဆွေးနွေးပြီး နယ်မြေပိုင်ဆိုင် သဘောတူချက် စာချုပ်လက်မှတ်ရေးထိုးတယ်။ ရွှေ့ပြောင်းအခြေချသူ အဖြူများ နေထိုင်ရာဒေသကို ဒေသခံရက်အင်ဒီးယန်းများက အသိအမှတ်ပြုပေးဖို့ ငွေကြေး၊ ကုန်ပစ္စည်းများနဲ့ တရားဝင် လဲလှယ်ယူတာပါ။ အဲဒီတော့ ရက်အင်ဒီးယန်းများက အတော်တုံးတဲ့ကောင် ရီကြတယ်။ အတော် တုံးတဲ့ကောင်တွေပေါ့နော်။ မြေကြီးကို ငါပိုင်ဆိုပြီး သတ်မှတ်တယ်ဆိုတာ ထုံးစံမရှိ မဖြစ်နိုင်လို့ ထင်တာကိုး။ လူရိုင်းတွေဆိုတော့လည်း စကားလုံး အသုံးအနှုန်းဆိုတာ တန်ဖိုးရှိပုံမရဘူး၊ အားကြီးသူ စားစတမ်း ဖြစ်မှာပေါ့။ အဆုံးမတော့ ရွှေ့ပြောင်းလာသူများ အင်အားကြီးလာပြီး ရက်အင်ဒီးယန်းတွေကို သူတို့လက်မှတ်ထိုးထားတဲ့ စာချုပ်နဲ့ပဲ အနိုင်ယူလိုက်တယ်။ မတရားဘူးလို့ နိုင်ငံရေးအရ၊ ကျင့်ဝတ်သိက္ခာအရ ပြောနိုင်ပါတယ်၊ သို့သော် ဥပဒေကြောင်းအရ အပြစ်ပြောလို့ မရတော့ဘူး။ (ဒါလည်း အငြင်းပွားနိုင်ပါတယ်၊ ဆိုလိုရင်းက ဥပဒေရေးရာ မဟုတ်ပါဘူး)
မြန်မာ့နိုင်ငံရေး အနေအထားကရော ဘယ်လိုလဲ။ ဒေါ်စုဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရက်အင်ဒီးယန်းများလို ရေတိုစားပေါက်ကြည့်ပြီး ရေရှည် ရှင်သန်ရပ်တည်မှုတခုလုံးကို အဆုံးအရှုံး ခံလိုက်မှာလား။ မဖြစ်တန်ရာလို့ ဆုတောင်းပါတယ်။ ဒါဆို ရေတိုရလဒ်အတွက် ဘယ်လိုစခန်းသွားကြမလဲ။ စိတ်ဝင်စားစရာပါ။ အန်အယ်ဒီအနေနဲ့ ဒီလောက်တောင် လိုက်လျောပြီး ရေတိုရလဒ်တောင် မရနိုင်ဘူးဆိုရင် ရေရှည်အတွက် ပိုစိုးရိမ်မိပါတယ်။ ရေရှည်ကို ရေတိုပေါင်းများစွာ စုပေါင်းထားတာလိုု့မြင်ရင် ခုရှုပ်မှနောင်ရှင်း အချိန်မနှောင်းမှီ ဗိန်းဗောင်းထွက်ဖို့ အရေးကြီးလှပါကြောင်း ကြောင်ကြီးမှ ကြိမ်းမောင်းပြောဆိုလိုက်ပါသည်။

မြန်မာ့အရေးကျွမ်းကျင်သူ (ငပိရည်၊ တို့စရာ၊ မုန့်ဟင်းခါး၊ ဘိန်းမုန့်)
ကြောင်ကြီး :mrgreen:

8 comments

  • ဦးဘဇင်း

    December 10, 2011 at 1:28 pm

    ဒါယဂါကြောင်ဂျီးပြောဒါ မှန်တယ်ဟေ့
    ဒီတစ်လော ဘုန်းကြီး ဝတ်နေလို့သာ ဝင်ပြီးသိပ်မပြောလိုဒယ်
    ဟိုဒါယဂါမလေး စက်စိပုံလဲ ဆိုးဘူး သိပ်မိုက်ဒါ
    တရားနဲ့ဖြေတဲ့အနေနဲ့
    ပါမုန့်လေးငါးတုံး ဒီအတိုင်းကိုက်ဗလိုက်ဒါ အနိစ္စ ဒုက္ခ အနတ္တ နူးအိနေဒါဘဲ ပါမုန့် 😀
    ဒီအကြောင်းတွေက လွယ်ပေမယ့်ခက်တယ်
    ခက်ပေမယ့်လွယ်တယ်ပြောရမှာဘဲ
    အော်နေကြတာဘဲ ဒီမိုကရေစီတို့ လူ့အခွင့်ရေးတို့
    တိုင်းရင်းသား ပြည်နယ်တွေရဲ့ နည်းနည်းပါးပါး ခေါင်တဲ့ ဒေသတွေကို သွားကြည့်ပါလား
    ( သဘောပြောတာနော တစ်ကယ်သွားလို့ ခေါင်းပြန်မပါလာရင် ကျုပ်လွတ်လွတ် )
    ဗမာဆိုရင် မုန်းတီးတဲ့ သဘောတွေ အတော်များများရှိနေသေးတာတွေ့ရလိမ့်မယ်
    ရှိနေသေးဆို
    ဟို ငါလိုးမသားတွေ 😀 ဆောတီးပါဗျာ ဦးဘဇင်းဆိုဒါ မဆဲရဘူး
    ဒီကောင်တွေက စစ်တပ်ရဲ့ အခြေခံတပ်မတော်သားတွေကို ခြံစည်းရိုးခတ်
    မဝရေစာကျွေးပြီးကျုံးသွင်းထားတာ
    သေခြာတွေးခေါ်ကြပါ လွယ်လွယ်လေးပါဘဲ ဒီပြဿနာဟာ လမ်းပေါ်မှာ
    အမှိုက်ဖုံးနေတဲ့ ချီးပုံလိုဘဲ ( အမေဂျီးဂန်ကလူတွေနဲ့တော့ မတူဘူးဆိုတာ သတိချပ်ပါ )
    စစ်သားတွေက အမဲရောင်နယ်မြေတွေရောက်ရင် တိုင်းရင်းသားတွေကို အနိုင်ကျင့်မယ်
    တိုင်းရင်းသားတွေက မကျေနပ်ဖြစ်
    တိုင်းရင်းသားနဲ့ စစ်တပ်နဲ့ ပဋိပက္ခဖြစ်တယ်ပေါ့
    ခင်ဗျားတို့ ဒီမိုကရေစီတွေကို ဖင်ပျဲအောင်အော်နေကြ
    ပြဿနာတက်လာရင် ငါလိုးမသားတွေက တိုင်းရင်းသားပဋိပက္ခတွေကို လက်ညှိးထိုးပြီး
    တိုင်းပြည်သံယံစာတတွေကို မအေလိုးတရုပ်ကို ရောင်းစား
    ကိုယ်မေကိုယ်လိုးတရုပ်က ရှေ့က နေ ကာကွယ်ပေးတယ်
    ဒါဘဲ
    မပြောခြင်ဘူးနော ဦးဘဇင်းဝတ်ကြီးနဲ့ မသင့်တော်လို့
    ဒါ့ကြောင့် ခင်ဗျားတို့ ဒီမိုကရေစီကိုလည်းဒီကြပါ
    ပြည်သူလူထုရယ် နဲ့ အဖိနှိပ်ခံ တပ်မတော်သားတွေရယ် ဘယ်လို နားလည်မှု့ရအောင်
    လုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါ
    ဒီနေရာမှာ ပြည်ပသတင်းတွေဟာ တော်တော် အားကိုးရတယ်
    အခြေခံတပ်မတော်သားတွေဟာ ရေဒီယိုနားထောင်ကြတယ်ဂလား
    မိန့်တော်မူရဦးမယ် တစ်လောက
    BBC ရဲ့ သတင်းတစ်ခုအပေါ်မှာ အခွင့်ရေးယူပြီး
    ဘယ်ကောင်က မြှောက်ပေးလိုက်တယ်မသိဘူး ဖင်ယားကြသေးတယ်
    သတိထားကြဘို့က BBC ဆိုတာ နိုင်ငံရေးသတင်းတွေကို ပြည်သူတွေတွက်
    ထုတ်လွှင့်ပေးနေတဲ့ သတင်းဆိုဒ်တစ်ခုဖြစ်ပါတယ်
    ဆက်ပြီးမန့်ရရင်တော့ ဒပုံဂျီးဘဲ
    နေဂျအုန်း
    ဒဂါမလေးဒွေကို သီလပေးရအုန်းမယ်
    ဟဲ့ဒဂါဒွေ တေဂျင်းဂျိုးဒွေ နောက်ဆုတ် ဒဂါမလေးတွေ ရှေ့တိုး တိုးနိုင်သလောက်တိုး
    အဖွားဂျီးဒွေ အပျိုဂျီးဒွေ ဒီဖက်မလှည့်နဲ့
    ဖုန်းဖုန်းရဲ့ကျောင်းမှာတော့ မုန့်ဟင်းခါးဘဲဘုန်းရတယ်
    ဟမ်းဘားဂါးတတ်နိုင် တတ်နိုင် KFC တတ်နိုင်တတ်နိုင် လာပို့ဂျ

    • windtalker

      December 11, 2011 at 10:58 am

      ိဟိုက်ရော..
      ဒကာကြီးတွေ အတွက် ဦးဘဇင်းပြတဲ့ အကွက်တွေ ပေါ့နော
      မာတုကာမကြီးတွေ ကို လဲ ပစ်မထားပါနဲ ့ဗျား

  • alinsett

    December 10, 2011 at 7:20 pm

    အင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဦးကြောင်ရဲ ့အတွေးမျိုး ကျွန်တော်လည်း တွေးကြည့်မိဖူးပါတယ် ။

    … …………………………………………………….

    …………………………………………………

  • Thanlwinoo

    December 10, 2011 at 8:33 pm

    တပ်မတော်ရဲ့အကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပြောဖူးပါတယ်…။
    ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်တာပေါ့တဲ့….။
    ကမ္ဘာသိပြောခဲ့တာပါ…။

    ပြောတော့တစ်မျိုး၊ လုပ်တော့တစ်ခြား တပ်မတော်ရဲ့အစဉ်အလာ မဖြစ်စေချင်ပါ….။

  • Ko Ko Aung

    December 11, 2011 at 12:08 am

    အများကြားဖူးပြီးသားပုံပြင်လေးတခုပါ…

    တခါက ရိုးရိုးအအ ဘုန်းကြီးလူထွက်တယောက် အိမ်ထောင်ရက်သားကျ လို့ မိန်းမလုပ်သူက ရှာဖွေကျွေးမွေးထားတယ်ပေါ့။
    တနေ့တော့ မိန်းမက အခြားရွာဈေးရောင်းသွားစရာရှိလို့ မှာခဲ့တယ်။
    အိမ်က နွားကြီး ဝယ်မယ့်သူတွေလာရင် တစ်ရာ ရအောင်ရောင်းလိုက် – ဆိုပြီးတော့ပေါ့။
    မိန်းမမရှိချိန် နွားဝယ်သူတွေလာတော့ ခပ်တင်းတင်း တစ်ရာရမှရောင်းမယ်ပေါ့လေ။
    အဲဒါ ဝယ်သူတွေက ဆိုတဲ့ဈေးပေးပါတယ်။ ပြီးတော့မှ အပြစ်လေးတခုပြလိုက် နှစ်ဆယ်လျှော့ခိုင်းလိုက်နဲ့။ အပြစ်ငါးခုလောက်ပြပြီး တစ်ရာလုံးပြန်တောင်းပြီး နွားကိုဆွဲသွားတော့တယ်။

    ကျွန်တော်တို့ရဲ့ NLD ကိုတော့ ပုံပြင်ထဲက မလည်ရှုပ်ဘုန်းကြီးလူထွက်နဲ့ မနှိုင်းရက်ပါဘူး။
    တပြားမှမကျန်ပဲ နွားတကောင်လုံးပါသွားမှာတော့ .. စိုးမိပါတယ်..ကိုကြောင်ကြီးရေ။ 🙂

  • E.T

    December 11, 2011 at 4:11 am

    လှည့်စားမှုတွေ မပါတဲ့ စာတစ်လုံး။ ကိုယ်လိုချင်တာကို ထိထိရောက်ရောက် ပြောနိုင်မယ့် စာတစ်လုံး ဖြစ်ဖို ့အရေးကြီးပါတယ်။

  • aye.kk

    December 11, 2011 at 8:54 am

    နှုတ်တစ်ရာ..နှင့်လုံးဝမတူပါသော..
    ဂူတစ်လုံး..
    ဘုရားတစ်ဆူ..အင်မတန်မှအဘိုးထိုက်ပါတဲ့..စာတစ်လုံးပါ..။

  • blackchaw

    December 14, 2011 at 12:41 pm

    ကိုကြောင်ကြီးရေ။
    အခုမှ ပြန်ဖတ်မိပါတယ်။
    ကွန်းမန့်ပေးတာ နောက်ကျသွားတယ်ဗျာ။
    ခွင့်လွှတ်ပါ။

Leave a Reply