ကမ္ဘာ့ဖလား ပွဲစဉ် များကို မြေနီကုန်းရှိ LED ရုပ်သံ စက်တွင် တိုက်ရိုက် ပြသမည်

BayoteMay 26, 20101min771

လာမည့် ဇွန်လအတွင်း ကျင်းပမည့် ကမ္ဘာ့ဖလား ပွဲစဉ်များကို မြေနီကုန်း၊ ဒဂုံစင်တာ အနီးရှိ LED ရုပ်မြင်သံကြားစက်မှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း ဘရဏီ မီဒီယာ အထွေထွေ မန်နေဂျာ ဒေါ်ခင်မိုးမာက ပြောသည်။ အဆိုပါ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များကို မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသမည့် ပွဲစဉ်များ အားလုံးကို ပြသမည် ဖြစ်ကြောင်း ယင်းပွဲစဉ်များ ပြသနိုင်ရန် မိုးဆန်းပန်း မီဒီယာမှ ပံ့ပိုး ကူညီခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ MRTV က ပြသမယ့် ပွဲစဉ် ၂၂ ပွဲလုံး ပြသဖို့ ဘရဏီ မီဒီယာနဲ့ ညှိနှိုင်းနေတယ် ဟု မိုးဆန်းပန်း မီဒီယာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဘရဏီ မီဒီယာသည် ရန်ကုန်မြို့တွင် LED ရုပ်မြင်သံကြားစက်ကို ၂၀ဝရ ခုနှစ် စက်တင်ဘာလမှ စတင် တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံကို မန္တလေး၊ မုံရွာ၊ ပုသိမ်၊ တောင်ကြီး များတွင် LED ရုပ်မြင်သံကြားစက်များ တပ်ဆင်ထားသည်။ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲကို တောင်အာဖရိက နိုင်ငံတွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည် ဖြစ်သည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ်များ ထုတ်လွှင့်ခြင်း ကိစ္စရပ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော မူပိုင် ရရှိထားသည့် Yangon Entertainment ကုမ္ပဏီဖြစ်ပြီး မိုးဆန်းပန်း ကုမ္ပဏီသို့ ရုပ်သံ ထုတ်လွှင့်ခွင့် ပြန်လည် ရောင်းချထားခြင်း ဖြစ်ကြောင်း True News Journal တွင် ဖော်ပြ ထားပါသည်။

Source : Hantawaddy