ရည်းစားစာ , ချစ်တတ်စ

ရည်းစားစာ

ရည်းစားစာ မရေးတတ်တော့
အတွေးခက်ပေါ့စဉ်းစားစရာ
ချစ်လို့သာစာပေးတယ် တွေးပူပါ့သေး….။ ။

ဤလိုဖြင့်မောင့်မေ့ခင်
ပြုံးလျှက်သာပင်
စာ’ ကလေးရင်ဝယ်ထွေးလို့ဖွင့်ဖတ်မယ်ပြင်
မမြင်သာအကြင်နာစကားများ
အဖြူသာသာဗလာစာရွက်ကယ် မှင်ဖြင့်မစွန်း…..။ ။

ချစ်တတ်စ

ရွှေဝတ်မှုံ ငွေ နှုတ်ခမ်းရယ်နှင့်

ကြွေလွင့်ပုံ ရွှေ အနမ်းရယ် က

ခြေဖြင့်မစုံ မပြေအလွမ်းရယ်များ

ရင်နင့်စရာ……

နွေရာသီအပူ လေအသွေးရယ် က

ဖြေရာသည်မတူ ရွှေရင်ရယ် ဘယ်အေးပါ့…

ဪ ငါ့နှလုံးသားရယ် လူလားပင် မမြှောက် သေးပါတကား..။ ။