နဂျီအိမ် က ဆေးဘက်ဝင်သလား

mg wineDecember 10, 20111min2527

တနေ့ သ၌ ကျွှန်ပ်ပညာရှိ ကဝိ အတင်းများသော သတင်းစကားရေးသည့် မောင်ဝိုင်းထံ ပုသိမ်မြို့ ရေတပ်အနီး နိဂြောဓါလမ်းနေအသက် ၅ဝခန့်
ပညာ တတ်တစ်ဦးက ရောက်ရှိလာပြီးသကာလ အနှီလို စကားစလေ၏။ဘယ်နှယ့် ဆရာကြီးငဝိုင်း တိုင်းရင်းဆေးဆိုပြီး ဂေဇက်မှာ အသေနှက်နေပါရောလား
ဘယ့်နှာ ဗမာဆေးက မီးခြစ်ဆံခေါင်းတခေါင်း၊ လက်ဖက် စားဇွန်းတစ်ဇွန်း လီမစ်မရှိ ဘာမရှိပါလား အသို့ နည်း အသင် ရပ်လော့ဟု ရိသလို ကလိသလို
ပြောလာလေသည် ကတမုံ့၊အနို့လို ကွမ်းခြံ ရပ်က ဦးလေးတော် စပ်သူက ငဝိုင်းရေ ဆရာထက် အားကိုးနဲ့ ဟို ရေးဒီရေး ဟိုပေးဒီပေး လုပ် ဆရာကြီးလုပ်
ဆေးနည်းထုတ်နေတာ တရားရဲ့ လားကွဲ့ ဟူလို။ကွန်ပျူတာဆရာမ အပျိုကြီးက မြေအိုးနဲ့ ဆေးရွက် အရှာခက် လက်ဝင် ဘဝကြင်ဖေါ်တောင် မရှာခဲ့ တာ
ပါကလား တခြားနည်းလမ်းမရှိပေဘူးကလား ချစ်မောင်လေးရယ် ဆို၏။
ကုန်သည်လမ်းက ဆိုင်ပိုင်ကြီးက ဟေ့ ဆရာကြီးဝိုင်း ကြောင်ပန်းရွက်ခူးရ သရင်းကြီးရွက် ရှာရ မိတ်သလင်တူးရ ဆွရခက်ပ မယား
ကျီးပေါင်းအတွက် တအားညဉ်းကြောင်းပါပကလား။သို့လို အနို့လို ဆိုပေချိမ့် တလောက အိမ်ဘေးက လူငယ်လေး လည်ပင်းမှာ ရေယုန် ဆိုပြီး အသေ ငွေကုန်နေတာ တော့ နဂျီအိမ် အမုှန့်ကြိတ် လို့ ထမင်းရေ ငှဲ့ပြီးစ အပေါ်ရေကြည်လေးနဲ့ လိမ်းခိုင်းတာ အကိုက်ပျောက် အနာချပ်ခဲ့ ပါကြောင်း
ဤသို့ ဤနယ် အချိန်လေးတွင် ရက်သားရင်ခွင်ပိုက် ကလေးပိုက်လို့ ချက်အနာ မကျက်ပါကြောင်းကုလားတန်းက ကိုမရမ်းရဲ့ ဇနီးက
ဆိုလာလေသည်တွင် ကျွှနိပ် ဆရာကြီးငဝိုင်းမှ အကောင်းစား ဆေးတဖုံ ပေးရန် တိတ်တိတ်ကလေး နဂျီ အိမ်ခွာ ဗူးလှလှလေးကိုထဲ ထည့်၊ ကလေးချက် ကိုဖြူးစေ ခြောက်တဲ့ နေရာ အုန်းဆီ လေးနဲ့ လိမ်းစေ ၃ရက်ကြာ အနာကျက် မယ်ပေါ့ ဆေးဖိုးမယူ ကုသိုလ်ဖြစ်ပါ ဘာညာ နဲ့ ပေးလိုက် တာ
အသာ၃ရက်နဲ့ အနာ လုံးဝကျက်ပါလေရောလား။
တနေ့ က ဂေဇက် ဖွင့်တော့ လုလင် ဆိုသူက ဆေးနည်းတောင်းနေရဲ့ အင်း ကျွှန်ပ် ဆရာကြီးမောင်ဝိုင်းဆရာထက်ကိုဖေါ်လံဖား လုပ် တာတောင် အနှီ ဆရာက မကြည် မသာနဲ့ ဆေးနည်းမပေးခဲ့။ ခက်ကပီ ဖုန်းသတင်းရထားသည်လုလင်ရေ ဆရာထက်ကို တွေ့ရင် ကိုယ်တိုင်တာတောင်းပေရော့ (ရန်ကုန်မြို့ တွင် ၁၁ရက်မှ၁၆ရက်အတွင်းရှိမည်ဟုဖုန်းသတင်းရထားသည်။သမားတော် ဦးထွန်းမြင့် ပီတိဆေးခန်းဖုန်း09-73179436တွင်ဆရာထက်ကို ဆက်သွယ် စုံ စမ်းနိုင်ပါကြောင်းဤကား စကားချပ်)
နဂျီအိမ် ကို အကြောင်းပြုလို့ ကောင်းမူ ပြုခဲ့တာ သပွတ်ခါးသီးဝိဇ္ဇာကဲ့သို့ ပုသိမ်နယ်တွင် နဂျီ အိမ် ဆရာဝိုင်းဟု နာမည် တွင်ခဲ့ ပါကြောင်း ရွာသားအပေါ်င်းတို့ လေ။

7 comments

  • naywoonni

    December 10, 2011 at 7:13 pm

    နဂျီအိမ် ဆေးဘက်ဝင်တာတော့ မသိ နဂျီ အိမ်စွဲရင် လာဘ်ကောင်းတယ်လို့ အယူသည်းတာတော့ ကြုံဖူးကြောင်းပါ….။ ငယ်ငယ်တုန်းက နဂျီအိမ်ဆိုရင် ဖျက်ချင်လို့ တုတ်ကလေးနဲ့ အပေါက်ကို (နဂျီအိမ်က ) ထိုးကလော်မိပါတယ်…။ ဆော့ရမလားဆိုပြီး တင်းပါး ဖျန်းကနဲ့ ပူသွားအောင် ဆော်ခံထိဖူးလို့ပါ………။ 😛

  • windtalker

    December 10, 2011 at 7:28 pm

    နဂျီအိမ်ကလည်း ဒီလို အစွမ်းထက်ပါကလား
    မှတ်သားသွားကြောင်းပါ ကိုမောင်ဝိုင်းရေ

  • lulinmg

    December 10, 2011 at 8:58 pm

    ဆရာကိုမောင်ဝိုင်းရဲ့ဆေနည်းနဲ့တင်အဆင်ပြေသွားပါတယ်
    ပထမတစ်ခါကဆေးကျပ်ထုတ်ထိုးနည်းနဲ့ဆေးစည်းနည်းကကျွန်တော့အဒေါ်အတွက်
    တော်တော်အဆင်ပြေသွားပါကြောင်း
    ဖုန်းနံပါတ်ကိုမှတ်သွားလိုက်ပါ့မယ်ဆရာရေ
    ကျေးဇူးပါပဲ

  • mg wine

    December 10, 2011 at 10:14 pm

    ကျွှန်တော် ဆေးနည်းမဟုတ်ရပါဗျာ ကို လုလင်မောင်က တယ်နောက်တာကိုး
    ဆေးလိမ်းတာပါ စာရိုက်တာ ဆေးစည်းတာကို စိတ်စွဲနေတယ်ထင်တယ်
    မနောက်ပါနဲ့ဗျာ…..။
    ကျွှန်တော်ပေးတဲ့ ဖုန်းနံပတ်ကလည်း မှားနေတယ်ဗျ 79179436က ရန်ကုန်ကဆရာထက် ရဲ့
    အမျိုးဖုန်းဗျ။သူကိုခေါ်ပြီး ဖုန်းနံပတ်ပေးထားပြီးပြန်ဆက်ခိုင်းရင်လည်း
    ဆက်သွယ်လို့တော့ရတယ်
    သမားတော် ဦးထွန်းမြင့်ရဲ့ ဖုန်းက 09 73084797 ပီတိဆေးခန်းပါခင်ဗျား
    အဲ့ဒီက်ုဆက်ပြီး မှာထားလိုက်ပါ ခင်ဗျားကို ပြန်ဆက်သွယ်ဖို့ပြောထားလိုက်ပေါ့
    (အချွန်နဲ့ဤသို့ မပါသည်)
    ဆရာထက် စိတ်မရှိပါနဲ့ ဆေးနည်းပေးတာကုသိုလ်ရတယ်ဗျ…နော်။

  • nigimi77

    December 11, 2011 at 1:08 am

    ဟေ့လူဒွေ

    ဒွတ်ခနော်

    ကျုပ် အိမ်က ဆေးဖက်ဝင်တာတော့မရှိဘူး

    သေးခွက် စင်ရင်တော့ ကိုယ့်သဘောနဲ ့ကိုယ်ပဲ

  • koyinmaung

    December 11, 2011 at 5:24 am

    အင်း……တို့ရွာထဲမလဲကြော်ငြာတဲ့လူနဲ့
    ထောက်ခံတဲ့သူကတော့ဟုတ်နေပါပေါ့လား……

  • aye.kk

    December 11, 2011 at 7:14 am

    အင်မတန်မှတ်သားထိုက်တဲ့..
    နဂျီအိမ်အသုံးတည့်ဆေးဖက်ဝင်မှုလေးပါ..နဂျီအိမ်ကိုအမှုန့်ကြိတ်ပြီး..
    ကလေးထိတ်ခတ်နာဖြစ်ရင်ခေါင်းရဲ ့ငယ်ထိပ်မှာအုန်းဆီလေးနဲ့ပွတ်လိမ်းပေးလိုက်ပါကလည်း
    သက်သာပျောက်ကင်းစေပါတယ်..
    ငယ်ငယ်ကနဂျီအိမ်ကိုအမေတို့ကတစ်ချိန်လုံးရှာခိုင်းလို့စိတ်တိုဘူးပါတယ်..
    တကယ်ကိုအသုံးတည့်ဆေးဖက်ဝင်လှပါကြောင်းအမြင်လေးထပ်ဆောင်းပြောပြလိုက်ပါရစေ..။

Leave a Reply