ဒီနေ့ ပြာသိုလပြည့် နေ့ ဆေးပေါင်းခသည်ဟုလည်း ကြားရပါသည်။ အားလပ်ချိန်လေးရှိတုန်း တတ်နိုင်သလောက် ဖတ်ပြီး တံခါးစောင့် ပို့စ် တစ်ခုထပ်တင်ဖြစ်ပါသည်။ အမြင်မတော်တာ တွေ့လျှင်ဖြင့် ရင်ထဲမှာ ကြိတ်မခံစားကြပဲ ပွင့်ပွင့်လင်းလင်း ဆုံးမနိုင်ကြပါကြောင်း ဘလက်က တံခါးဖွင့်ထားပါသည်။

Kkk ရဲ့ ပိုပို ကောင်းလာတဲ့ MG အကြောင်း နဲ့ စလိုက်ရအောင်ဗျာ နော။ MG က သတင်းတွေရော၊ နိုင်ငံရေး စီးပွားရေး အကြောင်းတွေရော၊ ဓါတ်ပုံတွေရော အားလုံး ဖတ်လို့ ကောင်းလာပါတယ်တဲ့။ ဒါပေမယ့် ကွက်လပ် လေးတစ်ခု ကို မြင်ပါတယ် တဲ့။
ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ် နဲ့အခြားသော သာရေး၊နာရေး ကူညီမှုအသင်းအဖွဲ့လေးတွေကို ကူညီပေးဖို့ လိုပါတယ်။ဒါဟာ ကျွန်တော်တို့လူမှုနယ်ပယ်မှာလိုအပ်နေတဲ့ကွက်လပ်လေးတစ်ခုဖြစ်လို့ ၀ိုင်းဝန်းရေးသားကြဖို့လည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။
စေတနာနဲ့ ရေးတဲ့စာဖြစ်မယ်လို့ ကျွန်တော်ကတော့ ယူဆပေမယ့် အပေါ်မှာတော့ လက်မတွေက အောက်စိုက်ထားကြတာကတော့ ရုပ်ပျက်လှပါတယ်ဗျာ။ ကွန်းမန့်တွေကလည်း အဲဒီလက်မတွေအကြောင်း နဲ့ ပြီးသွားပါတယ်ဗျာ။ ကဲ ကျွန်တော်တို့ kkk ပြောတဲ့ ကွက်လပ်လေးကို ဖြည့်ကြရအောင်ဗျာ။ ကျေးဇူးပါ kkk ခင်ဗျာ။
Chityimhtoo ရဲ့ အဆင်ပြေ၀ူး ညစ်တယ်ညစ်တယ် အမြဲပြောကျဒယ် ဆိုတာလေးကတော့ အမေရိကားက သူငယ်ချင်းတစ်ယောက်မနက်စောစောစီးစီး ညည်းလို့ ပေါက်ကွဲပြီးရေးလိုက်တာပါတဲ့။ အဆင်ပြေတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး မင်းရဲ့စိတ်ကိုသာ အမြန်ဆုံးပြုပြင်ပြောင်းလဲလိုက်ပါလို့ အကြံပေးထား တဲ့ ပို့စ်လေးပါဗျာ။

Whowho ရဲ့ အရမ်းဟော့သွားတဲ့ ပို့စ်လေးတစ်ခုအကြောင်းပြောချင်ပါတယ်ဗျာ။ မရေးရင် မနေနိုင်တာက လွဲလို့ ဆိုတဲ့ ပို့စ်လေးပါ။ လူစည်ကားလှပါသော ဘီယာဆိုင်၊ အရက်ဆိုင် တွေကိုတွေ့တိုင်း အော့နှလုံးနာလွန်းလို့ ရေးတဲ့ စာပါတဲ့ ခင်ဗျာ။ whowho ကသက်သက်ညှာညှာလေး ရေးတာပါတဲ့ ခင်ဗျာ။ ဒယ်အိုးသွားမယ့် လူတွေ စုဝေးတဲ့နေရာ တဲ့။ အသာလုပ်ပါ။ ပုံပြင်လေးတစ်ပုဒ်ပြောပြပြီး တရားပြပါတယ်ခင်ဗျာ။

တစ်ခါက လူတစ်ယောက်ဟာ ဂူတစ်ခုထဲမှာ ပိတ်မိနေပါတယ် ။ သူက ဒီဂူထဲက ထွက်ဖို့ ကြိုးစားတဲ့အခါ သူ့အတွက် အပေးအယူသဘော မျိုး လုပ်မှထွက်လို့ ရနိုင်မယ်တဲ့ ။ အဲဒီအပေးအယူ အနေနဲ့က (၄) မျိုး ပေးထားတယ် ။ (၄) မျိုးထဲက တစ်မျိုးလုပ်နိုင်ရင် ဒီဂူကြီး ပွင့်သွားမယ်ပေါ့ ။ အဲဒီ (၄) မျိုးကတော့
(၁) ဓမ္မ စာပေတွေကို ဖျက်ဆီးပစ်ရမယ် ။ (၂) အမေကို သတ်ရမယ် ။ (၃) အမကို စော်ကားရမယ် ။ (၄) အရက်တစ်အိုးထား ထားတယ် ၊ အဲဒီအရက် ကို အကုန်သောက်ရမယ် ။ ကဲ ဒီ (၄) မျိုးထဲက တစ်မျိုးမျိုး ကျူးလွန်ရင်ပဲ သူဟာ လွတ်မြောက်နိုင်သွားမယ်နော် ။ ဒီတော့ သူက စဉ်းစားပါတယ် ။ (၁) အရ တရားဓမ္မတွေ ဖျက်ဆီးပစ်ရမယ် ဆိုရင် ဒီဓမ္မတွေဟာ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ တရားအဆီအနှစ် တွေဖြစ်တယ် ။ ဒါတွေကို မီးရှို့ ဖျက်ဆီး ပစ်လိုက်ရင် တခြားလူတွေကို လက်ဆင့်မကမ်းနိုင်တော့လို့ ကြီးစွာ ဆုံးရှုံးနစ်နာမယ် ။ နောက်ပြီး ဒီလို တရား ဓမ္မ ကို ဖျက်လို ဖျက်ဆီးလုပ်တဲ့ အတွက် အ၀ီစိ ငရဲမှာ ဂျိုးကပ်လို့ စွဲပြီး သံသရာမှာ အပါယ်က တက်နိုင်မှာ မဟုတ်တော့ဘူး ။ ဒါကြောင့် (၁) ကို ပြုလုပ်ဖို့က အရမ်းအပြစ်ကြီးလွန်းလို့ မဖြစ်နိုင်ဘူးလို့တွေးမိတယ် ။ ဒါကြောင့် (၁) တော့ မလုပ်တော့ဘူးပေါ့ ။ (၂) ကျတော့လည်း ကြည့်လေ ကိုယ့်မွေးထားတဲ့ မိခင်ကို သတ်ရ မယ်ဆိုတော့အာ တော်တော် ကြောက်စရာ ကောင်းပါလား ။ ကိုယ့် အမေကို သတ်ဖို့မပြောနဲ့ သူများမျက်စောင်းထိုးတာတောင် မခံနိုင်တာနော် ။ ပြီးတော့ ဒီအမှု့ကို ကျူးလွန်လျှင် ကပ်ကမ္ဘာ အနန္တထိ အ၀ီစိ က မတက်ရပဲ ပဉ္စာနန္ဒရိယကံကျူးလွန်တဲ့ အတွက် ကမ္ဘာ ပျက်သော်လည်း မကျွတ်မလွတ် ရပဲ တခြားကမ္ဘာမှာ ပြောင်းခံရတယ် ဆိုတာ ကြားဖူးပြီးသားမို့ ဒါလည်း မဖြစ်နိုင်ဘူးပေါ့ ။ ဒါဆို (၃) ရောက်သွားပြီနော်။ (၃) လည်း ဘာထူးလည်း အမကြီးတော့ အမိအရာတဲ့ ။ ကိုယ့်အပေါ် ငယ်စဉ် ကတည်းက ချီပိုး ထိန်းကျောင်းလာခဲ့ရတဲ့ ကျေးဇူးရှင်ပဲမလား ။ ဒါကို စော်ကားမိလို့ ကတော့ ခွေးတိရစ္ဆာန်ထက် ဆိုးတဲ့ အဆင့်ရောက်သွားပြီနော်။ သေရင်လည်း ဒယ်အိုးမှာ ဘ၀ပေါင်းများစွာ ကျင်လည်ရဦးမှာ ပါလား ။ ဒါကြောင့် ဒါလည်းမဖြစ်နိုင်ပါဘူးဆိုပြီး နောက်ဆုံး (၄) ကိုရောက်သွားပြီနော် ။ (၄)မှာကအရက်အိုးတစ်အိုး အကုန်သောက်ရမယ်တဲ့ ။ အင်းဒါက တော့ ဖြစ်နိုင်တယ် ဆိုပြီးမှ ဒီလူဟာ သောက်လိုက်တာလေ ။ တစ်အိုးလုံး လည်းကုန်ရော အသိတရားတွေ ပျောက်ပျက် သွားပြီမို့ ရှေ့က မပြုသင့်လို့ ရှောင်လာခဲ့တဲ့ (၁) ၊ (၂) ၊ (၃) တွေကိုဆက်တိုက် ကျူးလွန်တော့တာပါပဲ ။ ကဲဒါဆိုရင်တော့ ဒီအရက်ရဲ့သတ္တိကြောင့်မလုပ်ဖူးတဲ့ မလုပ်နိုင်တဲ့ အကုသိုလ် ကံ ရယ်လို့မရှိတော့ပါဘူး ။ ဒီအရက် ၀မ်းထဲ ၀င်သွားပြီ ဆိုတာနဲ့ အပျော့စား အရက် တစ်ခွက်ဟာ လူရဲ့မှတ်ဥာဏ် cell ပေါင်း (၇၀၀၀) ကျော်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ကြားဖူးတဲ့ အတိုင်းပါပဲ ။
အရက်သမားတစ်ယောက်အတွက် မကျူးလွန်နိုင်သော အကုသိုလ်ရယ်လို့ မရှိပါဘူးတဲ့။ အရက်သမားတွေကို ဆုံးမထားတဲ့ whowho ရဲ့ ပိုစ်လေးပါ။ ကွန်းမန့်တွေ အများကြီးနဲ့ ၀ိုင်းအားပေးထားကြတာကို တပျော်တပါး ကြီးဖတ်ကြရမှာပါ။ ကိုရင်မောင် ရဲ့ ကွန်းမန့်လေးကလည်း စိတ်ဝင်စားစရာကောင်းတာကြောင့် ဖေါ်ပြလိုက်ပါတယ်။

koyinmaung says:
(၁) ဓမ္မ စာပေတွေကို ဖျက်ဆီးပစ်ရမယ် ။
(၂) အမေကို သတ်ရမယ် ။
(၃) အမကို စော်ကားရမယ် ။
(၄) အရက်တစ်အိုးထား ထားတယ် ၊ အဲဒီအရက် ကို အကုန်သောက်ရမယ် ။
ဗုဒ္ဓဘာသာတကယ်သက်ဝင်ယုံကြည်ယင်
ဒီလေးခုလုံးကိုအသက်နဲ့လဲပြီးကာကွယ်ကြမှာပါ
ငါးပါးသီလကဗုဒ္ဓဘာသာရဲ့အနှစ်သာရမဟုတ်လား
ဒါကြောင့်ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့ပုံပြင်မဟုတ်ဘူးလို့ပြောချင်တာပါ
(၁)ကိုရမ်ကျမ်းစာကိုဖျက်ဆီးပစ်ရမယ်
(၂)အမေကိုသတ်ရမယ်
(၃)၀က်သားကိုစားရမယ်
(၄)အရက်သောက်ရမယ်
တခု ချုပစ္မွားၿပီးမွထြက္ရမယ္ဆိုတာ
မွတ်ဆလင်ဘာသာရဲ့ပုံပြင်ပါ
ဒီဘာသာရဲ့မဖြစ်မနေထွက်ရမဲ့ထွက်ပေါက်က
ဝက်သားစားပြီးထွက်ရမှာပါ(အပြစ်အနည်းဆုံးထွက်ပေါက်မို့ပါ)
မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အဖိုးအိုတယောက်ကပြောဘူးပါတယ်..
တို့မွတ်ဆလင်ဘာသာကိုးကွယ်တဲ့လူတွေက၀က်သားတော့
မစားကြဘူးကွ အပြစ်အကြီးဆုံးအရက်ကျတော့အရမ်းသောက်ကြတယ်တဲ့လေ
ဘာသာရေးကိုပုတ်ခတ်တာမဟုတ်ပါဘူးနော်ကြားဘူးတာကိုပြောပြတာပါ

အရက်သောက်နေကြသောသူများ ဖတ်ကြဘို့ပါ။ ဟေးဟေး ကျွန်တော်ကတော့ ဖတ်ပြီးသွားပြီ နော။

Nigimi77 ရဲ့ ပွဲသွားမယ် ဟွဲစားမယ် (၁) ကတော့ အစားအသောက် အကြောင်းရေးထားတဲ့ ပို့စ်လေးပါဗျာ။ အစားအသောက်ဆန်းဆန်းတွေကို စိတ်ဝင်စားသူများ ဖတ်ကြဘို့ပါ။

Lulinmg ရဲ့ နှလုံးသားမြို့တော်သို့ အ၀င် ကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။

ကိုပေါက် ရဲ့ တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင် (အပိုင်းတစ်) ကတော့ ရှုခင်းလေးတစ်ခုကို အချိန်အမျိုးမျိုးမှာ ရိုက်ချက်အမျိုးမျိုးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပါ။ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူပြီး ရိုက်ထားတဲ့ အတွေးကောင်းတဲ့ ဓါတ်ပုံလေးတွေပါ။ ကိုပေါက် ပရိသတ်တွေ လေ့လာကြည့်ကြဘို့ပါဗျာ။
Yan shin ရဲ့ NGO တွေနေတဲ့အိမ် ကတော့ ဥပဒေတွေ အများကြီး ရှိနေတဲ့ နိုင်ငံဟာ စည်းကမ်းအမဲ့ဆုံးနိုင်ငံ လို့ ပြောသွားတဲ့ ပို့စ်လေးပါ။ NGO ဆိုတဲ့စကားလုံးတော့ ပို့စ်တစ်ခုလုံးမှာ မပါပေမယ့် ပို့စ်တင်သူက သူ့ကိုယ်သူ NGO လို့ ပြောထားတာလို့ ထင်ပါတယ်ဗျာ။

Weiwei ရဲ့ ကုသိုလ်စိတ်လျော့နည်းသွားရခြင်း ဆိုတဲ့ ပို့စ်လေးအကြောင်းပြောရအောင်ပါ။ စာရေးသူနေတဲ့ အိမ်ယာရဲ့ကော်မတီက ဆွမ်းသိမ်းပွဲလုပ်လို့ ဘုန်းကြီး ငါးပါးကို ခွဲတမ်းအရ ကိုယ်တိုင်ချက်ပြီး ဆွမ်းကပ်ချင်တဲ့ ကိုသိုလ်စိတ် ဖြစ်လာလို့ ဆွမ်းကပ်ဖြစ်ပါတယ်တဲ့။ ဆွမ်းကပ်တဲ့နေ့ကျတော့ ဘုန်းကြီးတွေက ကြွလာတာနဲ့ အတင်းလောပြီး သီလပေး၊ တရားပေး၊ ရေစက်ချ အားလုံး မိနစ် ၂၀ လောက်ပဲ ကြာပါတယ်တဲ့။ ပြီးတာနဲ့ ဆွမ်းတောင်မကပ်ရသေးခင်မှာပဲ ဦးဇင်းတို့ တခြားအလှူကို သွားရဦးမှာမို့ အချိုပွဲ နဲနဲ ပဲစားမယ် လို့ ဖြစ်ပါရောတဲ့။ အလှူရှင်စာရေးသူကလည်း အိပ်ပျက်ခံ ငွေကုန်ခံ ပြီး သေချာပြင်ဆင်ပေးထားတာ ဖြစ်တဲ့အတွက် စိတ်မကောင်း ဖြစ်လို့ တောင်းပန်တော့မှ နည်းနည်း စီပဲ စားပြီး ပြန်ကြွကြပါတယ်တဲ့။ အဲဒါနဲ့ ကုသိုလ်စိတ်ကနေ အကုသိုလ်စိတ်ဝင်လာမိတဲ့ အကြောင်းလေးရေးထားတာပါဗျာ။ သူကြီး ဦးဆောင်တဲ့ ကွန်းမန့် ပေါင်း ၁၈ ခုနဲ့ ၀ိုင်းဆွေးနွေးထားကြပြီး true answer ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြလိုက်ပါတယ်ဗျာ။

True Answer says:
ကျွန်တော်တို့ တတွေ – ဒါန၊ သီလ၊ ဘာဝနာ (သို့) ဒါနပါရမီ၊ သီလပါရမီ စသည်ဖြင့် ပါရမီဆယ်ပါးလုပ်ဆောင်ရမှာ အဓိကထားရမယ့်အချက်ကို နားလည်ဖို့ လိုပါတယ်။ နားမလည်ရင် စိတ်ထဲမှာ ပုရိမာ ပုရိမာ ကုသလာဓမ္မာ … ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ …. ဆိုတဲ့သဘောတွေ အမြဲဖြစ်နေတတ်ပြီး စိတ်ထဲမှာ ကုသိုလ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတက်နေပါလိမ့်မယ်။ ၁) ဒါနပါရမီ ကမိမိရဲ့ ငါ ငါ့ဟာ ငါ့ပိုက်ဆံ ဆိုပြီး သိမ်းပိုက်တဲ့ လောဘကို စွန့်လွှတ်လိုက်ဖို့က အဓိကပါ။
၂) သီလပါရမီ ကတော့ မိမိ လောဘ-ဒေါသ အလျှောက်ပြုလုပ်လိုမှု (သို့) လောဘ – ဒေါသ ကိုစွန့်လွှတ်နှစ်မျိုးကို စွန့်လွှတ်ဖို့ပါ။
လောဘ-ဒေါသ-မောဟ ကိုစွန့်လွှတ်ခြင်းအားဖြင့် အလောဘ-အဒေါသ-အမောဟစိတ်များဖြစ်ပေါ်ဖို့ရာ အဓိကထားရပါမယ်။ ဒီလိုမှမဟုတ်ဘဲ…. ငါ ကုသိုလ်ရဖို့ ၊ ငါ နောက်ဘ၀ ဘာဖြစ်ဖို့ စသည်ဖြင့်လည်းကောင်း ….
ဒါမှမဟုတ် လိုအပ်တဲ့သူရဖို့ …မလိုအပ်တဲ့သူမရဖို့
(ပုဂ္ဂိုလ်-သတ္တ၀ါခွဲခြားမှုနဲ့)…..လူ့ငြိမ်းချမ်းရေးအတွက် (လူ-တိရစ္ဆာန်ခွဲခြားမှု) စသည်ဖြင့်လည်းကောင်း
ပုဂ္ဂိုလ်-သတ္တ၀ါ အယူ (ဒိဌိ) တန်းလန်းနဲ့ လှူရင်တော့ ….
အဓိက ထားရမယ့် ဟာကို အဓိကမထားတတ်ရင်….
ဒီလိုပဲ စိတ်ထဲမှာ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတောင်မှ ပြဿနာတက်ပါလိမ့်မယ်။

ကုသိုလ်ပြုရာကနေ ရလာတဲ့ အကုသိုလ်စိတ်လေး အကြောင်းကို ကွန်းမန့်တွေနဲ့ တပြိုင်တည်းဖတ်ပြီး ကိုယ် ကုသိုလ် လုပ်တဲ့အခါ အကုသိုလ် ကို ရှောင်နိုင်ကြအောင် ဖတ်ထားကြပါလို့။

Patriot က ဗန်းမော်ဆရာတော် ၏ ဆုံးမစာကို ပို့စ်တင်လာပါတယ်ဗျာ။ ဖတ်ထားသင့်တယ်ထင်လို့ တစ်ခါတည်းရေးပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါ။
ဗန်းမော်ဆရာတော်၏ဆုံးမစာ
တရားကို တေးဆို ၊ အဖေကိုသားဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ် ၊ စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နဲ့တူ ၊ ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ
အဖေ အမေက ကျွနဲ့တူ ၊ သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်…………….
သူတော်ကောင်းတို့ တရားပျက်ကြလေပြီ……………။ ။

မှော်ဆရာ ရဲ့ ဆရာလေးကယ်ပေလို့ (ပေ၊စီ၊ဂီ ပါဝင်တင်ဆက်သည်) ကတော့ ဟာသဇာတ်လမ်းလေး တစ်ခုပါ။ မှော်ဆရာ ရဲ့ အရေးအသားက အပျော်ရေးနေတာ မဟုတ်ပဲ အတည်အခန့် ပုံစံမျိုးဖြစ်နေတာလေး ကိုတော့ ဘလက်က ကန့်ကွက်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဇာတ်လမ်းထဲမှာ ပါတဲ့ လူသားကင်စားတာလေးတွေက အပြင်မှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ရေးသင့်သလားဆိုတာကိုတော့ ဘလက်လည်း နားမလည်ပါဘူးဗျာ။ နည်းနည်း လေး ဒီထက်ပိုပြီး ဟာသဆန်ဆန်လေး တင်ပြမယ်ဆိုရင်တော့ ပိုများ သင့်တော်မလားလို့ပါ။ ဒီထက်ပိုဆိုးတာက မှော်ဆရာရဲ့ ကွန်းမန့်လေးပါ။ ဖတ်ကြည့်ပါဗျာ။

မသိတဲ့လူတွေက နောက်ပြီး ရေးတယ်ထင်မယ် ။ လူသားမီးကင် စားတာတွေက တကယ်ရှိတယ်ခင်ဗျ …မရှားဘူး .. ကျွန်တော်တို့ မြို့ ၀န်းကျင်က ရွာတွေမှာကို ရှိတာ..အခု ဇတ်လမ်းလေးကလဲ အဲဒီ့ ဆရာလေးကိုယ်တိုင် ပြန်ပြောပြတာကို ရွာသားတွေ နာမည် ထည့်ရေးလိုက်တာ

တကယ်ရှိပါတယ်ဆိုမှ ကျွန်ုပ်က ဘာများတတ်နိုင်ပါမည်နည်း။ ရယ်တော့ ရယ်ရပါတယ် ဆိုတာ ၀န်ခံပါတယ်။ ရွာသူားတွေ ဖတ်ကြည့်ကြပြီး လူသေကောင်တွေရဲ့ အသားကို စားတာ ရေးသင့်တယ်မသင့်ဘူးဆိုတာလေးတော့ ကွန်းမန့်လေးနဲ့ အကြံပြုကြပါလို့ ။ သူကြီးရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်ဗျာ။

Windtalker ရဲ့ ရန်ကုန်သွားမယ့် မောင်ပေ (သိမ်း) ကတော့ မောင်ပေ၏ ရန်ကုန်အတွေ့အကြုံများကို ပြန်ရေးပြထားခြင်းဖြစ်ပါသည်။ သောက်ကြ စားကြ ပျော်ကြ ပါးကြ နှင့် whowho များတွေ့လျှင် ဒယ်အိုးသွားမယ့် လူတွေဟု အော်ဟစ်ပြောနေမလားမသိ။ မောင်ပေ၏ ပျော်စရာပို့စ်လေးကို ကွန်းမန့် ၄၁ ခုရဲ့ အပျော်လေးများနဲ့ ဖတ်ကြည့်ကြပါလို့။

Chatsu ရဲ့ လှည်းကူးမြို့နယ်ရှိ NDF ပါတီ ရုံးခွဲဆိုင်းဘုတ်ဖြုတ်ပြီး ပါတီဝင်များ NLD ပါတီသို့ ပြန်လည်ဝင်ရောက်ဆိုတဲ့ သတင်းလေးကတော့ မူရင်းသတင်းပိုင်ရှင်ဇာဏီ ( Burma VJ Media Network) ရဲ့ သတင်းလေးကို chatsu က ပြန်တင်ပေးထားတဲ့ ပို့စ်လေးပါဗျာ။ မူရင်းသတင်းပိုင်ရှင် ဇာဏီကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျာ။ သူကြီး၊ ကြောင်ကြီး၊ ကိုအောင်ပု တို့ရဲ့ ကွန်းမန့်လေးများ နဲ့ ဖတ်သင့်တဲ့ ပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။ သူကြီး ရဲ့ ကွန်းမန့်လေးက ကျွန်တော်စိတ်ပူနေတာနဲ့ သွားတူနေလို့ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
kai says:
ပြည်ခိုင်ဖြိုးပါတီက.. တဆညနဲ့ပေါင်းသင့်တယ်..။
ဒီလိုနဲ့.. မြန်မာပြည်မှာ.. ပါတီကြီး၂ခုထဲ ဟန်ချက်ညီညီကစား၇င်း တိုင်းပြည်ကောင်းအောင် ဆက်လုပ်သွားစေချင်မိတယ်..။
ပြောသာပြောတာ…
မြန်မာ့ဓလေ့နဲ့..
ကွဲကြပြဲကြ.. ချကြနှက်ကြ.. ဖြစ်မှာကိုလည်း မြင်ယောင်နေမိတယ်..။
တချိန်က..အတူတူလွတ်လပ်ရေးအရတိုက်ခဲ့တဲ့..ရဲဘော်တွေဟာ.. ဆယ်စုနှစ်၁ခု၂ခုလောက်ကျိုးတာနဲ့.. ရန်သူတွေဖြစ်ကြပြီး..လက်နက်တွေနဲ့.. သတ်ခဲ့ချခဲ့တဲ့.. သမိုင်းဆိုးကြီးရှိခဲ့တာကိုး..။
ဆိုတော့… သမိုင်းဘီးတပါတ်ပြန်မလည်လာဖို့.. ကြိုးစားကြရမှာပါ..။
မြန်မာလူထုစိတ်ဓါတ်တွေ.. ဓလေ့..ထုံးစံတွေ.. အမြစ်ကလှန်မပြင်ရင်တော့..
သမိုင်းဆိုးထဲ.. ရေေ၇ာ..အရောင်ဆိုးကြပြီး.. ဆက်မျောနေဦးမှာလို့.. ခန့်မှန်းမိပါတယ်..။
သိတ်ကြောက်စရာကောင်းတဲ့ကိစ္စပါ။ ကွဲကြပြဲကြဘို့က သိတ်ကိုလွယ်ကူပါတယ်။ သတိလေးထားပြီး လုပ်ကြတာ ကောင်းပါတယ် အရပ်ကတို့။ ဘလက်ကတော့ ကွဲပြဲပြီး လုပ်ချင်ရာလုပ်ကြမှာ ကြောက်တာ ပါဗျာ။ လူကြောက်လို့ ပြောလည်း ပြောကြပါဗျာ။
Chatsu ပဲရေးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၍ ၀င်ပြိုင်မည် ဆိုတဲ့ သတင်းကလည်း မိုက်ကယ်ဂျော်နီအောင်ပု ရဲ့ကွန်းမန့်ရှည်ကြီးများနဲ့ သူကြီး၊ ကိုကြောင်ကြီးတို့ ရဲ့ ကွန်းမန့်များ နဲ့ ဖတ်သင့်ပါကြောင်း။

ရှုံးနိမ့်မှုများနဲ့လူ ရဲ့ အဆင့်မြင့်အိမ်သာ ဆိုတဲ့ ပို့စ်လေးကတော့ မြန်မာတွေရဲ့ အိမ်သာသုံးအဆင့်အတန်း ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် စင်္ကာပူက အိမ်သာတွေနဲ့ ယှဉ်ထိုးပြသွားခဲ့တဲ့ ပို့စ်လေးပါ။ မြန်မာဆိုတာ ဘယ် ရောက်ရောက် စည်းကမ်းမရှိပါဘူးလို့ စွတ်စွဲလိုက်တဲ့ ကိုရှုံးကို ခင်ဗျားတို့ ပြန်လည်ချေပကြပါ။ ဗျာ အော် လွှတ်ထားလိုက်ပါတဲ့၊ ပြောပါစေတဲ့ ကိုရှုံးရေ။ ဒီပို့စ်ကို ဖတ်ကြသော မြန်မာများ အိမ်သာထဲမှာ စည်းကမ်းရှိနိုင်ကြ ပါစေ လို့ ဘလက်က ဆုတောင်းပေးပါတယ် ကိုရှုံးရေ။ ကျေးဇူးလည်း တင်ပါတယ်ဗျာ။

ကျွန်ုပ်တို့ ၏ ဓါတ်ပုံဆရာ အင်ဇာဂီ ရဲ့ စိုင် ဆိုတာလေးကတော့ ဂျပန်မလေးတစ်ယောက်ရဲ့ အလှပုံလေး နှစ်ပုံနဲ့ အဖြူမနှစ်ယောက်ရဲ့ ရင်ခုန်စရာ ပုံလေးနှစ်ပုံဖြစ်ပါတယ်ဗျာ။ အင်း အင်ဇာဂီတစ်ယောက် ရွာရဲ့ ကွင်းလယ်ကစား သမား ဖြစ်မှန်းမသိ ဖြစ်နေပြီဗျို့။ ကြိုက်တဲ့နေရာက ကစားလို့ ရတဲ့ အင်ဇာဂီတစ်ယောက် အသင်းပြောင်းသွားမှာ စိုးရိမ်မိပါတယ်ဗျာ။ သူတို့ ဒါ့ပုံဆြာတွေ နဲ့ သူကြီး၊ ကိုကြောင်ကြီးတို့ ရဲ့ ကွန်းမန့်လေးများနဲ့ ပျော်စရာကောင်းတဲ့ ပို့စ်လေးတစ်ခုဖြစ်သွားရပါကြောင်း။

ရွှေမင်းသား ရဲ့ ဖိတ်ခေါ်ချင်ပါတယ် ဆိုတဲ့ ပို့စ်လေးကတော့ မန္တလေးက ကုသိုလ်တော် ဘုရား ရဲ့ တော်တော် ကြည့်လို့ အဆင်ပြေသော ဓါတ်ပုံလေးတွေပါဗျာ။ ကိုစိန်သော့တို့ လက်ရာတွေကို အမီလိုက်နိုင်သော ဓါတ်ပုံလေးများပါ။ ဘလက်ကိုယ်တိုင်လည်း အကြိုက်တွေ့မိပါတယ်ခင်ဗျာ။ ရွှေမင်းသားဆိုတာ စီနီယာ တစ်ယောက်လို့ ယူဆရပါတယ်။ ကိုရွှေမင်းသားရေ နောက်ထပ် ဒီလို ဓါတ်ပုံမျိုးလေးတွေ ရွာသူားတွေ အတွက် တင်ဆက်ပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။ ဒီဓါတ်ပုံလေးတွေ အတွက်လည်း ကျေးဇူးတင်ပါတယ်။

ကျွန်ုပ်တို့၏ ဓါတ်ပုံဆရာ နောက်တစ်ယောက်ကတော့ သင်္ဘောသားလေး ET ပဲ ဖြစ်ပါတယ်။ ET ရေ ခွင့်လွှတ်ပါနော်။ ဒီပုံတွေကို အခုဒီပို့စ်ရေးတော့မှ ကြည့်မိတာပါ။ ကွန်းမန့် မပေးလိုက်ရဘူး။ ကိုယ် ခရီးသွားနေတုန်း တင်လိုက်တာဖြစ်မယ်ဗျာ။ ဓါတ်ပုံလေးတွေကတော့ ကိုယ်တို့ ရွာသူားတွေဗဟုသုတ ရတဲ့ အပြင် ပုံကောင်းလေးတွေလည်း ဖြစ်ပါတယ်ဗျာ။ တစ်ခုပဲ၊ ဟိုတစ်ခါ ကိုယ်နဲ့ပြောကြတုန်းက ပုံတွေတင်ရင် ပိုက်ပိုက်တွေ အရမ်းပေးရတယ်ဆိုလားလို့။ သိတ်ဈေးကြီးရင် ရန်ကုန်ရောက်မှ တင်ပါလို့ စေတနာ နဲ့ အကြံပေးချင်ပါတယ်ဗျာ။ ကွန်းမန့်လေးတွေ လိုက်ချီးမြှင့်ပြီး အပျင်းဖြေပေါ့ အီးတီရယ် နော။ ဒီပုံတွေအတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။

ကိုပေါက် ရဲ့ တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအပင် (အပိုင်း ၂) ဆိုတဲ့ ပို့စ်လေးကတော့ ခေါင်းစဉ်ပါအတိုင်း နေရာတူလေးတစ်ခုကို မတူသော ရိုက်ချက်များနဲ့ အကြိမ်ကြိမ်ရိုက်ထားတဲ့ ဓါတ်ပုံလေးများဖြစ်ပါတယ်ဗျာ။ စိတ်ကူးကောင်းကောင်းနဲ့ ရိုက်ထားတာလေးကို ကိုပေါက် ပရိသတ်တွေ အားပေးနိုင်ကြပါကြောင်း။

ပေါက်ဖေါ် ရဲ့ အဲသလို အဲသလို ဆိုတဲ့ ပို့စ်လေးအကြောင်းပြောကြရအောင်ပါ။ သူ့ရဲ့ ကိုယ်ပိုင်အလွဲဟာသ တွေ ရေးပြထားတာပါ။ တော်တော် ရယ်ရပါတယ်။ အခုရေးဘို့ ဖတ်နေရင်းတောင် နှပ်ချေးညှစ်ရင် အီးပေါက်တာလေးတွေ၊ နက်ဆိုင်မှာ မ၀င်နဲ့ မ၀င်နဲ့ လို့ ကလေးတွေက အော်တာလေးတွေက တော်တော်ရယ်ရပါတယ်ဗျာ။ အပြစ်ကင်းစွာ ဟာသမြောက်ပါတယ်ဗျာ။ လက်ခုတ်တီးပါတယ် ပေါက်ဖေါ်ရေ။ ရယ်ချင်ကြသူများ ဖတ်ကြပါဗျို့။ ဒါမျိုးလေးတွေရေးပါလို့ ပေါက်ဖေါ်ကို တိုက်တွန်းပါတယ်ဗျာ။

Parebyoke ရဲ့ မကာအို သင်္ကြန် ပို့စ်လေးကတော့ မကာအိုရောက် မြန်မာနွယ်ဖွားတရုတ်တို့ရဲ့ ၂၀၀၉ ခုနှစ် မကာအိုမှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော် ဓါတ်ပုံလေးများဖြစ်ပါတယ်။ ကျေးဇူးပါခင်ဗျာ။

Sky ko ko ရဲ့ ဒဏ်ကြေလိမ်းဆေးကုမ္ပဏီမှ စပွန်ဆာပေးသင့် ဆိုတဲ့ပို့စ်ကတော့ ဘာကိုပြောချင်မှန်း မသိလို့ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါဗျာ။

ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်တုန်းက လေယာဉ်ပေါ်ကနေဆင်းတာနဲ့… တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနုတ်ဆက်လိုက်တာ ညမှာ အိပ်လို့ကောအဆင်ပြေပါ့မလားလို့တောင် တွေးမိတယ်ဗျာ….
ကလင်တန်လေးကို တကယ်သနားလို့ ဒဏ်ကြေးလိမ်းဆေးကုမ္ပဏီတွေကနေ စပွန်ဆာပေးသင့်တယ်…
ရောက်တဲ့ဌာနတိုင်းမှာ သူ့ခမျာ လက်ဆွဲနုတ်ဆက်ရတာ တစ်သီတစ်တန်းကြီး.. အားရစရာကြီးနော်…..

အဲဒါ sky ko ko ရဲ့ ပို့စ်ပါ စာသားအကုန်ပါပဲဗျာ။ ဘယ်လိုနားလည်ရမလဲတောင်မသိတော့ပါဘူးဗျာ။ တစ်ခုထဲသော ကွန်းမန့်ရှင် မောင်သန်းထွဋ်ဦးလေး ရဲ့ ကွန်းမန့်လေးက ပြုံးချင်စရာပါဗျာ။ ဖတ်ကြည့်ဗျာ။
မောင်သန်းထွဋ် ဦး says:
စကိုင်းကိုကို ရေ နည်းမနေဘူးလား။နည်းနည်းကြိုးစားပြီးရေးပေးပါ။ကျေးဇူးတင်ပါတယ်ဗျ။

ကဲ ဘလက်ပြောတာ လွန်သလားဗျာ။ စာဖတ်သူကတောင် နည်းမနေဘူးလားမေးရပါသော sky ko ko ရဲ့ ပို့စ်တွေကို ပြန်ရှာဖတ်ကြည့်ကြစေချင်ပါတယ်ခင်ဗျာ။

True Answer ရဲ့ လူမမာ ဓမ္မာရုံ ဆိုတဲ့ ပို့စ်လေးကတော့ သံလျင် တွင် တည်ဆောက်မည့် ၆ ထပ် လူမမာဓမ္မာရုံအကြောင်းလေးဖြစ်ပါသည်။ ရွာသူားတွေထဲက လှူချင်ကြသူများရှိပါကလည်း လှူဒန်းနိုင်ကြပါတယ်တဲ့ခင်ဗျာ။
လှူဒါန်းလိုသူ (သို့) အသေးစိတ်သိရှိလိုပါက –
Office : +(95) 56 227 07
mobile : +(95) 95 085 212
(95) 973 900 629 သို့ ဆက်သွယ်နိုင်ကြပါကြောင်း။
ဆရာလေး အင်ဇာဂီ ရဲ့ ကျွန်တော်နှင့် Economic Growth, Economic Downturn (recession) ဆိုတဲ့ ပို့စ်ကြီး အကြောင်း ပြောချင်ပါတယ် ခင်ဗျာ။
Economic Cycle မှာ စီးပွားတက်တာနဲ့ စီးပွားပျက်တာ က တစ်လှည့်စီ ဖြစ်ပေါ်လေ့ ရှိပါသတဲ့။ စီးပွားတက်ရင် လုပ်ငန်းတိုးချဲ့ ရင်းနှီးမယ်၊ စီးပွားပျက်ရင် labor size ကိုလျှော့ချမယ် စသည်ဖြင့်လုပ်လေ့ရှိပါတယ်တဲ့။ သို့သော်လည်း ပြောင်းပြန်တုန့်ပြန်မှုတွေ ရှိပါသေးကြောင်းနဲ့ သည်စာစုမှာတော့ အဲဒီပြောင်းပြန်တုန့်ပြန်မှုတွေ အကြောင်း သိသလောက်ဆွေးနွေးထားတာပါတဲ့ ခင်ဗျာ။ စိတ်ဝင်စားကြသူတွေ အနေနဲ့ ကိုယ်တိုင် ဖတ်ရှုလေ့လာဘို့အကြောင်းနဲ့ ကိုသစ်မင်းရဲ့ ကွန်းမန့် ရှည်ကြီးကလည်း ပို့စ်ကို လေ့လာဘို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း။ အားလုံး အေးအေးဆေးဆေး အားထည့်ဖတ်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

Kotun winlatt ရဲ့ ကိုယ့်အတွေးနဲ့ကိုယ် နဲ့ ပေါက်ကွဲခွင့် ဆိုတဲ့ ပိုစ် နှစ်ခုကတော့ ကဗျာလေးတွေပါခင်ဗျာ။

Wow ရဲ့ မျောက်လိုတွေး၍ လူလိုရေးခြင်း ဆိုတဲ့ ပို့စ်လေးကလည်း ဖတ်ဘို့ကောင်းတဲ့ ပို့စ်လေးပါဗျာ။ ထင်ရာမြင်ရာတွေးမိတာလေးတွေကို တင်ပြထားတာပါတဲ့။ တရုတ်ပြည်က စွယ်တော်ကို လေးကြိမ်တိုင်တိုင် ပင့်ဆောင်ပူဇော်တော့ ဘာတွေများ လက်ငင်း အကျိုး ပြည်သူတွေ ရကြပါသလဲ ဆိုပြီး မေးခွန်းမေးထားပါတယ်။ နမူနာလေးနည်းနည်း ဖေါ်ပြခွင့်ပြုပါ။

ဗမာတွေ မအစေချင်ပါ။ န၀တအစိုးရအနေနှင့် ဆင်ဖြူ၊ စွယ်တော် ဗန်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းနှင့် အတူ၊ ၄င်းတို့ပြုခဲ့သော မကောင်းမှုများအတွက် စိတ်လုံခြုံရာရှာခြင်းဟုသာမြင်သည်။ ဘုရားလူကြီး ဘုရားငွေ တစ်သိန်းခိုးပြီး ဘုရားကို တစ်သောင်းပြန်လှုသလိုပေါ့။
တကယ်တန်း တိုင်းပြည်အတွက်စွန့်လွတ်အနစ်နာခံသော ခေါင်းဆောင်များ ဆင်ဖြူမလိုပါ။ ဘုရားတစ်ဆူပြီး တစ်ဆူတည်ပြစရာမလိုပါ။ ဗိုလ်ချုပ်အောင်ဆန်း၊ အေဗရာဟင်လင်ကွန်း၊ မဟတ္တမဂန္ဒီ၊ စသူတို့ကိုကြည့်ပါ။

နောက်အတွေးတစ်ခုကိုလည်း ရေးထားပြန်ပါတယ်။

ရုပ်ရှင်ဝိုင်းတော်သားများကို ဗိုလ်ချုပ်အထ္တုပတိရိုက်ရန်ဆိုပြီး ဒေါ်စုအိမ်ခေါ်တော့ အိန္ဒြာကျော်ဇင် အင်တာဗျူးမှာ ဖတ်လိုက်ရတာ…အားလုံးသွားရင် သွားမှာပေါ့တဲ့… အော် အားလုံးမသွားရင် မသွားတော့ ဘူးလား… ဒီ လင်ရ သားရပြီး အရွယ်ကြီးက ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိတော့ဘူးလား။

ကဲ ရွာသူားတွေ wow ရဲ့ မျောက်လိုတွေးပြီး လူလိုရေးထားသော ပို့စ်လေးကို ကွန်းမန့်ပေါင်း ၂၁ ခုနဲ့ အတူ ဖတ်ကြည့်သင့်ပါကြောင်း။

Hmee ရဲ့ အစ္စရေး အစားအစာ ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောပြချင်ပါတယ်။ အစ္စရေးတွေ စားလေ့ရှိတာလေး တွေကို ဓါတ်ပုံလေးတွေနဲ့ အတူ တင်ပြပြီး စာနဲ့လည်းရေးပြီးရှင်းပြထားတဲ့ ပို့စ်လေးပါ။ စာတွေထဲက နည်းနည်း ဖတ်ကြည့်ပါဗျာ။

သမ္မာကျမ်းစာမှာ အစ္စရေးနိုင်ငံကို “နို့နှင့် ပျားရည်ပေါကြွယ်သည့် မြေ” ( Land 0f Milk and Honey) လို့ ဖော်ပြထားပါတယ်။ တကယ်ကိုလည်း နို့နဲ့ ပျားရည် ပေါပါတယ်။ အစ္စရေးစားသောက်ဆိုက်မှာ အစ္စရေးစာ စားမယ်ဆိုရင် Falafe ( ဗယာကြော်) ၊ Shawarma (နံပြား နဲ့ တူပါတယ်)၊ humous (ကုလားပဲပြုတ်ထားတာကို ကျိတ်ပြီး သံလွင်ဆီ ၊နှမ်း စတာတွေနဲ့ ရောစပ်ထားပြီး အနှစ်လုပ်ထားတာ) ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ၊ သခွားသီး၊ ဂေါ်ဖီကို အချဉ်တည်ပြီး သုတ်ထားတာတွေကို စားကြပါတယ်။

ရွာသူားတွေအတွက် ဗဟုသုတရစေတဲ့ပို့စ်လေးတင်ပေးတဲ့အတွက် hmee ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကွန်းမန့်ပေါင်း ၃၂ ခုနဲ့ ပျော်ကြရမယ့် ပို့စ်ပါဗျာ။

ဆူး ရဲ့ စည်းချက်မမှန် နှလုံးသားထဲက အသံ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။ နာမည်ကျော်စားဖို မှူးကြီးတစ်ယောက်ရဲ့ နာမည်ကြီးလက်ရာက ငါးအရှင်ကိုချက်ခြင်းလတ်လတ်ဆတ်ဆတ် ချက်တဲ့ဟင်းပွဲပါ။ တစ်နေ့တော့ အဲဒီစားဖိုမှူးကြီးဟာ တစ်ကိုယ်လုံးမျက်နှာကလွဲပြီး မီးဟပ်တာကို ခံရပါတယ်တဲ့။ စားဖိုမှူးကြီးဟာ ဝေဒနာကိုခံစားနေရတဲ့ အချိန်မှာ အိပ်ပျော်သွားရင်တောင် အိပ်မက်ထဲမှာ ငါးတွေ၊ ပုဇွန်တွေ၊ ဂဏန်းတွေရဲ့ ရန်က လွတ်အောင် ရှောင်ပြေးနေရပါသတဲ့။ နောက်ဆုံးတော့ ငါးအဖြစ်နဲ့ သူ့ရဲ့ လက်ထောက်စားဖိုမှူးရဲ့ လက်ထဲမှာ အချက်ပြုတ်ခံရဘို့ ပါသွားတာလေးနဲ့ ဇာတ်သိမ်းထားပါတယ်။ ၀ဋ် လည်တတ်တာကို မက်ဆေ့ခ်ျပေးချင်တဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လို့ သဘောပေါက်ရပါတယ်။ အားရပါးရ ၀ိုင်းပေးကြတဲ့ ကွန်းမန့် ၃၉ ခုနဲ့ အတူ ဖတ်ကြရမယ့် ပို့စ်လေးတစ်ခုပါဗျာ။ ၀ဋ်လိုက်မှာ မကြောက်ကြသူများ ဖတ်ကြဘို့ပါ။

Asiamasters ရဲ့ ရိုးသားပါ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောပါရစေ။ လူတွေမှာ ရိုးသားသူ နဲ့ ရိုးရှင်းသူ နှစ်မျိုးရှိတဲ့အကြောင်းနဲ့ တစ်မျိုးစီကို ရှင်းလင်းပြထားတာပါ။ ဘယ်အချိန်မှာဖြစ်ဖြစ် မိမိ ကိုယ်တိုင်က အစွမ်းကုန် ရိုးသားရမယ် လို့ ပြောထားတဲ့ ပို့စ်လေးပါ။ စာမြည်းပေးချင်ပေမယ့် ရွေးထုတ်လို့ အဆင်မပြေပါသဖြင့် ကိုယ်တိုင်သာ အစအဆုံးဖတ်သင့်တဲ့ ပို့စ်ပါဗျာ။ အေးအေးဆေးဆေး နဲ့ ဖတ်ရမယ့် ပို့စ်မျိုးလို့ ညွှန်းလိုပါတယ်ခင်ဗျာ။

ဒသကိုရင် ရယ်လို့ နာမည်ပြောင်းပြန်ပါတဲ့ ကိုရင်စည်သူက မျောက်နှင့်တူသော သူငယ်ချင်း အပိုင်း (၁) ကို တင်ဆက်လာပါတယ်။ အဘမင်းသိင်္ခ ၏ စာမူလက်ရာများ လို့ ဖေါ်ပြထားပါတယ်ဗျာ။ ဆရာကြီးမင်းသိင်္ခ၀တ္ထုမို့ ကိုယ်တိုင်သာ ဖတ်ကြပါလို့ ပြောချင်ပေမယ့် ကောက်နှုတ်ဖေါ်ပြချင်တာလေးတစ်ပိုဒ်လောက်ကိုတော့ ဖေါ်ပြခွင့်ပြုပါခင်ဗျာ။

“လူလိမ်ရှိတာပေါ့ဗျာ၊ သူတို့ရှိလို့လဲ ကျုပ်တို့က လူကောင်းဖြစ်တာပေါ့၊ သူတို့က လိမ်တယ် ကျုပ်တို့က မလိမ်ဘူး၊ ဒါပဲပေါ့ဗျာ၊ လိမ်တာဟာ မကောင်းဘူး ဆိုပေမယ့် တချို့ကိစ္စတွေမှာ အဲဒီ လိမ်လည်ခြင်းကိုပဲ နာမည်ပြောင်းပြီး အလုပ် လုပ်နေကြတာပဲ။ ဘယ်လို နာမည်ပြောင်းလဲဆိုတော့ ‘ပရိယာယ်’ ဆိုပြီး နာမည်ပြောင်းလိုက်တယ်ဗျ၊ စစ်တိုက်တဲ့အခါမှာ ရန်သူကို လိမ်ပြီး တိုက်ရတဲ့ အကွက်တွေရှိတယ်၊ အဲဒါကို စစ်ပရိယာယ်ခေါ်တာပဲ။ နိုင်ငံရေးမှာလဲ မလွှဲသာ မရှောင်သာ လိမ်ရတဲ့ကွက်တွေ ရှိတယ်ဗျာ။ အဲဒါကိုတော့ နိုင်ငံရေးပရိယာယ် ခေါ်တာပေါ့ဗျာ၊ လိမ်လည်ခြင်းဟာ အကျိုးပြုလုပ်ငန်းအတွက် သုံးပြီဆိုရင် ပရိယာယ်လို့ နာမည်ပြောင်းသွားတယ်ဗျ၊ တစ်ခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တစ်ဘက်က ပရိယာယ် လမ်းကြောင်းအတိုင်း လိုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွားအောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။

လိမ်တာကိုပဲ စစ်တိုက်တော့ ပရိယာယ်တဲ့။ မာယာတဲ့။ အခေါ်အဝေါ်လေးတွေ ပြောင်းသွားတာ။ မိုက်တယ်ဗျာ။ ကွန်းမန့်တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး အင်ဇာဂီ ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြချင်ပါတယ်ဗျာ။

ငါရဲ့ဆရာသမား တွေကလဲ တပ်ထဲမှာနေရင် မင်းအတွက် ဒုက္ခရောက်မယ်ဆိုပြီး သနားသောအားဖြင့် တပ်က ထုတ်လိုက်တာပဲ၊
ကျုပ် သည်အရေးအသားကို စွဲမက်ခဲ့ပြီး မျက်စိထဲက မထွက်ဖူး ဖြစ်ခဲ့တယ်ဆိုရင် …ပိုရာများ ကျမလားကိုရင်…
ဒါမှမဟုတ် ..ကျနော် နှစ်သက်တဲ့ အခြားသော စာရေးဆြာများထဲက ဆြာခ ကို သီးခြားခွဲထုတ်ထားတဲ့
အရေးအသားတခုပါ ဆိုလျင်ရော လွန်ရာကျပါမည်လော…
ခင်ဗျားကို ကျနော် ခင်တာရော လေးစားတာပါ ရှေးယခင်ကထက် ပို လာပြီလို့ ဆိုပါရစေကိုရင်ရယ်…..
မာယာ နဲ့ ပါတ်သတ်ပြီးတော့တော့ နည်းနည်းပြောမယ်ဗျို့ …. ကျုပ်က strategy ကို မဖြစ်မနေ ဗမာပြန်ရမယ်ဆို
မဟာဗျူဟာမြောက် ..ဘာညာသာဒကာ (ဆြာသမားတွေလေသံလိုက်ပြောရရင် ကျုပ်တို့ တိုင်းပြည်ကြီးကို
စနစ်တကျ ဖျက်ဆီးခဲ့တဲ့ …ပါပါးကြီး ဦးနေ၀င်း ခေတ်က လေကျတွေ သိပ်လက်ခံနိုင်တာမဟုတ်ဝူး… )
ကျနော့် ကိုယ့်ပိုင် ခံစားချက်အနေနဲ့ကတော့ ကျနော် strategy ကို မာယာ လို့ ပြန်ပါသည်ခင်ဗျား …
(Strategy ရဲ့ ဂုဏ်သတ္တိတွေ သပ်သပ်ရေးပါဦးမည် …… သည်စာလုံးနှင့် သည်စာလုံး မခြုံငုံမိမှန်း
သိပါသည်…..ချစ်သဖြင့်ခေါ်ပါသည်…တယောက်တည်းသုံးပါသည်.….ကြုံကြိုက်လို့စကားစပ်လို့ပြောသလို့ပြောပြခြင်းသာဖြစ်ပါသည်ခဗျား…)

Lulinmg ရဲ့ အလွမ်းသင့်ချစ်သူ ကတော့ ကဗျာ တစ်ပုဒ်ပါခင်ဗျာ။

ဆရာလေး အင်ဇာဂီ ရဲ့ Autumn in my Heart ကတော့ ဓါတ်ပုံလေးများပါခင်ဗျာ။ ရွာထဲမှာတော့ ရင်သပ်ရှုမောဖြစ်လောက်တဲ့ ပုံတွေကို အရိုက်နိုင်ဆုံး ဓါတ်ပုံဆြာလေးပါ။ ဒီပုံတွေကို ကြည့်ပြီး အထင်ကြီးမိတာကိုတော့ ၀န်ခံပါသည် ဆရာ ဂီဂီ ခင်ဗျား။ မယုံရင် သွားသာ ကြည့်ကြပါဗျာ။

နေ၀န်းနီ ရဲ့ မဆုံးတဲ့သီချင်း စီးရီးကတော့ အပိုင်း ၄၁ ကိုရောက်လာပါပြီခင်ဗျာ။ ၁၉၈၇ ကျောင်းပိတ်ချိန် ကာလလေးကို ရေးထားတာပါတဲ့။ ဖတ်ကြည့်ကြဘို့ပါဗျာ။

ကိုပေါက် ရဲ့ ရွှေလက်ရာပို့စ်လေးတစ်ခုကတော့ ဆိုင်ရှင်ရှိ၏ မရှိ၏ တန်ဘိုးထား၏ မထား၏ ပဲဖြစ်ပါတယ်ဗျာ။

ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လေးတစ်ယောက် နဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်တဲ့ကောင်လေးတစ်ယောက်တို့ ဆိုင်စဖွင့်တုန်းက အောင်မြင်အောင် လုပ်နိုင်ခဲ့ပေမယ့် အောင်မြင်လာတော့ မြေပွဲစားလိုလို၊ ဆိုင်ကယ်ပွဲစားလိုလိုနဲ့ လိုင်းပူးပြီး အလုပ်ကို ဖိဖိစီးစီး မလုပ်တော့တာလေး အရင်ပြောပြပါတယ်။ ပြီးတော့မှ ကိုပေါက်က သူပေးချင်တဲ့ မက်ဆေ့ခ်ျလေးကို ဒီလိုရေးပြပါတယ်ဗျာ။

အခုခေတ်လူငယ်များက ဆိုင်တစ်ဆိုင်ကို ဖြစ်အောင်ထောင်နိုင်တဲ့အစွမ်းအစတော့
ရှိကြပါတယ်။
ဒါပေမယ့် ကိုယ်ထူထောင်ထားတဲ့လုပ်ငန်းကို တန်ဖိုးမထားတတ်ကြပါဘူး၊
ကိုယ့်ပင်မအလုပ်ကို ဖိဖိစီးစီးမလုပ်ဘဲ ပစ်ပယ်ပြီး လိုင်းကူး လိုင်းပူးတတ်ကြလို့ပါဘဲ၊
ဆိုင်ပစ်ပြီး သွားချင်ရာသွားလုပ်ချင်ရာလုပ်ကြပါတယ်။
အဲလို ဆိုင်ရှင်မရှိတော့ ဆိုင်ကလဲဖြစ်ချင်ရာဖြစ်ပေါ့။
ဆိုင်ရှင်မရှိတော့ လာတဲ့ဖောက်သည်ကလဲအဆင်မပြေတော့ မလာတော့ဘူး။ ဒါကတော့ ကျနော်စိတ်ကူးထဲပေါ်တာလေးပြောကြည့်တာပါ့။
မိတ်ဆွေတို့ကရော ကြုံဘူးတာလေးကို ပြန်ပြောမပြချင်ကြဘူးလားဗျာ၊

အဲဒီလို စိတ်ဝင်စားဘို့ ကောင်းတဲ့ အတွေးလေးတစ်ခုကို ဥပမာလေးတွေနဲ့ ရှင်းပြပြီး စာဖတ်သူတွေကို မေးခွန်းလေးမေးပြီး ပို့စ်ကို အဆုံးသတ်ထားပါတယ်။ ရွာသူားတွေကလည်း စိတ်ဝင်တစားနဲ့ ကွန်းမန့်တွေ ၀ိုင်းပေးလိုက်ကြတဲ့အထဲက အင်ဇာဂီရဲ့ ကွန်းမန့်လေးက ကိုပေါက် ဆန္ဒနဲ့ ထပ်တူပါလို့ ပြောထားတာကြောင့် ဖေါ်ပြပေးလိုက်ပါတယ်။

inz@ghi says:
ပါးပါးလေး တော့ ပါးပါးလေးဘဲ …
ဒါပေမယ့် အချက်၂ခု သွားတွေ့တယ်…
(၂ခုလုံး တကယ့် မလွယ်တဲ့ဟာတွေ …ပါးပါးလေးနဲ့ ကီးအမြင့်ကြီး တီးထားကိုး.)
၁။ အလုပ် အသစ်ကူး တဲ့ကိစ္စ .. (လိုင်းပူး လိုင်းကူး)
ဖြန့်ကျက်တဲ့သဘော
ဒါကတော့ လုပ်သင့်တဲ့ အလုပ်လို့ ယူဆပါတယ်. ..
အမတ်မင်း ပြောထားသလို အောင်မြင်လာတဲ့အခါ ဆက်ဆံရတဲ့ နယ်ပယ်ကျယ်လာလို့
ဒါကို အသုံးချပြီး တက်လှမ်းရပါမယ်။ ကြက်ဥတွေအားလုံးကို ခြင်းတတောင်းထဲမှာပဲ
အကုန် စုပြီး ထည့်မထားနဲ့ ဆိုတဲ့ အဆိုအမိန့် လည်း ရှိပါတယ်။ business အရ ပြောရရင်
Diversification ပါ.. Diversify လုပ်သင့်ပါတယ်။
သည်မှာ Related နဲ့ Non-related ဆိုပြီး မူလ စီးပွားနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတဲ့အပေါ်မှာ
မူတည်ပြီး ၂မျိုးထပ်ကွဲသွားပါတယ်။ ၀ါ့ရှော့ဆရာ ကား/ ဆိုင်ကယ် ပွဲစား ၀ယ်ရောင်း
ဆက်လုပ်သွားတယ်ဆိုတာ related business ပါ။ ဆံသဆြာ ဆိုင်ကယ် ပွဲစား
လုပ်တာကတော့ Non-related ဖြစ်ပါတယ်။ လေးပေါက်ပြောတဲ့
ကိုယ့်ဆိုင် မှာ ပွဲစား အလုပ်ခန်းတွဲလုပ်ဖို့ကတော့ non-related ကို related ဖြစ်အောင်
ဆွဲယူတဲ့သဘောပါ။ လိုင်းပူးယူတယ်ပေါ့ ။
၂။ ဒုတိယအချက် က management ကိစ္စ
ဒါက ပိုအရေးကြီးပါတယ် ..ဒါတတ်မှ နံပတ်၁က လိုင်းကူး လိုင်းပူးတဲ့ကိစ္စလုပ်လို့ အောင်မြင်မှာပါ။
လုပ်ငန်းခွဲတွေအများကြီး ထူထောင်ထားပြီး အောင်မြင်နေတဲ့ သူဌေးတွေ အများကြီးပါ။ ဒါ
management တတ်လို့ ဖြစ်ပါတယ်။ ဆိုတော့ သရုပ်ခွဲကြည့်ရရင် ဥပမာထဲက လူ၂ယောက်က
အောက်ခြေက တက်လာတာဆိုတော့ အောက်သက်ကျေ skillful ဖြစ်ပြီးသားပါ။ သူတို့မှာ လိုတာ
ကိုယ့်ဝန်ထမ်းကို ဘယ်လို Check မလဲ အမှားအယွင်း အကျအပေါက်ကို ဘယ်လို Action ယူမလဲ ဒါပါဘဲ
mgmt နိုင်ရင်တော့ လိုင်းကောင်းကောင်း ပူးနိုင်ပါပြီ
diversification နဲ့ ပါတ်သတ်ပြီး နည်းနည်းလေးထပ်ပြောရရင် risk factor အလွန်မြင့်ပါတယ်
(ဘုံ ပူးတွဲ အောင်မြင်ဖို့ ၁၆ဆ အထိ ခက်ခဲတယ် ပြောပါတယ်)
အောင်မြင်ပြန်ရင်လည်း ရမယ့် အကျိုးအမြတ်ဟာ supra-natural profit ပါ
မတူတဲ့အမြင်နဲ့ ဆွေးနွေးသွားပါသည်။
ကျေးဇူးတင်ပါသည်ခင်ဗျ။
အတွေးလေး ဆန်းပါတဲ့ ကိုပေါက် လက်ရာကို ဖတ်ကြည့်ကြဖို့ပါ ခင်ဗျာ။

ဆရာလေး အင်ဇာဂီ ရဲ့ ကျွန်ုပ်သိသမျှ MLM (Multi-Level Marketing) ဆိုသည့် ကီးအမြင့်ကြီးနှင့်တီးထားသော ပို့စ်လေးအကြောင်းကို မမှီမကမ်း ရေးပြချင်ပါတယ်ဗျာ။ အပင်ပန်းခံ ပို့စ်ရေးတင်ပေးသော အင်ဇာဂီ၏ စေတနာကို ကျေးဇူးတင်ကြောင်း လေးလေးစားစား ပြောချင်ပါသည်။ Marketing ကို အမှန်တကယ်လေ့လာ နေကြသူများအတွက် အဆင်ပြေမည့် ပို့စ်လေးဖြစ်ပါသည်။ MLM ဘာလဲဆိုတာကို အောက်ပါအတိုင်းရှင်းပြ ထားပါသည်။

Multi-level marketing (MLM) ဆိုရာဝယ် marketing strategy တစ်ခုသာဖြစ်၏။အနှီ စနစ်သည်ကား
sales force သက်သက်ရယ်သာမဟုတ်ဘဲ ရောင်းချသူ လူတမ်းစားများ network သဖွယ် pyramid သဖွယ်
ကွန်ယရက်စုဖွဲ့၍ mass media မသုံးဘဲ (၀ါ)မကြော်ငြာဘဲ door-to-door(၀ါ) one-to-one စနစ်ဖြင့်
ရောင်းချသော စနစ်ဟုလည်း မည်၏။
ကျွန်ုပ်၏ ယခုဆောင်းပါးမှာ ကား အနှီ စနစ်၏ ကောင်းမှု ဆိုးမှု အထွေထွေကို ဝေဖန် ပိုင်းခြား ဆွေးနွေး
သုံးသပ်ရန် သာဖြစ်ပေသည်။

ပညာရပ်ပိုင်းဆိုင်ရာ ပို့စ် ဖြစ်ပါသဖြင့် မမှီမကမ်း ညွှန်းဆိုစရာမလိုအပ်ပါသောကြောင့် Marketing စိတ်ဝင်စားသူ များ ဒေါင်းလုဒ်ဆွဲ ဖတ်ကြဘို့ တိုက်တွန်းပါသည်ခင်ဗျား။ သူကြီး၊ ကိုသစ်မင်း တို့ အပါအ၀င်ကွန်းမန့်လေးများနဲ့ MG ရဲ့ ရှယ်ပို့စ်တစ်ခုဖြစ်ခဲ့ပါကြောင်း။

Fatty ရဲ့ မြန်မာကို စင်္ကာပူလိုလုပ်မယ်ဆိုရင် ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။
မြန်မာကိုစင်္ကာပူလိုလုပ်မယ်ဆိုရင် သူစဉ်းစားမိတာလေး နည်းနည်းပြောချင်ပါတယ်တဲ့။

ကျနော်တို့လူမျိုးတွေအားနည်းတာက ပထမဆုံး Plan ချလေ့သိပ်မရှိပါဘူး ..။
ဘယ်နှနှစ်အတွင်းအပြီးဆိုပြီး target မရှိဘူးထင်ပါတယ်။
ဒါမှမဟုတ် ကျနော်တို့ပြည်သူတွေများ မသိတာလား ကျနော်ဘဲမသိတာလားတော့ မဆိုနိုင်ဘူး ။
Fail for plan is plan for fail တဲ့ဆိုသမို့လား ..။
ကျနော်သိသလောက်က မိုးပျံ မီးရထားလမ်းတွေဆောက်တော့မယ် …။
မိုးပျံတံတားတွေဆောက်တော့မယ် …။
ဂုံးကျော်တံတားကြီးတွေလာတော့မယ် ….။
ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲပြစ်သလို
စိတ်ပိုင်းဆိုင်ရာတွေလည်းပြောင်းလဲဖို့လိုပြီပေါ့ ….။
ပြည်သူတွေတဦးချင်းဘာတွေပြင်သင့်သလဲ ……..။
လွှတ်တော်အမတ်တွေ ကိုအရင်ပြောရအောင် ………
စကာင်္ပူမှာ Block တခုတိုင်ရဲ့Notice Board မှာ သက်ဆိုင်ရာ
အမတ်ရဲ့ပုံကပ်ထားပြီး သူ့ကိုဘယ်အချိန်မှာလာတွေ့နိုင်ကြောင်း
ကြေငြာထားတာတွေ့ရပါတယ် ….။
သိပ်ကိုကောင်းတဲ့အကြံဥာဏ်ပါ ……………..။
အိမ်ထောင်တခုခြင်းကဖြစ်ဖြစ် တစ်ဦးခြင်းကဖြစ်ဖြစ်သွားတွေ့ပြီး
အဆင်မပြေမှုရှိရင် ဒါမှမဟုတ် အကြံဥာဏ်ပေးခြင်တာများရှိရင်သွားတွေ့ပြီးဆွေးနွေးယုံပါဘဲ။

ရွာသူားတွေအနေနဲ့ ဘာတွေပြောင်းလဲသင့်တယ်ထင်ပါသလဲတဲ့။ ၀ိုင်းဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ထားတဲ့ ပို့စ်လေးပါဗျာ။ ရွာသူရွာသားတွေကလည်း စိတ်ဝင်တစား ၀ိုင်းဆွေးနွေးလိုက်ကြတာ ကွန်းမန့် ၂၉ ခု အထိဖြစ်သွားပါတယ်ဗျာ။ စင်္ကာပူ စတိုင် မြန်မာပြည်ကို ရင်ခုန်ကြသူများ ဖတ်ကြဘို့ပါ။

Weiwei ရဲ့ ဒါ ကျမရဲ့ အိမ် အကြောင်းလေး ပြောချင်ပါတယ်။ အသက် ၈၀ အရွယ် အဖိုးအိုတစ်ယောက်နဲ့ ၁၀ နှစ်ကျော်အရွယ် မြေးမလေး တစ်ယောက်တို့ ထမင်းစားနေတာလေးနဲ့ ပို့စ်ကို အစပြုထားပါတယ်။

ကျောင်းပိတ်ရက်တိုင်း မြေးမလေးနဲ့ထမင်းအတူတူစားပြီးရင် ပုံပြင်ပြောပြလေ့ရှိပါတယ်။ နှစ် ၇၀ လောက် အသက်ကွာတဲ့ ဖိုးဖိုးနဲ့မြေးမလေးတို့ စကားဝိုင်းက အခုအချိန်မှာ တကယ့်ကို ပုံပြင်တစ်ခုဖြစ်သွားခဲ့ပါပြီ။ အိမ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ဖိုးဖိုးက ပုံပြင်လိုပဲ ပြောပြခဲ့ဖူးတယ်။ ဖိုးဖိုးတို့ သမီးတို့လက်ရှိနေနေတဲ့ အိမ်တစ်လုံးရဖို့ ဖိုးဖိုးဘယ်လောက်ကြိုးစားခဲ့ရပုံတွေကို အလျင်းသင့်တိုင်း ပြောပြလေ့ရှိခဲ့ပါတယ်။ ဖိုးဖိုးက မိဘမဲ့တစ်ကောင်ကြွက်ဘ၀နဲ့ ပညာမသင်ခဲ့ရပဲ ကြီးပြင်းခဲ့ရပုံတွေ၊ အသက် ၁၈ နှစ်လောက်အရွယ်မှာ လက်ထဲမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှမရှိတဲ့ဘ၀ကနေ ရုန်းကန်ခဲ့ရပုံတွေ၊ ဒုတိယကမ္ဘာစစ်တုန်းက အတွေ့အကြုံတွေ၊ အဖွားကို ဘယ်လိုပိုးခဲ့ပုံတွေ၊ အဖွားရဲ့မောင်နှမအကြောင်းတွေ၊ အဖိုးကြုံခဲ့ရတဲ့ ဘ၀အကြောင်းတွေ၊ တစ်ခါတစ်လေ ဆုံးမစကားတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပြောပြခဲ့ပါတယ်။

သားသမီး ၆ ယောက် ရှိတဲ့ အဖိုးဟာ မသေခင် မှာ အားလုံးကို အမွေပေးခဲ့နိုင်အောင် စီမံနိုင်ခဲ့ပါတယ်တဲ့။

အဖိုးဘ၀တစ်လျှောက်လုံး တန်ဖိုးအထားဆုံးဖြစ်တဲ့ “အိမ်” ကို မြေးမလေးကို ဆက်လက်ထိန်းသိမ်းပေးဖို့ တာဝန်ပေးခဲ့တယ်။ အဖိုးမသေခင် လပိုင်းအလိုအထိ မြေးမလေးကို အသေအချာမှာခဲ့ပါသေးတယ်။ ဖိုးဖိုးရဲ့အိမ်ကို တစ်သက်လုံးစောင့်ရှောက်ရမယ်နော်တဲ့

မြေးမလေးက အိမ် ကို အမွေရလိုက်တယ်ပေါ့ဗျာ။
ဒါပေမယ့် အခုအချိန်မှာ သူခံစားနေရတာကို ဒီလိုရင်ဖွင့်ပြီး ပို့စ်ကို အဆုံးသတ်ထားပါတယ်ဗျာ။

အဖိုးတာဝန်ပေးခဲ့တဲ့ “အိမ်” ကလေးတစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်လောက်တဲ့ အရည်အချင်းတောင် မရှိတဲ့ မြေးမလေးက အဖိုးကို မျက်နှာမပြ၀ံ့လောက်အောင် ရှက်ရွံနေမိပါတယ်။ အဖိုးတည်တောင်ခဲ့တဲ့ “အိမ်” ဆိုတဲ့ home ကလေးတစ်လုံးက မြေးမလေးလက်ထက်မှာ “house” လို့သာ အဓိပါယ်ဖွင့်နိုင်လောက်တဲ့ အနေအထားဖြစ်သွားခဲ့ပါပြီ။ သော့တွေအထပ်ထပ်ခတ်ထားပြီး ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတဲ့ အဖိုးရဲ့အိမ်ထဲမှာ အဖိုးဓါတ်ပုံကြီးနဲ့ မြေးမလေး ဘွဲ့ယူတုန်းကဓါတ်ပုံကြီးက အိမ်စောင့်လုပ်နေသလိုပဲ။ အဲဒီဓါတ်ပုံတွေကိုမြင်မိတိုင်း နွေးထွေးတဲ့အတိတ်ရဲ့အရိပ်တွေစိတ်ကူးထဲပုံပေါ်လာပေမယ့် လက်တွေ့မှာတော့ အေးစက်ခြောက်ကပ်ပြီး ဖုန်မှုန့်တွေနေရာယူနေတဲ့ ဒီအိမ်ကြီးကို … ဒါငါ့အိမ်လို့ ဘယ်လိုအင်အားနဲ့ ပြောထွက်တော့မှာလဲ …
အဖိုးရဲ့ကျေးဇူးတရားတွေကို အောက်မေ့သတိရရင်း ဒါငါ့အိမ်လို့ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့နေ့တစ်နေ့ အမြန်ဆုံးရောက်ရပါလို၏လို့ ဆုတောင်းရင်း …

ဖတ်လို့ အလွန်အဆင်ပြေသော ပို့စ်တစ်ခုပါခင်ဗျာ။ အန်တီ weiwei ရဲ့ အခုတလောရေးသော ပို့စ်လေးများမှာ ကိုယ်ပိုင် ရေးဟန်တစ်ခုကို အထင်အရှားမြင်တွေ့နေရပြီဖြစ်ပါကြောင်း။ ကွန်းမန့် လေးများနဲ့ တွဲဖတ်သင့်သော စာတစ်ပုဒ်ဟု ညွှန်းပါရစေခင်ဗျာ။

Kotun winlatt ရဲ့ တကျော့ပြန် ဆိုတာလေးကတော့ ကဗျာလေး တစ်ပုဒ်ပါဗျာ။

ဘကြီး ရဲ့ သွေးမခဲအောင်၊ သွေးကြောမပိတ်စေရန် ကာကွယ်ဆေးတဲ့ ဆိုတဲ့ ပို့စ်လေးက ဆေးနည်းလေးတစ်ခုကို ဝေမျှထားတာပါဗျာ။ ဆေးနည်းလေးကို ဒီမှာပဲဖေါ်ပြလိုက်ပါတယ်ဗျာ။
သူရဲ့အဟာရသုံးစွဲနည်းကိုသုံးစွဲရင်၊ သွေးကြောပိတ်လို့၊သွေးခဲလို့ ခွဲစိတ်ရတာတွေ၊ဖြတ်တောက်ရတာတွေစတဲ့ဘေးဒုက္ခမှကင်းစေပြီး၊ အဲသည်ရောဂါဖြစ်ပေါ်မှုမှလွတ် ကင်းပါမယ်တဲ့။
သူ့ဆေးနည်ကတော့ —
၁။ သံပုရာရည် တစ်ခွက်
၂။ဂျင်းကိုအရေညှစ်ပြီးသားတစ်ခွက်
၃။ကြက်သွန်ဖြူဖျော်ရေတစ်ခွက်
၎။ပန်းသီးမှထုတ်သော ရှာလကာရေတစ်ခွက်
အဲသည်ဖျော်ရေတွေကို ပုံစံတူ၊ဆိုဒ်တူ ရေခွက်နဲ့ တစ်ခွက်စီ၊ဆတူရောတဲ့အခါ ရလာတဲ့ လေးခွက်စာဖြစ်ပါမယ်။ အဲသည်ဖျော်ရေရောပြီးသားတွေကို- မီးအေးအေးနှင့်ကျိုရပါမယ်၊ နာရီဝက်လောက်ကြာလို့ (၄)ခွက်မှာ(3)ခွက်စာတင်ကျန်လောက်တဲ့အခါ၊ ကျိုတာရပ်အအေးခံပါ၊အေးသွားတော့မှ၊ အဲသည်အထဲကို သဘာဝပျားရည် (၃)ခွက်စာရောပြီး သမအောင်မွှေကာ၊ ပြီးလျှင် ပုလင်းထဲလေလုံအောင်ထည့်ရပါမယ်။
သုံးဆွဲပုံ ။
နံက် အိပ်ယာထပြီး နံက်စာမစားခင်မှာ ထမင်းစားပွဲသုံးတဲ့ ဇွန်းနဲ့ တစ်ဇွန်း နေ့စဉ် မှီဝဲ ရပါမယ်။
သညမှာ တစ်ခုသတိပြုရန်မှာ သွေးတိုး/ဆီးချိုရှိသူတွေကတော့ ဘယ်လိုသောက်သင့်တယ်ဆိုတဲ့ အချိန်အဆတော့မပါပါဘူးခင်ဗျား။
တကယ်လို့သည်လိုမသုံးချင်လည်း၊ ပျားရည်ကို သင့်တင့်စွာပဲကြည့်သုံးပြီးမှီဝဲရင်ရနိုင်မယ်ထင်ပါတယ်၊
သူရဲ့ပါဝင်ပစ္စည်းတွေကတော့ ဗမာနည်းအရပါ ဆေးဘက်ဝင်ပြီး အန္တရာယ်ပေးနိုင်တာမပါဝင်တဲ့အတွက် တင်ပေးလိုက်ရပါသည်။

ကျေးဇူးတင်ပါတယ် ဘကြီးရေ။ သာဓုခေါ်ပါတယ်ခင်ဗျာ။ ရွာသူားတွေ လိုအပ်ရင် သုံးစွဲနိုင်ပါကြောင်း။

မနောဖြူလေး ရဲ့ PDF ဖိုင်တွေကို တစ်စုတစ်စည်းထဲ ထားတဲ့နည်း ပို့စ်ကတော့ ကွန်ပျူတာ သုံးစွဲနေကြသူများအတွက်နည်းပညာဝေမျှထားတဲ့ ပို့စ်လေးတစ်ခုပါဗျာ။ ဆရာလေး အင်ဇာဂီ ဦးဆောင်သော ကွန်းမန့်များနဲ့ ဖတ်ကြည့်သင့်သော ပို့စ်လေးပါခင်ဗျာ။

မနောဖြူလေး ရဲ့ ခုတော့ ဆိုတာလေးကတော့ ခရေပန်းဓါတ်ပုံလေးများနဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကဗျာချစ်သူတွေအတွက်ပါ။

ပို့စ် အရေးနည်းပါသော ဦးဘဇင်း (ပို့စ်ပါ နာမည်ကိုပဲ သုံးလိုက်ပါသည် ကိုအောင်ပုရေ) ရဲ့ ကျေးဇူးပြု၍ နားဆင်ပါ အပျိုဂျီးမမအပေါင်းတို့ ကတော့ အပျော်ရေးထားတဲ့ ပို့စ်လေးပါဗျာ။ ကွန်းမန့်တွေပါ ဖတ်ရင်း ပျော်ကြရမယ့် ပို့စ်လေးပါဗျို့။

Pyiminlu ရဲ့ Mandalay Car Accident involved 3 cars 05/12/2011 8:30pm ကတော့ မန္တလေးက ကားတိုက်မှု သတင်းပါ။ ဓါတ်ပုံလေးများနဲ့ ဖေါ်ပြထားလို့ ကျေးဇူးတင်ပါသည်ခင်ဗျား။

ရွှေတိုက်စိုး ရဲ့ သင်ကွန်ပျူတာ တကယ်သုံးတတ်ရဲ့လား ကတော့ ကွန်ပျူတာနည်းပညာ ဖြန့်ဝေတဲ့ ပို့စ်လေးပါဗျာ။ လေ့လာလိုက်စားသူများအတွက် အဆင်ပြေမယ့်ပို့စ်လေးပါ။

ကိုပေါက်ရဲ့ မဟာသကျ မာရဇိန် (ခ) ကျောက်တော်ကြီး (အတွင်းကဆင်းတုတော်) ကတော့ ကိုပေါက်လက်ရာ ဓါတ်ပုံလေးတွေပါခင်ဗျာ။

ကြောင်ဝတုတ် ရဲ့ တို့မြေပေါ်မှ ထိန်းသိမ်းသင့်သောနေရာတစ်ခု(သို့) ကြောင်ဝတုတ်မစဉ်းမစားလမ်း သလားနေသည် ၁ ကတော့ ခရီးသွားဆောင်းပါးလေးနဲ့ ဓါတ်ပုံလှလှလေးများပါခင်ဗျာ။ စစ်တွေမြို့ရောက်ကြောင်ဝတုတ်ရဲ့ ခရီးသွားမှတ်တမ်းလေးကို ကြိုဆိုပါတယ်ခင်ဗျာ။ ဆက်ပြီးလာရန်ရှိသည်များ ကိုလည်း စောင့်မျှော်နေပါကြောင်း နှင့် ရွာသူားတို့ အားပေးကြဘို့ တိုက်တွန်းပါသည်ခင်ဗျား။

ကိုရင်စည်သူရဲ့ မျောက်နှင့်တူသော သူငယ်ချင်း ပို့စ်ကတော့ အပိုင်း ၂ ကိုရောက်လာပါပြီဗျာ ။ အပိုင်း ၃ မှ ဇာတ်သိမ်းပါမယ်တဲ့။ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးတစ်ပုဒ်အတွက် ကိုရင်စည်သူ ကို ကျေးဇူးတင်ပါတယ်ဗျာ။

NK ရဲ့ မှတ်ပလား မိတ်အင်ဂျပန် နဲ့ Password တို့ ကတော့ ဟာသလေးတွေပါဗျာ။ ရယ်မောပျော်ရွှင်လိုသူများ ဖတ်ကြဘို့ပါ။

black chaw

About black chaw

black chaw has written 332 post in this Website..