သတင်းထူး—– လကြတ်နေပြီ ထွက်ကြည့်ကြ(အခုချက်ချင်း)

ေမွာ္ဆရာDecember 10, 20111min16518

မြန်မာနိုင်ငံမှာ ည ရ နာရီ ၄၅ ကနေစပြီး လကြတ်နေပြီ
မြင်ဘူးခြင်လျှင် ထွက်ကြည့်ကြပါ ..။
အခုနော် အခု အခု

18 comments

  • မှော်ဆရာ

    December 10, 2011 at 7:50 pm

    မြန်မာနိုင်ငံမှာ ည ရ နာရီ ၄၅ ကနေစပြီး လကြတ်နေပြီ
    မြင်ဘူးခြင်လျှင် ထွက်ကြည့်ကြပါ ..။
    အခုနော် အခု အခု

  • blackchaw

    December 10, 2011 at 7:58 pm

    အေးပါ မှော်ဆြာရယ် တစ်ဝက်ပဲ ကြတ်ပါသေးတယ်။
    အပြည့်ကြတ်ရင် ပြန်သတင်းပို့ပေးပါဦး။ ကျေးဇူး။

  • MaMa

    December 10, 2011 at 8:11 pm

    အချိန်နဲ့တပြေးညီ တင်တဲ့သတင်းမို့ တန်ဖိုးရှိတဲ့ သတင်းပါပဲ။ 🙂

  • blackchaw

    December 10, 2011 at 8:12 pm

    အပြည့်ကျပ်နေပြီဗျာ။

  • ကိုရင်စည်သူ

    December 10, 2011 at 8:33 pm

    ဂေဇက်သတင်းသမားတွေကွ…
    လကြတ်တာတောင် အလွတ်ပေးဘူး… Live တင်တာ…
    ကြိုက်တာ.. လတ်ဆတ်တဲ့ သတင်းတွေကို စားသုံးချင်တာ.. 😀 😀

    • မှော်ဆရာ

      December 10, 2011 at 8:37 pm

      ဓါတ်ပုံပါ တင်နေပြီဗျို့ …
      ချက်ချင်းနော် ချက်ချင်း ….

      • E.T

        December 10, 2011 at 10:18 pm

        လကြတ်ပုံ သတင်း Live ပြောပေးတဲ့ ဆြာမှော်၊ ဦးဘလက်၊ mandalarthu ရယ် ပုံတွေကို ခဏလေးအတွင်းတင်ပေးတဲ့ ကိုပေ၊ ဆြာမှော် တို ့ကိုကျေးဇူးဗျာ။ ဆြာတို ့ပုံတွေတင်တော့မယ်ဆိုလို ့ page ကို reload ပြန်ပြန်လုပ်နေရတာအမော။ ကျေးဇူးတင်တယ်ဗျာ အပြင်တောင်ထွက်ကြည့်စရာ မလိုဘူး။ အားလုံးပြည့်စုံတယ်ဗျို ့။

  • Oo Oo

    December 10, 2011 at 8:36 pm

    လအပြည့်ကြတ်မယ့် ဒီနေ့ညဟာ..ဆေးပေါင်းခတဲ့ည ဖြစ်တယ်လို့သိရပါတယ်
    မယ်ဇလီဖူးတွေသုပ်စားရင်ဆေးဖက်ဝင်တယ်တဲ့..ဆေးဖက်ဝင်ချင်တဲ့ရွာသူရွာသားတို့…မြန်မြန်သုပ်စားကြနော်

  • windtalker

    December 10, 2011 at 8:41 pm

    ဒီတစ်ခါတော့
    ပုံတင် တာ
    ကို်ယ် အရင် ဖြစ်ပြီ ကွ
    ဟီဟိ

  • mandalarthu

    December 10, 2011 at 8:57 pm

    ဟုတ်တယ် အခု(၈း၅၀)မိနစ်မှာ ကို လ က အနီရောင် တခုလုံးပြောင်းသွားနေပြီ။ သေချာကြည် ့တော ့တခြမ်းကျော်ကျော်က
    နဲနဲညိုနေတယ်။ကျန်အပိုင်းက တော်တော်လင်းနေတဲ ့ လိမ္မော်နီရောင် တောက်နေတယ်။
    ဓာတ်ပုံကို ဆွဲရိုက်လို ့မရဘူး ဖြစ်နေတယ်။ လနဲ ့ကမ္ဘာက မိုင်ပေါင်း အတော်ဝေးတာကို း။
    ထူးခြားမှု နောက်ထပ်မတွေ ့သေးဘူး။ ဆက်ကြည် ့နေတုန်း……….

  • aye.kk

    December 10, 2011 at 9:04 pm

    ကျေးဇူးဘဲချက်ခြင်းသိရလို့ပါ..
    လအပြည့်ကြတ်တဲ့သည်ညကိုမဟူရာညလို့ခေါ်ဆိုပါတယ်..
    သူတော်စဉ်တို့ရဲ ့သမထကျင့်စဉ်အောင်မအောင်စမ်းသပ်ကြတဲ့ညဆိုရင်မှန်ပါတယ်..
    ဒီလိုပိန်းပိတ်အောင်မှောင်သွားမှသာသူတော်စဉ်တို့ရဲ ့သမထဆိုတဲ့အလင်းအားကိုကျင့်သုံးကြည့်မြင်စမ်းသပ်ကြခြင်းဖြစ်ပါတယ်..
    မိမိတို့ရဲ ့သမထဆိုတဲ့စွမ်းအားကိုမဟူရာညမှာအသုံးပြုရင်အပြစ်မရှိပါဘူး..
    လက်တွေ ့ပြသနိုင်ကြပါတယ်အခုလိုလအပြည့်ကြတ်တဲ့အချိန်အခါရောက်ဖို့ကိုစောင့်မျှော်ရင်း..
    သူတော်တို့နဲ့သိကျွမ်းဖို ့တော့လိုပါတယ်..ကျမကကံထူးခဲ့လို ့သာပြောပြနိုင်တာပါ..
    မယုံရင်တော့ကြိုက်သလိုပြောနိုင်ပါတယ်..ကံဆိုတာအားလုံးမတူလာပါဘူးဆိုတာလေးပြောလိုက်ပါရစေ..။

    • မှော်ဆရာ

      December 10, 2011 at 9:10 pm

      ဘယ်လိုရှာရသလဲပါပြောဦးလေ အမရဲ့ ထူးခြားမှုလေးတွေပါပေါ့ …

    • ကြောင်ကြီး

      December 10, 2011 at 9:11 pm

      ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်များ သိထားရင်လည်း ရွာသားများကို မျှပါအုံး။။။။ အတ္တ ရုပ်ဝါဒီ သဂျီးကို ဆုံးမချလို့..

  • aye.kk

    December 10, 2011 at 9:33 pm

    ကိုယ်တွေ ့မကြုံဘူးရင်မယုံပါဘူး..
    ပြောပြရင်ဏ္ဍာရီလို့ယူဆကြမှာအမှန်ပါ..
    သူတော်စင်ရဲ ့မြေးမြစ်တွေကလွန်စွာမှချမ်းသာအောင်မြင်နေတဲ့သူတွေလည်းဖြစ်နေပါတယ်..
    ကိုယ့်မြို့မှာဘယ်သူချမ်းသာနေသလဲတွေးကြည့်လိုက်နိုင်ဖို့အစလေးတော့ဖော်ချင်မိပါတယ်..
    တစ်ချို ့ကတော့အထင်ကရလူသိများကြပါတယ်..
    ကျမအဖြစ်ကခပ်ဆန်းဆန်းပါ..ကြုံတဲ့အခါထည့်ပြောပြသွားပေးပါမယ်..။

    • nigimi77

      December 11, 2011 at 12:56 am

      @ဟပ်ချလောင်း အေးကေကေ

      ခင်ထှာ (ငဇာဂီ့ စကားငှားသုံးသည်)

      Longitude 2144743.325

      Latitude 550497.230

      Location Kyauk Phyu

      Time 8:42 pm

      သားမထ ကျင့်စဉ် အတွက် ရွှေပတ်နဲ ့ ပွဲဦးထွက်လိုက်ပါသဗျား

      လ အပြည့်ကျတ်လို ့ ပိန်းပိတ်အောင်မှောင်တဲ့အချိန် ကြယ်ရောင်စုံတဲ့ ညပါဗျား

    • ဆူး

      December 11, 2011 at 10:30 am

      အန်တီ ရဲ့ ထူးခြား ဆန်းပြာ အတွေ့အကြုံလေးတွေ ပြောပြပါအုန်း။
      ဗဟုသုတ အဖြစ်သော်လည်းကောင်း ကြားဖူးနားဝ သော်လည်းကောင်း..
      (ဟိတ်.. ရွာထဲက အတ္တဝါဒီ ရုတ်ဝါဒီတွေ.. ကိုယ်ကြိုက်ရင် ဖတ် မကြိုက်ရင် မဖတ်နဲ့ ကျော်သွား လာပြီး ရိလို့ကတော့ မီးဒုတ်ပဲ)

  • နာမည်ပြောင်း ဆက်တင်ချိန်းပြီး ကိုယ်တွေ့ဖြစ်ရပ်မှန်ဆိုရေးလိုက်ပါလား
    အေး ကေကေ ရယ်။

  • Moe Z

    December 11, 2011 at 8:37 am

    ညက လကြတ်တာကို ကြည့်ကြတဲ့သူတွေပြောတာ
    တစ်ခုခုစားပြီးဆုတောင်းတဲ့ ဆုတောင်းပြည့်တယ်တဲ့ 😀 😀
    မိုးစက်ကသွားတိုက်ပြီးသွားလို့ ဘာမှမစားချင်တာနဲ့ ဆုမတောင်းလိုက်ရဘူး 😀 😀 😀

Leave a Reply