ဓာရဏပရိတ်

Yin Nyine NwayDecember 10, 20111min19011

ရင်ငြိမ်းက ဗုဒ္ဒဘာသာတယောက်ပါ
ဗုဒ္ဒဟောကြားတဲ့ တရားတော်တွေကို ရွကဖတ်ရင် အန္တရာယ်ကင်းတယ်လို့ ယုံကြည်တယ်
ယုံကြည်စွာနဲ့လည်း ရွက်ဖတ်တယ်
အကျိုးတရားထက် ကုသိုလ်ရဖို့ ရွတ်ရင်ပိုကောင်းမယ်လို့လဲထင်တယ်
အားလုံးလဩိပြီးသားဖြစ်တဲ့ ဓာရဏပရိတ် ပါ
တခြားသူတွေမှာမရှိပဲ ဗုဒ္ဒမြတ်စွာဘုရားမှာသာရှိတဲ့ ဂုဏ်တော် 18ပါးပါ ..

နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။

ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။

ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိ-သင်္ခါနုပေက္ခာ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊

ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယ-ဘီတာနံ အဂ္ဂံ မဟာတေဇံ။

ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ပါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။

တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

ဓာရဏပရိတ္တံ နိဋ္ဌိတံ။

မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ်ယောက်သောသူသည် ဘေးအန္တ-ရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးကို တစ်စုံတစ် ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက်သောသူသည် ဘေးအန္တရာယ် မပြုနိုင်။

ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။

ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ်ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။

ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။

ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။

ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။

ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ”ကာယဒုစရိုက်မှု”သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ”ဝစီဒုစရိုက်မှု”သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ”မနောဒုစရိုက်မှု” သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။

ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။

ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။

ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။

ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။

ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။

သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။

ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ် ကို ရွတ်ဖတ်ရင်
ကြုံမဲ့ ၊ ကြုံဆဲ ၊ ကြုံလတဲ့ အန္တရာယ်တွေ ကင်းစေတယ်
ဒါကြောင့် ဓာရဏပရိတ် ကို ရွက်ဖတ်ကြပါလေ…

11 comments

  • ကိုရင်စည်သူ

    December 10, 2011 at 9:07 pm

    သာဓု.. သာဓု…
    ရွာသူလေးတွေ ဒီလိုဘုရားတရား ကိုင်းရှိူင်းတတ်တာသိတော့
    ကိုရင်ကြီးမှာ ဝမ်းသာပီတီဖြစ်ရပါတယ်ကွယ်… 😎
    *ဘုရားရှင်ရဲ့ တရားတော်ကို နားကြားရသူတို့သည်
    ဘုန်းတန်ခိုးကြီးလှပါပေသည်…. *

  • Yin Nyine Nway

    December 10, 2011 at 9:11 pm

    ဟဟ ကိုရင်စည်သူကလည်း
    ဂယ်ပြောတာ
    တောက်ကြီးကြီးတောက်နေလို့ဖြစ်ဖူးလေ
    ဒါလေးလည်း လုပ်အုန်းမှ
    တော်ကြာ ဂျိုးကပ်နေမှာကြောက်လို့ (ငရဲမှာ) 🙁
    အတူတူဆုံမဲ့အစား
    နတ်ပြည်မှာ နတ်သမီး 1000နဲ့ ဒန်ဒန့်တန်ရအောင် ရှဲပေးတာ… 🙂

    • ကိုရင်စည်သူ

      December 10, 2011 at 9:19 pm

      နောက်ဘဝ နတ်သားလေး ဖြစ်မယ့် ကိုရင်က…
      နတ်သမီးတစ်ထောင်မလိုတဲ့ ကိုရင်နတ်သားလေးက ပြသာဒ်ဘေးမှာ
      နွယ်လေးအတွက် နတ်သမီးဖြစ်ပါစေလို့ … ဆုတောင်းပေးမိရင်
      ကိုရင့်မှာ အပြစ်ဖြစ်မှာလားဟင်…. 😉 😉
      ဆုတောင်းတိုင်းပြည့်ဆို
      ဒါလေးတစ်ခုတော့ ဆုတောင်းချင်တယ်… 😳 😳

  • lulinmg

    December 10, 2011 at 9:11 pm

    သာဓုသာဓု သာဓု အန္တရာယ်ကင်းတာပေါ့

  • ကြောင်ကြီး

    December 10, 2011 at 9:20 pm

    မြတ်စွာဘုရားအား အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။
    မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။
    ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
    ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ။
    ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။
    အဲဒီဂုဏ်တော် စာသားလေးတွေကို အရမ်းကြည်ညိုနှစ်သက်တယ်….။ ရင်ငြိမ်းလည်း အခုလို ပြုရတဲ့ ကုသိုလ်ကြောင့် လောကီ၊ လောကုတ် ပညာကုသိုလ် အထောက်အပံ့ဖြစ်ပါစေသတည်း…။

  • windtalker

    December 10, 2011 at 9:22 pm

    ရင်ငြိမ်းရေ
    ကျေးဇူးပြုပြီး
    အသံထွက်လေးပါ ရေးပေးပါလို ့
    တောင်းဆိုပါရစေ နော
    သာဓု သာဓု သာဓု ပါ

  • aye.kk

    December 11, 2011 at 6:57 am

    ဓာရဏပရိတ်..ကြောင့်ဂေဇက်အဖွဲ့ဝင်အပေါင်းတို့အားလုံးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းကြပါစေ..
    ရင်ငြိမ်းကိုတော့..သာဓု ..သာဓု..သာဓု..။

  • kai

    December 11, 2011 at 7:16 am

    အဲဒီပရိတ်ထဲ..အင်မတန်တန်ဖိုးရှိတဲ့.. စာတကြောင်းထဲရှိတယ်../
    ကျုပ်အနေနဲ့..တခါကိုးကားပြဖူးတယ်..။

    ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။

    လူတိုင်းဟာ..ဘုရားဖြစ်ခွင့်ရှိတယ်..။ ဘုရားနဲ့တန်းတူဖြစ်တယ်ဆိုတဲ့အထိ.. မိမိစိတ်ဓါတ်ခွန်အားမြှင့်တင်… ပြသတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်..။

    “သင့်ကိုယ်ထဲတွင်..အလွန်မြင့်မြတ်သော.. မြတ်စွာဘုရားနှင့်တန်းတူယောက်ျားတဦးရှိသည်..။ ဘယ်တော့မှ.. ဘယ်သူ့ကိုမှ… မာန်မချ..ဦးမချပါနှင့်…။” လို့ ပြောချင်ပါတယ်..။

    အလောင်းစည်သူမင်းက… ဘိုးဘွားရုပ်ထုတွေ..တန်းစီဦးချတော့.. မခံနိုင်တဲ့..ဘိုးဘွားရုပ်တွေ..ပြိုကျ..ခေါင်းပြတ်တယ်တဲ့..
    သူများကို..ဘာကောင်မှန်းမသိ..ဘာမှန်းမသိ.. ငရဲမပေးလိုက်နဲ့နော..။
    သွားဦးမချနဲ့.. ဖူးမျော်မာန်လျှော့..ကန်တော့တာတွေ…အကြောင်းမဲ့(အရောင်ကြည့်ပြီး).. မလုပ်ကြနဲ့..။ 🙂

    • ကြောင်ကြီး

      December 11, 2011 at 2:29 pm

      သဂျီးအား ဦးချပါ၏။။ သူ့ခေါင်းများ ပြုတ်မလားလို့ 😀 မပြုတ်သေးရင် ထပ်၍ဆယ်ကြိမ်ဆယ်ခါ ဦးချပါ၏။ မဖြစ်သေးဘူးလား 🙁 နောက်ထပ် အကြိမ်တရာ… အကြိမ်တထောင်….အကြိမ်ဘီလျံ ထရီလျံ ဇီလျံ…. 🙄

  • Yin Nyine Nway

    December 11, 2011 at 8:50 am

    အင်း…. အားလုံး ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    ဒီပရိတ်ကတော့ ငယ်ငယ်ကတည်းက ဘကြီးက သမီးလာ ဆို …ဆိုပြီး လက်သပ်သင်ပေးတဲ့အတွက်
    ရရနေတက်တယ်
    ကိုကြောင်ကြီးပြောသလိုပဲ
    ” မြတ်စွာဘုရားအား အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။
    မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။
    ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
    ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ။
    ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။ ”
    ဒီဂုဏ်တော်က လက်တွေ့လုပ်နေတဲ့အလုပ်မှာ ဘာ အတားအဆီးမှ မရှိဘူးလို့ ပြောတယ်
    ယုံကြည်စွာ ရွက်ဖတ်ကြည့်ပါ
    လုပ်နေတဲ့ အလုပ်မှာ အတားအဆီးမရှိ ဘေးရှင်းသွား ပါလိမ့်မယ်
    အားလုံးလဲ …ဒီပရိတ်ကို ရွတ်ပြီး
    လိုအင်ဆန္ဒများ … အတားအဆီးမရှိ ပြည့်စုံပါစေ

  • aye.kk

    December 11, 2011 at 9:00 am

    ဪ..
    ရင်ငြိမ်းလည်း..
    အံတီနဲ ့တူသောဘကြီးတစ်ယောက်ရရှိထားတာကိုး..ဝမ်းသာမိပါတယ်..။

Leave a Reply