ပင်လယ်ဟာ ကိုယ်ပါ….. အမှောင်တွေလာရင် ……

ဘလား..ဘလား… ဘလား …..

 

ဆြာကျောင်း ..(ကိုမျိုးဆွေသန်း)ကပြောဖူးတယ်.. ဆြာ ကေအေတီ ရေးပြီး…၀ိုင်ဝိုင်းဆိုထားတဲ့

သည်သီချင်းလေးအကြောင်းကို …”ကို ကေအေတီက နောက်ဂျွမ်းပစ်တဲ့ နည်းနဲ့ ရေးထားတာဗျ” တဲ့…

ဆြာကျောင်း က ဆက်ရှင်းတယ် … ကိုယ်ဟာ ပင်လယ်  ….. မှောင်လာရင်…. သည်လို ဖွဲ့ရမှာမဟုတ်လား..

သူက ဇောက်ထိုး နည်းနဲ့ နောက်ဂျွမ်းပစ်ထားတာကိုး ………….ဆိုတော့ ဆက်ပြောရရင်………….

သဒ္ဒါ အရဆို ……. ကိုငှက် နဲ့ ပါတ်သတ်ပြီး ဖတ်ဖူးတာလေးတခု ပြန်ပြောပြမယ် …ဘယ်သူရေးခဲ့တာလဲတော့

မမှတ်မိတော့  မရှင်းနိုင်တာ ခွင့်လွှတ်ဗျာ …..သီချင်းဆိုတာ သံဇဉ်ထဲ့ထားတဲ့ ကဗျာ  တဲ့…

ကဗျာမှာ သူ့ ဂုဏ်သတ္တိအရ ….သဒ္ဒါကို override လုပ်ခွင့်ရှိတယ် ….. နောက်ဆုံး …ကာရံကိုတောင်မှ

ကဗျာရဲ့မူလဘူတ သဘောနဲ့ ကင်းကွာလို့ ….ဆွဲခွာထုတ် ခဲ့ကြပြီးပြီမဟုတ်လား ………..

ကဗျာဟာ ကဗျာပဲ …..chemistry equation လို ပုံစံမျိုးနဲ့တောင် ကဗျာ သီလို့ ရတယ် ဆိုတာမျိုးကြွေးကျော်ဖူးတာ..

ကြားဖူးကြမယ် မှတ်ပါတယ်…

 

တော်ပြီဗျာ တော့ပစ်ချော်တော့မယ်. …. ပေးချင်တဲ့ မက်စိ က …လ ကို လ လိုကြည့်ပါ…

ကြည့်စေချင်လို့ …. 3 degree Celsius မှာ ထွက်ရိုက် ပြီး စုထားတာပါ…..

ကျေးဇူးတင်ရန်မလိုပါ …အလွန် အားယားနေသော ကျနော့် လက်ချောင်းများကိုသာ

အပြစ်တင်ပါ………ပြောချင်တာက

ဘာသာရေး လာ မနွယ်ပါနဲ့ ….ပြီး … ထူးခြားဖြစ်စဉ် လာ မမန့်ပါနဲ့ ……………

ဟာ သက်သက်ဖြစ်ပါတယ်….. နတ်ခတ်တ(ခက်လို့ အသံထွက်အတိုင်းပေါင်းလိုက်ပါသည်)

ပညာရှင်တွေအလိုအရ ကြုံတောင့်ကြုံခဲ ဖြစ်သည် ဆိုတာကို  အတည်ယူပြီး ဆေးပေါင်းခသလေး ..

ထူးခြား ဖြစ်စဉ် ကြုံ ရမလေး … လာလာ မလုပ်ကြပါနဲ့ဆြာတို့ ….

ဟာ  ဖြစ်ပါသည် ဆိုတဲ့ ပကတိ သဘောနဲ့ပဲ ကြည့်ပေးပါ….

တင်ပီဗျာ…

 

 

 

 

 

 

 

 

 

 

 

 

 

သတင်းထူးဖြစ်၏ … သတင်းဦးတော့ မဟုတ်ပါ…ရှေ့မှ တင်သွားပေးကြသော ညီနောင်များကိုနော အလွန်ကျေးဇူးတင်ပါသည်..

[ထပ်မှာမယ်နော ….]

ကွန်ဆာဗေးတစ်ဗ်များနှင့် ..ဒီမို ခရက်တစ်များ တိုက်ပွဲဖြစ်ရန်နေရာမဟုတ်ပါ…လင့်ခ်များ ရှဲရန်နေရာမဟုတ်ပါ….

ပြဿနာရှာ မီးမွေးရန်နေရာမဟုတ်ပါ .…အဲ့ …တခုတော့ရှိတယ်…

ဒါ့ပုံ ကိစ္စနဲ့ ပါတ်သတ်ပြီး ပြောမယ် ဆိုမယ် ဆွေးနွေးမယ် ဆိုရင်ဖြင့် အမြဲတမ်း ၀ဲလကမ်းပါခင်ဗျား …

 

 

ကျနော် ဘယ်မှာ ဘယ်လို လိုသွားတယ် ဘယ်လိုလေးရိုက်လိုက်ရင်တော့ ဘာဖြစ်သွားမယ်…

အစရှိသြaဖင့်တော့ ဆွေးနွေးပေးကြပါခင်ဗျား…..

P.S   နေမ၀င် လိုကောင်စားမျိုး လာမန့်ဖို့ စောင့်နေပါသည်….(ကောင်လေး လိမ်လိမ်မာမာနေကွာ ……

မင်းအတွက် အက္ခရာတွေ စုတဲ့နေရာ မဖြစ်စေချင်ဘူး)

 

 

ခင်တဲ့…

Inz@ghi…

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011