လ ကို လ လိုကြည့်ပေးပါဗျာ ..

ムラカミDecember 11, 20112min13212

ပင်လယ်ဟာ ကိုယ်ပါ….. အမှောင်တွေလာရင် ……

ဘလား..ဘလား… ဘလား …..

 

ဆြာကျောင်း ..(ကိုမျိုးဆွေသန်း)ကပြောဖူးတယ်.. ဆြာ ကေအေတီ ရေးပြီး…ဝိုင်ဝိုင်းဆိုထားတဲ့

သည်သီချင်းလေးအကြောင်းကို …”ကို ကေအေတီက နောက်ဂျွမ်းပစ်တဲ့ နည်းနဲ့ ရေးထားတာဗျ” တဲ့…

ဆြာကျောင်း က ဆက်ရှင်းတယ် … ကိုယ်ဟာ ပင်လယ်  ….. မှောင်လာရင်…. သည်လို ဖွဲ့ရမှာမဟုတ်လား..

သူက ဇောက်ထိုး နည်းနဲ့ နောက်ဂျွမ်းပစ်ထားတာကိုး ………….ဆိုတော့ ဆက်ပြောရရင်………….

သဒ္ဒါ အရဆို ……. ကိုငှက် နဲ့ ပါတ်သတ်ပြီး ဖတ်ဖူးတာလေးတခု ပြန်ပြောပြမယ် …ဘယ်သူရေးခဲ့တာလဲတော့

မမှတ်မိတော့  မရှင်းနိုင်တာ ခွင့်လွှတ်ဗျာ …..သီချင်းဆိုတာ သံဇဉ်ထဲ့ထားတဲ့ ကဗျာ  တဲ့…

ကဗျာမှာ သူ့ ဂုဏ်သတ္တိအရ ….သဒ္ဒါကို override လုပ်ခွင့်ရှိတယ် ….. နောက်ဆုံး …ကာရံကိုတောင်မှ

ကဗျာရဲ့မူလဘူတ သဘောနဲ့ ကင်းကွာလို့ ….ဆွဲခွာထုတ် ခဲ့ကြပြီးပြီမဟုတ်လား ………..

ကဗျာဟာ ကဗျာပဲ …..chemistry equation လို ပုံစံမျိုးနဲ့တောင် ကဗျာ သီလို့ ရတယ် ဆိုတာမျိုးကြွေးကျော်ဖူးတာ..

ကြားဖူးကြမယ် မှတ်ပါတယ်…

 

တော်ပြီဗျာ တော့ပစ်ချော်တော့မယ်. …. ပေးချင်တဲ့ မက်စိ က …လ ကို လ လိုကြည့်ပါ…

ကြည့်စေချင်လို့ …. 3 degree Celsius မှာ ထွက်ရိုက် ပြီး စုထားတာပါ…..

ကျေးဇူးတင်ရန်မလိုပါ …အလွန် အားယားနေသော ကျနော့် လက်ချောင်းများကိုသာ

အပြစ်တင်ပါ………ပြောချင်တာက

ဘာသာရေး လာ မနွယ်ပါနဲ့ ….ပြီး … ထူးခြားဖြစ်စဉ် လာ မမန့်ပါနဲ့ ……………

ဟာ သက်သက်ဖြစ်ပါတယ်….. နတ်ခတ်တ(ခက်လို့ အသံထွက်အတိုင်းပေါင်းလိုက်ပါသည်)

ပညာရှင်တွေအလိုအရ ကြုံတောင့်ကြုံခဲ ဖြစ်သည် ဆိုတာကို  အတည်ယူပြီး ဆေးပေါင်းခသလေး ..

ထူးခြား ဖြစ်စဉ် ကြုံ ရမလေး … လာလာ မလုပ်ကြပါနဲ့ဆြာတို့ ….

ဟာ  ဖြစ်ပါသည် ဆိုတဲ့ ပကတိ သဘောနဲ့ပဲ ကြည့်ပေးပါ….

တင်ပီဗျာ…

 

 

 

 

 

 

 

 

 

 

 

 

 

သတင်းထူးဖြစ်၏ … သတင်းဦးတော့ မဟုတ်ပါ…ရှေ့မှ တင်သွားပေးကြသော ညီနောင်များကိုနော အလွန်ကျေးဇူးတင်ပါသည်..

[ထပ်မှာမယ်နော ….]

ကွန်ဆာဗေးတစ်ဗ်များနှင့် ..ဒီမို ခရက်တစ်များ တိုက်ပွဲဖြစ်ရန်နေရာမဟုတ်ပါ…လင့်ခ်များ ရှဲရန်နေရာမဟုတ်ပါ….

ပြဿနာရှာ မီးမွေးရန်နေရာမဟုတ်ပါ .…အဲ့ …တခုတော့ရှိတယ်…

ဒါ့ပုံ ကိစ္စနဲ့ ပါတ်သတ်ပြီး ပြောမယ် ဆိုမယ် ဆွေးနွေးမယ် ဆိုရင်ဖြင့် အမြဲတမ်း ဝဲလကမ်းပါခင်ဗျား …

 

 

ကျနော် ဘယ်မှာ ဘယ်လို လိုသွားတယ် ဘယ်လိုလေးရိုက်လိုက်ရင်တော့ ဘာဖြစ်သွားမယ်…

အစရှိဩaဖင့်တော့ ဆွေးနွေးပေးကြပါခင်ဗျား…..

P.S   နေမဝင် လိုကောင်စားမျိုး လာမန့်ဖို့ စောင့်နေပါသည်….(ကောင်လေး လိမ်လိမ်မာမာနေကွာ ……

မင်းအတွက် အက္ခရာတွေ စုတဲ့နေရာ မဖြစ်စေချင်ဘူး)

 

 

ခင်တဲ့…

Inz@ghi…

12 comments

  • nigimi77

    December 11, 2011 at 1:16 am

    လ ကို လလို ့ မြင်ပြီး

    အု ကို အုလို ့ မြင်ပါတယ်

    သက်သက်စီနော်

    သေချာတာတော့ မီးမရှိတဲ့ ဒီနေရာမှာ အခု လင်းလင်းထိန်ထိန်နဲ ့

    ရွှေပတ်ကလေးဖွင့်ပြီး လောကစည်းစိမ် ခံစားနေတယ်

  • E.T

    December 11, 2011 at 3:13 am

    ကိုအင်ဂျီး အပေါ်က ၂ပုံက တစ်မျိုးပဲနော်။ သူများပုံတွေက ဘယ်ဘက်အောက်နားလေးက
    တက်လာတယ်။ ဆြာ့ပုံက ညာဘက်အောက် ယွန်းယွန်းလေးက တက်လာသလိုပဲ။ တက်လာတာလား၊ ပြန်ထွက်သွားတာလား။ ပုံတွေက ကမာ္ဘအပြင်ထွက်ပြီး ရိုက်လာသလား ထင်မှတ်ရတယ်။ ကိုအင်ဂျီး ပြောင်းအားတော်တော် ကောင်းတာပဲ။ ဘာပြောင်းကြီးနဲ ့ ရိုက်လိုက်တာလဲ။ ဆန်ဖွပ်တဲ့ အဖိုးအိုနဲ ့ ယုန်လေးတောင် တွေ ့ရတယ် 😀

  • kai

    December 11, 2011 at 4:07 am

    လကို..လလိုကြည့်ပြီး.. သတင်းတခုတင်ပေးလိုက်တယ်.. လကြီးနီမယ်ဆိုပဲ..။
    ပုံကတော့ ..ပြီးခဲ့တဲ့ ဂျွန်လကပုံတဲ့..။
    ဂီဂီရိုက်ထားတဲ့ ပုံတော့ ကြည့်ချင်သား..။
    အရှေ့ကျွန်းကရိုက်ရင်.. နီမဲ့ပုံတော့ မပေါ်ဘူး…

    ဒီတညတော့..လမင်းရေ..နင်နီနှင့်ဦး…။ 😆


    Lunar eclipse will turn moon a fire red
    By Denise Chow, SPACE.com / December 9, 2011
    Saturday’s lunar eclipse promises to make the moon appear supersized and bright red for skywatchers in the Western United States and Canada.
    http://www.csmonitor.com/Science/2011/1209/Lunar-eclipse-will-turn-moon-a-fire-red

  • aye.kk

    December 11, 2011 at 6:22 am

    လဟာလပါဘဲ..
    ဂီဂီကဂီဂီပါဘဲ..
    ချစ်စရာကောင်းနေတာလဲအမှန်ဘဲ..။

  • Yin Nyine Nway

    December 11, 2011 at 9:02 am

    ကင်မရာ ကောင်းကောင်းနဲ့ ချိတ်ရိုက်ထားတာလား
    တယ်ရီထည့်ပြီး ရိုက်ထားတာတော့ သေချာတယ်
    သေသေချာချာ အနီးကပ်ကြည့်နေရသလို ဘွင်ဘွင်ကြီး ပြလိုက်လို့ (လကိုပြောတာ)… ကျေးဇူး

  • Yin Nyine Nway

    December 11, 2011 at 9:03 am

    ကင်မရာ ကောင်းကောင်းနဲ့ ရိုက်ထားတာလား
    တယ်ရီထည့်ပြီး ရိုက်ထားတာတော့ သေချာတယ်
    သေသေချာချာ အနီးကပ်ကြည့်နေရသလို ဘွင်ဘွင်ကြီး ပြလိုက်လို့ (လကိုပြောတာ)… ကျေးဇူး

  • windtalker

    December 11, 2011 at 10:51 am

    မင်းသိင်္ခ ရဲ ့မနုစာရီ ဝတ္ထုထဲ က လို စိတ်ကူးယဉ်မိသွားတယ် ။
    ကိုယ်တုံးလုံးချွတ်ပြီး လရောင်လှုံမလား လို ့။
    အင်တာနက်ထဲ ပါလာမှာ စိုးလို ့မလုပ်ဖြစ်ခဲ့လိုက်ဘူး ။

  • naywoonni

    December 11, 2011 at 11:47 am

    ကပေရေ…. နင်လရောင်လှုံလည်း မကြည့်ချင်ပါဘူး ဟို မော်ဒယ်လေးဆိုတော်သေး ……။ အဲဒိလို ကြောင်မလေး ဆိုရင်တော့ ကြည့်ချင်သား…………။။။
    ဂီဂီရေ………။ “လ” ကို “လ” လို့ မမြင်လို့ ဘယ်လိုမြင်ရမှာလဲ ………။။ ဟွင့် ……..စဉ်းစားရခက်အောင်တော့ လာမစားနဲ့နော် ………ဒါပဲ…။

  • ဦးဘဇင်း

    December 11, 2011 at 11:53 am

    လ ကြပ်တာလား လ ချောင်းဆိုးတာလားတိဝူး
    မဆီအဆိုင် ဟိုသီချင်းတစ်ပုဒ် သွားသတိရမိတယ်
    ဘာတဲ့
    total Eclipse of the heart ဆိုလား
    ဘာအဓိပ္ပါယ်လဲတော့ မမေးနဲ့ တိဝူး
    ဆိုင်းထီးဆိုင် သီချင်းထဲကလိုဘဲ
    ဘာရယ်ညာရယ်ကိုယ်လေမသိဘဲ ဆွေးးးးးးးးးးးး

  • naywoonni

    December 11, 2011 at 6:12 pm

    မဆီလေးရယ်တဲ့ ကြံမဆိုင် ……… ဝုတ်ပါဘူး အိုမဆိုင် ဘယ့်နဲ့ ဘယ့်နဲ့ အနီတွေထိထားတာလဲ အဲဒိဒိုင်ကို အနီပြပြီး ပြန်ထုတ်လိုက်ရတာကောင်းမယ်ထင်ရဲ့…။ စောစောလေးက အပြင်မှာ သီချင်းတစ်ပုဒ်ကြားခဲ့လို့………..။ ဘာတဲ့ ခေတ်ဟောင်းတေးမိုနိုပါ…………။ ” ချစ်သူမုန်းလို့ ငွေလရယ် ကုန်းနေတာလားကွယ်” တဲ့ …..။ ခုတော့ ” ချစ်သူဖြတ်လို့ ငွေလရယ် ကြပ်နေတာလားကွယ်” လို့ ပြောင်းဆိုရရင်ကောင်းသား နော့

  • မင်းပြည့်ရှိန်

    December 12, 2011 at 1:39 am

    ဟုတ်ဒယ်
    လ ကို လ လို့ပဲ မြင်ဖို့ လိုတယ်

    သံပုံးတွေ တဒုန်းဒုန်းခေါက်တဲ့ သူတွေကို သောက်မြင် ကပ်ခဲ့တယ်။
    ဘာညာ ဘာညာ ဆိုပြီး မဲဇလီဖူး သုပ်စားတဲ့ ကောင်တွေကို သောက်မြင်ကပ်ခဲ့တယ်။
    သောက်ဖြစ်မရှိတဲ့ အတွေးတွေ ရှိနေလို့ ဘာလို့ ညာလို့ ဆိုပြီး မြည်တွန်တောက်တီးခဲ့တယ်။

    ကံ ကံ ၏ အကျိုးကို မယုံဘဲ နက္ခတ်တွေ စုံတာကို ကျေနပ်နေတဲ့ သူတွေကို မြင်ပြင်းကတ်ခဲ့တယ်။

    အင်း .. ပြောရရင် မိုးခေါင်လို့ လွန်ဆွဲကြသူများလိုပါပဲ……………………
    လွန်ဆွဲလို့ များ မိုးရွာခဲ့ရင်………………..

  • blackchaw

    December 14, 2011 at 12:27 pm

    လ ကို လ လို ကြည့် သွားပါသည်။

Leave a Reply