“ခက်ပါသည်”

aye.kkDecember 11, 20111min1034

ယုံကြည်သဒ္ဒါ
လှူကာအမှန်
ကြံစည်စိတ်ကခက်ပါသည်
စိတ်မှာအကြံ
လှူပြန်ချင်က
နှုတ်ဟဖွင့်ရခက်ပါသည်
နှုတ်လွယ်ဖွင့်ဟ
ပြောကလှူလျှက်
လက်တွေ့ကျကခက်ပါသည်
လက်တွေ့ပေးလှူ
ပြုပြီးဟူက
မပူပန်ဘို့ခက်ပါသည်..။

4 comments

  • windtalker

    December 11, 2011 at 11:31 am

    ဒီနေရာမှာတော့
    တစ်ခုခုလုပ်ဖို ့စိတ်ကူးပေါ်ရင်
    စိတ်မြန် လက်မြန်ရှိတဲ့သူတွေ
    တာသွားတယ်လို ့ထင်မိပါကြောင်း

  • သဒ္ဒါယုံကြည်
    ှလှူပြန်လျှင်
    စိတ်ကြံစည်ဘို့ခက်ပါသည်။
    ကြံစည်စိတ်မှန်
    လှူချင်ပြန်
    ဖွင့်ဟပြောရန်ခက်ပါသည်။
    နုတ်မှပြောကာ
    လှူရန်ကြံ
    လက်တွေ့လုပ်ရန်ခက်ပါသည်။
    လက်တွေလုပ်ကာ
    လှူပြီးပြန်
    မပူပန်ဘို့ခက်ပါသည်။

  • naywoonni

    December 11, 2011 at 12:52 pm

    ချစ်ခြင်းအမှန်
    ပြောမည်ကြံ
    အဖြေရဖို့ခက်ပါသည်…။
    ချစ်သူအမှန်
    ဖြစ်ကြပြန်
    အတူနေဖို့ခက်ပါသည်..။
    အတူနေရန်
    ကြံကြပြန်
    ထမင်းစားဖို့ ခက်ပါသည်….။
    ထမင်းစားဖို့
    ရှာကြပြန်
    အာဇီဝ ဖို့ ခက်ပါသည်….။
    အဟတ်….. စတာနော် ကိုအေးကိုကို

Leave a Reply