“စဉ်းစားကြည့်သော်”

aye.kkDecember 11, 20111min560

အာဏာပေါ်တွင်
ဖင်ခုထိုင်က
လိုတရသည်
ကောင်းလှဟုထင်၊ငါ့အမြင်..
ငါ၏ဘဝ
အညဩတ
ဘာမျှမပိုင်
မှိုင်ကာဒုက္ခ၊စိတ်ပူပင်..
အာဏာရှိသူ
မရှိလူဟု
တွေးယူပူမိ
မချိသော်တည့်
စဉ်းစားကြည့်သော်
ငါ၏ရင်ကား
မြိုက်မီးပွားလျှင်
ထကားတောက်လောင်ရချေသည်..။