အီးတီ၏ ရိုက်ချက်များ

E.TDecember 11, 20114min21322

ဒီရေဘဝဲကို ကြည့်ရင်း ရွာထဲမှာပြောသလို အစိမ်းလိုက် စိစိညက်ညက် ကိုက်စားလိုက်ရရင်လို ့ စဉ်းစားလိုက်သေးတယ်။ ကျွန်တော်စဉ်းစားတာကို ရိပ်မိလို ့ ထင်ပါတယ် အထဲကို ဝင်ပုန်းနေတယ်။

ပုံကတော့ ဖိုက်တာပဲ။ Betmanကို အားကျလို ့ ထင်ပါတယ်

ကိုယ်ရောင်ဖျောက်ပြီး ဇိမ်ကျနေတာ။ ရွာထဲမှာလည်း ကိုယ်ရောင်ဖျောက်တတ်တဲ့ သူတွေရှိတယ်။ နာမည်ပြောင်ကတော့ ပုတ်ပုတ်လို ့ခေါ်တယ်။ ရန်စလိုက်ပြီ 😛

ဘာကိုမျှော်နေလဲ မသိဘူး အသည်းယားစရာ လေးတွေ။ ဒေါ်တုန်ကတော့ ဒါမျိုးအသည်းမယားလောက်ဘူး

 

ဒါလေးက အမလေးလား မသိဘူး။ မျက်လုံးလေး ခြယ်ထားပြီး ပဲပေးနေလို ့
ပုတ်သင်ညိုလား၊ ရေပုတ်သင်လား၊ တောက်တဲ့လားမသိ သေချာတာတော့ ကပေါက်ဖော် အမျိုးပဲ

 

ဓာတ်ပုံရိုက်တဲ့သူက ခန် ့ချောကြီးမို ့လို ့ထင်တယ် ငါးတောင်လာငေးတယ်

 

ဒီလူဝံကြီးက ဘီဘီသောက်တယ်ထင်တယ် နည်းတဲ့ဗိုက်ကြီးမဟုတ်ဘူး။ ပေ၊ ပေါက်၊ မှော်၊ စည်၊ ဂီ၊ လူး တို ့သတိထားကြ

 

ကြောင်မျိုးနွယ်တွေ အပျင်းတစ်နေတာ

 

ပုတ်ပုတ်လေးတွေက အစာတောင်းမယ် ဆိုတာကြီးပဲ

 

အစကမတင်တော့ဘူးလုပ်ထားတာ တစ်ကောင်ထဲ အားငယ်နေမှာစိုးလို ့ တင်လိုက်တာ

ငယ်ငယ်တုန်းက ချောင်းသာသွားတုန်း ဒီပုံစံအတိုင် ချွတ်စွတ်တူတဲ့ခရုလေး ကောက်ရဖူးတယ်။ ကြိုက်လို ့ ခေါင်းအုန်းဘေးမှာ ထားအိပ်တာ မနက်ကြတော့ အဲဒီကောင်ကနေရာ ရွေ ့နေတယ်။ ကိုယ်များ အအိပ်ကြမ်းလို ့လားပေါ့ ဘယ်ဟုတ်မလည်း အထဲမှာ ဝင်ကစွတ်ပါ ပါလာတယ်။ နည်းနည်းနောနော အကောင်ကြီးမဟုတ်ဘူး။ ရန်ကုန်ပြန်ရောက်မှသိတယ်။ အဲဒါနဲ ့ ဘာလုပ်ရမှန်း မသိတာနဲ ့ သူများကို လက်ဆောင်ပေးလိုက်တယ် 😀

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

22 comments

  • Moe Z

    December 11, 2011 at 11:13 am

    ငါးက ဂြိုဟ်သားမမြင်ဘူးလို့လာကြည့်တာကို
    သူ့ကိုယ်သူခန့်ချောကြီးတဲ့ ဟိ ဟိ
    ပုဆိုးကြော်ငြာလားဟင် 😀 😀

  • windtalker

    December 11, 2011 at 11:25 am

    ကရင် အီးတီ ကြည့်ရတာ
    ချိုင်းနား မှာ ရွာလည်နေပြီ ထင်ပါရဲ ့
    ဖိုးသူတော် ရွာလည်ရင် ဆန်ပိုရတယ် ဆိုလား..
    ဆိုတော့ ကရင်အီးတီ ရွာလည်တော့
    ကျုပ်တို ့အတွက် ဓါတ်ပုံများများ ပိုရမှာပေါ့ နော

    • E.T

      December 11, 2011 at 12:51 pm

      ကိုပေ ရွာလည်ရင် အိမ်ပြန်လို ့ရသေးတယ်။ ကမာ္ဘလည်နေတော့ ပြန်ချင်တိုင်း ပြန်လို ့ရဘူးဗျ 🙁 ပြန်လို ့မရမယ့် အတူတူ ရွာသားတွေ အတွက် ဓာတ်ပုံထွက်ရိုက်နေတာ။ သွားတာတော့ စိုင် ပစ်မလို ့ပဲ။ ရွာထဲက ပရိုတွေလို ပစ္စည်းအစုံမရှိတော့ ပစ်လို ့မရဘူး။ သူ ့တို ့က အဝေးကပစ်တာ။ ကိုယ်ကအနီးကပ် ပစ်ရမှာ။ အခန် ့မသင့်ရင် ပါးကွဲပြီး အချုပ်ကျနိုင်တယ်။ ငြိမ်နေတာဘဲကောင်းပါတယ်လေ။ လောလောဆယ် စိုင် ဆိုလို ့မူးလို ့ရှူစရာတောင်ရှိဘူး မယုံရင် ဂီဂီ မေးကြည့် 🙁

  • Yin Nyine Nway

    December 11, 2011 at 12:12 pm

    ကြည့်လို့ကောင်းတယ်
    ရေဘဝဲကတော့ ပြောမနေတဲ့
    တွေ့ရင် ချက်စားချင်တယ်… ဒင်းကို

  • ဆူး

    December 11, 2011 at 12:27 pm

    လူဝံ မျောက်ဝံ ဝက်ဝံ.. ဝံမှန်သမျှ အကုန်ပါအောင် ရိုက်ခဲ့ပါဆိုမှ..

  • blackchaw

    December 11, 2011 at 2:12 pm

    ငါ့ညီလေး ပိုက်ပိုက်တွေ ကုန်ပါပြီဗျာ။
    ကျေးဇူးဗျာ။ အီးတီရေ။
    မည်သို့ပင်ဆိုစေကာမူ ချောကလက်နော် ချောကလက် ။
    မကုလားမ အတွက်ချောကလက် မမေ့နဲ့ဦး။

    • E.T

      December 11, 2011 at 2:31 pm

      ချောကလက်က ဂယ်ကြီးဝယ်လာရမှာလား။ ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးလက်ဆောင် အဖြစ် အော်မေ့ဂိုဏ်းသူတွေ အတွက်အဓိကထားပြီးဝယ်ရမယ်။ ပြဿနာဖြစ်ရင် ဦးဘလက်ရှင်း 😀 တားတားနဲ ့ဆိုင်ဝူး။ ပြေးပီ ဝှီးးးးး

  • ကြောင်လတ်

    December 11, 2011 at 2:36 pm

    လည်ဆံမွှေးဖွားဖွားနဲ့ ခန့်ချောကြီးက ဘယ်သူဖြစ်မလဲ၊
    ခေါင်းပျောက်နေတဲ့တစ်ကောင် က ပက်လက်အိပ်နေတာလား။

    • ကြောင်ကြီး

      December 12, 2011 at 12:51 pm

      လည်ဆံမွှေးဖွားဖွားနဲ့ ခန့်ချောကြီးက ဘယ်သူဖြစ်မလဲ။
      အဲဒါ ငါလေကွ……. 😎 နင်တို့ မကျေနပ်ရင် သူ့အနားက အကောင်တွေ ဖြစ်လို့ရတယ်။ လုပ်မလား၊ ကြိုဆိုပါတယ် ကြိုဆိုပါ၏။။။ 😳

  • manawphyulay

    December 11, 2011 at 3:54 pm

    ဓာတ်ပုံရိုက်တဲ့သူက စားတော့ ဝါးတော့မယ့်ပုံ ပေါက်နေတော့လည်း ငါးက လန့်ပြီး ပြူးကြည့်တာနေမှာပေါ့နော်…. 😛

    • E.T

      December 12, 2011 at 12:45 pm

      မ မနောနဲ ့ မိုးဇက်တူတူပဲ ခန် ့ခန် ့ညားညား ကျွန်ုပ်မောင်ဂြိုလ်သားလေးအား မမြင်ဖူးသေးပေဘဲကိုး။ ရှိစေတော့၊ ရှိစေတော့။

      • Moe Z

        December 12, 2011 at 12:53 pm

        ဂြိုဟ်သားက ဂြိုဟ်သားရုပ်ပေါ့ကွယ် ..
        ဘယ်လိုထူးပြီးခန့်ညားမှာတုန်း 😛

        • E.T

          December 12, 2011 at 1:36 pm

          မိုးဇက်က ဂြိုလ်သားကို ရုပ်ရှင်ထဲကလို ထင်လို ့နေမှာပါ။ ဘယ်လိုထူးပြီး ခန် ့ညားတယ်ဆိုတာ ပြောရင်ယုံမှာမဟုတ် မြင်ဖူးမှသိလိမ့်မယ်။ အဲဒါကြောင့် ပြောတော့ဘူး 😀

  • MaMa

    December 11, 2011 at 5:16 pm

    ကြောင်မျိုးနွယ်တွေကို ဘယ်တုန်းကတည်းက ရန်ငြိုးထားသလဲ မသိဘူး။ ကြုံတာနဲ့ ဆော်တော့တာပဲ။
    ခရုကောက်လာပြီး ဝင်ကစွတ်ကောင်ပါတော့ သူများပေးပစ်တယ်တဲ့ ဂြိုလ်သားတွေဆီက လက်ဆောင်ဆို သတိသာထားပေတော့။

  • etone

    December 12, 2011 at 9:32 am

    ကိုအီးတီရေ .. ဘာကိုမျှော်နေလဲမသိဘူးဆိုတဲ့အကောင်လေးတွေက မြွေလေးတွေလား … ။
    တကောင်တည်းက သိပ်မသိသာပေမယ့် … အခုလို အကောင်တွေများကြီးစုပြုံတွေရတော့.. အသည်းယားတယ် 🙄
    အမြင်ဆန်းတာတွေ မြင်ရလို့ ကျေးဇူးပါနော် 🙂

  • ပေါက်ဖော်

    December 12, 2011 at 10:28 am

    ကိုပေ..
    လျှော့သောက်ဗျာ..
    ငုတ်တုတ်ထိုင်နေတာ…ဗိုက်တော်တော်ထွက်နေတယ်..
    😆

  • စုံ စုံ

    December 12, 2011 at 1:45 pm

    အိတိက ကျွန်တော့အမျိုးပုံတွေမြင်ဖူးအောင်လာကြည့်ပါဆိုလို့နော်
    တကယ်လာကြည့်သွားတယ် 😛
    အမျိုးသိုက်သိုက်ဝန်းဝန်းနဲ့ဆိုတော့ပျော်စရာကောင်းမှာဘဲ
    ပြန်လာရင်သူတို့အတွက်ပါလက်ဆောင်ဝယ်လာခဲ့
    လက်ဆောင်မပါလာရင် စိတ်ကောက်နေကြဦးမယ် 😀 😀

  • နွယ်ပင်

    December 12, 2011 at 2:28 pm

    အီးတီရဲ့ အမျိုးအင်အားက တော်တော်တောင့်တာပဲ …. 🙂
    အားတဲ့အချိန်ရောရှိရဲ့လား အမျိုးတွေအိမ်လျှောက်လည်နေရတာနဲ့ ….. 😛 😀

  • koaung

    December 12, 2011 at 2:45 pm

    ဒတ်ပုံတွေက နေပြည်တော်မှာရိုက်တာလား(ဖွယ်တာ) 😀

  • ကိုရင်စည်သူ

    December 14, 2011 at 2:04 pm

    လာအားပေးသွားပါတယ်… ပင်လယ်အီးတီကြီးရေ…
    ပျော့ပျော့စိစိတွေဆိုတော့ အသည်းတောင်ယားတယ်ဗျ….
    အမြည်းတောင် ဒီကကောင်က ခပ်မာမာ ကြွပ်ကြွပ်တွေမှ
    မှာစားတတ်တာ… ဘူးထွား… ထွား… 😛

Leave a Reply