“ရန်ကင်းတောင် ပါတ်ပါတ်လည်က အောင်ပင်လယ်”

ရန်ကင်းတောင် အရှေ့ဘက်ကကျောက်လမ်းလေးအတိုင်းလိုက်သွားရင် ဆည်တော်ကြီးကနေလာတဲ့ရေတွေကိုလွှတ်ထားတဲ့မြောင်းကိုရောက်ပါတယ်။

အဲဒီမြောင်းကလေးမရောက်ခင် လမ်းအနောက်ဘက်မှာတော့ စိုက်ပြီးသမျှကို

ပြန်ရိတ်သိမ်းနေကြတဲ့လယ်သူမတွေကို တွေ့ရပြန်ပါတယ်။

 

မြောင်းကိုကျော်လိုက်ရင်တော့ အမ်အိုင်တီခေါ်တဲ့မန်းလေးစက်မူ့တက္ကသိုလ်။

အဲဒီမြောင်းဘောင်က တောင်တည့်တည့်သွားရင် ပြင်ဦးလွင်ကို သွားတဲ့လမ်းနဲ့သွားဆုံပါတယ်။

အဲဒီမြောင်းဘောင်ရဲ့ အရှေ့ဘက်မှာတော့ စိမ်းစိုနေတဲ့ သစ်ပင်တွေ။

ဟိုးအဝေးမှာတော့ ရေတံခွန်တောင်နဲ့ရှမ်းရိုးမ။

လမ်းဘေးမှာရှိနေတဲ့မန်းကျီးပင်အိုကြီးရဲ့အသက်က သိပ်တော့ငယ်မယ်မထင်ပါဘူး။

ဒီမြောင်းကြီးက ရှမ်းရိုးမနဲ့အပြိုင်ဖောက်ထားတဲ့လမ်းမကြီးပါဘဲ။

1 ကောက်ရိတ်သိမ်းနေကြတဲ့ လယ်ယာလုပ်ငန်းခွင်ကလုပ်သားတွေ

3 အရှေ့မြောင်းောင်က မြင်ရတဲ့ ရန်ကင်းတောင်

4 ဆည်တော်မြောင်းနဲ့ အဝေးကတောင်

5 မြောင်းတစ်ဘက်က တောင်တန်းရှမ်းရိုးမ

6 မြောင်းဘောင်ဘေးက မန်းကျီးပင် သက်တမ်းအတော်ရင့်နေပြီ

7 ရေမြောင်းတစ်ဘက်ကမ်းက စိမ်းညိုနေတဲ့ သစ်ပင်တွေနဲ့ရှမး်းရိုးမ

8 ရန်ကင်းတောင်ကို အနောက်မြောက်ဘက်က မြင်ရတဲ့ပုံလေးပါ

9 ထွန်ယက်စ လယ်ကွက်နဲ မိုးပြာရောင်ကောင်းကင်

10 စိမ်းဝါရောှယှက် တိမ်ပြာ စွက်သော်

10 ပန်းချီကားတချပ်ကြည့်ရသလိုပါဘဲ

11 လယ်ကွင်းစိမ်းဝါ တောင်တခိုညို့ဆိုင်း ဖြူလွတိမ်လွာ မိုးပြာပြာ

တောင်ဘက်ကို တည့်တည့်ဆက်သွားနေရာက ကွေ့ ချိုးသွားတဲ့လမ်းလေးအတိုင်း

အနောက်ဘက်ကို ဆင်းလိုက်တော့

ကြီးမားလှတဲ့ လယ်ကွင်းပြင်ကြီးရဲ့အလယ်ကိုရောက်သွားပါတယ်။

အခုချိန်မှာတော့ ရင်မှည့်စပြုနေတဲ့ လယ်ကွင်းပြင်ရော

နောက်ထပ်စိုက်ဘို့ အတွက် အသင့်ပြင်နေတဲ့ထွန်ယက်ထားတဲ့

လယ်ကွင်းတွေရော တွေ့ရပါတယ်။

ဒီနေရာက ကြည်ရင် မူံပြပြ မန်းလေးတောင်ကို မြူတွေကြားထဲကနေ

မပီမသလေးမြင်နေရပါတယ်။

သာယာလှတဲ့နေရာလေးတစ်ခုပါ။

မန်းလေးများရောက်ခဲ့ရင်သွားကြည့်သင့်တဲ့နေရာလေးတစ်ခုပါဘဲ။

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(10-12-2011)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။