Steve Jobs 2.0

ムラカミDecember 11, 20111min26329

ဘာလိုလိုနှင့် Jobs ကွယ်လွန်သည်မှာ ၃လ ပြည့်တော့မည်ဖြစ်သည်…….

Tim Cook သည် Apple Inc. ကို ဦးဆောင်နိုင်မည်လား ဆိုတာ

မေးခွန်းထုတ်စရာ ဖြစ်လို့နေသေး၏…..

 

ခုတော့ iPad II နှင့် iPhonee 4GS အရှိန်နှင့် အားကောင်းမောင်းသန်

ခုတ်မောင်းနေဆဲ …သို့ရာတွင် အနာဂါတ်ကို ဘယ်သူသိပါသလဲ….

 

နောက်ထပ် ထုတ်လုပ်မည့် Product သည် ကံကြမ္မာကို မည်မျှ

သက်ရောက်မှု ရှိပါအံ့နည်း….

 

Cook အပေါ် သံသယ မကင်းကြသော Boards of Directorsနှင့်

share holders များ က စင်မြင့်ပေါ်သို့ ..လူတယောက်ကို ဆွဲတင်လာကြသည်…..

Jobs ကဲ့သို့ပင် miracle များ ယူဆောင်လာမည်ဟု အားလုံးက လက်ခံနားလည်ပေးကြလေ၏

မကြာမီ ပင် seminarများ press release များ… ပြုလုပ်လာလိမ့်မည်ဟု ခန့်မှန်းထားကြသေးသည်….

 

New York Times နှင့် Entrepreneur magazine တို့မှ အင်တာဗျူးရန် ချိတ်ဆက် နေကြသည်ကိုလည်း

ကြားနေရသည်… Obama အစိုးရကလည်း …ထိုသူ၏ personal profile ကိုရှာဖွေ

မွှေနောက် ဖတ်ရှုပြီး အံ့ဩဘနန်းဖြစ်ကြရသည်ဟု ဆိုလေသည်…

Microsoft နှင့် Google တို့ကို ဇောချွေးပြန်စေမည့်လူ

ဟု သတ်မှတ်ခြင်းခံရလေသည်…

ထိုသူသည်ကား …. Silicon Valley ၏ အရှင်သခင်သစ်…

Steve Jobs ၏ ပလ္လင် ကို ဆက်ခံသူ…

 

အနာဂါတ် အိုင်တီလောက၏ ကြမ္မာကို ရေးချယ် ဖန်တီးမည့်သူပင်

ဖြစ်ချေတော့သည်..

 

အနှီလူငယ်သည် လွန်စွာမှ စူးရှသော အမြင်ရှိ၏

လွန်စွာမှ ပြင်းပြသော စိတ်သဘောရှိ၏

ထို့အတူ လွန်စွာလည်း ကြင်နာသနားတတ်၏

လွန်စွာ ဖန်တီး တွေးခေါ်လေ့လာ မှု အားကောင်းပြီး

လွန်စွာလည်း စိန်ခေါ်လိုစိတ် …ပြင်းထန်သူဖြစ်သည်….

 

 

ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းကို Shoulder-to-shoulder ဟု

သမုတ်ကြပေသည် …. Steve Jobs 2.0 သည်ကား …

Head-to-head လောက် ပြောမှသာ တန်ခါကျမည့် လူစားမျိုးပင်တည်း…

 

ထို့အတူ သူသည် ကျွန်ုပ် အလေးစား အားအကျရဆုံး Marketer တယောက်လည်းဖြစ်ချေရာ…

ထိုလူ့အကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်လိုက်ရပါတော့သတည်း။

.

.

.

.

.

.

.

.

Steve Jobs 2.0 ၏ပုံ…

 

 

 

 

လေးဇားခင်မင်ဇွာ….

Yours Original Inz@ghi

29 comments

  • Moe Z

    December 11, 2011 at 3:02 pm

    အဟုတ်မှတ်လို့ ဖတ်လာတာ …
    ပုံမြင်မှသဘောပေါက်တော့တယ်
    Junior Steve Jobs ပေါ့ ရီရတယ်နော် ဗျဲ 😀 😀

  • pooch

    December 11, 2011 at 3:53 pm

    ကိုယ့်ကိုကိုယ်ဖော် မသူတော်လို့လည်း ပြောကြတယ် ဆိုတော့ကာ :mrgreen:
    just kidding !!!!

    • inz@ghi

      December 11, 2011 at 4:03 pm

      နောက်တာပါဗျာ ….
      re-touch technique တခု ပြောပြချင်တာ …
      စိတ်ဝင်စားလား မသိ မဝင်စားလားမသိရယ်လေ …..

      နောက်ပြီး …
      ဘယ်လိုပြောပြရမလဲ မသိတော့ intro ဆန်ဆန် ရေးလိုက်တာပါ….

      😀

  • MaMa

    December 11, 2011 at 4:36 pm

    သိတဲ့သူက စလိုက်တော့ စတိဂျော့ 1.5 ဆိုတာပေါ်သွားတာပေ့ါ။ 😀
    အရည်အချင်းတွေ ရေးထားတာ ရှယ်ပဲ။
    Apple Inc. က Boards of Directorsနှင့်
    share holders များ က အဲဒီ လူငယ်ကို မတွေ့ရှိသေးလို့ သူတို့ရဲ့ အနာဂတ်ကို ခေါင်းခြောက်နေကြတာဖြစ်မယ်။ 😆

  • kai

    December 11, 2011 at 5:42 pm

    တလောကတော့.. ပန်းသီးကိုက်ပုံကို.. ဂျော့စ်ပုံထည့်လိုက်တဲ့..ကျောင်းသား..ဟောင်ကောင် တရုတ်ကလေးက.. ဗားရှင်းတက်လို့နေခဲ့ပါတယ်..။ 🙂
    ဂီဂီက.. အနံ့ကိုပရင့်ထုတ်သလိုထုတ်လို့ရတဲ့.. ပရင့်တာထွင်ပါလား..
    ဂျောစ့်ထက်နာမယ်ကြီးမှာသေချာတယ်..။

  • windtalker

    December 11, 2011 at 7:08 pm

    ဂေါက်သွားတာလား ပေါက်သွားတာလား ဇာဒူးကြီး
    အဟုတ်မှတ်လို ့ဖတ်လာတာ ၊ စာလည်းဆုံးရော ငါ့စာအုပ်တွေ မပြေးသွားတဲ့ ငတိပုံ မြင်လိုက်ရတော့တာဘဲ
    ဟီဟိ

  • E.T

    December 11, 2011 at 7:50 pm

    ဘာများလဲလို ့ Steve Jobs 2.0 တွေလုပ်နေသေးတယ်။ နှူးဘာ ဂိုဏ်းချုပ် ဂီဂီ လို ့ခေါင်းစဉ်တက်လိုက် ပြီရော။ ဓာတ်ပုံတင်ရင်လည်း လူစိတ်ဝင်စားအောင် ကိုယ့်ကိုကို်ယ် စိုင်လို ့သဘောထားပြီး ရင်လေးကော့၊ တင်လေးကောက်ပြီး ရိုက်တာမဟုတ်ဘူး။

  • memeseku

    December 11, 2011 at 8:04 pm

    ချောထှာ…ကဇာရယ်….

  • Thanlwinoo

    December 11, 2011 at 8:42 pm

    ကျွန်တော်တို့ ဆရာဂီကို Steve Jobs လောက်နဲ့ မနှိုင်းပါနဲ့ဗျာ…..။

  • blackchaw

    December 11, 2011 at 9:07 pm

    သီချင်းတစ်ပုဒ်ကို
    နားထောင်ပြီးတော့ မေ့ပစ်လိုက်တယ်လား
    အော့အော်အော်အော်အော်အော်အော်အော်။
    စတိဗ်ဂျော့ကို ခင်ဗျားက လွမ်းဆွတ်သတိရတယ်လား
    အော့အော်အော်အော်အော်အော်အော်အော်…။

    • inz@ghi

      December 11, 2011 at 9:09 pm

      နောက်နဲ့ …
      ဟွန့်….
      ထမင်းလွတ်ပါတယ်ဆို…

      နောက်မှ progress တင်ပေးမယ်ဗျာ..

      😀

  • inz@ghi

    December 12, 2011 at 12:05 am

    ဒုတိယ ၁ပုံ တင်အပြီးမှာ ပို စိတ်ဓါတ်ကျလာပါသည်…
    သို့သော် …. ပိုမို နားလည် လာပြီဖြစ်သည်…

    တို့နေသည်မှာ …၁၆နာရီရှိပြီ ဖြစ်သည် …အနှီ တက္ကနစ်ကို လေ့လာတာပြောပါတယ်…
    လူမှုရေးတွေလည်း ပျက်ကွက် ….. မျက်စိလည်း ညောင်း ခါးလည်းညောင်း …
    (ဘတ်ထ် …အမှတ်မရှိသေးဝူးဗျ …ထပ်လုပ်ဦးမှာ….)

    ကဲ ကျနော် ရှဲပြီဗျာ …

    ဖိုတိုရှော့ပ့် CS 2 နှင့်အထက်ရှိရင် လုပ်လို့ပါတယ်ဗျ…

    ၁။ background ကို လှီး ထုတ်ပါ…. (ကြိုက်တဲ့ tool သုံးဗျာ … BG မလှီးတတ်ရင်တော့ …အောက်က step
    တွေ ဆက်ဖတ်လည်း အသုံးဝင်မှာ မဟုတ်လို့ပါ….. PS တီးမိခေါက်မိဆို စမ်းလို့ရပါတယ်ဗျ…)
    ၂.http://www.adobe.com/cfusion/exchange/index.cfm?event=extensionDetail&loc=en_us&extid=2596022
    မှာ customized-brush ဒေါင်းပါ
    ၃.လူပုံ ကို copy layer လုပ်ပါ ပြီး visible ကိုဖျောက်ထားပါ
    ၄. new layer ယူပါ..
    ၅. ထို layer အပေါ်မှ လူပုံ ကို ပြန့်ကျဲ အက်ကွဲ စေချင်သော နေရာများကို paint brush tool သုံး၍ customized brush ဖြင့်
    ပွတ်ပါ (direction , brush size, spacing ဉာဏ်ရှိသလို သုံးစွဲပါကုန်…)
    ၆. အောက်တွင် ရှိသော လူပုံ layer ကို ပွားပါ ….ဆိုက်ချဲ့ပါ …၁၅၀%လောက်
    ၇. ထို layerကိုပင် liquefy tool ဖြင့် ဝတုတ်လာသည် ပြဲကွဲလာသည် ထင်ရအောင် ဆွဲဖြဲပါ
    ၈. layer/ layer mask တွင် hide all ကိုပြောင်းပြီး ဖျောက်ထားပါ
    ၉. နောက်ထပ် brush ရွေးပါ …ဆိုက်ချိန်ပါ ..ထို့နောက် …ပျံ့ကျဲ ထွက်စေလိုသော နေရာများ တွင် …(ဖျောက်ထားသော လူဝ
    ကြီး ရှိနေမည့် နေရာများတွင်) ပွတ်ပါ .. …
    [အချိန်ပေးရင် ပေးနိုင်သလို ဉာဏ်ကစားရင် ကစားနိုင်သလို တကယ့် ပျံ့ကျဲထွက်နေသည့်အလား ….ဖန်တီးနိုင်ပါသည်]
    ၁၀. အဆင့်လေးမှ new layer ယူထားသော နေရာကို ပြန်သွားပါ …. layer mask/ reveal all ထားပါ.. blending mode
    ကို နှစ်သက်ရ သင့်လျော်ရာ ပြောင်းပါ ….mask ကို အမည်းပြောင်းပါ …ထို့နောက် မပျံ့ကျဲသည့် နေရာများကို
    သာမန် brush ဖြင့် လိုက်ပွတ်ပါ…

    ၁၁.သင့် ဓါတ်ပုံသည် မှန်ကွဲတခုကဲ့သို့ ပျံ့ကျဲ စုတ်ပြတ်သတ်သွားသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရမည်ဖြစ်သည်…

    မူရင်း ကျူတိုရီရယ်လ် ကို ဤတွင် ကြည့်ပါ
    http://www.youtube.com/watch?v=JUjXJ5ZPO5M&feature=related

    P.S thx u Mr.seantsubaki for ur inf:

  • small cat

    December 12, 2011 at 9:04 am

    ဆရာဂီ ရဲ့ နည်းပညာ စာစဉ်များ ပြန်လာပြီ

  • ပေါက်ဖော်

    December 12, 2011 at 10:44 am

    မိပဟာ
    ဂိမဟာ..
    စတိဗ် ဇာ

  • Wow

    December 13, 2011 at 12:33 pm

    တောက်တဲ့တော့ ကိုယ့်ဂုဏ်ကိုအဖေါ်ကောင်းလို့ သစ်ခေါင်းထဲကတောင် မထွက်ဝံ့ဘူးနော်… တော်ကြာ… ဆေးဖေါ်တဲ့အထဲပါသွားမယ်….
    နောက်ထှာ…
    😀

    • inz@ghi

      December 13, 2011 at 12:40 pm

      အင် ..
      ဘယ်နားလေးက တောက်တဲ့နဲ့ တူနေဒါလဲဟင်င်င်…..
      တားတား ကြည့်မိတာတော့ အနှီရုပ်ရည်ပိုင်ရှင်လေးဟာ
      လူဂျောလေးဘာကွယ်

      • Wow

        December 13, 2011 at 12:47 pm

        ဟယ် သူက တူ့အတင်းပြောတဲ့သူကို စတန်းဘိုင် စောင့်ကြည့်နေဒါတော့…
        Background ကို Polygonal Lasso tool နဲ့ ဖြတ်ထုတ်ရမှာလား…?

        • inz@ghi

          December 13, 2011 at 12:51 pm

          လာဆိုမသုံးနဲ့ pen tool သုံးဗျ…
          တတ်နိုင်ရင် ဘမ်ဘူးပက် လေးဝယ်သုံး..
          http://www.google.com/#q=bamboo+pad&hl=en&safe=off&prmd=imvns&source=univ&tbm=shop&tbo=u&sa=X&ei=l-7mTqyQE8HnmAWZntGmCg&ved=0CEQQrQQ&bav=on.2,or.r_gc.r_pw.r_cp.,cf.osb&fp=f52664628855b283&biw=1280&bih=663

          လက်ရာက သိပ်သိသာတယ်..
          ကျုပ်ကတော့မွဲနေလို့ ဝယ်နိုင်သေးဝူး..

          ခရစ်စမတ် လက်ဆောင် ဝယ်ပေးပါလား ဟင်င်င်

          အဟွတ်အဟွတ်…

          ပိတ်သတ်ကြီးရဲ့မေတ္တာကိုတုန့်ပြန်ချင်လို့သာ ပြန်ပြန်မန့်နေရတာ
          ကျုပ်က သိပ် မာ တာ မဟုတ်ဘူးရယ်….

  • ကိုရင်စည်သူ

    December 13, 2011 at 12:48 pm

    စတိဇာက ဓါတ်ပုံထဲမှာ လက်ဝါးက လက်ချောင်းလေးတွေပူးလို့
    ဂျီပွန်ဘုန်းကြီးတွေ ဓါတ်ကူးသွားပီလား မသိ….
    အဆင်လေးတွေဆို သိပ်ကြိုက်တဲ့ ဖြိုးတို့က
    ခေါင်းလောင်းသံပေးပြီး ချီတက်လာတယ် သတင်းရတယ်… ဘူး.. ထွား..ထွား.. ထွား… 😆 😆

    • inz@ghi

      December 13, 2011 at 12:55 pm

      မနောက်ပါနဲ့ ကရင်စီသွပ်ရယ်…
      ကျုပ်မှာ သိပ်မာတာ မဟုတ်ဘူးရယ်…
      http://icerfish.com/post/1607700179/steve-jobs-vs-hand-gestures

      အလုပ်ပျက် အကိုင်ပျက်ခံပီးကို တို့ထားရတာ…
      တနေကုန် ပေါက်စီ၂လုံးပဲ စားရသေးတာ….
      အဟွတ် အဟွတ်….

      p.S
      ခင်ဗျား ဟက်ပီဘတ်ဒေးကို အမှတ်တရအနေနဲ့
      ဖျားပီး ဂုဏ်ပြုထားတယ်နော

      • နီကီတာ

        December 13, 2011 at 1:10 pm

        ကိုဇာကြီး သိပ်မမာရင် မာအောင်လို့
        ကိုရင်က ပေါက်စီနှစ်လုံး အပြင် နံပြားနှစ်ချပ်နဲ့
        မလိုင်တစ်ပွဲ မွေးနေ့အမှတ်တရကျွေးမယ်လို့
        ပြောနေပါတယ်ရှင့်… 😛 😛 😛
        သူကပြောသေးတယ်… အဖျားကကြီးကြီးဝင်သွားလား
        သေးသေးဝင်သွားလားတဲ့… စိုင်မာရေး ဂရုစိုက်ပါတဲ့… ခစ်ခစ် 😳 😳

        • inz@ghi

          December 13, 2011 at 1:13 pm

          အဟွတ်အဟွတ်…
          နာ့ဝို ဟိုဘက်အသင်းက တိုက်စစ်မှူး ၂ယောက် က ဝမ်းတူးရိုက်လိုက်
          သည်ဘက် အသင်းက ဘော်လီဘောသမား ၂ယောက် က တင်ပေးလိုက် ဆမက်ရှ်ဆွဲလိုက်နဲ့…

          မမာပါဘူးဆိုမှကွယ်…..နှိပ်စက်ရက်ကြတယ်…

          🙁

      • kai

        December 13, 2011 at 1:17 pm

        တယောက်ထဲသမားက.. နေမကောင်းချိန်..တော်တော်ခံရခက်တာ…။
        ဆံပြုတ်တောင်..ကိုယ်ပြုတ်မှကိုယ်စားရတယ်ဆိုတော့လေ…။
        ဆိုတော့…
        ရွာသူားတို့ရေ.. ဂီဂီလေးကိုအားပေးကြပါကွယ်…။
        တော်ကြာ..အာဗာတာထဲကပုံလိုဖြစ်သွားရင်..ဘယ်နှယ့်လုပ်ကြမလဲ.။

        • inz@ghi

          December 13, 2011 at 1:20 pm

          သဂျီးကမှ အကြင်နာတရားရှိသေး …
          ဟွန်း……
          😛
          ကျုပ်မှာ ဆန်ပြုတ်တောင် ပြုတ်မစားနိုင်လို့
          ပေါက်စီအတွဲလိုက်ဝယ်ပီး ခြင်းရိုက် စားနေရပါတယ်….

          ဒါနဲ့ စကားမစပ် သဂျီးကိုလည်း သနားထှာ သဂျီးရယ် …
          လက်ပကျွတ် သားပေါက်လေးကိုင်နေရတယ်ဆိုလို့ပါ
          ဓဲလ် တံဆိပ် အော်လအင်ဝမ်း .. ဒက်စတွတ် ၁လုံး ပို့လိုက်ပါ့မယ်
          ဒေါင်းလုပ်ချ ယူလိုက်နော …
          အာဟိ

        • Moe Z

          December 13, 2011 at 1:32 pm

          စိတ်မပူပါနဲ့ သဂျီးရယ်
          သူ့ကိုဂရုစိုက်မဲ့သူတွေရှိပါတယ် ဟိ ဟိ
          頑張ってね ကိုအင်ဂျီး 😛

        • inz@ghi

          December 13, 2011 at 1:45 pm

          ဒါလည်း နင်တတ်တာပဲလား ဟင်င်င်
          ရွာထဲမှာ လျိုထားတဲ့ သိုင်းပညာရှင်တွေ တယ်ပေါသကိုး…

          စကားမစပ် ဇက်ကလေးရေ့ … သင်္ဘောသီးတွေ လျောက်မစားနဲ့နော..
          ဗိုက်နာတတ်တယ်… ကအင်ဂျီးပြန်လာမှ ကြက်မောက်သီး အပြွတ်လိုက် ဝယ်ကျွေးမယ်

          တိရား..

          😛

  • Wow

    December 13, 2011 at 1:33 pm

    ဟယ် ရုပ်မပေါ်တော့ နင်အတော်ချောဒါ… ခရစ်စမတ်လက်ဆောင် ဘမ်းဘူးပက် လေးပက်လောက် ပုလင်းထဲထဲ့ပြီး ပို့လိုက်မလေ…
    🙂

  • Khaing Khaing

    February 25, 2012 at 10:56 am

    ဂီက သူ့ကိုယ်သူကြော်ငြာနေတာပဲ …. လူသာငယ်တာ စိတ်ကူးတော့ကောင်းသား…ဖန်းတီးမှုလည်းတော်တယ်….အားပေးနေမယ်နော်

Leave a Reply