ပန်းနှင့်ပြောသော ချစ်သူတို့၏လျှို့ဝှက်စကားများ…

lu ta loneMay 26, 20101min933

၁။ ဗေဒါပန်း = ကိုယ့်အချစ်ကိုလှည့်စားမနေပါနဲ့တော့

၂။ ဒန်းပန်း = မင်းရောက်လာသည်အထိကိုယ်စောင့်နေပါ့မယ်

၃။ ခေါင်းလောင်းပန်း= နံနက်မိုးလင်းလျှင်လင်းခြင်း လာတွေ့ပါ

၄။ အပြာရောင်ခေါင်းလောင်းပန်း= ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ

၅။ ချယ်ရီပန်း = မိတ်ဆွေတစ်ယောက်အဖြစ်ရော အသိအမှတ်မပြုတော့ဘူးလားကွယ်

၆။ ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ်

၇။ ဂန္ဓမာပန်း (အဝါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ

၈။ ဂန္ဓမာပန်း (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ ယုံလည်း ယုံကြည်ပါတယ်ကွယ်

၉။ ဆပ်သဖူးပန်း = မင်းရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံလိုက်ပါပြီကွယ်

၁၀။ ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်း အဖြစ်သည်းလွန်းမနေစမ်းပါနဲ့

၁၁။ ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ။

၁၂။ ဂမုန်းပန်း = မင်းရဲ့ထံပါးမှာအချစ်ရဲ့ကျေးကျွန်အဖြစ်နေခွင့်မရဘူးလားကွယ်

၁၃။ နှင်းပန်း = ကိုယ့်အဖို့တော့ မင်းကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်တော့ပါ

၁၄။ နှင်းပန်း(အဖြူ) = ကိုယ့်အချစ်ဟာ မင်းအပေါ်မှာဖြူစင်လွန်းလှပါတယ်ကွယ်

၁၅။ မြက်ပန်းပွင့် = အခြားနေရာမှာ ချစ်တဲ့သူတွေ့နေဦးမလားလို့ရှာကြည့်ရဦးမယ်

၁၆။ ညမွှေးပန်း =အရာရာဟာ မင်းအတွက်သာဖြစ်စေရမယ်လို့ကတိပြုပါတယ်

၁၇။ သစ်ခွပန်း = မင်းအဖို့ပျော်ရွှင်မှုများနဲ့ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်

၁၈။ စံပယ်ပန်း = မင်းဟာဒီပန်းကလေးလိုလှတဲ့သူတစ်ယောက်ပါကွာ

၁၉။ ဘိန်းပန်း = စိတ်ညစ်ညူးနေခြင်းမှသက်သာမှုရပါတော့မယ်ကွာ

၂၀။ နှင်းဆီပန်း = အချစ်စစ်အချစ်မှန်နဲ့ချစ်နေမိသူပါကွယ်

၂၁။ ပိတောက်ပန်း = မင်းဘဝရှေ့ရေးသာယာဖြောင့်ဖြူးစေရမယ်လို့်ကိုယ်ကတိပေးပါတယ်ကွယ်

၂၂။ နေကြာပန်း = မင်းဟာကျော်ကြားမှုသရဖူကိုဆောင်းနေရသူမို့ စိတ်မဝင်စားရဲပါဘူးကွယ်

၂၃။ မိုးမခပန်း = မင်းအပေါ်မှာချစ်နေမိတဲ့စိတ်ကိုစွန့်ပယ်လိုက်ပါပြီကွယ်

၂၄။ ကြာပန်း = သစ္စာရှိသော မိတ်ဆွေတစ်ယောက်အနေနဲ့ဆက်ဆံသွားစေချင်ပါတယ်

၂၅။ ဒေါနပန်း = ဝမ်းနည်းကြေကွဲစရာများမခံစားရခင် တစ်ဦးနဲ့တစ်ဦး
ခွဲခွာကြပါစို့ကွယ်

ကဲ သူငယ်ချင်းတို့ရေ ဘယ်ပန်းတွေကို ဘယ်လိုပေးကြမလဲ သိနိုင်ကြပါစေ…

3 comments

  • myominkhine

    May 26, 2010 at 5:45 am

    ကျနော်က ရွှေပန်းပေးချင်
    ပါလဲမပါဘူး ဘယ်လိုလုပ်ရမလဲ

  • မန်း ရိပ်

    August 20, 2010 at 7:56 am

    ကျနော်က ခွေးသေးပန်းပေးချင်းတာဗျ

  • Gong Zhu

    September 16, 2010 at 6:46 pm

    လက်ဆောင်ပေးရင် အဲ့ဒါလေးပါ ရေးပေးလိုက်ဖို့လိုလိမ့်မယ်နော် . . .

Leave a Reply