သ မ ္မတ ဦး သိ န်း စိ န် အ စိုး ရ အ ဖွဲ့ လ စာ တွေ ဘ ယ် လို ယူ ထား သ လဲ

chatsuDecember 11, 20111min17116

မေး။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅ဝ ရပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။ ။ ကျပ် သိန်း၅ဝ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ဝင်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။

မေး။ ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။ ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေဝီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိနိ္ဒယဝန်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄ဝ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂ဝ များနေပါတယ်။

မေး။ ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။

ဖြေ။ ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။ ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။ ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခဝါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၄။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။ ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ဝယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲကဝယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။ ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။ ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄ဝ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခဝါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၄။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။ ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၄ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆ဝ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။ ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃ဝ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆ဝ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။ ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂ဝ ပေးပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆ဝ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ


by thit htoo lwin

16 comments

  • pazflor

    December 11, 2011 at 11:13 pm

    I think it’s fair. Ship’s captains or chief engineers earn around $5000. To be able get a good standard living condition, a president also needs that amount of money in our country.

  • small cat

    December 12, 2011 at 8:33 am

    ဖတ်ရတာ အားကျလိုက်တာ။

    တာဝန်ယူရသူဟာ အခွင့်အရေးများများ ရ ရမယ်။
    အခွင့်အရေး ယူတဲ့သူဟာ တာဝန် ကိုလည်းယူရမယ် ဆိုတာမျိုး ရှိမှာပေါ့။

  • မှော်ဆရာ

    December 12, 2011 at 8:49 am

    မပြောရင်လဲ မဖြစ်ဘူး … ပြောရင်လဲ အနီကဒ်က ထိဦးမယ်…
    ထိဟာ ပြောမယ် .. ပထမဆုံး ဘယ်နေရာမှာမှ တစ်ဒေါ်လာကို ၆ကျပ်နဲ့ မရဘူးဆိုတာ အားလုံးသိပါတယ်..။
    အပေါ်မှာရေးပြထားတယ် ။ သင်္ဘောကပ္ပတိန်တစ်ယောက်က တစ်လကို ဒေါ်လာ ငါးထောင်ကျော်ရတယ်ဗျာ..။ဒါကြောင့် သမ္မတ တစ်ယောက်အနေနဲ့ သိန်းငါးဆယ်ရတယ်ဆိုတာလဲ တရားတယ် ။ ကျွန်တော် သမ္မတ ဖြစ်ရင်လဲ ဒီလောက်မှ မရရင် မလုပ်နှိုင်ဘူး..။တခြားတိုင်းပြည်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တခြားနိုင်ငံက ကုန်ဈေးနှုန်းနဲ့ မြန်မာပြည်က ကုန်ဈေးနှုန်း ပြန်ယှဉ်ကြည့်ဖို့လဲ လိုမယ်.။မြန်မာနိုင်ငံက ကုန်ဈေးနှုန်းကတော့ အားလုံးသိတဲ့အတိုင်းမို့ ပြောမပြတော့ပါဘူး..။
    နောက် အဆောင်အယောင်ကိစ္စ ၊ နိုင်ငံတော်မှာ အမြင့်ဆုံးတာဝန်ယူထားရသူတစ်ယောက်အဖို့ ဒီလောက်တော့ အဆောင်အယောင်ရှိရမှာပေါ့ ..။ သမ္မတဖြစ်ပြီး ှစုတ်စုတ်ပြတ်ပြတ်နေလို့ရမလား..။သူယူထားရတဲ့ တာဝန်နဲ့လျှော်ညီစွာ အဆောင်အယောင်ကလဲ ရှိကိုရှိရမှာပါပဲ..။တိုင်းပြည်အရေးကို ဦးစားပေးလုပ်နေရတဲ့သူတစ်ယောက်ဟာ မိသားစုအရေးကို ပြန်လှည့်ကြည့်စရာမလိုအောင် ဖန်တီးပေးရမှာ ဖြစ်သင့်ပါတယ်..။
    တခြားမကြည့်နဲ့ဗျာ ..။ဟီလာရီလာတုန်းက ဘယ်လိုလေယဉ်နဲ့လာသလဲဆိုတာ ကြည့်ရင် ကျွန်တော်တို့သမ္မတ ဘယ်လိုအဆင့်အတန်းရှိလဲ သိသာတယ်..။သူတို့ဆီမှာ သူတို့ သမ္မတကို ဘယ်လိုထားသလဲ ..။ တခြားနိုင်ငံက ဘုရင်မသောက်တဲ့ရေကိုတောင် မတိုက်နှိုင်ဘူးဆိုပြီး ရေတောင် ယူလာတယ်မလား ..။
    အူမမတောင့်တဲ့သူတစ်ယောက်က သီလ မစောင့်နှိုင်ဘူး..။ကိုယ်ကျိုးစွန့်တဲ့ခေတ် ကုန်သွားပြီ ..။အလုပ်ကိုသေချာလုပ်စေချင်ရင် လစာကိုလဲ ကောင်းကောင်းပေးရမှာပဲ ..။ဒါ အခုအစိုးရတစ်ဆက်ထဲကို ပြောတာမဟုတ်ဘူး ..။နောက် သမ္မတ တက်လာရင်လဲ ဒီလိုပဲ ပေးရမှာပဲ ..။
    တကယ်တော့ အခုလိုလစာမျိုးပေးထားတာကို မဝေဖန်သင့်ဘူး..။ဒါ ရသင့် ယူသင့်တဲ့ကိစ္စလေ..။မရသင့် မယူသင့်တဲ့ လာဘ်စားတဲ့ကိစ္စမျိုးရှိရင်သာ ဝိုင်းဝေဖန်သင့်တယ် ..။

    • awra-cho

      December 12, 2011 at 12:30 pm

      ယူသင့် ပါ တယ်။ လာဘ်တော့မစားနဲ့။ရာထူး လက်ခံ ရင် ပိုင်ဆိုင်မှူ ကို အရင် ကျေ ငြာ ရမယ်။
      ပွင့်လင်းမြင် သာ ရမယ်။

  • မှော်ဆရာ

    December 12, 2011 at 8:56 am

    နောက်တစ်ခုက အခုမေးခွန်းနဲ့ အဖြေက ဘယ်သူ မေးလို့ ဘယ်သူက ဖြေလဲဆိုတာကိုပါ သိချင်ပါတယ် ..။
    သူများယောင်တိုင်း ရှောက်ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိလို့တော့ မဖြစ်ဘူး …

  • Ko Ko Aung

    December 12, 2011 at 9:25 am

    သူတို့ ဒီလိုရကြတာ သူတို့တာဝန်ကို ကျေအောင်လုပ်မယ်ဆိုရင် သူတို့ကျင့်ဝတ်တွေကို စောင့်ထိန်းမယ်ဆိုရင် ရသင့်ကြပါတယ်။ သမ္မတကြီးသည်ပင် တစ်နှစ်မှ အသားတင်လစာ သိန်း၆၀ဝ ပဲ ဆိုတော့ နှိုင်းယှဉ်ရလျှင်-
    တစ်နှစ်ကို
    -ဘုရင့်နောင်က အလတ်စားသီးနှံကုန်သည်တယောက် – သိန်း ၅၀ဝ မှ ၂၀၀ဝကြား
    -သစ်ကား၂စီးထောင်ထားတဲ့ နယ်က လုပ်ငန်းရှင်အလတ်စား – သိန်း ၅၀ဝ ခန့်
    -ရန်ကုန်က အဆင့်မြင့်ရုပ်ရှင်ရုံတခုရဲ့ အသားတင်အမြတ်- သိန်း ၁၀၀ဝ ကျော်

    ယှဉ်ကြည့်ရင် များတယ် မဆိုနိုင်ပါဘူး။
    တခုပဲ
    ကျွန်တော့သဘောတခုထဲသာဆိုရင်တော့ –
    သူတို့အားလုံး(စစ်+ကြံ့) အလုပ်ကထွက်ပေးမယ်ဆိုရင် ဒီလစာတွေထက် ၂ဆ တသက်လုံးပေးထားရလဲ တန်လှပါတယ်လို့ ယူဆပါကြောင်း။

  • chatsu

    December 12, 2011 at 12:13 pm

    သေချာပါတယ်။ ဗိုလ်ချုပ်လို လူမျိုး နောက်ထပ် 10 သက်မရနိုင်တော့ဘူ။

    • inz@ghi

      December 12, 2011 at 12:32 pm

      နောက်ဆယ်သက်တော့ မပြောပါနဲ့ ကိုယ့်လူရာ …..
      ကျုပ်တို့လူမျိုး အဲ့လောက် အခြေအနေ မဆိုးသေးပါဘူး…

      ဗိုလ်ချုပ် ခေတ်လွန် ဦးသန့်ပေါ်ခဲ့တယ် မဟုတ်လား …
      ဦးသန့် ခေတ်လွန် အမေစု ပေါ်ခဲ့တယ် မဟုတ်လား …
      နှစ် ၂ဝ စီလောက်တော့ ခြားတယ်ထင်တာပဲဗျ….

      သည်၃ယောက်ကိုပဲကြည့်ဗျာ ..ကွဲပြား ခြားနားတဲ့ ခေါင်းဆောင်ကောင်းတွေနော..
      အရည်အချင်းကို base လုပ်သလား..ဒါမှမဟုတ် သူတို့ based ထားတာ
      knowledge လား ..သတိ္တလား …..မေတ္တာတရားလား …တခုခုပေါ့ဗျာ…..

      ကွယ်လွန်သွားရှာတဲ့ ဗိုလ်ချုပ်ကို တ,နေလို့တော့ အလုပ်မဖြစ်ဘူးဗျ…..
      ကျုပ်တို့ ဗမာတွေ လေးစားတယ် ကြည်ညိုတယ် သိပ်ပြောကြတယ်….
      (သိပ်လည်း အလွယ်ပြောကြတယ်…..)
      လေးစား အားကျတယ် ဆိုတဲ့ဗမာ စကားရှိပါတယ်…..

      ဗိုလ်ချုပ် လို့ အော်နေတဲ့လူ အတော်များများက လေးပဲ လေးစားတဲ့အစားတွေ
      အားတော့မကျကြဘူး …..ဒါတော့သေချာတယ်….

      တန်ခိုးရှင်တယောက်ယောက်က မင်းကို အောင်ဆန်းအဖြစ်မွေးဖွားပေးလိုက်မယ်…
      မင်း ဟာ အောင်ဆန်း ရဲ့ဖြစ်စဉ်အတိုင်း တသွေမတိမ်းဖြစ်ပျက်ခံစားရမယ်…….
      မင်း လက်ခံမလား ဆိုမေးလာရင် ….အနှီလေးစားပါတယ် အော်နေတဲ့လူအပေါင်းမှာ
      အများစုက ဟင့်အင်း ပြောကြမှာဘဲ …

      သည်တော့ ရှင်းပါတယ်ဗျာ ..လေးစားတာ လေးစားလို့ရတယ်….ကြိုက်တဲ့လူ လေးစားပစ်လိုက်
      ဒါ ကိုယ်ပိုင် အခွင့်အရေးဘဲ …အဲ …အားတော့ကျလိုက်ဗျာ …
      အတုခိုးကြည့်လိုက် …လိုက်လုပ် ကြည့် ကျင့်သုံးကြည့်လိုက် …ကိုယ်လေးစားတဲ့လူကို…

      ကျုပ်တို့ဟာ နောက်ထပ် သခင်အောင်ဆန်းတယောက်ကို မျှော်နေရမှာမဟုတ်
      ကျုပ်တို့ကိုယ်တိုင် သခင်အောင်ဆန်းကဲ့သို့ ပြုမူကျင့်ကြံရမည်ဖြစ်သည်…
      ထိုတရားကို သခင်အောင်ဆန်းသည် အသက်ပေး၍ ဟောကြားတော်မူပြီးဖြစ်သည်…

      ပုံ
      ဂီဂီ

  • pasi

    December 12, 2011 at 12:22 pm

    ဟာတို့ တိုင်းပြည်တော်တော်ချမ်းသာတာပဲ

  • kai

    December 12, 2011 at 12:22 pm

    မြန်မာပြည်ထဲ.. တိုင်းပြည်အတွက်..ဘာမှမလုပ်ပဲ.. သမ္မတထက်များထက်လစာငွေ(ဝင်ငွေ) ရထားသူတွေ.. အများကြီးပါ..။
    လူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေသူတွေပေါ့..။

    ဆိုတော့…
    အမြတ်ခွန်/ဝင်ငွေခွန် စံနစ်တွေသေချာ လုပ်ပြီး ဥပဒေပြုပေးဖို့ လိုတယ်ပဲထင်မိပါတယ်..။

    ထပ်ပြောရရင်..
    တန်ရာတန်ကြေးယူပြီး.. တန်သလိုလေး လုပ်ပေးကြပါလို့..
    ယူအက်စ်သမ္မတတွေများ.. သမ္မတသက်တန်း ၄နှစ်၂ကြိမ် ၈နှစ်ပြီးတာနဲ့.. မြောက်အိုလို.. ရုပ်တွေကျဆင်း.. အိုစနာဖြစ်သွားတာပါပဲ..။
    အဲဒီလို.. လုပ်ပေးကြပါလို့..။
    တိုင်းပြည်အတွက်ပဲနော…။
    http://society.ezinemark.com/us-presidents-before-and-after-leaving-white-house-77365b01475e.html

    • parlayar46

      December 12, 2011 at 12:30 pm

      တခြားထားလို့ အသက်အငယ်ဆုံးသမ္မတ အိုဘားမားတောင် တော်တော် “အို”ဘားမား ဖြစ်လာတာ သတိထားမိတယ်။

    • inz@ghi

      December 12, 2011 at 12:52 pm

      ကြိုက်တယ် သဂျီး ….
      (သည်ရက်ပိုင်း ….နမိုးနီးယား က ဦးနှောက်ထိသွားလားမသိ သဂျီးကို လွှတ်ကြည်ညိုနေတော့တာကိုး…)

      နောက်တာပါဗျား …ဖားသက်ပြင်း ဆိုတော့ မားကတ်တင်း အမြင်နဲ့ပဲ မန့်မယ်ဗျာ..
      သဂျီး အခုလို Physical evidence တွေ ထုတ်ပြနိုင်တာ သိပ်ကြိုက်တယ်ဗျ…(Marketing’s 7 Psကိုရှုပါလေ)
      နောက်တချက်…လူဆိုတဲ့ သတ္တဝါတွေက .. compare and contrast သိပ်လုပ်ကြတာကလား …
      မှန်၏ လုပ်သင့်တာပေါ့ …. တခုတော့ရှိတယ်နော ….
      ဆိုက်ကားသမားတယောက်၏ လူ့အခွင့်အရေး ဆိုတာနဲ့ ကျောင်းဆရာတယောက်၏ လူ့အခွင့်အရေး
      ကွာတယ်ခည ….လူ့ဘဝဆိုတဲ့ ပြဇာတ်ကြီးအပေါ်မှာ ကပြ အသုံးတော်ခံတဲ့ နေရာလေးတွေ
      ကွာသွားလို့ …အခွင့်အရေးလေးတွေကွာတာ လစ်ဘရယ် ကျကျ ခံစားနားလည်စေချင်တယ်
      ပိတ်သတ်ကြီးရယ် …အဟုတ်ပါ…… ဥပမာလေးနည်းနည်းရိုင်းမယ်ဗျာ..(တခါက ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး
      based လုပ်ထားတာပါ..)

      တောမြို့လေး တမြို့ဆိုပါစို့ …မြို့ပြင်ဇရပ်မှာ အနှီ ဆိုက်ကားသမားတွေ …ဖဲစုရိုက်ကြသတဲ့ …..
      ၅ဝကြေး ၁၀ဝကြေးပေါ့ဗျာ ..များများလည်း မလောင်းနိုင်ရှာပါဝူး ….. လှည့်ကင်းကတွေ့တော့…
      အဲ့သည့် ဖဲဆြာ ဆိုက်ကားသမားများ အချုပ်ကျပါသတဲ့…

      အလားတူဖြစ်စဉ်အတိုင်း …ပျော်ပွဲစားထွက်ရင်းအနှီဇရပ်မှာပဲ
      ကျောင်းဆရာ လူငယ်လေးတွေ …ပိုကာဆွဲမိကြပါသတဲ့ …. လှည့်ကင်းက တွေ့ပါသတဲ့
      ဘာပြောတယ်မှတ်လဲ … “ဆြာလေးတို့ရာ အဆောင်မှာပဲ ကစားကြပါ လူမြင်ကွင်းမို့
      မသင့်တော်လို့ပါ …. နောက်တခါဆို ကျနော်တို့လည်း အရေးမယူလို့ မရလို့ပါ” တဲ့…

      ကဲကြည့် ဒါကို discrimination လို့ပြောမလား အခွင့်ထူးခံလူတန်းစားလို့ပြောမလား ….
      အနှီ လှည့်ကင်းလေးသည်
      ၁) ထိုဆြာလေးများ၏ ဘဝ ကိုကယ်တင်လိုက်ပါသည်(ဆိုက်ကားသမားကတော့
      ဖဲရိုက်လို့ …အချုပ်ကျဖူးတယ်ဆိုလည်း ..အုံနာ ရှားမည်မဟုတ်ပေ)
      ၂) ထိုမြို့လေးမှ ကျောင်းသားများ၏ ဘဝ ကို ကယ်တင်လိုက်ပါသည်(သည်ဆြာတွေ
      အချုပ်ကျ အလုပ်ပြုတ်…နောက်ဆြာမျှော်… သိတော်မူသည့်အတိုင်း..)
      ၃) သူဥပဒေကို လက်တလုံးခြားလို့ပြောမလား… မျက်ကွယ်ပြုသည်ပြောမလား..
      လုပ်လိုက်တာ မည်သူ့ကိုမျှ မထိခိုက်သွားပါ …..
      “right(correct) something wrong” မဟုတ်ရင်တောင်
      “Prevent something good from stopping” ဖြစ်နေပါသည်
      ခံစားနားလည်ပေးစေလိုပါသည်…

      သဂျီးရေ့ ကျုပ်တော့ ဘုရှ် ကို သိပ်နှစ်သက်သဗျ…
      သူခံရတဲ့ pressure လည်း နည်းမှ မနည်းဘဲကိုး……
      သူ့ပေါ်လစီကိုလည်း ထောက်ခံသဗျာ …(အိုဘားမား တက်လာတော့
      မည်းမည်းလေးဘဲကောင်းပါတယ်ဆိုပြီး မျက်စိမှိတ်ထောက်ခံသူတွေ
      နောက်ပိုင်း ဟွန့် …. ဘု နဲ့လည်း မကွာဘူး ပြောခဲ့တာ အမှတ်ရပါသည်..)

      ဘာလဲ ဘု မကောင်းဘူးပြောမလို့လား …..
      ကြုံရင်ရှင်းမယ်ဗျာ ..ဘု စစ်တိုက်တာ လွန်တယ်ထင်တဲ့လူတွေ
      ဦးအောင်ဇေယျနဲ့ မစ္စတာ ကျော်ထင်နော်ရထာ ကို ခေတ်သစ်လူသတ်ကောင်စာရင်း
      သွင်းထားပြီး ကျုပ်ပိုစ့် ကိုစောင့်ဖတ်ကာ …အားပါးတရ ဆဲသွားနိုင်ပါကြောင်း…….

      ပုံ..

      စော်နဲ့ပြတ်…….
      စိုင်သွားပစ်……
      နမိုးနီးယားမိ….
      ဆန်ပြုတ်သောက်နေရတဲ့…
      ခေတ်သစ် အွန်လိုင်းမျိုးချစ်

      ဂီဂီ

    • မဟာ ထမိန်ကြီးဝါဒ

      December 12, 2011 at 1:16 pm

      ပုံ….သမတ မလုပ်မှီ/သမတ လုပ်ပြီး 🙂

  • poeaung6

    December 12, 2011 at 4:25 pm

    ကိုချက်စူရေ မပြောမဖြစ်ပြောရတာပါ ကျွန်တော်ကလည်းဒီမိုကရေစီကိုလိုလားသူဆိုတော့ပြောရတာပေါ့ အခုပြောတဲ့လစာတွေကို သမတကြီးက ရုပ်သံမိန်းခွန်းတစ်ခုမှာအကျိုးမခံစားသေးပါ နောက်တော့မှဆိုတဲ့သဘောမျိုးပြောဖူးပါတယ် လွှတ်တော်စကာစက 3 လလောက်ပဲယူခဲ့တာပါ ယခုလက်ရှိမယူဘူးလို့သိရပါတယ် ဘာတွေလွှဲနေလည်းတော့မသိပါ နီးစပ်ရာကိုသာမေးကြပါကုန်….

  • True Answer

    December 12, 2011 at 4:30 pm

    သဂျီးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၈၈ အာဏာမသိမ်းမီ ပုံနဲ့ အခု ပင်စင်ယူပြီးပုံ နှစ်ပုံလည်း ပြဦးလေ။:)
    ဘယ်လောက် တိုင်းပြည်အတွက် …..စားခဲ့ ယောင်လို့ ဦးနှောက်စားခံပြီး အလုပ်လုပ်ခဲ့သလဲဆိုတာ။

  • chatsu

    December 12, 2011 at 6:08 pm

    ဝမ်းသာပါတယ်။ဝိုင်းမန့်ကြလို့။ ယူထားတဲ့လစာ၊အခွင့်အရေးနဲ့တန်အောင်လုပ်ရင် ပြည်သူတွေက ကျေနပ်မှာပါ။

Leave a Reply