ရွာ ကို လမ်း မဖောက် စေနဲ့

Mg OggaDecember 11, 20111min20715

အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလို်တယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ မှာလဲ သူပုန်တွေ အနည်းအကျဉ်းအဝင်အထွက်ရှိပေမဲ့ အဘ ကြောင့် ရွာ စစ်တလင်း မဖြစ်ခဲ့ရဘူး။ မဆလ လက်ထက်ကြတော့လည်း အဘပဲ သူကြီးလုပ်ခဲ့ရတယ်။ ရွာကဝေးလံခေါင်ဖျားနေရာ ကဆိုတော့ အစိုးရဝန်ထမ်းတွေ လည်း သိပ်မလာကြဘူး။ ရွာကလူတွေ ကလည်း မြို့ပေါ်ကို သိပ် မသွားကြဘူး။ အလွန်ဆုံး မြို့ကြီးပြကြီး ကို ရောက်ဖူးတာ မန္တလေးမှာ စာဝါလိုက်ဖူးတဲ့ ကျောင်းထိုင်ဆရာတော်ပဲရှိတာ။ အနီဆုံးမြို့ဖြစ်တဲ့ မြိုင်သာယာမြီု့လေး ကလည်း ရွာနဲ့ မိုင် လေးဆယ် လောက်ဝေးတယ်။ စပါးရောင်း ပဲရောင်း နှမ်းရောင်း တဲ့ အချိန်လောက် ပဲ မြိုင်သာယာကို တတ်ကြတယ်။

အဘရှိတုန်းက ရွာမှာ ဘာပြဿနာမှ မရှိ် အေးအေးချမ်းချမ်း လယ်လုပ်ချိန်တန်လယ်လုပ် ယာလုပ် ချိန်တန်ယာလုပ်။ နှစ်တိုင်း ရွာဘုရားပွဲကျင်းပမြဲ ဥပုတ်နေတိုင်း ရွာက အရွယ်ရောက်သူတိုင်း ဘုန်းကြီးကျောင်းမှာ တရားနာကြတယ်။ ပိုက်ဆံသိပ်သုံးစရာလည်းမလို ထွက်တဲ့ သီးနုံက ဝမ်းစာလည်း ဖူလုံ ပြီး အလှူအတန်းတွေ ပါတွေတောင် လုပ်နိုင်သေးတယ်။ ရွာနားက တောကနေ နွေဆို သစ်ခြောက်တွေ ခုတ်ပြီး မိုးအတွက် ထင်းဖူလုံတယ်။ ပညာရေးကလည်း ရွာဘုန်းတော်ကြီးက ရွာကျောင်းလေး ဖွင့်ပြီး စာသင်ပေးတယ်။ စာမေးပွဲဖြေရင်တော့ ဘေးက မူလတန်းကျောင်းမှာ သွားဖြေကြတယ်။ တိုင်းပြည်ကလည်း မငြိမ်သက်တော့ မြို့ကျောင်းသွားတတ်ပဲသူ အတော် ကို ရှားတယ် လေးတန်း အောင်ရင် ကျောင်းထွက် မိဘ အလုပ်ကူ လယ်ယာလုပ် နောက် အရွယ်ရောက် အိမ်ထောင်ပြု ကြတာပဲ။ ရွာထဲမှာပဲ အိ်မ်ထောက်ဘက် ရွှေးကြတာများတော့ တစ်ရွာလုံး ဆွေးမျိုးတွေပတ်တော်ကြတယ်။ တစ်ရွာလုံး ဆွေမျိုးတွေပဲ ဆိုပါစို့။ ရွာသူရွာသားတွေ အားလုံး ကလည်း ရင်းရင်းနီုးနီုး ချစ်ချစ်ခင်ခင် ခက်ရန်ဖြစ်တာ နည်းတယ်။ အရက်သေစာဆို်လို့ ရွာမြောက်ပိုင်းက ထန်းတောပဲ ရှိတယ်။ အချို့ လူငယ်တွေ က ထန်းရည်သောက်ကြပေမဲ့ မူးပြီး ရမ်းတာမျိုးမရှိကြဘူး အဘ ကို ကြောက်ကြတာကိုး။ ပညာတတ် မရှိ ပေမဲ့ ရွာ က ဆရာတော်ကျေးဇူးကြောင်း အားလုံး နီးပါး ဆယ်စောင်တွဲ ကျေကြတယ်။ စာရေးစာဖတ်တတ်တယ်။ စာအုပ်စာပေကတော့ မြျိုင်သာမြို့ မှာ ပွဲရုံဖွင့်ထားတဲ့ ကိုမောင်အေး တို့ အိမ်မှာ သတင်းစာလေးဘာလေး ဖတ်ရတာပေါ။ ညနေပိုင်း ဆို အဘ အဖေ ကျွန်တော် အဖေကြီး လှူထားတဲ့ ဇရပ်မှာ လူကြီးတွေ သဂြိုလ် စကားပြောကြတာပေါ့။ ရေဒီယိုဆိုလိုလည်း တစ်ရွာလုံး မှ ဆရာတော်ဆီ တစ် လုံး အဘဆီတစ်လုံးရှိတာမလား။ အခုတော့ အဘချစ်တဲ့ ကျွန်တော်မွေးရပ်ဇာတိ ကျွန်တော်တို့ ရွာလေး အဘ ဆီတုန်းကလို့ မဟုတ်တော့။ အဘကို ကျွန်တော် သတိ်ရတယ် အဘကို ကျွန်တော် လွမ်းမိရဲ့ ဒါကြောင် အခု နောက်ဆုံးအနေနဲ့ အခု အဘ အုတ်ဂူရှေ့ ကျွန်တော်ရောက်နေပါပြီ အဘ ရောက်ရာ ဘဝက ကျွန်တော် ရင်ဖွင့်သံ ကို နားထောင် လှည့်ပါအုန်း အဘရေ…………….

အဘ ဆုံးခါ နီး အဘ တတွတ်တွတ်မှာသွားတဲ့ စကား သားအရင်က ဘာမှန်း မသိခဲ့ဘူး အခုတော့ တဖြည်းဖြည်း သဘောပေါက်လာပြီ။ အဘ ဆုံးခါနီး ရွာကို လမ်းမဖောက်စေနဲ့ ဆိုတာလေ။

အဘအမှာစကား အတိုင်း မဖြစ်ခဲ့ဘူး အဘ။ အဘဆုံးပြီး နောက်ပိုင်း ရွာကို အဘရဲ့ သားဖြစ်တဲ့ ကျွန်တော် ပဲ ဆက်ပြီး ရွာကို အုပ်ချုပ်ရတယ်။ ကျွန်တော် လက်ထက်မှာတော့ အဘလို့ သူကြီး မဟုတ်တော့ဘူး အဘ ဥက္ကဌတဲ့ အဘ မှာခဲ့သလို မဖြစ်ပဲ အခုဆို ကျွန်တော်တို့ ရွာကို ထုတ်ချင်းဖောက် တဲ့ ကတ္တရာလမ်းကြီး ဖောက်ပြီးပြီ။ ဒီလမ်းဖောက်တုန်းက ရွာက မြေတွေ အတော်ပါသွားတယ် အဘရေ။ ရွာက သူတွေ ကလည်း ရွာ အကျိုးရမှာ ဆိုပြီး သူတို့ မြေတွေ ပါသွားတာကို ဘာမှ မပြောကြဘူး လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာပဲ ဆိုပြီး ပျော်နေကြရဲ့ လမ်းဖောက်စဉ်က အခမဲ့ လုပ်အားတောင်ပေးလိုက်ကြသေးရဲ့။ ကျွန်တော်လည်း အဘ အမှာစကားကို မေ့ပြီး လမ်းဖောက်တာကို ရွာတိုးတတ်တော့မယ် ဆိုပြီး ပျော်မိသေးရဲ့ အဘရေ။ ရွာ က ကတ္တရာလမ်း ဖောက်တော့ ဦးဆောင်တဲ့ လမ်းဗိုလ်အင်ဂျင်နီယာလေးက ကျွန်တော် အိမ်မှာပဲ တည်းခိုးတယ် အဘရေ နောက် အဘမြေး ကျွန်တော် သမီးနဲ့ အကြောင်းပါပြီး လမ်းလည်းပြီး သူတို့လည်း အိမ်ထောင်ပြုကြတာပဲ နောက် သျှောင်နောက် ဆံထုံး ပါဆို သလို သူယောကျာင်္းရှိရာ ရန်ကုန် မှာ အခြေကျနေရဲ့ အခုတော့ ကျွန်တော် တစ်ယောက်တည်း အဘရေ။

ရွာလမ်း ဖောက်တော့ လမ်းဘေးမှာ ယဉ်သွားယဉ်လာတွေ များလာတယ် ရွာ ကနေ လေထိုးကျွတ်ဖာဆိုင် ဖွင့်တဲ့ သူက ဖွင့် ထမင်းဆိုင်ဖွင့်သူက ဖွင့် နဲ့ အတော်အလုပ်ဖြစ်ကြတယ်။ နောက် ရွာမှာလည်း တွဲဘက် မူလတန်းကျောင်းလေးတောင် ရှိနေပြီ။ ဘွဲ့ ရတွေ လည်း ၁ဝ ယောက်လောက်ထွက်နေပြီ။ ဒါပေမဲ့ သူတို့တွေ ထဲ ရွာပြန်လာပြီး လုပ်စားတဲ့ သူရှားတယ် အဘရေ။ ရွာမှာ အခုဆို ဗီဒီယိုရုံလည်းရှိပြီ ကုန်စုံ ဆိုင်လည်းရှိပြီ ရွာ ထိပ်ပေတရာလမ်းမှာ ဆို် ကျွန်တော်တို့ ရွာက လူတွေ ထမင်းဆိုင်နဲ့ ဖြစ်နေပြီ အဘရေ။ ကျွန်တော်လည်း လမ်းပေါက်ပြီး ၁ နှစ် ၂ နှစ်လောက်တော့ ရွာ တိုးတတ်တော့မှာပဲ ဆိုပြီး ဝမ်းသာမိသေးတယ်။

နောက်ပိုင်းမှ ထမင်းဆိုင်က ထမင်းတင်မဟုတ်ပဲ ကားသမားတွေ အတွက် အရက်ပါ ရောင်းလာပြီး ရွာ က လူငယ်တွေ ပါ ထန်းရည်လောက် မဟုတ်ပဲ အရက်ပါ သောက်တတ်လာပြီ။ ကျွန်တော်ကို လည်း အဘ လောက် မလေးစားကြတော့ မူးပြီးရမ်းတာတွေ ဘာတွေ တောင်ရှိလာပြီ။

ကုန်စုံဆိုင် ကလည်း ကော်ဖီမစ် တရုတ်မုန့် တွေ ရောင်းပြီး ရွာက လူကြီးတွေ ကလည်း ဒွေး ကြော်ညာတဲ့ ကော်ဖီပဲ သောက်တယ် ကလေးတွေ ကလည်း ရောင်စုံ အရုပ်လေးတွေ ပါတဲ့ တရုတ်မုန့် တွေပဲစားကြတယ်။ ရွာမှာ အမြဲ လုပ်နေကြတဲ့ ကောက်ညှင်းပေါင်းတို့ မုန့်ကုလားမဲတို့ ပဲကြော်တို့ မစားကြတော့ဘူး လုပ်ဖို့လည်း မအားကြတော့ဘူး အဘရေ လွယ်လွယ်ရတာကို လွယ်လွယ်စား လိုက်ကြတော့တာပဲ။

မူလတန်းကျောင်းက လည်း ကျောင်းတင် မဟုတ်တော့ ပဲ ကျူရှင်ဆိုပြီး အချိန်ပို ခေါ်သင်ကြတော့ ကလေးတွေ က အိမ်လုပ်ငန်း သိပ်မကူညီနိုင်တော့ဘူး အဘရေ။ နောက် မြီု့က တက္ကသိုလ်တတ်ပြီး ဘွဲ့ ရပညာတတ်လေးတွေ ကလည်း ပညာသင်ထားတာ လယ်ပြန်လုပ်ဖို့ မဟုတ်ဘူးဆိုုပြီး မြို့ တတ် အလုပ်လုပ်ကြတယ် နောက် အလုပ်အဆင်မမြေတော့ သူမိဘတွေ ကပဲ ပြန်ထောက်နေရတယ် အဘရေ။

ပညာတွေ တတ်မှ အဖေတို့လို မပင်ပန်းမှာ ဆိုပြီးကျောင်းထားတဲ့ တဲ့ မိဘတွေ လည်း သူတို့ ကလေးတွေ တကယ် မပင်ပန်းပဲ သူတို့ချည်း ပင်ပန်းနေတော့တာပဲ

မတင်အေးရဲ့သား မောင်ရဲ တစ်ယောက် တော့ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်တာ သုံးနှစ်ကြာပြီး အခုထိပြန်မရောက်သေးဘူး ပထမနှစ်တုန်းကတော့ ငွေတွေ ဘာတွေ ပို့ပြီး နောက်နှစ်တွေမှာ ဘာအဆက်အသွယ်မှမရတော့ဘူး ဆိုပဲ အဘရေ။

နောက်ရွာမှာ ဆိုင်ကယ်ပိုင်တဲ့ သူက လည်း အတော်များနေပြီး အခုဆို ဆိုင်ကယ်ရှိတဲ့ အိမ်က ၅ အိမ် ၆အိမ် လောက်ကို ရှိနေပြီ။ ဆယ်ကျော်သက်လူငယ် တိုင်းက ဆိုင်ကယ်လိုချင်ကြတော့ မြိုကပေါ်တတ်အလုပ် လုပ်သူကလုပ် ဖားကန့် ဘက် ကျောက်ထူးသူက ထူးပေါ့ အဘရေ။ သူတို့လိုချင်တဲ့ ဆိုင်ကယ်အတွက် ကြိုးစားကြတာလေ နောက်ဆုံး ဆိုင်ကယ်မရပဲ ဌက်ဖျားရသူတွေ မနည်းဘူး အဘရေ။

လယ်ကိုလည်း နွားနဲ့ မထွန်တော့ပဲ ဂွန်ဒေါင်းဆိုတဲ့ စက်နဲ့ ထွန်ကြတယ်။ ဒီစက်က ရေစုပ်စက်လည်း လုပ်လို့ ရတယ်အဘရေ။ နောက် လယ်ထဲ နွားမရှိတော့ နောက်ချေးလည်းမရတော့ ဓာတ်မြေဩဇာတွေ သုံးလာကြတယ်။ ဒီလိုသုံးတာ အစတော့ အတော်ဟုတ်သဗျ အဘရေ နောက်ပိုင်းတော့ ဒီနှစ် တစ်အိတ်ဆို နောက်နှစ် နှစ်အိတ် ပဲ အထွက်များအောင် ပိုပိုသုံးတာက အခု မလိုက်နိုင်တော့ဘူး ဖြစ်နေတယ်။ အစကတော့ ဓာတ်မြေဩဇာဝယ်ရင် အသီးပေါ်မှပေးရတာ မို့ အတော်ကိုက်တယ် ထင်ရပေမဲ့အခုတော့ အထွက်က ဝမ်းစာလောက်ပဲ ကျန်တော့တယ်။ နောက် များများဝယ်တဲ့ သူဆို ရွာကလူတွေ အသဲစွဲ ချစ်တဲ့ ဗညားနိုင်တို့ ဖိုးချစ်တို့ နဲ့တောင် ဟိုတယ်ကြီးတွေ မှာ ပေးတွေတယ် ဆိုပဲ အဘရေ။ ဒါပေမဲ့ အခုတော့ ရွာမှာ ဓာတ်မြေဩဇာ မသုံးနိုင်ရင် အထွက်မတိုးတော့ဘူး အထွက်မတုးိတော့ မလောက်ငုဘူးပေါ့ အဘရေ။ နောက် လယ်လုပ်ချင်သူတွေ ကလည်း နည်းလာပြီ ရွာက လူငယ်အတော်အများကလည်း မြီု့တက်ပြီး အလုပ်လုပ်ချင်လုပ် ဒါမှမဟုတ် ဖားကန်တို့ ဘာတို့ သွားချင်သူချည်း လယ်အချို့ဆို သူများကို အဌားချရတာတော့တာပဲ အဘရေ။

နောက်ကျွန်တော်တို့ ထင်းခုတ်နေကြ သစ်တော ကလည်း ထင်းမခုတ်ရတော့ဘူး ကာကွယ်တော့တဲ့ အဘရေ သစ်တပင်ခုတ်ရင် ထောင်သုံးနှစ်သတဲ့ နောက် လိုင်စင်နဲ့ သစ်လုံးကြီးတွေ ခုတ်တာ ကြ နိုင်ငံခြားငွေရှာတာတဲ့ အဘရေ။ ထင်းအတွက်အစား လောင်စာထောင့်တွေ သုံးရတယ် ထင်းလောက် သုံးလို့ မကောင်းပါဘူး နောက် ဝယ်ရလည်း ခက်တယ် ရွာက မန်ကျဉ်းပင်တွေလည်း အမွေးတိုင် ကုမ္မဏီတွေ က လာဝယ်ကြလို့ ကုန်ပြီ အဘရေ။

နောက် ရွာမှာ တစ်မှမဖြစ်ဖူးတဲ့ ရောဂါတွေလည်း ဖြစ်လာကြပြီ ဗိန္ဓောဆရာ ဦးရွှေသီးလည်း မကယ် နိုင်ဘူး ရောဂါတွေ ကလည်း ပေါင်းစုံ အချို့ဆို ကျွန်တော်တသက်တကိုယ်ကြားတောင် မကြားဖူးဘူး အဘရေ။

လူတွေကလည်း အရင်လို ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးမဟုတ်တော့ဘူး ငြူစူ စောင်းမြောင်းတာတွေ များလာတယ်။ ခက်ရန်ဖြစ်တာေတွေလည်း များလာတယ် အိမ်ထောင်ပြိုကွဲတာတွေလည်း ရှိလာပြီ အဘရေ။ ခိုးမှုတွေလည်းများလာပြီး အရင်က အိမ်တံခါးမရှိတဲ့ ရွာ အခုတော့ သော့တွေ ဘာတွေ ခတ်နေရပြီ။ အမှုအခင်းလည်း များလာတယ်။ ကျွန်တော်လည်း တတ်န်ုိင်သလောက် ဖြေရှင်းပေးပေမဲ့ မရဘူး အဘရေ။ မနှစ်ကဆို ရွာမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ မုဒိန်းမှုတောင် ဖြစ်သွားသေးတယ်။ ရွာဗီဒီယို ရုံ က မဟုတ်က ဟုတ်က ဇာတ်ကားတွေ ကြောင့်ထင်ပါရဲ့ ကျွန်တော်လည်း အမိန့် နဲ့ ဒါမျိုးတွေ မပြရဘူး လို့ ပြောပေမဲ့ မရဘူး။ ကျွန်တော်စကား အရာမရောက်တော့ဘူး အဘရေ။ ကျွန်တော်ကိုတောင် ခေတ်မမှီဘူး ဘာဆိုပြီး ပြောတာတွေ တောင်ရှိလာပြီ။

ကျွန်တော်လည်း အခုဆို ဥက္ကဌမဟုတ်တော့ဘူး ဘွဲ့ရမှ ဥက္ကဌလုပ်ရမယ်တဲ့ အဘရေ။ အခု ရွာ ဥက္ကဌက မိရွှေအုန်းရဲ့ သား မောင်မြမောင် လုပ်နေလေရဲ့ ကျွန်တော်လည်း အသက်ကြီးတော့ ရွာရေးရပ်ရေး မပါနိုင်တော့ဘူး အဘရေ။

အခုလည်း ရွာသချုင်္ိင်းကို ဖျက်ပြီး စက်ရုံဆောက်မလိုတဲ့ ဒါကြောင့် ကျွန်တော် အဘ အုတ်ဂူရှေ့ နောက်ဆုံး လာကန့်တော့တာပါ အဘရေ ကျွန်တော်လည်း အိမ်နဲ့ လယ်တွေ ကို သမီးကို လွဲပေးပြီး ဆရာတော်နားနေ ကပ္ပိယ လုပ်တော့မယ် စိ်တ်ကူးထားတယ် အဘ အင်း ရွာ ကတော့ အဘရှိတုန်း က လိုမဟုတ်တော့ဘူး အဘရေ အဘတော့ပြောခဲ့သား ရွာကို လမ်းမဖောက် စေနဲ့ လို့ ကျွန်တော်လည်း ဘာများ တတ်နိုင် အုံးမှာလဲ အဘရယ်။

မောင်ဥဂ္ဂါ

တော်သလင်းလဆန်း ၁၃ရက် ၁၃၇၃ခုနှစ်

ခေတ္တ ဟိမဝန္တာ

15 comments

  • small cat

    December 12, 2011 at 7:54 am

    တိုးတက်လာတဲ့နောက်မှာ ပျက်စီးမှု အချို့ရှိတာတော့အမှန်ပဲ၊
    အကောင်းနဲ့ အဆိုးကို အချိုးချကြည့်ပြီး ဘယ်ဟာကသာတယ်ဆိုတာ စဉ်းစားရတော့မှာပဲ။

    • Mg Ogga

      December 12, 2011 at 9:53 am

      အင်း ဒီလို အချိုးကျကြည့်မယ်ဆို မတိုးတက်တာမှကောင်းအုန်းမယ်ဗျ အဖို်းတို့ခေတ်တုန်းက လူတွေ ပညာသိပ်မတတ်ပေမဲ့ ရိုင်းပင်းကူညီကြတယ် အပြန်အလှန်လေးစားကြတယ် နောက် တစ်ဦးပုဂ္ဂလ မဆန်ဘူးအစုအဖွဲ့ဆန်တယ်။ ခေတ်မီလာလေ တစ်ဦးပုဂ္ဂဆန်လာလေ စိတ်ပိုင်းဆိုင်ရာ အလိုအကျတာတွေများလာပြီး ရုပ်ဝတ္တုတွေက စိတ်ချမ်းသာမူကို ပေးစွမ်း နိုင်မယ်လို့ မြင်နေသမျှတော့ လူသားတွေ လူမဆန်လာမှာကို တွေးကြောက်လို့ ရေးလိုက်တာပါ

  • memeseku

    December 12, 2011 at 9:25 am

    own idea လေးတွေကိုသဘောကျတယ်…. 🙂

  • hmee

    December 12, 2011 at 2:47 pm

    မှန်လိုက်တာ။ ကျွန်မတို့ရွာလည်း အခု အဲ့လိုကို ဖြစ်နေတာ။ ကလေးတွေဆိုတာ ၁၃၊၁၄ လောက်နဲ့ ဆေးလိပ် လက်ကြားက မချဘူး။ အရက်ကလေးက တမြမြနဲ့။ ကျွန်မတို့ အငယ်တုန်းကနဲ့တော့ တော်တော်ကို ကွာနေပြီ။ ဥက္ကဌကလည်း မောင်အငယ်ဆုံးနဲ့မှ အသက်အတူတူမို့ ရှိလှမှ ၂၆၊၂ရ ။ ဘွဲ့ရဆိုပေမဲ့ အတွေ့အကြုံက လူကြီးတွေကို ဘယ်မှီမလဲ။ လူကြီးဆိုတာ အသက်က အလကားကြီးလာတာမှ မဟုတ်တာ ဘဝအတွေ့အကြုံအမျိုးမျိုးကို ဖြတ်သန်းလာရလို့ စဉ်းစားတွေးခေါ်တာတော့ သာကိုသာပါတယ်။ ဘွဲ့ရလူငယ် အရွယ်ကလည်း စိတ်သွားတိုင်းကိုယ်ပါမို့ မသင့်တော်လို့၊ လမ်းလွဲနေလို့ သိတဲ့လူကြီးက ပြောပြတာကို မနာခံပဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်လုပ်နေတာတွေက စိတ်မသက်သာစရာ။ ကောသလအိမ်မက် (၁၆)ချက် မှန်လာတယ်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ 🙁

  • cobra

    December 12, 2011 at 3:22 pm

    လူငယ်တွေကတက်ကြွနေကြတာလေ
    သူူတို့တက်ကြွနေတာနေတာကမကောင်းတဲ့နေရာမှာများတယ်
    ကောင်းတဲ့နေရာမှာတက်ကြွနေလို့ကတော့တို့နိုင်ငံတိုးတက်ပီ

    • Mg Ogga

      December 12, 2011 at 4:06 pm

      ကျနော် အဓိကပြောချင်တာ လူငယ် လူကြီး ဆိုတာ မဟုတ်ဘူးဗျ ခေတ် ရေစီး ကိုပြောချင်တာ ပါ ခေတ်မီလာတာနဲ့ အမျှ လူမူဘဝတွေ ပြောင်းလဲလာတာကိုပြောတာပါ တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ ဆိုပိုဆိုး ပါတယ် ကျနော်ဆိုလို ချင်တာ ကျနော်တို့ ရှောင်လို့ မရတဲ့ လှိုင်းကြီးတစ်ခု လို် အားလုံး အတူစီးနေမိပြီ ဆိုတာပါ ကျေးဇူးတင်ပါတယ်

  • kai

    December 12, 2011 at 4:07 pm

    ကွန်ဆာဗေးတစ်ဆန်လွန်းတယ် ထင်မိတယ်..။
    ကမ္ဘာကတိုးတက်နေတာကိုး.. အဲဒါကို.. စိတ်ကုန်နေတဲ့သဘော မြင်မိပါတယ်..။

    မလုပ်..မရှုပ်..မပြုတ်.. လမ်းစဉ်ကို… စွန့်ပြီး.. ခေတ်နဲ့အမှီလိုက်ပြီး.. ဥပဒေတွေ..ဓလေ့တွေ.. ထုံးတမ်းတွေ ပြင်ကြရမှာပါ..။
    တံခါးတွေဖွင့်ရင်..လေကောင်းတွေနဲ့အတူူတူ.. ယင်ကောင်တွေလည်းဝင်လာမှာပဲလေ..။
    ယင်ကောင်တွေ မောင်းထုတ်ရမှာပေါ့ဗျာ…။
    ထောင့်လေးမှာ.. သွားထိ်ုင်မနေနဲ့နော…။ 😆

    ရေးရင်း.. စံနစ်ခေတ်ကိုထင်ဟတ်ပြသွားတဲ့.. အိုင်ဒီယာလေးကိုတော့ ..လေးစားမိပါရဲ့..။

  • naywoonni

    December 12, 2011 at 8:37 pm

    ဘယ်အရာမှ ဒီအတိုင်းချည် တည်နေစေချင်လို့ မရဘူးလေ…………။ အပြောင်းအလဲဆိုတာကတော့ ကြုံရမှာပ…။ ကောင်းသော အပြောင်းအလဲ ..။ ဆိုးသောအပြောင်းအလဲ…။ လက်ခံနိုင်ဖွယ် အပြောင်းအလဲ …။ လက်သင့်မခံနိုင်တဲ့ အပြောင်အလဲ..။ တွေ့ကြရမှာပဲ….။ ပတ်ဝန်းကျင်ပြောင်းသွားရင် ကိုယ်ကလည်း လိုက်လျောညီထွေ အရောင်ပြောင်းပေးလိုက်ရင် ဒဏ် သက်သာပါတယ်…။ ဒါပေမဲ့ ခက်တာက မြန်မာလူမျိုး အတော်များများက အပြောင်းအလဲ လုပ်ဖို့ တော်တော် ဝန်လေးကြကလား….။ ဒါဟာကောင်းတဲ့ အစဉ်အလာတော့ မဟုတ်ချေဘူး…။ တစ်ချို့စကားတွေ ကိုပြင်ပစ်နိုင်မှ တော်ကာကြမယ်…။ ဥပမာ – “ထိုင်နေအကောင်းသား ထသွားမှ………” ဆိုတာမျိုး “သေချင်တဲ့ကျားတောပြောင်း”ဆိုတာမျိုး ……….။
    နောက်ဆုံးပြောချင်တာက Mg Ogga တို့ လမ်းဖောက် ခံရတာက 21 ရာစုမှပါ…။ အမေရိကမှာ 19 ရာစုကထဲ ကြုံခဲ့ရတာ…။ မောင်ရင်တို့ နှစ်နှစ်ရာလောက် နောက်ကျနေပြီ…။

    • Mg Ogga

      December 12, 2011 at 9:14 pm

      သူဂျီးကော ကို naywoonni ကော
      ပြောတာထောက်ပြတာကို လက်ခံပါတယ် ကျနော်က တန်ပြန်ဖွံဖြိုးရေးနဲ့ ဒေသ ရဲ့ ရိုးရာ ဓလေ့တွေ ကို မပျောက်စေချင်လို့ ရေးတာပါ အတုံးလိုက် အထစ်လိုက်ရေးရင် ပျင်းမှာဆိုးလို့ ဝတ္တုလိုလို အက်ဆေးလိုလို ရေးလိုက်တာပါ အကိုတို့ ပြောသလို နဲနဲ ရှေးရိုးဆန်သွားတယ်
      အပြောင်းအလဲဆိုတာ ကြုံရ စမြဲ ပါ ပြောင်းလဲလာတဲ့ ခေတ်ရေစီးမှာ လိုက်ရောညီထွေဖြစ်ရမယ်ဆိုတာ လည်း မှန်ပါတယ် အမေရိကားမှာ ၁၉ ရာစု က လမ်းဖောက်ခံရတယ် မြန်မာပြည်က ၂၁ ရာစုဆိုတာလည်း မှန် ပါတယ်။ ကျနော် ဒီပိုစ့်ကို ရေးရတဲ့ ရည်ရွယ်ချက် ၃ ခုရှိတယ် ခေတ်မီလာတာနဲ့ အတူ ရိုးရာယဉ်ကျေးမူတွေပျောက်ကုန်ပြီး တသီးပုဂ္ဂလ ဆန်တာကို ပြတာ က ၁ ချက် ရေရှည်တည့်တံတဲ့ ဖွံဖြိုးတာနဲ့ ရုပ်ဝတ္တုဖွံဖြိုးတာ ကို ပြောချင်တာ နောက်ဆုံးက လူမူရေး တရားမျှတမူပါ ့ နှစ်နှစ်ရာလောက် နောက်ကျနေပြီ ဆိုတာတော့ ငြင်းရပါလိမ့်မယ် ရိုးရာယဉ်ကျေးမူတွေ ခေတ်မီလာတာတွေကို အနောက်တိုင်း ကလည်း တော်လှန်နေပါပြီ ဒါးဗို့ ညီလာခံကို သပိတ်မှောက်တာ တို့ ရိုးရာအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ဖို့ လူတွေ အနောက် တိုင်းမှာ အများကြီးပေါ်နေပါပြီ ဆွီဒင် နိုင်ငံသူ Helena Norberg – Hodge ရေးတဲ့ Ancient Futures ( Learning From Ladakh ) ဆိုတဲ့ စာအုပ်ကို ဖတ်ဖို့ ညွန်းပါရစေ နောက် နိုဗယ်ဆုရ ဘောဂဗေဒ ပညာရှင် ရူးမေကာ ရဲ့ Small is Beautiful ကိုလည်း ဖတ်ဖို့ ညွန် ပါရစေ ဒီလိုတွေးတာ သိပ်နောက်ကျနေတာ မဟုတ်ဘူးဆိုတာ သိရအောင် ပါ ကျေးဇူးတင် ပါတယ်

  • windtalker

    December 12, 2011 at 9:13 pm

    မြို ့ရွာ များ တိုးချဲ ့တော့မယ် ဆိုရင်
    အရင်ဆုံး ဖယ်တာ သင်းချိုင်း ၊ သုဿန် ဆိုတော့…
    ကျုပ် တို ့မြို ့က ၊ သင်းချိုင်းက မြို ့နဲ ့တော်တော်ဝေးတာဆိုတော့
    တော်သေးတာပေါ့ လို ့ဘဲ သက်ပြင်းချမိတယ် ဗျာ

  • unclegyi1974

    December 12, 2011 at 10:59 pm

    တိုးတက်နေတဲ့ခေတ်ကြီးမှာမတိုးတက်ချင်ပါဖူးဆိုရင်တခုခုတော့လွဲနေပြီလို့ထင်ပါတယ်
    တိုးတက်မှုနဲ့အတုူကောင်းတာကောဆိုးတာကောပါလာမှာလေ
    ကောင်းတာကိုအားပေးလက်ခံတာလည်းဒီလူတွေပါပဲ
    ဆိုးတာကိုအားပေးလက်ခံတာလည်းဒီလူတွေပါပဲ
    အဓိကကဆိုးတာနဲ့ကောင်းတာကိုခွဲခြားနိုင်တဲ့ပညာကိုကိုယ့်လူတွေကိုပေးဝေဖို့အရေးကြီး
    တယ်လို့မြင်မိကြောင်းပါကွယ်

  • ဦးဦးပါလေရာ

    December 12, 2011 at 11:41 pm

    တိုးတက်တယ်ဆိုရာမှာ-
    လူ့အသိုင်းအဝိုင်းကိုအကျိုးပြုတဲ့ အချင်းအရာတွေက လက်ဦးအောင် ရှေ့က အရင်တိုးတက်နှင့်မှ ပိုကောင်းပါတယ်။
    ဥပမာ- အင်တာနက်သုံးပြီး ပညာရှာ ဗဟုသုတရှာကြတာမျိုး
    အသိပညာနည်းပညာအသစ်တွေရပြီး စိုက်ပျိုး မွေးမြူရေးတွေ ပိုထွန်းကားအကျိုးများတာမျိုး
    ကျောင်းပညာ ဆေးပညာဗဟုသုတတွေ ကြွယ်ဝလာပြီး လူမှု့ရေး ကျန်းမာရေးတွေ ကောင်းမွန်လာတာမျိုးပေါ့။

    ဒါကြောင့် လမ်းဖေါက်လျှင်တော့ လမ်းနှင့်အတူ အဲဒါတွေ တပါတည်း ထည့်ပေးနိုင်ရပါမယ်။
    လမ်းချည်းသက်သက် အရင်ဖေါက်နှင့်ရင်တော့ ရွာ ပုံပျက်သွားမှာဖြစ်ပြီး နောက်မှ လိုက်ပြင်ဘို့ကြိုးစားပေတော့ပေါ့။
    ယနေ့ လမ်းအရင်ပေါက်နှင့်ပြီး ဘာမှပါမလာတဲ့ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေလဲ ဒီလိုမျိုးပဲလေ။

  • pasi

    December 13, 2011 at 10:41 am

    မှန်ကန်သောတိုးတက်ဖွံ့ဖြိုးခြင်းများဖြစ်ပေါ်လာပါစေသား

  • ဆူး

    December 13, 2011 at 4:10 pm

    လမ်းဖောက်ပြီး လမ်းကနေ သွားလို့ရတာ ကလည်း ကောင်းတဲ့ အကျိုးကျေးဇူးပါပဲ။
    မဝင်စေချင်တာတွေ မဝင်သင့်တာတွေ မဝင်နိုင်အောင် လုပ်နိုင်တဲ့ တံတိုင်းက ယဉ်ကျေးမှုပါပဲ။
    ယဉ်ကျေးမှု တံတိုင်း ဖဲ့ ပြီး ပေးလိုက်ရင်တော့ သွားပြီ..
    အခုလတ်ရှိဖြစ်နေတာ ယဉ်ကျေးမှု တံတိုင်း က တိုက်စားခံနေရတာ များတယ်။
    ပြည်ပ ထွက်သွားတဲ့သူတွေက ကြီးပွားချမ်းသာတယ်လို့ မြင်ကြတယ်။ တချိန်ကတော့ ဟုတ်ခဲ့ပါတယ်။ ဟိုက ရှာလို့ ပို့တဲ့ ပိုက်ဆံကို ဒီမှာ တော်တော် သုံးရတယ်ဆိုတော့…
    အခု အချိန်မှာတော့ ကုန်ဈေးနှုန်းဘာညာနဲ့ တိုင်းတပါးရောက် မြန်မာတွေ လည်သူ အဆင့်ဆင့် စားကြေး အချင်းချင်း ခေါင်းပုံဖြတ်တာတွေ ရှိနေတော့.. ပြည်ပ ထွက်လည်း ရှာနိုင်တာနဲ့.. ပြည်တွင်းမှာ လုပ်စားရတာ သိပ်မကွာလှတော့ဘူး။ ဒါပေမဲ့ ပြည်ပ ထွက်ရင် ငွေထုတ်ပိုက်နိုင်မယ် ကြီးပွားမယ် ဆိုတဲ့ အမြင်တွေ မပြောင်းနိုင်သေးတာ ခက်ပါတယ်။
    အခု ဖြစ်နေတာ ကိုရိးယား ယဉ်ကျေးမှုတွေက ပြည်တွင်းက တံတိုင်းကို ချိုးဖောက် စိမ့်ဝင်နေပါပြီ။ ရုပ်မြင်သံကြားတွေကလည်း အဲဒီ ဇတ်လမ်းတွေကို ပြမှ ကြော်ညာ ရပြီး ငွေကြေး ပုံမှန် လည်ပတ်ဖို့ အဆင်ပြေတယ် ထင်ပါရဲ့.. သူတို့က အဓိက ဇတ်ကောင်နေရာက ပါတယ်။

    အမျိုးသမီးတွေကလည်း လင်မယား ရန်ဖြစ်ရင်တောင် ကိုရီးယား ကားပြီးမှ ရန်ဖြစ်တယ်။
    အမျိုးသားတွေကလည်း ဘောပွဲ ရှိလို့ ဒီည အိမ်ပြန်မအိပ်ဘူး.. (မာဆတ်၊ နိုက်ကလပ်) စသဖြင့် ပြောင်းလဲ လာတဲ့ စနစ်တွေ ခေတ်တွေကို လိုက်ရောညီထွေ မဖြစ်ပဲ အလွန်အကျွံဆိုတာမျိုး ဖြစ်နေကြတာပါ။
    ပြောင်းမှန်း သိလို့ စိတ်ပျက်လာကြရင် တစ တစ နဲ့ အားလုံး တည့်မတ်ပေးရင်တော့ အဆင်ပြေ သွားလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ အသံမထွက်တဲ့ အင်တာနက်မှာ ဘယ်လောက် အော်အော် တကယ် လက်တွေ့ ယဉ်ကျေးမှု တံတိုင်း အချိုးဖောက်ခံရတဲ့ နေရာတွေကို အသံမရောက်ရင် အလကားပါပဲ။

  • inz@ghi

    December 13, 2011 at 4:22 pm

    ဤ ပိုစ့်လေးကတော့ ကွန်ဆာဗေးတဗ်များနှင့် လစ်ဘရယ်လ်များ
    ထိပ်တိုက်တွေ့သည့် ပိုစ့်လေးလို့ပဲ ညွှန်းချင်ပါတယ်ခင်ဗျာ …
    (ဘဘဘလက် လေသံဖြင့်)

    နာမည်ကျော် ဥပမာဖြစ်သော တံခါးဆွဲဖွင့်သည့်ကိစ္စနှင့် ရှင်းပြထားသော သဂျီး၏
    မန့်ချက်နှင့် ကိုရီယန်ဝေ့ဖ် ကို မခံစားနိုင်ပုံရသော ရွာတော်ရှင်၏ မန့်ချက်တို့မှာ
    အတောက်ပ ဆုံးဖြစ်လေ သည်။ဟီဟိ။

    (ကောမန့် အညွှန်းတွေ ရေး ပြီးတင်ရင် ဘဘဘလက် သူ့ပြောင်ပါတယ်ဆိုပီး
    လိုက်ရိုက်နေမှာ ကြောက်သဖြင့် ..စောင်ခြုံထဲ ပြန်ပုန်းနေလိုက်ပါသည်..)

Leave a Reply