ဤခရီး အတော်နီးလှပြီ

TTNUDecember 11, 20111min25519

ဤခရီး အတော် နီးလှပြီ….

 

သင့်ဘဝလက်ရှိ အချိန် နှင့် လက်ကျန် အချိန် ကိုကြည့်၍

             သံဝေဂ ပွားရန် အချိန်ဇယား (သက်တမ်း ၇၅ နှစ်)

 

သင့် အသက် …………………… သုံးပြီးသောအသက် …………………. လက်ကျန်ရက်

 

 

(၁) ၁၀-နှစ် ………………………     ၃၆၅ဝ (ရက်) ………………………၂၃၇၂၅ (ရက်)

 

(၂) ၁၅-နှစ် ………………………     ၅၄၇၅ (ရက်) ………………………၂၁၉၀ဝ (ရက်)

 

(၃) ၂၀-နှစ် ………………………     ၇၃၀ဝ (ရက်) ……………………..၂၀၀၇၅ (ရက်)

 

(၄) ၂၅-နှစ် ………………………      ၉၁၂၅ (ရက်) ……………………..၁၈၂၅ဝ (ရက်)

 

(၅) ၃၀-နှစ် ………………………    ၁၀၉၅ဝ (ရက်) ………………………၁၆၄၂၅ (ရက်)

 

(၆) ၃၅-နှစ် ………………………    ၁၂၇၇၅ (ရက်) ………………………၁၄၆၀ဝ (ရက်)

 

(၇) ၄၀-နှစ် ………………………    ၁၄၆၀ဝ (ရက်) …………………… ၁၂၇၇၅ (ရက်)

 

(၈) ၄၅-နှစ် ……………………….    ၁၆၄၂၅ (ရက်)  …………………  ၁၀၉၅ဝ (ရက်)

 

(၉) ၅၀-နှစ် ……………………….    ၁၈၂၅ဝ (ရက်)  ………………………၉၁၂၅ (ရက်)

 

(၁၀)၅၅-နှစ် ……………………..    ၂၀၀၇၅ (ရက်)   ………………………၇၃၀ဝ (ရက်)

 

(၁၁)၆၀-နှစ် ……………………..    ၂၁၉၀ဝ (ရက်) …………………………၅၄၇၅(ရက်)

 

(၁၂)၆၅-နှစ် ……………………..    ၂၃၇၂၅ (ရက်) …………………………၃၆၅ဝ (ရက်)

 

(၁၃)၇၀-နှစ်……………………….   ၂၅၅၅ဝ (ရက်)  ………………………၁၈၂၅(ရက်)

 

(၁၄)၇၅-နှစ် ………………………   ၂၇၃၇၅ (ရက်)  ………………….      …………

 

အထက်ပါ အချိန်ဇယားကို ကြည့်၍ အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။

 

(၁) သင် …. အခု ဘယ်အရွယ်ရောက်နေပြီလဲ ?

(၂) သင် …. အခု ဘာလုပ်နေသလဲ၊ ဘာလုပ်သင့်သလဲ ?

(၃) သင် …. ဘဝ အတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ ?

(၄) သင် …. ဘဝအတွက် လက်ကျန် အချိန်ကိုတန်ဖိုးရှိအောင် ဘယ်လို အသုံးချမလဲ ?

(၅) သင် …. ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အသက်မှာ၊ ဘယ်ရောဂါနှိပ်စက်ခံရပြီး၊

ဘယ်နေရာ၊ ဘယ်ဒေသမှာ၊ ဘဝနိဂုံးချုပ်လို့၊ ဘယ်သုသာန်မှာ မြှုပ်နှံ သင်္ဂြ ိုလ်ခံရမယ်ဆိုတာ၊

မရေရာတဲ့ သင့်ဘဝအတွက် ဘဝအာမခံချက်တွေ  ရရှိပြီးပြီလား ?

သင် လူ့ပြည်မှ ထွက်ခွာဖို့ အချိန်နီးလာပြီ။ တရားမမေ့ပါနှင့်။

(ဦးနန္ဒောဘာသ-မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ၊ ပြင်ဦးလွင်) ၏ တရားစခန်းဓမ္မဒါန

ဆက်လက် လက်ဆင့်ကမ်းပါသည်။

 

ရှင်သေမင်းကို ဘယ်သူမဆို ရင်ဆိုင်ရမယ်။ ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ

တစ်ယောက်နဲ့ တစ်ယောက် လက်ခံမှုတွေ ကွာခြားကြပါတယ်။

 

ဥပမာ…မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏မဖြစ်၏ ခေါင်းစဉ်နဲ့  ကိုပေါက်ရေးတဲ့ ပို့စ်လေးမှာ

ကိုယ်တို့ ဂဇက်မိတ်ဆွေတွေ သေခြင်းတရားအပေါ် ထားရှိတဲ့ သဘောထား အသီးသီး တင်ပြခဲ့ကြပါတယ်။

 

မမ ပြောတာလေးကတော့ စောသေးတယ်တို့ နောက်ကျနေပြီတို့ ပြောနေမှာထက်

လက်ရှိအချိန်သည်သာ အကောင်းဆုံးပါတဲ့။ မမ ရဲ ့ ပစ္စုပ္ပန်ကိုတည့်တည့်ရှု ့မဲ့ဝါဒ

 

လေးကို ကိုယ်လက်ခံတယ်။ ကိုယ်တို့တွေ အတတ်ကိုတမ်းတ၊ ပစ္စုပ္ပန်ကို အားမရ၊

အနာဂတ်ကို ကြောင့်ကျနေလို့ မဖြစ်သေးဘူး။

ဒေါ်အေးကေကေ ပြောတာကတော့ မသာတစ်ခေါက်ကျောင်းဆယ်ခေါက်

ဆိုသလိုနေရင်းကားမမြဲ  သေချင်းကားမြဲ၏ဆိုသလိုပဲ

ငါလဲမုချသေရမှာဆိုတဲ့သံဝေဂအတွေးကဝင်လာကြောင်း သေဖို့လည်း

အသင့်မပြင်ရသေးကြောင်းသံယောဇဉ်တွေမဖြတ်နိုင်သေးတာက

အကြောင်းရင်းဆိုတဲ့အကြောင်း လေးတွေနဲ့  သံဝေဂနဲ့ သံယောဇဉ် လွန်ဆွဲပွဲ

ကျင်းပနေပါတယ်။ လူတိုင်းဒီလိုပါပဲလေ။ လက်လွှတ်လိုက်ဖို့ အားလုံး ခက်ပါတယ်။

 

ကိုပေါက် ရဲ ့ မူဝါဒလေးကတော့

အမှန်အတိုင်းပြောရင် သူ့ဇောနဲ့သူ မနက်အစောအိပ်ယာထ လမ်းေလျှောက်ချိန်ကနေ

အင်တာနက်ဆိုင်မှာလာထိုင်တဲ့ ကျနော့်စကက်ဂျူးထဲမှာ အများသူငါလို

တကယ့်ကို တရားဓမ္မတွေမပါ ပါဘူးတဲ့၊ ငါသေရင်ဆိုတာလည်း ထည့်မစဥ်းစားခဲ့မိဘဲ

ကိုယ်လုပ်စရာရှိတာ လုပ်သင့်တယ်ထင်တာလေးတွေလုပ်ဖို့    အလုပ်ကို

တန်းစီနေတာဖြစ်ကြောင်း၊ အခုမှ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်မိတဲ့သဘောဖြစ်ကြောင်း

ဆိုပါတယ်။ သူလည်း ရက်တွေနာရီတွေ မတွက်ဘဲ လက်ရှိ အချိန်လေးကို တန်ဖိုးရှိ

အောင် အားထုတ်နေသူမို့ လေးစားရပါတယ်။

 

အော် ET ကတော့ လက်တွေ့ဆရာလေးထင်ပါရဲ ့  သေရမှာတော့ မကြောက်ပါဘူး။

မသေမရှင် ဖြစ်နေမှာကို ကြောက်တာတဲ့၊ သေပြီးသွားရင် ယောင်လည်လည်

ဖြစ်နေရင်လည်း ဒုက္ခကို (အဲဒီအပိုင်းကို) သူ့ခမျာကြုံဖူးတာ မဟုတ်တော့

နည်းနည်းစိုးရိမ်မိတယ်တဲ့။ ဆိုတော့ ET လေးရဲ ့ ရှင်သေမင်း အပေါ်ထားရှိသော

မူဝါဒလေးထဲမှာ ကြောင့်ကျမှုလေးတွေ အရောင်ပြနေလေရဲ ့။

 

အုပ်ချုပ်သူ ခိုင်ရဲ ့ မှာတမ်းကို အရသာ ပျက်မှာစိုးလို့ ကော်ပီပြလိုက်ပါတယ်။

 

မြန်မာတွေဆုတောင်းရှိတယ်..

“ဘုန်းကြီးလို့..အသက်ရှည်ပါစေ”တဲ့..။

တကယ်က.. သာမန်တန်းစားမြန်မာတွေ…

ဘုန်းလည်းမကြီးဘူး.. (မြန်မာတွေအထက်မှာ.. အဝါနဲ့အစိမ်း..အထက်အတန်းအစားကြီး

၂ခုရှိနေတာကိုး..ကိုယ့်ထက်ကြီးတယ်လို့.. သူတို့ပဲ ပြောတာပဲလေ…ဘုန်း..ဘုန်း)

အသက်လည်းမရှည်ဘူး..။ (ကမ္ဘာတန်းမှာ.. နိုင်ငံ၁၉၁နိုင်ငံစီထားတာ.. မြန်မာက..

ရှေ့ကတွက်ရင် ၁၄၁ ..နောက်ကတွက်ရင်မဆိုးဘူး… ၅ဝ ရတယ်..။)

ဆိုတော့..
ဘုန်းကြီးပြီးအသက်ရှည်ချင်ရင်.. အထက်တန်းစားဖြစ်အောင်လုပ်မလား..

အထက်တန်းစားလူတန်းစားရဲ့ အကျိုးတွေကို မျှဝေခံစားမလား.. တွေးဖို့ပဲ…။)တဲ့။

တွေးပါတယ်။ တွေးကြည့်ပါတယ်။ ဘုန်းကြီးဖို့  အသက်ရှည်ဖို့ အထက်တန်းစားဖြစ်မှလားခိုင်ရေ လို့

မေးမိသလို   ဖြစ်ရင်ကောင်းမလားလို့လည်း လူစိတ်နှစ်ခွ လေး ဟိုလိုလိုဒီလိုလို အတွေးဝေတေတေလေး

ဝေ့ လိုက်မိသေးတာပေါ့။

 

တကယ်ကြီး   ကိုယ်ခံစားမိ်တာကတော့

သေမှာငါမကြောက်
နာတာရှည်မှာသာ ကြောက်
ရှင်သေမင်းရောက်လာရင်လည်း
တသွင်သွင်ငါ မငြင်းဆို။

ငါကြောက်တာ တစ်ခုတည်းကိုသာပြောတတ်
စိတ်မှာ အတောမသတ်
အိပ်ရာကျောကပ်မှိုုင်နေရ
ကိုယ့်သဘောနဲ့ ကိုယ်ဘာမှ မလုပ်နှိုင်တဲ့ဘဝ။

 

ဒါပေမဲ့ ကိုယ် အ ထက်က ဖော်ပြခဲ့တဲ့  အချိန်ဇယားလေးကိုနေ့တိုင်းဖတ်မိတယ်၊

ဖတ်တိုင်း အချိန်မရှိတော့ဘူးဆိုတာ စဉ်းစားမိတယ်။ စဉ်းစားမိတိုင်း ရေရာတဲ့

ဘဝဖြစ်အောင် သေရွာပါသွားမဲ့  အာမခံချက်လေးတွေ အားထုတ်မိတယ်။

 

ငယ်ငယ်ကြီးကြီး မိတ်ဆွေတို့လည်း အသေမဦးမီ အသိဦးစေချင်လို့

ပျော်စရာမကောင်းပေမဲ့  စေတနာကောင်းလေးနဲ့ ဒီ ပို့စ် လေးတင်လိုက်ပါတယ်နော်။

 

 

19 comments

  • TTNU

    December 11, 2011 at 11:47 pm

    Sorry ပါ။ ရိုက်တုန်းက ဇယားအတည့်ပါ။ အခုလက်ကျန်ရက်ကအောက်ရောက်သွားတော့
    ပုံစံမကျတာခွင့်လွှတ်ကြပါ။ ပြန်လည်းမပြင်တတ်တော့ပါ။ 😕

  • inz@ghi

    December 12, 2011 at 12:13 am

    ကျေးဇူးကြီးလှပါသည် .တီချယ်ကြီးရယ်….

    မှန်တာကို မရှက်မကြောက်ဝန်ခံရရင်
    သေမှာတော့ ကြောက်ပါတယ်…(ပုထုဇဉ်ကိုး…)
    နေလည်းနေချင်သေးပါတယ်…(တဏှာ မစွန့်နိုင်ဘူးဗျ …)
    နေရသခိုက် နောက်ဘဝအတွက် ရိက္ခာ သယ်ချင်ပါတယ်…(ကုသိုလ်+ ဘာဝနာ ပြောပါတယ်..)
    သို့သော် မလုပ်နိုင်သေးပါခင်ဗျား…

    လောဘ(ပညာ လို့ ကျွန်ုပ်တို့ သတ်မှတ်အပ်သော သညာများနှင့် ဒုတိယဘုရားသခင် ကို ရှာဖွေခြင်း…)

    မောဟ(မသိလို်က်ခြင်း မြောက်များစွာ ..အချိန်အခါအရ အခြေအနေအရ …နေရာအနေအထားအရ ..
    အရ …အရ. ….. auto response ပေါင်းမြောက်များစွာ…)

    ဒေါသ(ပညတ် သဘောအရ ဖန်တီးတည်ဆောက်အပ်သော ရာထူး အဆင့်အတန်း လူမျိုး …….စတဲ့
    ကွဲပြားမှုပေါင်းမြောက်များစွာအရ …ဆန့်ကျင်ခံထိသော် …မတူညီသည်ရှိသော် …ငါကွ ဟုသော …တလွဲမာန
    အရသော် ……)
    တုန့်ပြန်မှုပေါင်းများစွာနှင့်…

    ကျနော် ငမိုက်သား ဂီဂီမှာ အေးချမ်းမှု အစစ်ကို ရှာဖွေ မတွေ့သေးပါခင်ဗျား..

    ဆက်မိုက်ဦးမှာ ဖြစ်ပေမယ့် …..
    တီချယ်ကြီးပေးသော အသိ လေးကိုဖြင့် .. .ခကြာခန ..အသိလေးနှင့်ယှဉ်ကာ …
    လိုက်နာကျင့်သုံးသွားပါမည်ဟု ….
    (ဟိုမင်းသားကြီးကို ရိတာ မဟုတ်ပါ … ဂီဂီအတည်ပြောတာဖြစ်ပါသည်…)

  • TTNU

    December 12, 2011 at 1:11 am

    မောင်ဂီရေ…
    ကနဦးစာဖတ်သူတစ်ယောက် အဖြစ် ကြိုဆိုပါတယ်။
    မောင်ရင် ဘယ်နှစ်ရက် ကျန်သေးလဲ။ 🙂
    တီချာဆိုရင် ရက် (၅၀၀၀) ကျော်လေး အုပ်စုထဲမှာပေါ့။
    တိုများဗုဒ္ဓဘာသာ အယူအဆ အရ ဇာတိ ဇရာ မရဏ ပြီးလို့ ဆက်လမ်းရှိရင်
    ဘဝထပ်ရဦးမယ်။ ဒုက္ခ ပြန်ရဦးမယ် လို့ ။ မသေတတ်ရင် သံသရာကြီးထဲမှာ ဒီထက်နိမ့်တဲ့
    ဘုံဘဝတစ်ခုခု ကို လားရာဂတိ မဖြစ်အောင်အားထုတ်ရမယ်…စသဖြင့် ရှိပေတာကိုး။

    ( အကယ်၍ နားမလည်ဘူး ဆိုတဲ့ မိတ်ဆွေများရှိခဲ့ရင် … ဘာသာရေးဖြစ်နေ၍ ကျမ ဘာမှ
    တုန့်ပြန် ငြင်းမည်မဟုတ်ပါ)။ (စကားချပ်) ။

    ဆိုတော့ မောင်ဂီရယ်…မောင်ရင် ပြောသလို ပုထုဇဉ်ဖြစ်ကြတာမို့ တဏှာ၊ မာန၊ ဒိဌိ ၊ ရှိမှာမလွဲပါ။
    လောဘ၊ ဒေါသ၊ မောဟ ရှိတာ ဘာ ပြောကောင်းမလဲ။ မရှိဘူးပြောတဲ့ သူတွေ ညာနေတာပါ။

    သို့သော် ပပဉ္စတရားတွေဖြစ်တဲ့(သံသရာချဲ ့တတ်တဲ့တရား) ဒီ တဏှာ၊ မာန၊ ဒိဌိ ၊တို့ကို ခန္ဓာနောက်က
    မလိုက်စေနဲ့လို့ ဘုရားက သိကြားမင်းကိုဟောခဲ့တယ်။ ဒီတော့ သိကြားမင်းက မလိုက်အောင်ဘယ်လိုလုပ်ရမလဲ ဘုရားလို့ လျှောက်တော့ ” ခယဝယ မြင်အောင်ရှု” လို့ မိန့်သတဲ့။
    ( ခယ= ခန္ဓာပေါ်မှာ ကုန်တာ။ ဝယ= ခန္ဓာပေါ်မှာပျောက်တာ )
    To sum up; ဖြစ် ပျက်မြင်အောင်ရှု ပေါ့ကွယ်။ ဒါလည်း အတော်ကျင့်ရမဲ့ ကိစ္စ မဟုတ်လား။

    “ကျနော် ငမိုက်သား ဂီဂီမှာ အေးချမ်းမှု အစစ်ကို ရှာဖွေ မတွေ့သေးပါခင်ဗျား.. ဆက်မိုက်ဦးမှာ”
    ဆိုတဲ့ မောင်ဂီရေ… ကာလာမ သုတ္တာန်ရဲ ့ အနှစ်ချုပ်လေးကိုသာ လက်ကိုင်ထားပါသားရေ..
    *မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားပါ။ ဥပေက္ခာထားပါ၊ သေချာတာလုပ်ပါ။ အခုကောင်းရင် ၊ အခုဘဝ
    ကောင်းရင် နောင်ဘဝကောင်းမှာပါ။*

    ဒီလို အတွေးလေးရှိလိုက်ရင် ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ Pagan or Atheist or whatsoever:
    တစ်မိုးအောက်ထဲ မှာ ရှိတဲ့ လူသားမျိုးနွယ် စိတ်ကလေးနဲ့ လောက ကို အလှဆင်နှိုင်ကြမှာပါ။

    မေတ္တာပို့သလျက်

  • small cat

    December 12, 2011 at 7:42 am

    ဆရာမကြီးခများ ကျေးဇူးတင်ပါတယ်၊
    အဲဒီအချိန်ဇယားဟာ ၇၅ ကို ယေဘုယျသဘောနဲ့အခြေခံထားပေမဲ့
    လက်ကျန်ရက် ဟာ မနက်ဖန် တရက်ပဲ ကျန်တော့တာ မျိုးဖြစ်နိုင် တယ်ဆိုတာကို
    သိထားဖို့ လည်းအရေးကြီးကြောင်း စဉ်းစားမိပါတယ်ခင်ဗျာ။
    အိပ်ပျော်နေသူများကို နှိုးပေးတဲ့ဆရာမကြီးရဲ့စေတနာကို လေးစားပါတယ်ခင်ဗျာ။

  • E.T

    December 12, 2011 at 8:42 am

    ကျွန်တော်ကတော့ ၁၇၅၂ဝ ရက် ကျန်ပါသေးတယ်။ ၇၅ နှစ်ဆိုတော့ တုန်ချည့်တုန်ချည့် ဖြစ်နေပြီလား မသိဘူးနော် တီချယ်ကြီး။ အဲဒီ အချိန်ဆို ကုတင်ပေါ်မှာ သေရမယ့် အချိန်ကို စောင့်ရင်စောင့်နေရမှာ။ ကျွန်တော်ကတော့ အဲဒီလိုမကြိုက်၊ ဘယ်အရွယ်ဘဲဖြစ်ဖြစ် ရုတ်တရက် ကွယ်လွန်သွားပါသည်ကို ကြိုက်တယ်။ အလုပ်လုပ်ပြီး ပိုက်ပိုက်ရှာနေ ပါတယ်။ ဘဝအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေချထားသင့်ပါတယ်။ ကျွန်တော်ကတော့ လောလောဆယ် ဒီလိုပြင်ဆင်ထားပါတယ်။ အလုပ်၊ မိသားစု၊ အများအတွက် အလှူ၊ ဘုရားအတွက်အလှူ ဆိုပြီး ခေါင်းစဉ်ကြီး ၄ခုခွဲထားပါတယ်။ ရတဲ့လစာကို အချိုးကျ အဲဒီခေါင်းစဉ်တွေအောက်ပို ့ပါတယ်။ အခုအချိန်မှာတော့ အလုပ်နှင့် မိသားစုကို ၈၀% ထည့်ထားပါတယ်။ ၂၀%က အများနှင့် ဘုရားအတွက် လတိုင်းလှူပါတယ်။ ခုတော့ နည်းနည်းပဲလှူနိုင်ပါသေးတယ် အလုပ်အခြေမခိုင်သေးလို ့ပါ။ အသက် ၄ဝ လောက်ဆိုရင်တော့ ၅၀-၅ဝ ညီအောင်ညှိသွားပြီး အလှူအတန်းနှင့် ဘာသာရေးကို ဦးစားပေးလုပ်သွားမယ်လို ့ပြင်ဆင်ထားပါတယ်။ ဘဝအာမခံချက်ရှိလားဆိုတော့ ဘဝအာမခံချက် ရှိပါတယ်။ ဗုဒ္ဓဘာသာနဲ ့ ခရစ်ယာန် သိပ်တော့မကွဲပြားပါဘူး။ အောက်ကဟာက ကျမ်းစာထဲက ပညတ်တော် ၁ဝပါး ထဲက ၅ ချက်ပါ။ ဘာရည်ရွယ်ချက်မှ မရှိပါ။ ဗဟုသုတပါ။
    6 “You shall not murder.
    7 “You shall not commit adultery.
    8 “You shall not steal.
    9 “You shall not bear false witness against your neighbor.
    10 “You shall not covet your neighbor’s house; you shall not covet your neighbor’s wife, nor his male servant, nor his female servant, nor his ox, nor his donkey, nor anything that is your neighbor’s.” (You shall not covet anything that belongs to your neighbor.)

  • MaMa

    December 12, 2011 at 8:47 am

    တီချယ်ကြီးရေ-
    ဆရာတော်ကြီးတစ်ပါး ဟောတဲ့အထဲမှာ ဒကာ ဒကာမတွေကို တရားစခန်းဝင်ဖို့ တိုက်တွန်းတိုင်း ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အကြောင်းပြပြီး မအားသေးဘူးလို့ ငြင်းကြတယ်တဲ့။
    ဘုန်းကြီးတွေကို အကြောင်းပြလို့ရပေမယ့် သေမင်း ခေါ်ရင်တော့ လိုက်သွားကြရတာပဲ တဲ့လေ။ သေမင်းကိုတော့ မအားသေးလို့ ဆိုပြီး အကြောင်းပြလို့မှ မရတာကိုး… 🙁

  • ပေါက်ဖော်

    December 12, 2011 at 11:01 am

    ဟေ့..ကိုတေမင်း..
    နာ..မအားသေးဘူး..ခေါ်နဲ ့ဦး..
    ပုံ၊
    ထီဆယ်ခါ မပေါက်မချင်း အသက်မပျောက်မဲ့..ငပေါက်ဖော်..

    • ကြောင်ကြီး

      December 12, 2011 at 11:48 am

      မပေါက်မချင်း ပျောက်ပေမဲ့…. ကြောက်ရင်းမြောက်စေတဲ့….. သောက်ကမြင်း အထောက်တော်နဲ့…. ချောက်ရင်း အနောက်ဆော်လိုက်မယ်…..အခြောက်ကွင်းပေါက်ဖော်ရေ….. 👿
      တီချယ်ကြီးရေ…
      သဂျီးကို သွားမဝေဖန်ပါနဲ့ဗျာ။။။။ သူက ကိလေသာကုန်ခမ်းပြီး မခံစားချင်ပေမဲ့ အားပါးတရ မိုးမမြင်လေမမြင် နွားသိုးကြိုးပြတ် သရဲမရဲစီး ဝေသာလီပြည်ဘီလူးဝင်သလို အားနာပါးနာနဲ့ ကာမဂုဏ်အာရုံ ခံစားနေရတဲ့ ဂျာပွန်ဇိမ်ဘုံးဂျီး (ဇင်မဟုတ်ပါ) ဖြစ်နေဘီ။။။။ ရေစက်ချပေးရင်တောင် ကိုဘေးနွားကင်အပေါ်မှာ ဘီယာစက်ချပေးရသဒဲ့။။။။။ 😆

  • weiwei

    December 12, 2011 at 12:01 pm

    ကျွန်မကတော့ ဘယ်နှစ်ရက်ပဲ ကျန်တယ်ဆိုတာမျိုး မတွက်ပါဘူး .. အချိန်မရွေးသေနိုင်တယ်လို့ပဲ မှတ်ယူထားပါတယ် … ဒါပေမယ့် လောဘ ဒေါသ မောဟတွေနဲ့ နပန်းလုံးနေရသေးတာပဲ … တစ်နေ့တစ်နေ့ နဲနိုင်သမျှနဲအောင် အသိဉာဏ်လေးနဲ့ ကြိုးစားနေရင်း သေဖို့အတွက် အဆင်သင့်ပြင်နေပါကြောင်း …….
    ဘယ်သူ့ကိုမှ တရားချဖို့စိတ်ကူးမရှိတော့ပဲ ကိုယ့်ဟာကိုယ် တရားရဖို့အတွက်သာ စဉ်းစားနေပါတော့တယ် …
    (သူကြီးလိုလူမျိုးနဲ့ ကြုံတွေ့ပြီးမှ ရလာတဲ့ အသိတရားဖြစ်ပါကြောင်း … )

  • Moe Z

    December 12, 2011 at 12:09 pm

    မမဝေနဲ့အတွေးချင်းတူနေပြီဗျို့…

    သဂျီးလည်း ကျွတ်ချိန်တန်တော့ကျွတ်မှာပေါ့ 😀

  • inz@ghi

    December 12, 2011 at 12:21 pm

    Reply အတွက် ထပ်မံ၍ ကျေးဇူးတင်ခွင့်ပြုပါ တီချယ်ကြီးခင်ဗျား…

    ယခု အအေးမိ ဖျားနာနေသဖြင့် ရုံးမတက်နိုင်ဘဲ အိမ်မှာ ဆန်ပြုတ်သောက်နေရတော့
    ပိုပြီးတောင် တရားကျမိပါသည်ခင်ဗျား ….

    တီချယ်ကြီးက ဆုတ်ကပ်၏သဘောကိုယူ၍ ၇၅နှစ် တမ်းနှင့် တွက်ပြထားသည်ကိုတွေ့ပါသည်ခင်ဗျား…
    probability အရဖြစ်ကောင်းဖြစ်ပါမည်….သို့ရာတွင်…
    ဆီ အလွန်စားသော …အချိုသိပ်ကြိုက်သော အငန်နှင့် မလွတ်ကင်းသော
    ကျွန်ုပ်တို့ လူမျိုးများ ၏ ဗမာ့ ပျမ်းမျှ သက်တမ်းနှင့် ထောက်ချင့်ရလျင်ဖြင့် …၁၀-၁၅နှစ်ခန့် နှုတ်ရမည်
    ဖြစ်ပါသည်…..

    ကျနော့်မှာ အချိန် သိပ်မကျန်တော့ပါခင်ဗျား ….
    ကျနော် ပို ကြိုးစားရဦးမည် …ပိုပြီး အားထုတ်ရဦးမည်…
    အဓိပ္ပါယ်ရှိသောလူ ဖြစ်အောင် ပိုမို ကျင့်ကြံရပါဦးမည် ဆိုတာ
    နားလည်ခဲ့ပါပြီ တီချယ်ကြီးခင်ဗျား…..

    လောကီအရပြောရရင်…
    သည်marketing model ဂီဂီ ဆွဲသွားတာလေ..
    သည်ဒါ့ပုံလား… ဂီဂီ ရိုက်သွားတာလေ ဟု သမိုင်းတွင်ချင်ပါသည်..

    လောကုတ်အရပြောရလျင်လည်း..
    လောကီ …ရည်မှန်းချက်ပန်းတိုင်များပြည့်ဝသည်နှင့်အညီ
    ဝိပဿနာ တရားကိုလည်း ကျင့်ကြံပွားများ အားထုတ်ချင်ပါသေးသည်ခင်ဗျား
    (ယခုတော့ ဘာမှ မလုပ်ဖြစ်သေးပါ ….)
    ငွေနောက်လိုက်ရင်….. ငယ်ရွယ်မှုကို စတေးခံရင်း …. ဘာသာရေးကို လစ်လျူရှုရင်း
    ကျနော် ….stuck in the middle …ဖြစ်နေပါသေးသည်…

    ကြိုးစားပါဦးမည်…
    လေးစားစွာဖြင့်
    ဂီဂီ

  • မာမီရေ………..
    သေရမှာလဲကြောက်တယ်
    မသေဘဲနဲ့ အိပ်ယာပေါ်ပက်လက်ဖြစ်မှာပိုကြောက်တယ်။
    နဂိုရ်ကတည်းက ကျနော်က ခြေထောက်မှာဗွေရောက်နေသူလေ။

  • pooch

    December 12, 2011 at 5:12 pm

    တီချယ်ရေ အနော်ကတော့ ချူချာလွန်းလို့ နောက် ၁ဝ နှစ်လောက်နေနိုင်ရင်တောင် အတော်ဟုတ်နေပြီလို့ ပြောရမှာ ..
    ပြီးခဲ့တဲ့ လက အဆုတ်ထဲပိုးဝင်တော့ သောက်လိုက်ရတဲ့ဆေးတွေ ထိုးလိုက်ရတဲ့ ဆေး မုန်းနေတာပဲ …

    ကိုယ့်အကြောင်းကိုယ်သိလို့လည်း ရိပ်သာကို နှစ်တိုင်း ဝင်ဖြစ်အောင်ကြိုးစားတယ်
    မတော် သေသွားရင် ဘာရယ် မဟုတ် အနည်း အကျဉ်း လောက် သေရွာပါသွားနိုင်အောင်လို့ပါ..

    ဘုရားလက်ထက်မှာတောင် ချွတ်မရတဲ့သူတွေ ရှိသေးတာ …ခုခေတ်လူတွေတော့ ပြိုင်မပြောတာ ကောင်းတယ် ….. ကိုယ့်ဘဝနဲ့ ကိုယ် သူ့ ဘဝနဲ့ သူပဲ ထားလိုက်ပါတော့ တီချယ်ရယ်

  • Big Bang

    December 12, 2011 at 8:45 pm

    တရားသဘော..ဘယ်လိုပြောလဲ…နှလုံးမယဉ်…ပုထုဇဉ်တို့…ပျိုကာဆိုးရွား..အိုလျှင်ယုတ်မာ..
    တရားမရနိုင်ကြပါတကား….
    ဖတ်ဖူးတာလေးပါ…….

  • windtalker

    December 12, 2011 at 9:01 pm

    တီချယ် ရေ
    ကျုပ် က တော့ ပျော်ပျော်နေ သေခဲ ဆိုသလို
    ဘဝ ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလျှက်ပါ ခင်ဗျား

  • TTNU

    December 12, 2011 at 11:31 pm

    ကြောင်လေး… မှန်တယ် Anytime any moment could be the last day!
    ET ရေ.. ပညတ်တော် တွေ တီချာဖတ်ဖူးတယ်။ သိမ်မွေ့မှုတွေ တစ်သားတည်းပဲနော်။
    မမရေ.. ဟုတ်တယ်နော် ရှင်သေမင်းက appointment မယူထားလည်းလာမှာပဲ။
    ကိုပေါက်ဖော်ရယ်.. ငြင်းလို့မရတဲ့ ကိစ္စကိုနော်။
    ကိုကြောင်ကြီးရေ..အဲဒီ ကိုဘေးနွားကင်စားရင် အသက်ရှည်တယ်ဆိုရင် ကောင်းတာပေါ့တော်။
    ဘယ်သူ့ကိုမှ တရားချဖို့စိတ်ကူးမရှိတော့ပဲ ကိုယ့်ဟာကိုယ် တရားရဖို့အတွက်သာ
    စဉ်းစားနေပါတော့တဲ့မဝေရေ…မှန်ကန်သောလုပ်ရပ်ပါ။
    မောင်ဂီ ဖျားနေသလား၊သည်marketing model ဂီဂီ ဆွဲသွားတာလေ..
    သည်ဒါ့ပုံလား… ဂီဂီ ရိုက်သွားတာလေ ဟု သမိုင်းတွင်ချင်တာလည်းလူသားတွေ
    အဆက်ဆက်မှာ အလွန်သဘာဝကျတဲ့ Aspiration ကြီးတစ်ခုမို့ အပြစ်
    မပြောသာပါဘူးကွယ်။
    ခြေထောက်မှာဗွေရောက်နေသူကိုပေါက်ရေ… သွားပါများခရီးရောက်ဆိုတော့ …
    သံသရာခရီးရှည် ကြီးထဲမှာလည်း ခရီးဝင်္ကပါ ကို တို့တွေ
    မသွားချင်လည်းသွားနေရမှာပါကွယ်။
    Pooch မ ရေ…ဘုရားလက်ထက်မှာတောင် ချွတ်မရတဲ့သူတွေ ရှိသေးတာ ဆိုပေမဲ့
    ဘုရားကတန်ခိုးတော်နဲ့ တရားပြဟောကြားချွတ်တာ၊
    တီချာတို့က မနှိုင်းသာပါ။ ဘလော့ရေးရရုံ တို့ကြည့်တာပါကွယ်။
    Big Bang ရေ.. တရားရစရာလမ်းကလေးကို နှလုံးယှဉ်နှိုင်ပါစေကွယ်။
    ပျော်ပျော်နေ သေခဲတဲ့၊ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့
    လူကလေးမောင်ဝင်းထောလခါရေ.. နေတတ်သလိုနေပါတော့…..

  • aye.kk

    December 13, 2011 at 9:11 am

    နေဝင်ခါနီး
    ခရီးသည်တွေ..
    ဘယ်ဆီမျှော်မှန်းလှမ်းကြမလေ..ဆိုတဲ့သံဝေဂတရားသီချင်းလေးကို ငယ်ငယ်ကကြားဘူးနေကြဖြစ်ပေမယ့်
    မတုန်လှုပ်မိပါဘူး..အချိန်တွေအကြာကြီးရှိနေသေးတယ်လို့ဘဲအောင်းမေ့မိပါတယ် ..အခုအသက်ရလာတော့ခဏလေးပါဘဲ
    ဆိုတဲ့အသိကိုရရှိလိုက်ပါတယ်..အသိဦးဘို့ပြောပေးလိုက်တဲ့တီတီနုရဲ ့ ့စေတနာကိုလည်းလေးစားလိုက်ရပါတယ်..။

  • blackchaw

    December 14, 2011 at 12:04 pm

    ဆရာမကြီး သတိပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
    သေရင်ကိုယ့်နောက်ပါမယ့် အလုပ်လေးတွေ လုပ်ဖို့
    ကြိုးစားနေဆဲပါခင်ဗျာ။
    ရှေ့တိုးရင်း နောက်ဆုတ်သလို ဖြစ်နေတာလေးပဲ ရှိပါတယ်။

    • TTNU

      December 14, 2011 at 3:30 pm

      ကိုဘလက်ချော
      အပြောကတကယ်ထက်
      ရှေ ့ တိုးနှစ်ဆ နောက်ဆုတ် တစ်ဆ ထား
      ဤ ခရီး အနည်းငယ်တော့
      NEAR လာရမှာ
      အမှန်ပါ မဟုတ်လား။

      မေတ္တာပို့သနေသော
      TTNU

Leave a Reply