တနေ့တာ အာဟာရ…

lu ta loneMay 26, 20101min652

http://mommaschoice.com/wp-content/uploads/2009/10/child-afraid.png

ကြောက်တာပေါ့အမေရ

တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်…..
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ…
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ

အမေ။ ။ဪသားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး…သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို…
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ…

အမှန်အတိုင်း

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် “ယနေ့ သင်္ဘောသားအရက်မူးသည်” ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ “ကျနော်အရက်တစ်ခါပဲသောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ” ဟုပြောသောအခါ ကက်ပတိန်က “အမှန်ကိုအမှန်အတိုင်းရေးတာကွ” ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။ “ယနေ့ကက်ပတိန် အရက်မမူးပါ။”

မင်းလိုပဲပေါ့

မောင်ချစ်က ဇနီးဖြစ်သူကိုမေးသည်။

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?

ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော .. ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?

မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

ခြေထောက်ပေါ် ရပ်နိုင်ပြီ

ဆရာဝန်က နှစ်ပတ်အတွင်းမှာ ငါဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်ကွ။

သူပြောသလို မင်း ရပ်နိုင်သွားရော့လား။

အင်း၊ အကြွေးဆပ်ဖို့ ငါ့ကားကို ရောင်းလိုက်ရတယ်လေ။

ဘယ်သူ. ဘက်ကလဲ

လူတစ်ယောက်သည် သူဧ။် အမဲလိုက် အတွေ.အကြုံကို ပြန်ပြောပြလျက်ရှိသည် ။

” အဲဒီလိုနဲ့ သေနတ်နဲ့ ပစ်လိုက်တာလွဲသွားရော ၊ ကျားက ငါ့ကို ခုန်အုပ်လိုက်တာပေါ့ ၊
ငါကလဲ ဘယ်ရမလဲ ၊ နီးရာ သစ်ပင်ကြီးတစ်ပငပေါ်ကို ပြေးတက်တာကွ ”

” ဒါဆို ကျား ကရော ”

” ကျား လဲ သစ်ပင်ပေါ် လိုက်တက်လာတော့ ငါလဲ အပေါ်က သစ်ကိုင်းပေါ် ခိုတက်ရတယ်လေ ”

” ဒါနဲ့ ကျား က ဘာဖြစ်သွားလဲ ”

” ဒီကောင်က ငါ့နောက်ကို လိုက်တုန်းပဲ ၊ ဒါနဲ့ ဒီကောင် သစ်ပင်ရဲ့ အလယ်လောက်ရောက်ရော
ငါလဲ သစ်ပင်ထိပ်ရောက်နေတာပေါ့ ၊”

” ဒီတော့ ကျားက ၊ အဲဒီ ကျား ဘာဖြစ်သွားသေးလဲ ”

” ဒီမှာ ဟေ့ကောင် ၊ မင်း က ကျားဘက်ကလား ၊ ငါ့ဘက်ကလားကွ ၊ ဟေ …”

ကော်ဖီ

ကျွန်မသူငယ်ချင်း မေရီ့ အိမ်သို့သွားလည်စဉ် သူ၏ ၃-လသားအရွယ် သမီးကလေးအား ” ကော်ဖီ “ဟု နာမည်ပေးထားသည်ကို သိရသည်။

ကျွန်မ။ ။ ကော်ဖီ-ဆိုတဲ့နာမည် အတည်ဖြစ်သွားပြီလား။

မေရီ။ ။ အတည်မဟုတ်ပါဘူး။ ညတိုင်း ငါတို့လင်မယားကို အိပ်ရေးပျက်စေလို့ ချစ်စနိုးခေါ်တာပါ။

2 comments

  • myominkhine

    May 26, 2010 at 5:18 am

    ကိုပိုင်ဟာသလေးတွေရေးပြီး ဖြော်ဖြေပေးကြပါဗျာ… အသစ်တွေဖတ်ချင်လို့
    အခုဟာသလေးကိုလဲကြိ ုက်ပါတယ်

  • lu ta lone

    May 26, 2010 at 5:31 am

    ဟုတ်ကဲ့ပါ…
    ကျွန်တော့် စာအုပ်တွေ ပျောက်နေလို့ပါ…
    နောက်ဆို ဟာသ အသစ်တွေပဲ တင်ပါ့မယ်…

Leave a Reply