မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် လက်မထပ်ရ…

lu ta loneMay 26, 20101min16814

မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားခွင့် မပေးရန် တရားရေး ဝန်ထမ်းများအား အာဏာပိုင်များက ညွှန်ကြား ထားသောကြောင့် မြန်မာ အမျိုးသမီးတချို့မှာ နိုင်ငံခြားသားများ၏ အငယ်အနှောင်း၊
တရားမဝင်ဘဝဖြင့် အသိအမှတ် အပြု မခံရသည့် အခြေအနေများ ဖြစ်လာနေကြောင်း သိရသည်။

“တဖက်က လူကုန်ကူးတဲ့ ပုံစံမျိုးတွေနဲ့ အရှုပ်အရှင်းတွေဖြစ်လာမှာကို တားဆီးကြောက်ကန်ကန်ပြီး လုပ်ပေမယ့်လည်း တကယ် နှစ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တရားဝင် လက်ထပ်ပေါင်းသင်းမှာကို ဆောင်ရွက်မပေးဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေးကို တားဆီး ကန့်သတ် ပိတ်ပင်ရာကျပါမယ်”ဟု ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စရပ်မှာ တရားမျှတမှု မရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်မည်ဆိုလျှင် ပထမဦးစွာ တိုင်းတရားရုံးသို့သွားရောက်၍ မှတ်ပုံတင် ရပြီး ၂၁ ရက် ကြိုတင် အသိပေးကာ ၎င်း ၂၁ ရက်အတွင်း ကန့်ကွက်သူ မရှိလျှင် တရားရုံးက လက်ထပ်ပေးသည့်
ဥပဒေ ရှိခဲ့ ကြောင်း ဦးအောင်သိန်းက ဆိုသည်။

“အဲဒီ ဥပဒေကိုတော့ အခုထက်ထိ မပယ်ဖျက်သေးဘူး၊ ဥပဒေအရ တားမြစ်ထားတာလည်း မရှိသေးဘူး၊ ဒါပေမယ့်
ညွှန်ကြားချက် နဲ့ ရပ်ဆိုင်းထားတယ်၊ တားထားတယ်ဆိုပြီး လက်ထပ်ခွင့်မပေးဘူး”ဟု သူကပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်မှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင် ကာလများက စတင်ခဲ့သည်ဟုလည်း သူကဆို သည်။

လွန်ခဲ့သော ၅ နှစ်ဝန်းကျင်က မြန်မာအမျိုးသမီးငယ် တဦးအား မိဘများက နိုင်ငံခြားသားတဦးဖြင့် အတင်းအကျပ် လက်ထပ်ပေး ခဲ့သည့်အတွက် အဆိုပါ အမျိုးသမီးငယ်မှာ ၎င်း၏ ချစ်သူဖြင့် ထွက်ပြေး၍ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သဖြင့် ယင်း ညွှန်ကြားချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုးက ပြောပြသည်။

“အဲဒီတုန်းက ဥပဒေ အရာရှိတယောက်က လက်ထပ်ပေးလိုက်တာ၊ အဲဒီကတည်းက နိုတြီလုပ်တဲ့ ရှေ့နေကအစ၊
ဥပဒေ အရာရှိ အကုန်လုံး နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့ကိစ္စကို လုံးဝ လုပ်မပေးရဘူးဆိုပြီး စာထုတ်ထားခဲ့တာ”ဟု သူက ဆက်ပြောသည်။

မြန်မာ အမျိုးသမီး၊ အမျိုးသားအချင်းချင်း လက်ထပ်ပေါင်းသင်းကြလျှင် အကောင်းဆုံးဖြစ်သော်လည်း အခြေအနေ အကြောင်း ကြောင်း ကြောင့် နိုင်ငံခြားသားနှင့် လက်ထပ်မည်ဆိုပါက ကာယကံရှင်များ၏ ဆုံးဖြတ်ချက် အခွင့်အရေးသာ ဖြစ်သင့်ကြောင်း၊ မတားကောင်းသည့် အရာဖြစ်ကြောင်း မန္တလေးမြို့တွင် နေထိုင်သည့် စာရေးဆရာ တဦးက သုံးသပ်သည်။

“လူကုန်ကူးတာမဟုတ်ဘူး ၊ မရိုးမသား မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်၊ နောက်ပြီး ကာယကံ ရှင် များကလည်း သဘောတူ ကြည်ဖြူကြပြီး တကယ်မြတ်မြတ်နိုးနိုးနဲ့ ပေါင်းဖက်ကြတာဆိုရင်
ကန့်ကွက်ဖို့မရှိပါဘူး”ဟု အဆိုပါ စာရေးဆရာက ဆိုသည်။
ထို့အပြင် နိုင်ငံခြားသားနှင့် လက်ထပ်သည် ဆိုရာတွင်လည်း အနောက်နိုင်ငံသား၊ တရုတ်၊ အိန္ဒိယ စသဖြင့် လူမျိုး ကွဲပြားကာ လူမျိုး တမျိုးနှင့် တမျိုး မြန်မာအမျိုးသမီးများအပေါ် ထားသည့် သဘောထားချင်း မတူညီနိုင်သောကြောင့် မည်သည့် လူမျိုးအား ရည်ရွယ်၍ ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း စဉ်းစားစရာဖြစ်နေသည်ဟု မန္တလေးမြို့ခံ စာရေးဆရာက ပြောသည်။

တချို့မှာ ဗမာ့ဓလေ့ထုံးစံတွင် တရားရုံးလက်ထပ်မှ တရားဝင်သည် မဆိုနိုင်သောကြောင့် ထုံးတမ်း အစဉ်အလာများအတိုင်း ဘုန်ကြီး ရဟန်းရှေ့မှောက်တွင် ဆွမ်းဖိ်တ်ကျွေး တရားနာယူကာ အသိအမှတ်သဘောဖြင့် လက်ထပ်ထိမ်းမြားသွားသည်
များ လည်းရှိကြောင်း ရှေ့နေ ဦးအောင်သိန်းကဆိုသည်။

နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းရသည့် မြန်မာအမျိုးသမီးများ အနေဖြင့်လည်း အကောင်းဆုံး အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောဆိုသည်။

“ဘယ်လူမျိုးရယ်လို့မဟုတ်ဘူး၊ ကိုယ့်အပေါ်မှာ ဘယ်လို လူစားမျိုးလဲ၊ ကိုယ့်ကို အသုံးချနေတာလား ဆိုတာကို
မိန်းကလေး တယောက်အနေနဲ့ ရွေးချယ်နိုင်မယ်၊ သူ့ရဲ့ဘဝပေး ကုသိုလ်လည်းကောင်းမယ်ဆိုရင် သူ့အတွက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် လက်ထပ်ယူနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်လို်က်သည်မှာ အိမ်ထောင်သက် ၁၁ နှစ်ရှိပြီဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး တဦး ကလည်း“ကျမလည်း ဒီလို နိုင်ငံခြားသားနဲ့ လက်ထပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး၊ ဒါပေမယ့် သူရဲ့ဖူးစာ၊
ကံတရားနဲ့လည်း ဆိုင်ပါတယ်၊ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာမျိုးမှ မဟုတ်ပါဘူး၊ ကိုယ့်အပေါ်မှာ နားလည်မှုရှိရှိနဲ့ သစ္စာရှိဖို့ အရေးကြီး ပါတယ်၊ ကိုုယ့်လူမျိုးချင်း၊ ကိုယ့်ဘာသာချင်းယူပြီး အဆင်မပြေကြတာတွေလည်း အများကြီးပါပဲ”ဟု ဆိုသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီ လက်ထပ်ခွင့်ရရန် ကြိုးပမ်းကြရသည့် မြန်မာအမျိုးသမီးများအနေဖြင့် အခက်အခဲအများအပြားနှင့်
ရင်ဆိုင် ဖြေရှင်းကြရကြောင်း၊ ထိုသို့ နိုင်ငံခြားသားများနှင့် လက်ထပ်ပြီး အိမ်ထောင်ရေး အဆင်မပြေသူများလည်း ရှိသကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုး၍ သစ္စာရှိရှိပေါင်းသင်းကြသူများလည်း ရှိကာ မိမိ၏ ကံတရားနှင့်လည်း
သက်ဆိုင်ကြောင်း ၎င်း၏ အတွေ့ အကြုံအရ ပြောပြသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် တချို့သောနိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ လူပွဲစားများနှင့် ဆက်သွယ်၍ မြန်မာအမျိုးသမီးများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင် နေကြကြောင်း  Flower News ဂျာနယ်တွင် ရေးသားထားသည်။

14 comments

  • myominkhine

    May 26, 2010 at 5:13 am

    ဖူးစာဆိုတာ တားမြစ်လို့ရတာမှမဟုတ်ပဲ တားမြစ်လဲ သူယူချင်ရင်ယူမှာပဲလေ ဆောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့

  • Black Ice

    June 3, 2010 at 4:39 am

    နိုင်ငံခြားသားဆိုတာ နိုင်ငံခြားသားဖြစ်သွားတဲ့ မြန်မာတွေရောပါလားဟင်?

  • ghost

    June 12, 2010 at 1:39 pm

    frc ဆိုတဲ ဧည့်နိုင်ငံသားတွေကော?

  • Bl@dE

    August 24, 2010 at 1:30 pm

    လက်ခံတယ်ဗျာဒီအဆိုကို ဘာလို.လဲဆိုတော့ဗမာ့သွေး(သို.)မြန်မာ့သွေးစစ်စစ်ကိုထိန်းသိမ်းထားနိုင်တာပေါ့ဗျာ
    ကိုယ်ကမှတကယ်ကြီးကြိူက်နေတယ်ဆိုရင်တော့လဲယူကြပေါ့ဗျာ…

    • maungmoenyo

      September 19, 2011 at 7:40 am

      ဗမာ့သွေးစစ် ဆိုတာ ဘာကိုဆိုလာတာပါလဲ???????

  • ko ko

    September 4, 2010 at 7:43 am

    နိုင်ငံခြားသားမှ မဟုတ်ပါဘူး ဘာသာမတူ လူမျိုးမတူတာနဲ့ လက်ထပ်ဖို့က
    ခက်ခဲနေတယ် နိုင်ငံသားတွေရဲ့ တရားဝင်လက်ထပ်ခွင့် ပိတ်ပင် နေသလို
    ဖြစ်နေတယ်။ တိတ်တိတ်ပုန်းအားပေးတာမျိုးလား….တော့ မသိတော့ဘူး

  • la won nge

    September 4, 2010 at 10:55 am

    စည်းကမ်းချက်၊ ပေါ်လစီတစ်ခုစီမှာတော့ အားသာချက် အားနည်းချက်တွေ ပူးတွဲပြီးရှိနေနိုင်ပါတယ်၊ အခုခေတ်အနေနဲ့ဆိုရင်တော့ ပုံသေသတ်မှတ်လို့မရနိုင်တာတွေ အများကြီးပါပဲ။မိန်းကလေးတွေ အနေနဲ့ကတော့ ပင်ကိုယ် အသိပညာ အပြင် စိတ်ဓါတ်ခံယူချက်တွေတင်မကပဲ ပတ်ဝန်းကျင်က ပါ ကိုယ့်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာ သတိလေးနဲ့ယှဉ်ပြီးနေတတ်ဖို့လိုတယ်လို့တော့ထင်ပါတယ်၊တကယ်အချစ်စစ်မဟုတ်ပဲ စီးပွားတွက်နဲ့ အိမ်ထောင်ပြုကြမယ်ဆိုရင်တော့ ကံတရားလို့ပဲပြောရမလားပဲ၊

  • siamonone

    September 18, 2011 at 6:33 pm

    အမေရိကန် တွေက တော့ လူမျိုးခြားတွေကို တအားခေါ်နေတယ်နော် ..
    ပီးတော့ ကြားဖူးတယ် .. လူမျိုးခြားတွေ လက်ထပ်လို့ ရလာတဲ့ ကလေးက ပိုပီးတော့ ဉာဏ်ကောင်းတယ်လို့

  • kolulay

    September 18, 2011 at 8:15 pm

    ဖူးစာဆိုတာ ပိတ်ပင်လို့မရပါဘူး။ ဒါပေမဲ့ ဦးရာဆိုပြီးအတင်းလုပ်ရင်တော့ လည်းမဖြစ်သင့်တာတွေဖြစ်ကုန်မှာပေါ့။ တကယ်တော့ အမှန်တကယ် ချစ်ကြ ကြိုက်ကြရင်တော့ ခွင့်ပြုသင့် ရင်ခွင့်ပြုရမှာပေါ့လေ။ နှစ်ဦးနှစ်ဖက် မသမာရင်တော့လည်း ……………….

  • naywoonni

    September 18, 2011 at 11:09 pm

    အချစ်မှာ မျက်စိမရှိတဲ့..။ အချစ်မှာ မရှိတာလား တဏှာမှာ မျက်စေ့ မရှိတာလားမသိဘူး…။

  • nigimi77

    September 18, 2011 at 11:16 pm

    ဟုတ်မှလည်း လုပ်ပါ မောင်ရင်ရယ်။

    စက်မှုဇုန်နီး ရပ်ကွက်တွေမှာ ရပ်ကွက် လူကြီးမင်းများရှေ ့မှောက်မှာ ဗမာမတွေက တရုပ် ၊ ကုလား ၊

    အင်ဒို ၊ ကိုရီးယား ၊ ဂျပန် တွေနဲ ့ လက်ထပ်နေကြတာ။ လက်ထက်ဖို ့တန်းစီနေတဲ့ ကောင်မတွေလဲ

    ဒုနဲ ့ဒေး။ မအေပေးတွေကလဲ ဗမာပြည်မှာ အလုပ်လုပ်တုန်း ဖာဘိုး သက်သာအောင် လုပ်နေတယ်။

  • မီးမီး သော်

    September 18, 2011 at 11:23 pm

    “””တစ်ခါက အိန္ဒိယတိုင်း သားမိတ်ဆွေတစ်ဦးက “ကျွန်တော်တို့ ကုလားလူမျိုးများမှာ ဒေါသထွက်၍ လူကိုရိုက်မိလျှင် သွေးထွက်သည် နှင့်တစ်ပြိုင်နက် ရပ်တန့်ကြသည်။ ခင်ဗျာတို့ မြန်မာများမှာ သွေးနီနီရဲကို မြင်ရလျှင် ပို၍ကြမ်းကြုတ်လာသည်” ဟု စာရေးသူအား ပြောကြားဖူးပေသည်။”””

    • မီးမီး သော်

      September 18, 2011 at 11:47 pm

      အဲဒီလို လူမျိုးခြားနဲ ့ရတိုင်း အမျိုးပျက်တော့ မပြောသင့်ပါဘူး။ဒါကဖူးစာရဲ ့သတ်မှတ်ချက်ဘဲပြောရမှာပေါ့။ကံတရားနဲ့လည်း ဆိုင်ပါတယ်၊ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာမျိုးမှ မဟုတ်ပါဘူး၊ ကိုယ့်အပေါ်မှာ နားလည်မှုရှိရှိနဲ့ သစ္စာရှိဖို့ အရေးကြီး ပါတယ်၊ ကိုုယ့်လူမျိုးချင်း၊ ကိုယ့်ဘာသာချင်းယူပြီး အဆင်မပြေကြတာတွေလည်း အများကြီးပါပဲ”ဟု ဆိုသည်။

  • ုhtoosan

    September 18, 2011 at 11:41 pm

    င်္လွန်ခဲ့တဲ့ ၅ နှစ်လောက် က တားမြစ်တာ မှန်ပါတယ်။ အင်းလေးက ဟိုတယ်တွေ ဗမာမ နဲ့ နိုင်ငံခြားသား တစ်ခန်းထဲ တွေ့ ရင် ဟိုတယ်လိုင်စင် ပိတ်ပြစ်မယ် ။ မန်နေဂျာ ထောင်ချ ခံရမယ်ဆိုပြီး တိုင်းကခေါ်ကြိမ်း တာ ခံကြရဘူးလို့ တစ်ချိုု့ ဟိုတယ်တွေ အခုထိ လက်မခံတဲ့ ဟိုတယ်တွေ့ရှိပါတယ်။
    သူ တိုဟာသူတို့ ဘယ်မှာ လက်ထပ်ထားထား အ သိအမှတ်မပြု ဘူး ။ခလေးတောင် ရ နေ ပါနေ လည်းဂရုမစိုက်ဘူး လက်မခံရ ဆိုပြီး ခေါ်ကြိမ်းတာပါ။ ညကျမှ အခန်းကူးရင်လည်း မန်နေဂျာတာဝန်တဲ့။
    ွှ

Leave a Reply