ုကိုမိုးသီး ဝက်ဘလော့ခ်မှ

လေပြေDecember 12, 20111min1475

Chosen People
မဟုတ်တဲ့ ပြည်သူတွေရဲ ့ ဘဝ

ကိုမိုးသီးကြီးရေ……….
သတင်းထူးလေးပါဗျာ….

ဩဂုတ်လ ၁၇
ရက်နေ့က နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်မှာစကားကြောင့် ပြည်ပကို
အကြောင်းအမျိူးမျိူးကြောင့်ရောက်နေသူ မြန်မာတွေထဲက တစ်ချိူ့  ဟာ အကြောင်းပြချက်
အမျိူးမျိူးနဲ့ မြန်မာပြည်ကို ပြန်ခဲ့ကြတယ်… တစ်ချိူ့ ကလဲ
မိသားစုအရေးကြောင့်ပြန်ကြသလို တစ်ချိူ့ကလဲ နိုင်ငံရေးခံယူချက်တွေနဲ့
ပြန်ကြတယ်ပေါ့ဗျာ…

ကျွန်တော်
တင်ပြချင်တာက….

အင်္ဂလန်.. နော်ဝေနဲ့ နယ်သာလန်ကို အကြောင်းအမျိူးမျိူးကြောင့် ရောက်နေသူ ( နိုင်ငံရေးခိုလှုံခွင့်) ဒုက္ခသည်အဖြစ် ခံယူထားတဲ့ မြန်မာတစ်ချိူ့ ဟာ သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်ကြောင့် မြန်မာပြည်ကို ပြန်ဖို့ ကြိူးစားခဲ့ကြတယ် .. သမ္မတကြီး ဦးသိန်းစိန်ထံ အသနားခံလျှောက်ထားပြီး ပြည်တော်ပြန်ခွင့် လျှောက်ထားခဲ့ကြတယ် ။

သက်ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေကလဲ
ပြည်တော်ပြန်လျှောက်ထားသူတွေကို (အစပိုင်းမှာ) လှိုက်လှောပျူငှာစွာနဲ့ ကူညီပေးကြတယ်
.. နိုင်ငံတော်ကို မဆန့်ကျင်ပါဘူး ၊ နိုင်ငံတော်အစိုးရကို မဆန့်ကျင်ပါဘူး ၊
တိုင်းပြည်အေးချမ်းသာယာရေးနဲ့ဥပဒေစိုးမိုးရေးတွေကို
မနှောက်ယှက်ပါဘူးဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ထိုးကြရတယ်လို့ သိရတယ် ။
ဒါ့အပြင်
လျှောက်ထားသူရဲ့ လက်ဗွေ ( ဘယ် နှင့် ညာဘက် လက်မ ) တွေကို မှတ်တမ်းတင်ယူကြတယ်တဲ့

ဒါတင်မကသေးဘူးဗျာ… ပြည်တော်ပြန် လျှောက်ထားသူတွေဟာ အဲဒီခံဝန်ကတိထိုးတဲ့အခါ
အသိသက်သေအဖြစ် မြန်မာပါတ်စ်ပို့ ကိုင်ဆောင်ထားသူ နှစ်ယောက်ကိုပါ ခေါ်လာပြီး
လက်မှတ်ထိုးပေးရတယ် ။

မွေးရပ်မြေပြန်ချင်တဲ့ သူတွေဆိုတော့လဲ
သူတို့ခိုင်းသမျှ လုပ်ကြတယ်ပေါ့ဗျာ… ။
တစ်ချိူ့  ဆို နိုင်ငံရေးအရ
လက်ရှိအစိုးရကို ယုံကြည်လို့ ပြန်ကြဖို့ လုပ်ကြတာတဲ့ ။ (အထူးသဖြင့် သမ္မတကြီးကို
ယုံတယ်ဆိုပဲ )ပြဿနာက အဲလို လျှောက်ထားသူတွေဟာ အခုချိန်အထိ (သုံးလခန့်ကြာသည်အထိ)
မည်သည့် အကြောင်းပြန်ကြားချက်ကိုမှ မရရှိကြပါဘူးတဲ့ ။
ပြည်တော်ပြန်ခွင့် ရမရ
သက်ဆိုင်ရာသံရုံးကို စုံစမ်းမေးမြန်းတဲ့အခါ သံရုံးက ဝန်ထမ်းတွေက မချေမငံ
ဆက်ဆံတာခံနေကြရတယ်ဆိုပဲ ။ မြန်မာစကားပုံတစ်ခုလို မိဘက လက်နဲ့ရေး .. သားသမီးက
ခြေနဲ့ဖျက် ဆိုသလို အစိုးရရဲ့ အာဏာအရှိဆုံး သမ္မတကြီးကိုယ်တိုင် ဖိတ်ခေါ်ချက်ဟာ
အောက်ခြေဝန်ထမ်းတွေကြောင့် အရာမထင်ဖြစ်နေတာ ကြားသိနေရတယ် ။

ဒါကြောင့်
ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ တက်လှမ်းနေတဲ့
ဒီမိုကရေစီအစိုးရမှန်ရင်တော့ အောက်ခြေဝန်ထမ်းတွေ အစိုးရ(သမ္မတရဲ့) မိန့်မှာစကားကို
ဘယ်လောက် လိုက်နာ ကျင့်သုံးတယ်ဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုနေပြီလို့
ကျွန်တော်ယူဆမိပါတယ် ။
သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်ဟာ လူသိများတဲ့ ပြည်ပရောက်
မြန်မာတွေကိုပဲ ( ပေါ်လစီအရ နိုင်ငံရေးအမြတ်ထွက်အောင် )
ဖိတ်ခေါ်တာလား…

ဒါမှမဟုတ်…

အောက်ခြေဝန်ထမ်းတွေကပဲ သမ္မတကြီးရဲ့
စကားကို လေးစားလိုက်နာခြင်းမရှိတာလား….
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ကိုမိုးသီးရေ…
ပြည်တော်ပြန်လိုသူတွေကတော့ ရွှေပြည်တော် မျှော်လေတိုင်းဝေး…
ဝေးနေတုန်းပါပဲ…

လေးစားလျက်
ပြည်တော်ပြန်လိုသူတစ်ဦး

5 comments

  • လေပြေ

    December 12, 2011 at 11:52 am

    ကိုယ့်အိမ်ကို ကို ပြန်တာ ဘယ်ခွေးမှ ပြောစရာ မလိုဘူး အရေးကြီးရင် အောက်ပေါက်က ဒိုးမယ်]ဟေ့ ယနေ့ အချိန်ထိ စက်္ကူ မှတ်ပုံတင်ပဲ သုံး မန္နလေးက ခွေးတရုတ်တွေ မှတ်ပုံတင် မရှိပဲ မြို့လယ်ခေါင်မှာ တိုက်ကြီးတွေ ကားကြိးတွေနဲ့ သွားလာနေတာ ဘယ်သောက်ခွေး သမ္မတက မှ အသံမထွက် ဘူး ဟာဟာဟာဟဟာ ဗမာမောတွေ တရုတ်ဖိ ဟိုဟာကျိုးသေကြဦးမယ်

  • ကြောင်ကြီး

    December 12, 2011 at 12:12 pm

    ဖတ်လိုက်ရပါတယ် ဒီနေ့နေ့ခင်းက ကိုမိုးသီးဘလော့ဂ်မှာ။။။ ပျံချင်အုံးဟဲ့… (ငှက်ကိုပြောတာပါ 😀 ) ကြောင်ကြီးလည်း ပြန်ချင်ဒယ်၊ ဘာမှ ဆူဆူပူပူ မလုပ်ပါဘူး။ စိတ်ပေါက်လာရင် သေးပန်းတတ်တဲ့ အကျင့်တော့ရှိဒယ်။ သံမဒဂျီးအိမ်တော်ရာ သွားကြည့်ချင်လို့…..။ 👿

  • char too lan

    December 12, 2011 at 1:46 pm

    အင်း…ဦးကြောင်ကိုခွင့်ပြုမှာပါ…. ပလပ်စတစ်အိတ်နဲ့ သားရေကွင်းတော့
    လက်ဆောင်ပေးလိမ့်မယ် ထင်တယ် ……….. 😛

  • cobra

    December 12, 2011 at 3:40 pm

    ဘယ်လိုလဲဗျ
    ပြောတော့တစ်မျိုးလုပ်တော့တစ်မျိုးတွေပါလား
    ပြောလိုက်တဲ့စကားတွေကတော့ တကယ်ပဲပြည်သူတွေကိုကယ်တင်တော့မလိုလို
    နိုင်ငံရေးအကျဉ်းသားတွေပဲလွှတ်ပေးတော့မလိုလို
    လွှတ်တော့ပေးပါတယ် သူခိုးတို့၊ဆေးသမားတို့၊ခါးပိုက်နှိုက်တို့
    ထောင်ထဲကလူတွေလွှတ်ပေးပီးမှ အိမ်နားမှာလဲစက်ဘီးပျောက်တာ
    သုံးစီးရှိနေပီ။

  • Gipsy

    December 13, 2011 at 8:51 am

    အောက်ခြေက အကျင့်ပျက်ဝန်ထမ်းကောင်တွေရဲ့ လက်ချက် ဖြစ်ဖို့များပါတယ်…၊
    ဟိုးအပေါ်က (ဘယ်ဂအပေါ်လဲတော့မသိ) အမိန့်တခုကျလာတယ်..၊
    အောက်မှာနေ ခြစားဝန်ထမ်းတွေ က အထစ်အငေါ့ဖြစ်အောင်လုပ်နေကြတယ်…၊
    ခေါက်ရိုးတွေက ကျိုးနေတော့ လွယ်မယောင်နဲ့ ခက်နေတာပါ…။

Leave a Reply