ကာမေသုမိစာ္ဆစာရကံထိုက်၏။ မထိုက်၏…

lu ta loneMay 26, 20101min2015
http://up6.podbean.com/image-logos/19827_logo.jpg

အမျိုးသားများ မသွားလာထိုက်သော မိန်းမ(၂၀)

၁-မိခင်စောင့်ထိန်းသောမိန်းမ။
၂-ဘခင်စောင့်ထိန်းသောမိန်းမ။
၃-မိဘနှစ်ပါးစောင့်ထိန်းသောမိန်းမ။
၄-မောင်ကြီးမောင်ငယ်စောင့်ထိန်းသောမိန်းမ။
၅-အစ်မညီမစောင့်ထိန်းသောမိန်းမ။
၆-ဆွေမျိုးစောင့်ထိန်းသောမိန်းမ။
၇-အနွယ်တူစောင့်ထိန်းသောမိန်းမ။
၈-သီတင်းသုံးဖော်စောင့်ထိန်းသောမိန်းမ၊
၉-ဝမ်းတွင်းကပင်မှန်း၍စောင့်ရှောက်ထားေသောမိန်းမ။(အမိဝမ်းတွင်းကပင် ဖွားမြင်လာလျှင် မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်းသတ်မှတ်ထားသောမိန်းမ)။
၁၀-မင်းဒဏ်ထားသောမိန်းမ(အာဏာပိုင်တို့က ကိုယ်တိုင်သိမ်းပိုက်ရန်ရည်ရွယ်ထားသဖြင့်ဤမိန်းမကိုသွားလာကျူးလွန်လျှင်
ဤအပြစ်ဒဏ်သင့်စေ ဟု သတ်မှတ်ထားသောမိန်းမ)
၁၀-ဥစ္စာဖြင့်ဝယ်ယူထားသောမယား။
၁၂-အလိုတူနေထိုင်သောမယား။
၁၃-စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား(ယောက်ျားထံမှ ဆုံ၊ကျည်ပွေ့ စသော အိမ်အသုံးအဆောင်ကိုရ၍ မယားအဖြစ်ခံယူသောမိန်းမ)။
၁၄-ထမီအတွက်နေထိုင်သောမယား(ဝတ်ရုံလောက်ကာမျှသော အဝတ်ထမီကိုရ၍ မယား အဖြစ်ခံယူသောမိန်းမ)။
၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား( ဤရေသည်မကွဲမပြားသကဲ့သို့
သင်တို့နှစ်ယောက်မကွဲမပြားစေသတည်းဟု ရေတစ်ခွက်တည်း၌ လက်နှစ်ဘက်ကိုချကာ
မိဘနှစ်ပါးစုံထိမ်းမြားပေးသောမယား)။
၁၆-ခေါင်းခုကိုချခိုင်း၍ နေစေသောမယား(ထင်းခွေ၊ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသောအမျိုးသမီးကို
မယားအဖြစ် သိမ်းပိုက်လို၍ သင်ယနေ့မှစ၍ ထင်းခွေ၊ ရေခပ်ခြင်းအမှုကို
မပြုနဲ့တော့ ဟုပြောဆိုသိမ်းပိုက်ထားသောမယား)။
၁၇-ကျွန် မယား(မယားအဖြစ်သိမ်းပိုက်ထားသောကျွန်မ)၊
၁၈-အမှုလုပ်မယား(မယားအဖြစ်သိမ်းပိုက်ထားသော အိမ်စေမိန်းမ)။
၁၉-စစ်အောင်သဖြင့် အောင်လံစိုက်ထောင်၍ ယူဆောင်အပ်သောသုံ့ပန်းမယား။
၂၀-တစ်ခဏမျှပေါင်းဖော်ရသော ပြည့်တန်ဆာ စသောမိန်းမများ။

၁-အမျိုးသားများသည် ပြည့်တန်ဆာမနှင့်ပျော်ပါးခဲ့လျှင်
(က) ဘုရားရှင်လက်ထက်က ပြည့်ရှင်မင်းကသတ်မှတ်ထားသော ပြည့်တန်ဆာမများ
ဖြစ်ခဲ့သော် ကာမေသုမိစာ္ဆစာရ ကံမထိုက်။
(ခ)ယခုခေတ် အခကြေးငွေဖြင့် လုပ်ကိုင်နေသော ပြည့်တန်ဆာမများ ဖြစ်ခဲ့သော် ဖော်ပြပါ
မိန်းမ(၂၀) ပါဝင်လျှင် ကာမေသုမိစာ္ဆစာရ ကံထိုက်၏။
မပါဝင်(မိမိအခိုက်အတန့်ပိုင် အမှတ်စဉ် (၂၀) ပါ မိန်းမမျိုးဖြစ်)လျှင်
မထိုက်။

၂-မိမိ၏တရားဝင်ဇနီးရှိလျက် နောက် ထပ် အငယ်အနှောင်းထားသော အိမ်ထောင်ရှင် အမျိုးသားများမှာလည်း အငယ်အနှောင်းသည် မိန်းမ(၂၀)၌
ပါဝင်သူဖြစ်ခဲ့သော် ကာမေသုမိစာ္ဆစာရ ကံထိုက်၏်။
အမျိုးသမီးများ အငယ်အနှောင်းထားလျှင်ကား အမှတ်စဉ်(၁)မှ (၈)အထိ အမျိုးသမီးများ
ကာမေသုမိစာ္ဆစာရ ကံမထိုက်/မထိုက် ဆုံးဖြတ်ချက် အတိအကျမရှိ။ အမှတ်စဉ်(၉)မှ
(၂၀)အထိ အမျိုးသမီးများကား ကာမေသုမိစာ္ဆစာရ ကံထိုက်၏်။ (ဝိ၊ဋ္ဌ။၂၊၁၄၁-၁၄၂။
ဒီ၊ဋ္ဌ၊၃။၂၃၁။ မ၊ဋ္ဌ၊၁။၂၀၂-၃။ သံ၊ဋ္ဌ၊၂။၁၃၄-၅။ အဘိ၊ဋ္ဌ။၁။၁၄၁။ ကျမ်းစသည်)
ကဿပဘုရားရှင်လက်ထက် ဗာရာဏသီပြည် သူဌေးသားလေးယောက် ကုဋေလေးဆယ်စီ ချမ်းသာသော်လည်း ကုသိုလ်မပြုဘဲ
သူများမယားကိုသာ ပစ္စည်းများစွာပေးလျက် လွန်ကျူး ကြကုန်၏။ ထိုကံကြောင့်
အဝီစိငရဲ၊လောဟကုမီ္ဘ ငရဲတို့၌ နှစ်ပေါင်းများစွာခံရ၏။ (ဓမ္မ၊ဋ္ဌ၊၁။၂၈၆-၈။
ဇာ၊၁။၁၀၀။ ဇာ၊ဋ္ဌ၊၃။၄၁-၅ တို့၌ အကျယ်ရှိ၏။) ဥပ္ပလဝဏ်ရဟန္တာထေရီမကို
ကျူးလွန်သော နန္ဒလုလင်မြေမျိုခံရသောကြောင့် ဂုဏ်ရှိသူကို ပြစ်မှားကပို၍
အပြစ်ကြီး၏။

ထပ်မံဖြည့်စွက်ချက်
ကာမေသုမိစာ္ဆစာရ အင်္ဂါလေးပါး
၁-မသွားလာအပ်သော ဝတ္ထုလည်းဖြစ်စေ။
၂-ထိုမသွားလာအပ်သော ဝတ္ထု၌မှီဝဲလိုသောစိတ်လည်းရှိစေ။
၃-မှီဝဲကြောင်းဖြစ်သော လုံ့လပယောဂသည်လည်းရှိစေ။
၄-မှီဝဲခြင်း၌ သာယာသည်လည်းဖြစ်စေ။(မှီဝဲမိသည်လည်းဖြစ်စေ။)

အင်္ဂါလေးပါး ဆောင်ပုဒ်ကဗျာ
မသွားလာအပ် ဝတ္ထုမှတ်ပါ၊ မှီဝဲလိုလတ် စိတ်မှတ်ကြပါ။
မှီဝဲရကြောင်း စုပေါင်းလုံ့လာ၊ မှီဝဲမိ ထိုက်ပြီ့ ကာမိစာ္ဆ။ ။

အပြစ်အကြီးအငယ်
ဤကာမေသုမိစာ္ဆစာရ အရာ၌ သွားလာအပ်သူက သီလရှိ၊ မရှိကို လိုက်၍ အပြစ်အကြီး အငယ်ကွာခြား၏။
သီလမရှိသူထက် သီလရှိသူကို ကျူးလွန်မိက သာ၍အပြစ်ကြီး၏။ ပုထုဇဉ်ထက်
သောတာပန်စသည်ကို ကျူးလွန်မိက သာလွန်အပြစ်ကြီး၏။ ရဟန္တာထေရီကို ကျူးလွန်မိက
ချက်ခြင်းပင် အဝီစိ၌ ကျရလေသည်

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော
မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး
လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ဝတ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်çခြင်ထောင်တွင်းသို့ ဝင်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ဝင်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ
သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား
၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘဝ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘဝ၌ နတ်မင်းကြီး ဖြစ်ပြီး
နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

5 comments

  • myominkhine

    May 26, 2010 at 5:07 am

    ဗဟုသုတတော့ တော်တော်လေးရလိုက်တယ် ကောင်းတယ်ဗျာ များများသာတင်ပေးပါ ဒါမှဗဟုသုတတွေ အများကြီးရမှာ

  • kolay

    May 27, 2010 at 12:55 pm

    မသိလို့မေးပရစေ မိန်းမအမျိုး ၂ဝ အဲဒါတွေမယူရရင် ဘယ်လိုမိန်းမမျိုး ရှာယူရမှာလဲ ?

  • BaKo

    May 27, 2010 at 8:47 pm

    ဒါတွေက ရှေးခေတ်လူတွေယဉ်ကျေးမှုမမြင့်ခင်က အယူအဆတွေ
    မင်းဒဏ်ထားသောမိန်းမ(အာဏာပိုင်တို့က ကိုယ်တိုင်သိမ်းပိုက်ရန်ရည်ရွယ်ထားသဖြင့်ဤမိန်းမကိုသွားလာကျူးလွန်လျှင်
    ဤအပြစ်ဒဏ်သင့်စေ ဟု သတ်မှတ်ထားသောမိန်းမ)
    ၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား
    ၁၄-ထမီအတွက်နေထိုင်သောမယား(ဝတ်ရုံလောက်ကာမျှသော အဝတ်ထမီကိုရ၍ မယား အဖြစ်ခံယူသောမိန်းမ)။
    ၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား( ဤရေသည်မကွဲမပြားသကဲ့သို့
    သင်တို့နှစ်ယောက်မကွဲမပြားစေသတည်းဟု ရေတစ်ခွက်တည်း၌ လက်နှစ်ဘက်ကိုချကာ
    မိဘနှစ်ပါးစုံထိမ်းမြားပေးသောမယား)။
    ၁၆-ခေါင်းခုကိုချခိုင်း၍ နေစေသောမယား(ထင်းခွေ၊ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသောအမျိုးသမီးကို
    မယားအဖြစ် သိမ်းပိုက်လို၍ သင်ယနေ့မှစ၍ ထင်းခွေ၊ ရေခပ်ခြင်းအမှုကို
    မပြုနဲ့တော့ ဟုပြောဆိုသိမ်းပိုက်ထားသောမယား)။
    ၁၇-ကျွန် မယား(မယားအဖြစ်သိမ်းပိုက်ထားသောကျွန်မ)၊
    ၁၈-အမှုလုပ်မယား(မယားအဖြစ်သိမ်းပိုက်ထားသော အိမ်စေမိန်းမ)။
    ၁၉-စစ်အောင်သဖြင့် အောင်လံစိုက်ထောင်၍ ယူဆောင်အပ်သောသုံ့ပန်းမယား။

    ကျွန်မယား။ အမှုလုပ်မယား။ သုံ့ပန်းမယား။ ဒီခေတ်သွားလုပ်လို့မှမရတာ။ ကုလားပြည်ကယောက်ျားဝါဒီတွေလုပ်ထားတာမှန်းသိပ်သိသာတယ်။
    မိန်းမက ကာမေသုမိစာ္ဆစာရကံမထိုက်တော့ဘူးလား
    ပေါက်တပ်ကရတွေ။ အကုန်လိုက်နာရမယ်ဆို လောကမျာကိုနေလို့ရစရာအကြောင်းမရှိပဲ ဆာဒူးသွားလုပ်နေရမှာပဲ

  • Gong Zhu

    September 16, 2010 at 4:20 pm

    ၂-မိမိ၏တရားဝင်ဇနီးရှိလျက် နောက် ထပ် အငယ်အနှောင်းထားသော အိမ်ထောင်ရှင် အမျိုးသားများမှာလည်း အငယ်အနှောင်းသည် မိန်းမ(၂၀)၌
    ပါဝင်သူဖြစ်ခဲ့သော် ကာမေသုမိစာ္ဆစာရ ကံထိုက်၏်။ တဲ့ အဲ့လိုလုပ်လို့ ငရဲကြမယ်ဆိုရင်တော့ ငရဲပြည်မှာ စည်ကားနေလောက်ပြီနော် . . .

Leave a Reply