ပန်းမြို့တော်က ပန်းပွဲတော်ဆီ

Diamond KeyDecember 12, 20113min21018

ပန်းမြို့တော်က ပန်းပွဲတော်ဆီ

ပြင်ဦးလွင်မြို့က လူကြိုက်အများဆုံး ပွဲတော်တွေထဲမှာ တစ်ခုပါဝင်တဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကြီးကို ဒီနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပါမယ်။

အလှတွေဝေဖြာ ကန်တော်ကြီးမှာ

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီပွဲက ဒီနှစ်မှာ ပဉ္စမအကြိမ်မြောက်ပါ။ ပြပွဲမှာ ပန်းမျိုးစိတ် အမျိုးအစား ၄ဝ ကျော် လောက်ပါမယ်။အရေအတွက် ကတော့ ပန်းပေါင်းနှစ်သိန်းခွဲလောက်ပြသသွားမယ်လို့ ဆိုပါတယ်။

ပန်းအလှ ပြင်ဦးလွင်

ဒီနှစ်မှာ ပြမဲ့ ပန်းမျိုး စိတ်တွေက ပြည်တွင်း မျိုးစိတ်တွေအပြင် တရုတ်နဲ့ဂျပန်က မျိုးစိတ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ အခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းမှာ ပန်းမန်သစ်ပင်တွေကို ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူပြီး အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မနှစ်က စတုတ္ထအကြိမ်မြောက် ပန်းပွဲတော်ကာလတုန်းက ပြည်တွင်းပြည်ပက ဧည့်တွေ နှစ်သိန်းကျော်ခန့် ရောက်ခဲ့ကြပြီး ဒီနှစ် ကျင်းပမည့် ပဉ္စအကြိမ်မြောက် ပန်းပွဲတော်ကို ပိုလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ပန်းတွေနဲ့ ဝေ...................

ပန်းပွဲတော်သို့ လာရောက်ကြသော ပရိသတ်များ အတွက်ဖျော်ဖြေရေး အစီအစဉ်အဖြစ် ဒီဇင်ဘာ ၁ရ ရက်နေ့တွင် Iron Cross အဖွဲ့နှင့်အတူ အငဲ၊ လေးဖြူ၊မျိုးကြီး၊ ဝိုင်ဝိုင်းတို့က ဖျော်ဖြေပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် Emperor Band, Metal Zone Band နှင့်အတူ ဇော်ဝင်းထွဋ်၊ R ဇာနည်၊ ရဲလေး၊ စိုင်း စိုင်း၊ လင်းလင်း၊ ချမ်းချမ်း၊ အိမ့်ချစ်၊ အောင်လ၊ အေသင်ချိုဆွေ စသည့်အဆိုတော်တွေက  ပန်းပွဲတော် ညနေဆည်းဆာဂီတပွဲအဖြစ် ဧည့်ခံဖျော်ဖြေမည်လို့လည်း ဆိုပါတယ်။

ဧည့်ကြို စနိုးလေး
ကန်တော်ကြီး အဝင်လမ်းက ပန်းအလှ ရထားလုံးလေး

ပြင်ဦးလွင်က ပန်းအလှလေးတွေ
ပြင်ဦးလွင်က ပန်းချိန်ခွင်

ပန်းပွဲတော်ကို အနယ်နယ် အရပ်ရပ်က စိတ်ဝင်စားသူတွေက တကူးတက အရောက်လာကာ နွဲပျော်ကြပါတယ်။

ကားလေးနဲ့ ဟိုနားဒီနား ပန်းလေးတွေကြားမှာ

ဒီကာလမှာ အခွင့်ရရင် ပန်းပွဲတော်လာရင်းနဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ အပန်းဖြေ အပျော်ခရီးလေး ရောက်နိုင်ဖို့ ရွာထဲကို သတင်းပေးတာပါ။

ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်

စိန်သော့

18 comments

  • မှော်ဆရာ

    December 12, 2011 at 1:32 pm

    အားကျတယ်ဗျို့ အပူအပင်ကင်းကင်းနဲ့ ခရီးထွက်နှိုင်တာ ..
    ကျွန်တော်ကတော့ အလုပ်နဲ့ ခရီးတစ်ခါထွက်ဖို့တောင် နောက်ကြောင်းမအေးနှိုင်ဘူး ..
    ပုံလေးတွေလဲ ကောင်းတယ် …

    • Diamond Key

      December 12, 2011 at 1:38 pm

      ဆြာဂ ကိုယ်ပိုင် စီးပွားရေး တမားဂျီးလေ။ နော်တို့က တူများ ဝန်ထမ်းလေးတွေ။ 😀
      ဟိုခိုင်းဒီခိုင်းနဲ့ ရောက်တာရယ်၊ ပိတ်ရက်လေး လျှောက်သွားတာရယ်လေ။ 😛
      ဂလောက်တော့ ရှိမှာပေါ့ :mrgreen:

  • weiwei

    December 12, 2011 at 1:40 pm

    ပုံတွေလှတယ် .. ကလေးလေးတွေပုံကို အကြိုက်ဆုံးပဲ …

  • Moe Z

    December 12, 2011 at 1:43 pm

    ခွင့်ယူလို့မရပါဘူးဆိုမှ သွားချင်အောင်လုပ်နေပြန်ပြီ
    မနာလိုဘူး 😀

    • Diamond Key

      December 12, 2011 at 1:52 pm

      ဘဝတူလေးတွေပါ မိုးZ ရယ်၊ ခွင့်များရရင် သွားချင်နေတဲ့နေရာတွေ စရင်းပြုထားတာ –
      – အင်းလေး
      – ကျိုက်ထီးရိုး
      – ကမ်းခြေ တစ်ခု
      – မြောက်ဦး
      – +++++
      – +++++
      – +++++……………………..ဟူး…..အများကြီးဗျ 😀
      Peak time တွေဆိုပြီး ခွင့်မရဘူး ။ 😳
      ပြင်ဦးလွင်ကတော့ တနင်္ဂနွေလေးဆိုရင် ခဏပြေးလို့ ရနေလို့သာ။ ပုံလေးတွေ သာကြည့်တော့ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်ကနေ မပြောင်းနိုင်သေးဘူးလေ 😛
      ခွင့်ရရင်တော့ ရွာထဲကို ပုံသစ်လေးတွေ တင်ပစ်မှာ :mrgreen:

  • koaung

    December 12, 2011 at 2:02 pm

    အားကျတယ်ဗျာ သွားရင်ခေါ်ပါနော့

  • ဆူး

    December 12, 2011 at 2:11 pm

    ဘဲငန်း မိသားစု လေး သဘောကျတယ်။ မိဘတွေက မဲပြီးတော့ ကလေးတွေက မမဲဘူးနော်.. ခါတိုင်းဘဲငန်း ဆိုတာ အဖြူတွေပဲ မြင်နေကျမို့ အဲဒါ ဘဲငန်း လား။

    • Diamond Key

      December 12, 2011 at 2:16 pm

      ဟုတ်ပါတယ်မဆူးရေ၊ ဒီကောင်တွေကို နိုင်ခြံကားကနေတောင် အစိမ်းနဲ့ လဲခဲ့ရတယ်ဆိုပဲ။ သူတို့တွေက ငယ်ဖြူ – ကြီးမဲလေးတွေ 😀

  • E.T

    December 12, 2011 at 2:15 pm

    အားကျထှာ အနော့်ပုံလေးတွေနဲ ့ တခြားစီပဲ။ ပရိုကြီး ကစိန်သော့၏ ရိုက်ချက်တွေကတော့ ရှယ်တွေကြီးပဲ။

  • နွယ်ပင်

    December 12, 2011 at 2:34 pm

    ပုံလေးတွေက အရမ်းလှတာပဲ
    အားရက်ကလေးများရှိရင် အပြေးအလွှားတောင် သွားလိုက်ချင်တယ်
    ဒါပေမယ့် အားရက်ဆိုတာကတော့ တော်တော်ဝေးနေတာပဲ
    ကိုစိန်သော့လိုပဲ နွယ်ပင်လည်း စာရင်းပြုစားထားတာ စာမျက်နှာ
    တစ်ဝက်လောက်ရှိနေပြီ တစ်နေ့နေ့တော့ သွားခွင့်ကြုံမှာပါလေ …..

  • inz@ghi

    December 12, 2011 at 2:37 pm

    အားပေးသွားပါတယ် ဆြာသော့..

    စကားမစပ် ထိပ်ဆုံးပုံဆို နော်ရိုက်ရင် …burn မှာဗျ…
    အဘမ်းရင် အန်ဒါဗျာ …ဖစ်လတာ မစိုက်ကြေး …..

    ဆြာ့ပညာကို လေးစားတာ အဲ့ဒါတွေ အများကြီးပါတယ်ဗျ…
    ပုံသန့် လေးတွေ ….လုပ်ပါဦးဆြာရယ်..
    ကျနော်တို့ ပညာယူချင်လို့ရယ်ပါ…

    ခင်တဲ့
    Inz@ghi

  • amatmin

    December 12, 2011 at 2:38 pm

    အကုန်လှတယ်ဗျာ. ရထားလုံးလေးကတော့ အကြိုက်ဆုံးပဲ
    ဒါနဲ့ အလှဆင်ပန်းတွေက ပွဲတော်တလျှောက်လုံး ကြာကြာခံအောင် သေချာလေး စီစဉ်ရမှာပဲ.
    ကျေးဇူးတင်တယ်..ဦးစိန်သော့ ရေ

  • စုံ စုံ

    December 12, 2011 at 4:47 pm

    သွားချင်တာမှနှစ်တိုင်းဘဲ
    တနှစ်မှလဲမရောက်ဖြစ်ဘူး
    အလုပ်အားလို့သွားရမယ်ဆိုရင် ပြင်ဦးလွင်လဲထိပ်ဆုံးကပါတယ်
    အခုတော့ဦးစိန်သော့ပုံတွေကြည့်ပြီးဘဲ ကျေနပ်လိုက်တော့မယ်

  • pooch

    December 12, 2011 at 6:00 pm

    လှတော့လှတယ် ဒါပေမဲ့ပွဲတော်ရက်ဆို လူရှုပ်လို့ ရှောင်လေ့ရှိတယ် .. နည်းနည်း ရက်ကျော်မှ လူရှင်းမှ သွားလေ့ရှိတယ် .. ပုံတွေတော့ တအားလှတယ်နော် ..

  • MaMa

    December 12, 2011 at 6:11 pm

    ပြင်ဦးလွင်ကန်တော်ကြီးရဲ့ လှချက်က ဆြာသော့ရဲ့ ရိုက်ချက်နဲ့ ပေါင်းပြီး ပိုပီပြင်သွားတယ်။ 🙂
    နှစ်တိုင်း ပြင်ဦးလွင်မှာလုပ်တဲ့ ပန်းပြပွဲကို စိတ်နဲ့ချည်းပဲ ရောက်နေရတယ်။
    ဘယ်တော့များမှ ကိုယ်တိုင်ရောက်နိုင်မယ် မသိ 🙁

  • windtalker

    December 12, 2011 at 7:20 pm

    ကိုစိန်သော့ ရေ အားပေးသွားတယ်ဗျို ့။

  • blackchaw

    December 14, 2011 at 11:57 am

    ကိုစိန်သော့ရေ။
    အခုမှ ပို့စ်တွေ ပြန်လိုက်ကြည့်ပြီး မန့်နေရပါတယ်။
    နောက်ကျသွားတာ ခွင့်လွှတ်ပါဗျို့။

  • nozomi

    December 14, 2011 at 12:19 pm

    ပုံတွေက အရမ်းလှလွန်းတော့ လှပါတယ်လို့ ချီးကျူးရမှာတောင် အားနာသွားတယ်
    မေမြို့သူတွေ အရင်လို လှသေးလား
    နွေရာသီလေး မိသားစုနဲ့ သွားရရင် သိပ်ကောင်းမှာ

Leave a Reply