ကျိုက်ထီးရိုးအမှတ်တရ ….

fattyDecember 12, 20113min30523

ဗျိုင်းကလေးတွေ

ကျနော်တိူ့မိသားစု ပြီးခဲ့တဲ့စနေနေ့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကိုသွားပြီးဖူးကြပါတယ် ..။
မနက် ၅ နာရီ အငှားကားကလာကြိုပါတယ်။
တယောက်ကို ၃၅၀၀ဝ ကျပ်ပေးရတယ် နေ့ချင်းပြန်ပေါ့။
ခရီးသွားလုပ်ငန်းတွေများလာတော့အပြိုင်အဆိုင်ဝန်ဆောင်မှုတွေပေးကြတယ်။
ကောင်းသောလက္ခဏာပါ။
၄ နာရီခွဲကထဲ ဖုံးဆက်ပြီးနှိုးပေးသေးတယ်။
ကားကတော့ စူပါကပ်စတန်ကားပါ။ ကျနော်တို့ကသုံးယောက်
နောက်လူတွေကတော့ နိုင်ငံခြားသားတယောက်နဲ့မြန်မာတယောက်ပေါ့
အားလုံးမှငါးယောက်ထဲပါ။
ရိုက်လို့ရသမျှဓာတ်ပုံလေးတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်ဗျား …..။
ပထမဆုံးပုံလေးကတော့ ဝေါ မှာလက်ဖက်ရည်သောက်ကြရင်း
ကလေးမလေးတယောက် ဗျိုင်းကလေးတွေလာရောင်းလို့ ရိုက်ထားလိုက်တာပါ။

23 comments

  • Moe Z

    December 12, 2011 at 3:16 pm

    လေးပေါက်တို့ ကိုစိန်သော့တို့ပုံတွေကြည့်ပြီး
    ထိုင်ရာကမထပဲ ခရီးတွေပတ်သွားနေတာ
    အခုဦးဖက်ကောင်းမှုနဲ့ ကျိုက်ထီးရိုးရောက်ပြန်ပြီ 🙂
    နံပါတ် ၄ ပုံလေးကြိုက်တယ်

  • Diamond Key

    December 12, 2011 at 3:41 pm

    U fat ပုံလေးတွေက ဆွဲဆောင်နေ၊ ကိုယ်ကလည်း သိပ်သွားချင်၊ မရောက်နိုင်သေးပါ။
    ပုံထဲမှာ လူတွေ တစ်အားစည်နေတယ်နော်။
    လေယာဉ်ပေါ် တက်ရမလို ကားစောင့်နေတာလေး သဘောကျတယ်။ 😀

  • htoosan

    December 12, 2011 at 3:43 pm

    ဦးဖက်ရေ ၊စပ်စုပါရစေဦး ။ ဦးဖက်ရေးထားတဲ့ပုံ က နောက် နှစ်ယောက်က ဦးဖက်တို့နဲ့ မသိတဲ့ တစ်စိမ်းနှစ်ယောက်ပုံပေါက်နေတယ် ။ဟုတ်ပါလား ။ နောက် တစ်ယောက်စီ ဈေးနှုံးရေးထားတော့ ဘတ်စ်သဘောလား ။ မသိသူပါမယ် ။ ကားပေါင်းစီး ။ သို့သော် အိမ်အရောက် အကြို အပို့ လုပ်ပေးတယ် ။ ဟုတ်လားဗျ။ အိမ် ဘယ်အချိန်ပြန်ရောက်လဲ။

  • MaMa

    December 12, 2011 at 3:47 pm

    ဦးဖက်ရေ- ကားကို စုပြုံတိုးတက်နေတဲ့ ပုံမပါလို့ လူနည်းတယ် ထင်နေတာ၊
    လူတော်တော်များတာပဲ။ ရင်ပြင်တော်ပေါ်မှာတောင် အိပ်ကြရတယ်နော်။
    လမ်းပုံလေးတွေကိုတောင် အမိအရရိုက်လာခဲ့တာပဲ။
    ရွာသားပီသလှပါတယ်။ 🙂

  • ဆူး

    December 12, 2011 at 4:11 pm

    လူတွေ တော်တော် များနေတာပဲ.. အေးနေပြီ ထင်တယ်။

  • နွယ်ပင်

    December 12, 2011 at 4:15 pm

    လေးဖက်လုပ်တာနဲ့ ကျိုက်ထီးရိုးတောင် သွားချင်လာပြီ
    ပုံလေးတွေက အရမ်းအသက်ဝင်တာပဲ ………….

  • fatty

    December 12, 2011 at 4:17 pm

    တယောက်ကို ၃၅၀၀ဝနဲ့ တစီးကို ရ ယောက်တင်ပါတယ် မပြည့်လဲထွက်ပါတယ်။ The Voice
    ထဲမှာကြော်ငြာပါလို့ ဖုံးဆက်ပြီးချိတ်လိုက်တာပါ။ ကင်ပွန်းစခန်းကို ၅နာရီအရောက်ပြန်ဆင်းရပါတယ်။
    ၈ နာရီခွဲလောက်ပြန်ရောက်ပါတယ်။ ဘုရားဖူးပို့တဲ့ကားပါဘဲ။
    ဆရာ ဒိုင်းမွန်းကီးရေ သတိရတယ်ဗျာ ဆရာသာဆိုရင် ဘယ်လောက်ပုံကောင်းတွေထွက်လိုက်မလဲပေါ့။
    မဒမ်က ပုတီးမစိပ်ဘဲ သူ့ပိုစ်အတွက်ဘဲဓာတ်ပုံတွေရိုက်နေတာဘဲဆိုလို့ အမြန်အမြန်သုတ်ခဲ့ရတယ် ..။

  • TTCG

    December 12, 2011 at 5:10 pm

    Can I know the contact number and company name please? And do you recommend this service? Any pros and cons? Thanks.

  • windtalker

    December 12, 2011 at 7:49 pm

    ဦးဖက်တီး အား အားကျပါ၏
    ဓါတ်ပုံများကား လှပပါ၏
    သွားဖြစ်ဖို ့ကား ကြိုးစားရပါဦးမည် ။

  • fatty

    December 12, 2011 at 8:24 pm

    Dear TTCG, the company is HARMONY , and you are requested to refer the Voice
    journal of any current issue. I recommend just for this trip and for long journey i prefer New Motion company in Sangaung tsp.
    ကိုပေ နောက်တခေါက်လာလေ အတူသွားကြရအောင် ….။
    ချောင်းသာသွားရင်ပိုကောင်းမယ်ထင်တယ် ဖာလိုက်သယ်သွားကြတာပေါ့ …။

    • TTCG

      December 12, 2011 at 9:43 pm

      Thanks U Fatty. If you don’t mind, can I get the contact numbers as well? I am planning to take my parents to Kyite Htee Yoe pagoda. So, it will be just 1 or 2 days trip.

  • amatmin

    December 12, 2011 at 10:33 pm

    ကျိုက်ထီးရိုး ဘုရားက ညဘက်မှ ပိုအသက်ဝင်လှပ တယ်လို့ထင်ရသလားပဲ..
    တောတောင်ခေါင်ခေါင်မှာ လျှပ်စစ်မီး တဝင်းဝင်းနဲ့မြင်ရတဲ့ မြင်ကွင်းကြောင့်ထင်တယ်.
    ဘုရားဖူး ပို့ပေးတဲ့အတွက်ကျေးဇူးပါ လေးဖက်ရေ..

  • mandalarthu

    December 12, 2011 at 10:42 pm

    ကို fatty
    ကျွန်မတော ့ တခေါက်မှ မရောက် ဘူးသေးတော ့
    အခု လို ဓာတ်ပုံ ကနေ ဖူးခွင် ့ရတာ သိပ်ကို ဝမ်းသာတာဘဲ။
    အခုလို အပင်ပန်းခံ တင်ပေလို ့ကျေးဇူးပါနော်။
    ဒါနဲ ့ကျိုက် ထီးရိုး က ဘယ် အချိန် သွားဖူးလို ့ လူ ရှင်းရှင်းနဲ ့ ရာသီဥတု အသာယာဆုံးလဲ ရှင် ့။
    သိပါရစေနော်။

  • kotun winlatt

    December 12, 2011 at 10:43 pm

    အပြင်မှာ မရောက်ဘူးတော့ ဒီကနေပဲ ဘုရားဖူးသွားပါတယ်ဗျာ…
    ပိုက်ပိုက်ချိရင်တော့ ရောက်အောင်သွားပြီး တဝကြီးဖူးဦးမယ်ဗျာ……

  • weiwei

    December 12, 2011 at 11:05 pm

    နေ့ချင်းပြန် တစ်ခါသွားဖူးတယ် … မတ်လမှာသွားမိလို့ အရမ်းပင်ပန်းတယ်လို့ ခံစားလိုက်မိလို့ နောက်တစ်ခေါ နေ့ခြင်းပြန်ဆိုရင် မသွားရဲတော့ဘူး …
    တစ်ခါလောက်တော့ လမ်းလျှောက်ပြီးတက်ချင်သေးတယ် … ဘယ်လောက်ကျန်းမာလဲ စမ်းသပ်ကြည့်ချင်လို့ 🙂

  • bigchef

    December 13, 2011 at 12:13 am

    ဟုုတ် ပါ တယ် နေ ့ ချင်း ပြန် သွား ရ တာ တော် ပင် ပန်း ပါ တယ်။ကျွန် တော် သွား တုန်း က တော့ hiace
    စင်း လုံး ငှား သွား တာ နေချင်း ပြန် 250,000 ပေးရ တယ်။ 10 ယောက် လောက် တော့ စီး လို ့ ရ တာ ပေါ့ ။သီး တင်း ကျွတ် ပြီး သိပ်မ ကြာ ခင် သွား ရင် ခုလောက် တော့ လူမ မျာ း ဘူး။
    ပုံ လေး တွေ အား လုံး လှ ပါ တယ်။

  • small cat

    December 13, 2011 at 3:10 am

    နေ့ချင်းပြန်ဆိုတော့ ရင်ပြင်တော်ပေါ်ပဲရောက်ခဲ့တယ်ထင်တယ်၊ ကျီးကန်းပါးစပ်တို့ တခြားနေရာတွေ မရောက်ဖြစ်တော့ဘူးထင်တယ်နော်။

  • fatty

    December 13, 2011 at 9:38 am

    dear TTCG, hot line No. is 09 8629773.
    လူရှင်းရှင်းဖူးချင်ရင်တော့ ရုံးပိတ်ရက်ကျောင်းပိတ်ရက်တွေရှောင်ပြီးကြားရက်သွားပါခင်ဗျား ..။
    မဝေပြောတာမှန်ပါတယ် ကိုယ့်ကျန်းမာရေးကိုယ်စစ်တဲ့အနေနဲ့သွားကြည့်သင့်တယ်။
    နေ့စဉ်လမ်းမှန်မှန်လျှောက်နေတဲ့သူဆိုရင်တော့ပိုကောင်းတာပေါ့။
    နေ့ချင်းပြန်အနေနဲ့တောင်ပေါ်မှာ အချိန်တွေအများကြီးရပါတယ် ကျီးကန်းပါးစပ်တို့ဘာတို့သွားမယ်ဆိုရနိုင်ပါတယ်။ တောင်ပေါ်မှာ ၄ နာရီလောက်အချိန်ရပါတယ် ..။

  • apulay

    December 13, 2011 at 10:30 am

    ကျိုက်ထီးရိုးဘုရားကို တနှစ်ပတ်လုံးသွားရောက်ဖူးမြှော်လို့ရနေပါပြီ ။ မိုးတွင်းကာလလေးလဆိုရင်တော့ တောင်တက်ကား အတက်အဆင်းရှိတဲ့အချိန်ကိုတော့စောင့်ရပါတယ်။
    သီတင်းကျွတ်လပြည့်မရာက်ခင်သွားရင်တော့ လူရှင်းပြီး အေးအေးဆေးဆေး ဘုရားဖူး ဆွမ်းကပ်လို့ရနိုင်ပါတယ ် ။ ဘုရားပွဲကာလ ရှစ်လဆိုရင် လပြည့်နေ့တွေ ၊ ခရစ်စမတ် ၊ နယူးရီးယား ၊ သောကြာ ၊ စနေ နေ့တွေမှာ တောင်ပေါ်တက်တဲ့လူများတတ်ပါတယ် ။ လူများတော့ တမျိုးပျော်စရာကောင်းပေမယ့် ဆွမ်းတော်ကပ်ချိန် ဘုရားဖူးချိန်တွေမှာ အနှောင့်အယှက် ရှိနိုင်ပါတယ် ။
    ပြီးတော့ ကျိုက်ထီးရိုးကိုဘုရားလာဖူးမယ်ဆိုရင် တောင်ပေါ်မှာတစ်ညလောက်တော့အိပ်စေချင်ပါတယ်။
    ကျိုက်ထီးရိုးဘုရားရဲ့ ညရှုခင်းကိုခံစားစေချင်လို့ပါ ။ ဦးဖက်လို ကားခတစ်ယောက် ၃၅၀၀ဝ အကုန်မခံတော့ပဲ အဝေးပြေးဝင်းထဲကနေ ကားစီးရင် တစ်ယောက်ကို ၃၅၀ဝ နဲ့ ကင်မွန်းစခန်း ကိုရောက်ပါတယ် ။ အသွားအပြန် တစ်ယောက် ၇၀၀ဝ ပေါ့ ။ စီးရတာ မပင်ပန်းပဲ သက်တောင့်သက်သာရှိပါတယ် ။
    ပိုတဲ့ငွေကို တောင်ပေါ်မှာ တည်းဖို့အတွက်စီစဉ်လိုက်ရင် အေးအေးဆေးဆေးနေလို့ရတာပေါ့ ။ အနီးနားမှာရှိတဲ့ မုဆိုးတောင် ကျောက်ဆီယို နဲ့ ကျောက်ထပ်ကြီးလိုနေရာတွေကိုပါသွားနိုင်ပါ ။ နေ့ချင်းပြန်ဆို ပင်ပန်းတာပေါ့ ။

  • ကြောင်ကြီး

    December 13, 2011 at 12:18 pm

    ကျိုက်ထီးရိုးဘုရား ရင်ပြင်ထောင့်တနေရာမှာ ကျောက်ရေကန်အသေးလေး တခုရှိတယ်။ အဲဒီမှာ ဘုရားဖူးလာသူအများ ငွေစက္ကူတွေစိမ်ပြီး ဆုတောင်းကြတယ်။ ထူးခြားချက်က ဆုတောင်းပြည်မယ်ဆိုရင် ပိုက်ဆံလိပ်လာတာလား ဖောင်းလာတာလား သေချာမမှတ် မိတော့ဘူး ဖြစ်တယ်။ ရေစိမ်တဲ့ ငွေစက္ကူတိုင်း မဖြစ်တာတော့ သိတယ်။ ကျနော် ငွေစက္ကူ သုံးချက်နဲ့ သုံးခုဆုတောင်းတာ သုံးခုစလုံး ထူးခြားချက် ပြတယ်။ တုံ့ပြန်ပုံ အတိုင်းအတာခြင်း မတူကြဘူး။ ယုံကြည်မှုအရဆိုရင်တော့ ပိုသိသာရင် ပိုဆုတောင်းပြည်မယ်။ ဆုတောင်းချက်တွေက ရေရှည်အချက်တွေ ဖြစ်လို့ မှန်မမှန် မသိနိုင်သေးဘူး။ သို့သော် မဖြစ်နိုင်မှားသွားခဲ့ပြီလို့ အခုအချိန်အထိ ပြောမရသေးဘူး။ အဲဒီကျောက်ရေကန်လေးအကြောင်း သိရင်ပြောပြပါ ဦးပေါက်။။။။။။။။

    • ကြောင်ကြီး

      December 14, 2011 at 9:54 am

      မှားလို့ ဦးဖက်လို့ ရေးတာ။ ရွာထဲက လူဆိုးကြီးနှစ်ဦး နာမည် ခဏခဏ မှားတယ်။။

  • blackchaw

    December 14, 2011 at 11:55 am

    သွားမယ် သွားမယ် နဲ့ မရောက်ဖြစ်သော ကျိုက်ထီးရိုး ကို
    ကိုဖက်တီးက သွားပြလိုက်တော့ ပိုသွားချင်နေပြီဗျို့။

  • nozomi

    December 14, 2011 at 12:07 pm

    ပိတ်ရက် ဆို တော့ ရင်ပြင်မှာတောင် လူတွေ ပြည့်နေတယ်
    ပုံလေးတွေ လှ တယ်
    ဦးဖက် ဘာဆုတွေ တောင်းခဲ့လဲ
    ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့ ကားတွေ ပေါ်လာတယ် ဆိုတာ ဝမ်းသာစရာပဲ

    ကျွန်တော် ရောက်ခဲ့ဖူးတဲ့ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ် တွေထဲမှာ သူငယ်ချင်းတွေနဲ့ တောင်ခြေကနေ တောင်ပေါ်ထိ လမ်းလျှောက်တက်ခဲ့တာကို အခုထိ မမေ့နိုင်သေးဘူး ၊ ဒီ အချိန် ပြန်တက်နိုင်ဘို့တော့ မလွယ်တော့ဘူး

Leave a Reply