မြန်မာတွေ အားလုံးရဲ့ ပုဂံ

မောင်ဆန်းDecember 12, 20117min25325

 

“ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့ ”  ကြားဖူးတဲ့ စကားလေးတစ်ခုပါ ၊ ဘာကြောင့်ပဲ ရောက်ရောက် ဘာလူမျိုးပဲ ရောက်ရောက် ရောက်ဖူးတဲ့ လူတိုင်းအတွက် ရှေးမြန်မာတွေရဲ့ ကျိုးစားမှု ၊စည်းလုံးမှု ၊ ယဉ်ကျေးမှု ၊ဘာသာတရားကိုင်းရှိုင်းမှု ၊သဘာဝတရား အပေါ် ခံစားတတ်မှုနဲ့ အနုပညာလက်ရာတွေကို တဝကြီးခံစားနိုင်ကြမှာပါ …..

နောက်ဆုံး ရောက်ခဲ့တာ ၁ဝ နှစ်ကျော်ခဲ့ပေမဲ့ မြင်ကွင်းတွေ များများ မပြောင်းလဲသေးသလို မြို့ နဲ့ ဒေသခံတွေရဲ့ ရင်းနှီး နွေးထွေးစွာ ကြိုဆိုမှုကလဲ အရင်အတိုင်းပါပဲ ၊ မြန်မာတွေအားလုံးရဲ့ ပုဂံ ၊ မြန်မာတွေ သိပြီးသား ပုဂံ မို့ မြို့အကြောင်း အထူးရည်ညွှန်းပြု တင်ပြစရာ မလိုတာမို့ ရောက်ခဲ့ တဲ့ နေရာလေးတွေရဲ့ မြင်ကွင်းလေးတွေကို ပုဂံမြေနဲ့ ဝေးနေရတဲ့ ရွှေမြန်မာတွေအတွက် တင်ပေးလိုက်ပါတယ်၊  ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေက များနေလို့ ပို့စ် တစ်ခုထဲတင်ဘို့ အဆင်မပြေတာနဲ့ အကြောင်းအရာတူ (၃) ခု ခွဲပြီး တင်ပေးပါမယ် ၊ မြေပြင်ပေါ်က မြင်ရတဲ့ ပုဂံရယ် ၊ မိုးပျံပူဖောင်းပေါ်က မြင်ရတဲ့ ပုဂံ ရယ် ၊ ပူဖောင်းတစ်လုံးဘယ်လို ပျံသလဲ ဆိုတာရယ် (၃)ခုခွဲထားပါတယ်……

ပုဂံလေဆိပ်ကနေ ဒီလိုကြိုနေတယ်
ဘယ်ကိုခေါ်သွားမှာလဲ တမာတန်း လမ်းကလေးရယ်
ဟိုတယ်ရှေ့က လှည်းယာဉ်လေး
ပုဂံခေတ် ပုံစံ အိပ်ခန်းလေး
မနုဟာဘုရား
ဘုရားရှေ့က ဈေးဆိုင်လေး
မြစေတီ
မြစေတီကျောက်စာ

 

မြစေတီ ဘုရားဘေးက ဈေးတန်းလေး
ဂူပြောက်ကြီးဘုရား
ကန်တော့ပလ္လင်
နန်းတော်

ပုဂံမှာ အရင်က မတွေ့ဘူးတဲ့ သဲပန်ချီ ကားတွေလဲ တွေ့ခဲ့ ရပါတယ် ၊ ပိတ်စပေါ် ကော်သုတ် သဲကပ်ပြီး ပန်ချီဆွဲတာပါ ၊ ဘုရားတိုင်းလိုလိုမှာ တွေ့ရပေမဲ့ ထီးလိုမင်းလို ဘုရားဘေးမှာတော့ ပိုတွေ့ရပါတယ် ၊ ဘုရားဖူးတွေအတွက် အဆင်ပြေတာလေး တစ်ခုလဲ ထီးလိုမင်းလို ဘုရားမှာ တွေ့ခဲ့ရပါတယ် ၊ အပေါ့အလေးစွန့်ဘို့ပါ  ၊ ပုံမှန်ဆို နေရာရှာရ ခက်ပါတယ် ၊ အခု ဘုရားနောက်ဘက်မှာ အလှူရှင်တွေ က လှူထားတဲ့ အတွက် ပြည်တွင်း ပြည်ပ ဘုရားဖူးတွေအတွက် သပ်သပ်ယပ်ယပ်နဲ့ တော်တော်ကို အဆင်ပြေလှပါတယ် …

ထီးလို မင်းလို ဘုရား
သဲပန်းချီကားတွေ
သဲပန်းချီအတွက် ပြင်နေတာ


အနောက်ဖက်ကမြင်ရတဲ့ ထီးလိုမင်းလိုဘုရား
အမှောင် နဲ့ အလင်း

ရွှေစည်းခုံဘုရားစောင်းတန်း
ရွှေစည်းခုံ
ခိုတွေကြားက သားအဖ
ပြုပြင်ထားသည့်စေတီတစ်ဆူထဲတွင် ငြိမ်သက်စွာစံပယ်တော်မူနေသည်
ကောင်းကင်ပြာပြာ ထန်းပင်စိမ်းစိမ်း

ပုဂံကို ရောက်တော့ ကျောင်းတုန်းက သင်ခဲ့ဘူးတဲ့ စာတွေထဲက  “ မြကန်သာ ” ဆိုတဲ့ ကဗျာလေး ရင်ထဲမှာ ပြန်ပေါ်လာတယ် “တောင်ကျချောင်းတေး ၊ ရေဝင်ပြေးလှည့် ၊ ရေအေးကြည်စွာ ၊ ကန်ပိုင်မာလျှက် ၊ ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည် ၊ ဘုံဝတ္တိ ံသာ၊ နန္ဒာပေလော ၊ တူစွဟုတ်တာ ” တဲ့ တာဝတ္တိ ံသာနတ်ပြည်က နန္ဒာကန် လို သာယာ လှပနေမဲ့ မြကန် နဲ့ ပုဂံပြည်ကြီးကို သတိယ တမ်းတရင်း ခေတ်သစ် ပုဂံပြည်ကြီး စည်ပင် သာယာ ဝပြောဘို့ အားလုံးသော ပြည်သူတွေရဲ့ တာဝန်ဆိုတာလဲ တွေးနေမိပါတယ် …

(ပို့စ် ခေါင်းစဉ်လေးကိုတော့ မြဝတီပေါ်စက ကိုထွဋ်ကြီး ဆိုခဲ့တဲ့ သီချင်းလေးထဲက စာသားလေး ယူထားပါတယ် ၊ ခလုတ်နှိပ်ရင် ဓါတ်ပုံထွက်တယ် ဆိုတာပဲ သိတဲ့ သူ ရိုက်ထားတာမို့ ဆရာဂီ ၊ ဆရာသော့၊ ဆရာရွှေမင်းသား ၊ဆရာပေါက် တို့လို ပညာရှင်တွေဆီက ဘယ်လို ဆို ပိုကောင်းသွားမယ် ဆိုတဲ့ အမြင်လေးတွေလဲ သိချင်ပါတယ် ခင်ဗျာ)

25 comments

  • ဆူး

    December 12, 2011 at 5:49 pm

    ဒီအချိန် ပုဂံသွားရင် အဆင်ပြေတယ် ရာသီဥတု သိပ်မပူတော့ဘူး။
    ပုဂံ အကြောင်း ရေးထားတဲ့ ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းစာသားတွေ အာရုံထဲမှာ ပေါ်လာတယ်။

  • pooch

    December 12, 2011 at 6:07 pm

    အော် … လတ်စသတ်တော့ ပျောက်နေပါတယ် မှတ်တာ ပုဂံရောက်သွားတာကိုး…
    အမလေးနော် ပုံတွေက ရှယ်ပဲ …
    ပူဖောင်းစီးခဲ့ရတယ်လား မနာလိုလိုက်တာ ကျမသွားတုန်းက စီးလို့ မရဘူး…

    ဒါနဲ့ အဲ့ဒီလို ပုဂံခေတ်ပုံစံလေးနဲ့ တည်းရတာ ဖီလင်လေးက တမျိုးပဲ ကျမတည်းခဲ့တာလည်း အဲ့ဒီလို ပုံစံမျိုးပဲ ဒါပေမဲ့ အဲ့ဒီဟိုတယ်ပုံစံက ဒီဟိုတယ်ထက် ပိုရှေးဆန်တယ်…

    မိသားစုနဲ့ သွားတာလား ကလေးတွေရော ပါသွားရင် ပိုကောင်းတာပေါ့ ..ပျော်စရာကြီး…

    စေ့စပ်သေချာတဲ့သူမို့ ရိုက်တဲ့ပုံတွေ လည်း တဝကြီး ကြည့်ရတော့မှာပေါ့လေ…

    ကျမကတော့ ပုံကောင်းထွက်အောင် မရိုက်တတ်လို့ စိတ်တိုင်းကျ မတင်နိုင်ခဲ့ပါဘူး…
    ကိုနိုဇိုမိတင်တာတွေပဲ ဝအောင်ကြည့်တော့မယ် …..

  • thit min

    December 12, 2011 at 6:10 pm

    မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ
    မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ
    မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ
    မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ
    မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ
    ~~~~~~~~~~~~~~~~။
    ပုဂံ ပုံတွေ ကောင်းတယ်ဗျာ။ ကိုနိုးဇိုးမိလည်း တခါဆိုတခါ ကောင်းကောင်းလေးတွေတင်တယ်နော်။
    ပုဂံ ပုံတွေထက် ပိုကောင်းတာက ကိုနိုးဇိုးမိရဲ့ စာသားတွေဗျ။
    အားလုံး ဖတ်၊မိစေ ချင်လို့ ကုဒ် လိုက်တာပါ။
    “စိတ်ကောင်း လေးတွေ ရှိမှ ၊ အပြုအမူတွေ ကောင်းပါတယ်၊ ဒါမှ လူကောင်းသူကောင်း ဖြစ်မှာပေါ့”။
    အရမ်းသဘောတူပါ တယ် မိတ်ဆွေကြီး ရေ။

  • inz@ghi

    December 12, 2011 at 6:16 pm

    တမာလမ်း
    မနူဟာနှင့်
    ထီးလိုမင်းလို ရိုက်ချက်များကို
    လေးစား နှစ်သက်ပါကြောင်းခင်ဗျား…

    မဟာ ……
    ကြီးမြတ်လေသော သမိုင်းကြောင်းများ ..
    သည်မြေကြီးအထက်မှာ…………………

    သူရဲကောင်းတို့ …နံရံ ဓါးချက်များ……..
    (ဆက်ဆိုလိုက်နော…..)

  • MaMa

    December 12, 2011 at 6:33 pm

    နိုဇိုမီရေ-
    ရွာထဲက ဒ့ါပုံဆြာတွေကတော့ ဘယ်လို ပြောမယ်မသိ
    ကျမကတော့ ဒ့ါပုံသင်တန်းဆင်း အောင်လက်မှတ် ပေးချင်စိတ်ပေါ်လာတယ်။ 😆

  • windtalker

    December 12, 2011 at 7:18 pm

    ဘိုနိုကြီးသည် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ တစ်ဦးဖြစ်ကြောင်း ယခု ပို ့စ် က သက်သေခံပါသည် ။

  • weiwei

    December 12, 2011 at 8:00 pm

    ပုဂံကို ဘယ်နှစ်ခါ သွားသွား သွားချင်နေတာပဲ … ဒီဇင်ဘာလသွားလည်တာ အကောင်းဆုံးပါပဲ ..
    အခု ဒီဇင်ဘာရောက်ပြီဆိုတော့ သွားချင်စိတ်ပေါ်လာပြီ … ခရီသွားတာကလဲ ဗိုင်းရပ်စ်လိုပဲ … မြင်တာနဲ့ ကူးစက်တော့တာပဲ … 😛

  • TTNU

    December 13, 2011 at 12:04 am

    တမာလမ်းပုံရယ်။ လှည်းယာဉ်ရယ် ကြိုက်တယ်။
    ပုံအားလုံးမမြင်ရသေးဘူး။
    ခနက်ရှင်ကြောင့်နေမှာ ကန်တော့ပလ္လင် ပုံနောက်ပိုင်း မမြင်ရတော့ဘူး။
    နောက်နေ့မှ ထပ်ကြည်လိုက်မယ်နော်။

  • kai

    December 13, 2011 at 5:14 am

    ကိုရင်နိုဇိုးမိကို..ပုဂံနဲ့အင်တန်တူတဲ့. မြို့လေးတမြို့ဆီ ပို့ပေးချင်တာ…
    ဂျပန်မှာနေတုံး.. တီဗီမှာ.. မြင်တော့..ပုဂံမှတ်ပြီးသေသေချာချာကြည့်မိတာ….
    အိန္ဒိယက မြို့တမြို့ပဲ..။ နာမယ်မမှတ်မိတော့ဘူး..။

    အခု.. အင်တာနက်လိုက်နှိုက်တော့ ..ခေတ်ပြိုင်လောက် တမြို့တွေ့တယ်..။ အဲဒီ Palitana မှာ ပုထိုးတွေ ၃၀၀ဝလောက်ရှိတယ်တဲ့..။ အဲဒါလားမသိ…။
    http://en.wikipedia.org/wiki/Palitana

    ဒါလားမသိ..
    http://en.wikipedia.org/wiki/Bhubaneswar

    ဒါလားမသိ..

    Gandhara ဆိုတာလည်း ရှိတယ်..။ အဲဒါကတော့ ပုဂံထက်.. အများကြီးစောတယ်..။
    http://en.wikipedia.org/wiki/Gandhara

    • etone

      December 14, 2011 at 1:33 pm

      ကုလားပြည်မှာဆိုတော့လည်း … ကုလားဒီဇိုင်းဗိသုကာပေါ့နော် … လျှပ်တပြတ်ကြည့်လျှင် ဆင်သလိုလိုနဲ့ .. ကွာတာက သူတို့ဒေါင့်ချိုးတွေ အထစ်တွေကို ထောင့်ကျကျဖြစ်အောင် လုပ်ထားတာပါပဲ ..

    • inz@ghi

      December 14, 2011 at 1:39 pm

      သူသီချင်းများထဲတွင် ကျွန်တော် အနှစ်သက်ဆုံး တစ်ပုဒ်ဖြစ်သည့် “ရာဇဝင်များရဲ့
      သတို့သမီး” နှင့်ပတ်သက်ပြီး ပြောဖြစ်သည်။ ကျွန်တော်ပြောဖြစ်သည်မှာ ..

      ပိုင်ဆိုင်မှုအတွက် စစ်မက်များ

      ရင်ဆိုင်တိုက်ခိုက် ခဲ့ကြရ

      ဂန္ထဝင်မြောက်တဲ့ အချစ်နဲ့

      ကာကွယ်သူ တို့ရဲ့ ဓားတွေ

      သူရဲကောင်းတို့ မွေးဖွား

      ဒါဟာာ ငါတို့ သမိုင်းရဲ့

      တောက်ပခဲ့တဲ့ နေ့ရက်များ

      ဧရာဝတီ

      ဟူသောအပိုဒ်ဖြစ်၏။

      ကျွန်တော်တို့ လှမ်းမမြင်နိုင်သော၊ မမီခဲ့သော ခေတ်အဆက်ဆက်က မြန်မာ့ ဘီဘင်တို့၏
      နိုင်ငံတည်ထောင်ရေး အားထုတ် ချက်များသည် သူ့ စာသားသံစဉ်များ၌ ခမ်းနားလွန်းလှသည်။
      စကားလုံးကျစ်လစ် သလောက် ပြည့်စုံလွန်းလှသည်။

      ကြည့်စမ်းပါ။

      မပိုင်ဆိုင်ရသေးသော နယ်မြေတစ်ခု ပေါ်တွင် နိုင်ငံတစ်ခုကိုထူထောင်နိုင်ဖို့ ရန်တကာကို
      ရင်ဆိုင်တိုက်ခဲ့ကြသူများ။ တည်ထောင်နိုင်ပြီးခဲ့သော နယ်မြေကို မပြိုပျက်၊ မပျောက်ကွယ်ရလေအောင်
      သည်မြေ သည်ရေ သည်ဇာတိကို ချစ်စိတ်ဖြင့် ဓားဖွေးဖွေး သွေးရဲရဲ ဇွဲနပဲထည့် ကာကွယ်ခဲ့ကြသူများ။

      တိုက်ပွဲသည် သူရဲကောင်းကိုမွေး၏ ဟူသောအဆိုအတိုင်း သည်တိုက်ပွဲများဖြင့် မြန်မာတို့သမိုင်း၏
      သူရဲကောင်းတို့ကို မွေးဖွားပေးခဲ့သော ဧရာဝတီရပ်ဝန်း၏ ကြီးကျယ်ထင်ရှားခဲ့သော
      နေ့ရက်များ။

      ထိုမျှခန်းနားသော စကားလုံးများကို စီးဆင်းစေခဲ့သည့် သံစဉ်အတီးပိုဒ်တွင် အိန္ဒိယသံစဉ်များ
      ရောထည့်ထားခြင်းဖြင့် သီချင်း၏ အလှနှင့်အားကို ပျက်စေသည်ဟု ကျွန်တော်ကထင်သည်။
      ကျွန်တော့်အနေဖြင့် သီချင်းကိုအကြိုက်ကြီး ကြိုက်သလောက် ထိုအတီးပိုဒ်တွင် ထည့်ထားသည့်
      သံစဉ်ကို မကြိုက်ကြောင်း။ ထင်သည့်အတိုင်း သူ့ကိုပြောသည်။

      မှန်ထူထူနောက်မှ ငြိမ်သက်သော မျက်လုံးဖြင့် တစ်ချက်ကြည့်သည်။ သည့်နောက် သူ
      ကျွန်တော့်ကိုပြောသည်။

      “ကိုငြိမ်း.. ပုဂံရောက်ဖူးတယ်မဟုတ်လား။ အဲဒီက ဟိုးရှေးပုဂံရဲ့ အငွေ့အသက်တွေမှာ
      ဘာတွေပါနေတာ တွေ့ခဲ့လဲ။ ကျွန်တော်တို့ရဲ့ ရှေးပုဂံက မြန်မာကြီးတွေဟာ ဘယ်လိုပုံမျိုး
      ဖြစ်မလဲ။ ကျွန်တော် ပေါ့ပေါ့လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီ အာရေဗီယမ်စကေးတွေကို တမင်ကိုထည့်ခဲ့တာ”

      http://www.htooeinthin.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%84%E1%80%BD%E1%80%80%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%9B%E1%80%B2%E1%82%95-%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%80/

      • kai

        December 14, 2011 at 2:38 pm

        “ကိုငြိမ်း.. ပုဂံရောက်ဖူးတယ်မဟုတ်လား။ အဲဒီက ဟိုးရှေးပုဂံရဲ့ အငွေ့အသက်တွေမှာ
        ဘာတွေပါနေတာ တွေ့ခဲ့လဲ။ ကျွန်တော်တို့ရဲ့ ရှေးပုဂံက မြန်မာကြီးတွေဟာ ဘယ်လိုပုံမျိုး
        ဖြစ်မလဲ။ ကျွန်တော် ပေါ့ပေါ့လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီ အာရေဗီယမ်စကေးတွေကို တမင်ကိုထည့်ခဲ့တာ”

        ဟုတ်တယ်..။ ကျုပ်လည်း. ..မြန်မာတွေ အားလုံးရဲ့ ပုဂံ ပို့စ်အောက်.. အိနိ္ဒယပုထိုးတွေပုံနဲ့အကြောင်း… တမင်ကို ထည့်ခဲ့တာပါ..။
        ဂီဂီက..သေသေချာချာဖမ်းမိသမို့.. လေးစားမိပါရဲ့.. 😆

        • pooch

          December 14, 2011 at 3:54 pm

          ဒီမှာ သူကြီး ……ဆိုလိုချင်တာက ပုဂံရဲ့ အငွေ့ အသက်တွေထဲမှာ အိနိ္ဒယ ဗိသုကာ အနု ပညာ အငွေ့ အသက်တွေ ပါနေတာလို့ ပြောချင်တာ မဟုတ်လား …

          အဲ့ဒါအမှန်ပဲလေ နာမည်ကျော်လှတဲ့ ပျူဂီတ အဖွဲ့သားများရဲ့ ရုပ်တု ၅ ခုကိုတောင် အိနိ္ဒယ ပုံစံလို့တောင် ပြောခဲ့တာပဲ ….

          အဲ့ဒီခေတ်အခါက ပိုးလမ်းမကြီး ဖောက်ပြီး တနိုင်ငံနဲ့ တနိုင်ငံ ကူးလူး ဆက်သွယ်ပြီး ကုန်သွယ်ခဲ့ကြတာ ဒါဘာဆန်းလဲ ….

          ခုတောင် ရန်ကုန်ကို စင်ကာပူလို ဖြစ်အောင်လုပ်မယ်ဆိုပြီး အော်နေသေးတာ ဟိုက အင်ဂျင်နီယာတွေ ဒီလာဆောက်ပေးရင် သူတို့ လက်ရာအတိုင်း ကျန်မှာပဲ မဟုတ်ဖူးလား

          သူတို့ အငွေ့အသက်ပါနေတာနဲ့ပဲ ကျမတို့ သမိုင်းက မှေးမှိန်သွားမှာမှ မဟုတ်တာ…ရမယ်ရှာမနေပါနဲ့

          “မဆီလေးရယ်မှ အိုမဆိုင် လက်ပံသား ဓားနဲ့ချိုင် ” 😆

  • small cat

    December 13, 2011 at 5:15 am

    ပုဂံကိုသွားချင်လိုက်တာ၊ ဘယ်တော့များမှ ခရီးလွတ်လွတ်လပ်လပ်သွားရမှာပါလိ်မ့်။

  • koyinmaung

    December 13, 2011 at 8:42 am

    နိုဇူမီရေ….
    ငယ်ငယ်ကရောက်ခဲ့ဘူးတဲ့ပုဂံမြို့ဟောင်းလေးပါ
    ဓါတ်ပုံတွေနဲ့ဝေဝေဆာဆာ
    ကောင်းကင်ကကြည့်ရတဲ့ပုဂံအလှကလဲရင်သပ်ရှု့မော
    ကျေးဇူးအထူးတင်ပါတယ်ဗျာ……

  • Shwe Tike Soe

    December 13, 2011 at 9:01 am

    တော်တော်လေးကို ကျေးဇူးတင်ပါတယ်.. မရောက်ဖြစ်တာတော်တော်ကြာပြီ အခုလိုတင်ပေးတော့ ကိုယ်တိုင်သွားချင်စိတ်တောင်ပေါက်သွားတယ်… မအားတော့ အခုလို.ဓာတ်ပုံလေးတွေပဲကြည့်ရတာပေါ့.. လူမရောက်ပေမယ့်စိတ်ရောက်သွားသလိုပါပဲ… ဓာတ်ပုံဆရာရေ.

  • nozomi

    December 14, 2011 at 10:15 am

    @ ဆူး – ဟုတ်တယ် အခုချိန် မပူ မအေး လေးနဲ့ နေလို့ကောင်းတယ် ၊ နောက်ပိုင်းတော့ ပိုအေးမယ် ထင်တယ်
    @ pooch – ပို့စ် တွေ အားလုံးကို သေချာ ဖတ်ပြီး အားပေးတာ ကျေးဇူးနော ၊ နောက်တစ်ခါသွားရင် စီးဖြစ်ချင် စီးဖြစ်မှာပါ ၊ ကျွန်တော်က စေ့စပ်သေချာ ချင်ယောင် ဆောင်ထားတာပါ တကယ်က…
    @ thit min _ ဆရာသစ် ချီးကျူးတာ ခံရတော့ ပင်ပန်းရကျိုးလေး နပ်တာပေါ့ ။ ကိုသစ်လိုပဲ အဲဒီစာသားလေးတွေကို သဘောကျတယ် အချိန်တိုင်း မဟုတ်ပေမဲ့ သတိယတိုင်း နေနိုင်အောင် ကြိုးစားနေပါတယ်
    @inz@ghi – ဆရာဂီ ထပ်ဝေဖန်ပေးပါဦး ၊ ဘယ်လို ဆို ပိုကောင်းသွားမယ် ဆိုတာမျိုးရောပေါ့ ၊ သီချင်းကတော့ ထပ်ဆိုလိုက်ပြီနော

    မမ တို့ ကိုပေ တို့က တော့ မြှောက်နေပြန်ပြီ ။ကျွန်တော်က ဝါသနာရှင် မဖြစ်တဖြစ်ပါ

    မဝေကြီး ထပ်သွားပါဦး ၊ ဆေးစက်ကျရာ အရုပ်ထင်တဲ့သူဆိုတော့ မဝေကြီးသွားရင် ပို့စ် ကောင်းကောင်းလေးတွေ ထပ်ဖတ်ရဦးမှာ

    တီချယ်နု ကွန်နက်ရှင်ကောင်းရင် ထပ်အားပေးပါဦး ၊ကျွန်တော်လည်း ကိုယ့်အမျိုးအကြောင်း (ရွှေကွန်နက်ရှင် )ကိုသိနေတော့ ပုံတွေ တင်ရတာ အားနာနေမိတယ်

    သူကြီးပြောပြတာ ဗဟုသုတ အသစ်ဗျ ၊ ပို့စ် တစ်ခုနဲ့ ရှင်းပြပေးပါလား ၊ အဆင်ပြေရင် ပုဂံနဲ့ ညီအမမြို့ လုပ်ပစ်လိုက်မယ်

    ကိုကြောင်လေး တစ်ခါတစ်လေ ဘာမှ စဉ်းစားမနေနဲ့ သွားစရာ ရှိတာ သွားပစ်လိုက် အဲဒီကျတော့လဲ ဖြစ်သွားတာပဲ

    ဦးရင်မောင်ကြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ကိုရွှေတိုက်စိုးကြီး သွားချင်စိတ်ပေါ်လာရင် မဒီလေးနဲ့ နှစ်ယောက်အတူ ထွက်လိုက်လေ ၊ တော်တော် ပျော်စရာ ကောင်းမှာနော

    • inz@ghi

      December 14, 2011 at 10:33 am

      အမှန်တော့မဟုတ်ဘူးပေါ့ဗျာ …ကျနော် ဆိုဘယ်လိုရိုက်လိုက်မယ် ဆိုတဲ့
      အတွေးနဲ့ မန့်မယ်ဗျို့ ….(ကိုသော်စ့် ကြီးလည်း လုပ်ပါဦး…)
      ၁၊ ကြိုနေတဲ့ကောင်မလေးတွေ ကတော ့ လှတပတလေးတွေ မဟုတ်လို့
      မမန့်တော့ပါ။
      ၂၊ တမာတန်း ကို ကျနော် ဆို ကြမ်းပြင်ချပီး ပစ်မှာဗျ..
      ၃၊ လှည်းယာဉ်ကတော့ လှည့် ရှေ့ဘက် ၄၅ဒီဂရီလောက်က ပစ်မယ်
      ၄၊အိပ်ခန်းကတော့ ပတ်လည် လိုကေးရှင်း ကို မသိလို့ မပြောတတ်ဘူးဗျ
      ၅၊မနူဟာဘုရားက ကွန်ပိုဇစ်ရှင်း ပါဖက် လို့ထင်တယ်ဗျ ဖလက်ရှ်ဖောက်ထားတယ်ထင်တယ်
      ရှေ့ က ဖြူပြီး မျက်နှာတော်မည်းနေလို့. ..
      ၆၊ ဈေးဆိုင် က သိပ် အိုင်ဒီယာ မရပါ
      ၇၊ မြစေတီ ပါဖက် ပါ
      ၈၊ ကျနော်ဆို ကျောက်စာ ကို အလယ်ခေါင် တည့်တည့်မှာ မထားပါ
      ၉၊ဈေးတန်းက တချို့ ထန်းပင်တွေ ထပ်မပြတ်လျင် ပိုကောင်းပါမည်
      ၁၀၊ဂူပျောက်ကြီး ဘုရားမှာ ကင်မလာကို ဘယ်ဘက်နည်းနည်းလှည့်ရိုက်စေချင်၏
      ၁၁၊ ကန်တော့ပုလ္လင်ကို Portrait ဒေါင်လိုက် ရိုက် ပါမည်
      ၁၂၊ နန်းတော်ပုံတွေ ကောင်းပါသည်။
      ၁၃၊ အကောင်းဆုံး ထီးလိုမင်းလို ပုံဖြစ်ပါသည် (HDR ရိုက်ချင်ပါသည်)
      ၁၄၊သဲပန်းချီများ အိုင်ဒီယာ မရပါ
      ၁၅၊ ထီးလိုမင်းလို အနောက်ဘက် အတော်လှ၏
      ၁၆၊ ရွှေစည်းခုံ အလွန် သပ္ပါယ်လှပါသည်
      ဝေဖန်စရာမရှိပါ
      ၁ရပြုပြင်ထားသည့်စေတီတစ်ဆူ သင့်ပါသည်
      ၁၈ ထန်းပင် ရေငတ်တယ်ဗျာ ….
      ဟီး မောလို့ပြောဘာဒယ်…

      တော်တေးဘီ မောဘီ ….
      တီချင်းလည်း ချိုနိုင်လော့ဝူး..

      • nozomi

        December 14, 2011 at 11:12 am

        ဆရာဂီ ရဲ့ အကြံဉာဏ်တွေက ကျွန်တော့်အတွက်တော့ တော်တော်ကို အကျိုးရှိပါတယ် ၊ ဆရာဂီပြောတဲ့ အတိုင်း စိတ်ကူးထဲမှာ ပြန်ရိုက်ကြည့်နေမိတယ်

        ရိုက်တဲ့ ပညာတော့ နားမလည်ဘူးဗျ စိတ်တဲ့ ထင်တဲ့ အတိုင်းရိုက်လိုက်တာပဲ ၊ မနုဟာဘုရားက ဘေး အလင်းရောင်ကြောင့် ဒူတော်က ရွှေရောင်လင်းနေတာ၊ မျက်နှာတော်ကတော့ သာမန်အလင်းနဲ့ ဆိုတော့ နဲနဲ မှိန်သွားတယ်

  • blackchaw

    December 14, 2011 at 11:47 am

    ပုဂံကို သွားဖြစ်အောင် စွဲဆောင်နိုင်သော ဓါတ်ပုံများပါခင်ဗျာ။

  • Shwe Ei

    December 14, 2011 at 1:40 pm

    ကျောင်းပြီးလို့ ကိုယ့်မြို့ကထွက်လာတည်းက (၆နှစ်ရှိတော့မယ်) တခါမှမရောက်တော့တဲ့ ပုဂံကို ဆရာနိုက သတိရအောင် ပြန်လုပ်ပေးလိုက်ပြီ။ အလွမ်းပြေသွားတာလား ပိုလွမ်းသွားတာလား တောင်မသိတော့ဘူး။

  • နွယ်ပင်

    December 14, 2011 at 2:54 pm

    အခုတစ်လော ခရီးသွားချင်နေပါတယ်ဆိုမှ
    ရွာထဲကလူတွေက ပိုသွားချင်အောင်လုပ်နေကြတယ်
    အခုလဲ ကိုနိုဇိုမီကြီးက ပုဂံသွားချင်အောင် ဆွဲဆောင်နေပြန်ပြီ ………..

  • hmee

    December 14, 2011 at 4:03 pm

    ကိုနိုဇိုမီ ဓါတ်ပုံတွေ ကြည့်ပြီး ကျွန်မအတွက်တောင် ကိုယ့်ဘာသာ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ ပုဂံကို မရောက်ဖူးဘူး။ မိသားစုတွေ သွားတိုင်း တခါမှ လိုက်ခွင့်မကြုံခဲ့ဘူး။ မြန်မာပြည်ပြန်ရောက်ရင် သွားလည်မယ်လို့ စဉ်းစားထားတာ အခုအခြေအနေနဲ့ မဖြစ်နိုင်တော့ပြန်ဘူး။ တနေ့နေ့တော့ ရောက်အောင်သွားဦးမယ်။ မြန်မာဖြစ်ပြီး ပုဂံမရောက်တာ မြန်မာမဟုတ်သလိုပဲ။

  • ကိုရင်စည်သူ

    December 14, 2011 at 4:06 pm

    ကိုနိုဇိုမိရဲ့ ပုဂံသွားတဲ့ ဓါတ်ပုံလေးတွေကြည့်ရတာ
    ကိုယ်တိုင်သွားရသလိုပါပဲဗျာ…
    ဘဲရီးဂွတ်… ဘဲရီးဘတ်ဒ်…. ပါ..။။
    ဓါတ်ပုံတွေကြည့်ရလို့ စိတ်ကြည်နူးလို့ ဘဲရီးဂွတ်သွားတယ်…
    ဘကြိုင် ဘိုင်ကျလို့ မသွားဖြစ်နိုင်သေးတဲ့အတွက်
    စိတ်မကောင်းဖြစ်လို့ ဘဲရီးဘတ်ဖြစ်သွားပါတယ်..ဗျာ…။ 😀 😀

    • nozomi

      December 14, 2011 at 4:12 pm

      မမှီ မန်းတာ ကြည့်ရတာ ဆရာသစ် မှန်းထားတာ မှန်နေပြီ ထင်တယ် 🙂
      နောက် ၃၊၄ နှစ်ကျမှ မိသားစု စုံစုံညီညီသွားကြပေါ့ ၊ ပျော်စရာကြီး ဖြစ်မှာပါ

      ကိုရင့် စာတွေ့တော့မှ တစ်ခု သတိရတယ် ၊ ကျွန်တော် လုပ်ကြည့်ချင်တာတွေထဲမှာ မီးပုံးပျံ စီးကြည့်တာ ပါသလို ၊ အပျော်စီးသင်္ဘောလဲ စီးကြည့်ချင်တယ် ဗျ ၊ ကိုရင် သူကြီးလုပ်တဲ့ သင်္ဘောကျမှ လာစီးတော့မယ်

Leave a Reply