မေတ္တာ Campign (အထက်မြန်မာပြည်) မေတ္တာအခါတော်နေ့မှာ ငြိမ်းချမ်းရေးစကားဝိုင်းစတင်ပြီ

DaveDecember 12, 20111min1001

မန ္တလေးမှ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူများ စုစည်းတည်ထောင်ထားသည့် မေတ္တာ Campign (အထက်မြန်မာပြည်) သည် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သော မေတ္တာအခါတော်နေ့၌ ငြိမ်းချမ်းရေးစကားဝိုင်းစတင် ပြုလုပ်သည်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်ကျင်းပသော ထိုစကားဝိုင်းတွင် မေတ္တာ Campign (အထက်မြန်မာပြည်) ၏ ရှေ့လုပ်ငန်းစဉ်များ၊ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားကြမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

အပတ်စဉ်ဆက်လက်ပြုလုပ်သွားမည့်ထိုစကားဝိုင်းတွင် ငြိမ်းချမ်းရေးစာတမ်းများ၊ သတင်းထုတ်ပြန်ချက် ကျေညာချက်များကိုလည်း အတည်ပြုမှတ်တမ်းတင်သွားမည်ဖြစ်သည်။ ထိုနေ့တွင် တင်သွင်းသော ငြိမ်းချမ်းရေးစာတမ်း တစ်စောင်ကို အများဖတ်ရှုလေ့လာနိုင်ရန် အောက်တွင် တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။

စာတမ်း
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းကို ယေဘုယျချဉ်းကပ်လေ့လာခြင်း
ရေးသားတင်သွင်းသူ- သင်းဆက်ကျော်ရှိန်
ရည်ရွယ်ချက်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းရေးကိုထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် မိမိတို့အခန်းကဏ္ဍအလိုက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိသည်။ ယင်းကြိုးပမ်းမှု၏ အကျိူးရလဒ်နှင့်ပတ်သက်၍ သိသာထင်ရှားစေရန်နှင့် ပိုမိုထိရောက်မှုရှိစေရန်အတွက် အညွှန်းကိန်း တစ်မျိုးကို နိုင်ငံတကာငြိမ်းချမ်းရေးပညာရှင်များက အတည်ပြုသတ်မှတ်ကာ နိုင်ငံများကို နှစ်စဉ်အဆင့်သတ်မှတ်ပေးခဲ့သည်မှာ ငါးနှစ် ကြာပြီဖြစ်သည်။ ၎င်းကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းဟု ခေါ်ဆိုသည်။ ထိုအညွှန်းကိန်းသည် သချင်္ာဆန်သော်လည်း သက်ဆိုင်ရာနိုင်ငံများအလိုက် တစ်နှစ်အတွင်းဖြစ်ပေါ်ခဲ့သော ပြည်တွင်း ငြိမ်းချမ်ရေးအခြေအနေကို အနီးစပ်ဆုံးထင်ဟပ်ပြနိုင်သည်ဟု လက်ခံထားကြသည်။ ထိုအညွှန်းကိန်းဖြစ်ပေါ်လာပုံနှင့် ယခုလက်ရှိ ကိန်းဂဏန်းဆိုင်ရာ တွက်ချက်မှုရလဒ်တို့အကြောင်း ဗဟုသုတဖြစ်ဖွယ် အဆင့်မျှသာ ယေဘုယျအားဖြင့် ချဉ်းကပ်လေ့လာ တင်ပြရန် ရည်ရွယ်ပါသည်။

နိဒါန်း
စစ်မက်ဖြစ်ပွားနေသော ဒေသ၊နိုင်ငံစသည်တို့တွင်သာ မငြိမ်းချမ်းကြခြင်းမဟုတ်ဘဲ စစ်ဘေးဒုက္ခမသင့်သောနိုင်ငံများတွင် လည်း မငြိမ်းချမ်းသည့် အခြေအနေများကြုံတွေ့နိုင်သည်။ လူမျိုး၊ဘာသာ၊နယ်မြေအငြင်းပွားမှုအမျိုးမျိုးအပေါ်တွင် မူတည်၍ လက်နက်စွဲကိုင်ကာ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်နေကြသကဲ့သို့ မတိုက်ခိုက်သေးဘဲ စစ်အင်အားဖြည့်တင်းရုံမျှဖြင့် ရပ်တည် နေကြသည့် သဘောသဘာဝများကိုလည်း ယနေ့ကမ္ဘာတွင် တွေ့ရပါလိမ့်မည်။ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းရလဒ်အရ တစ်နိုင်ငံချင်းစီ၏ လုံခြုံအေးချမ်းမှုအခြေအနေကို ကျယ်ဝန်းစွာလေ့လာနိုင်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းရေး အခြေ အနေနှင့် တွက်ချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သော အညွှန်းကိန်းရလဒ်များကို ယှဉ်တွဲသုံးသပ်နိုင်ရန် အကျဉ်းချုပ်၍သာ တင်ပြပါမည်။
ငြိမ်းချမ်းရေးဆိုသော ဝေါဟာရကို ယခင်က အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကာ ဝေဝါးလောက်ဖွယ်ဖြစ်ခဲ့သော်လည်း ထိုအညွှန်း ကိန်းကို ပုံသေနည်းဖြင့် တွက်ချက်ကာ ဖော်ထုတ်ရခြင်းဖြစ်သဖြင့် လက်ယာဆန်ခြင်း၊လက်ဝဲဆန်ခြင်း၊နိုင်ငံရေးဆန်ခြင်း၊ပုဂ္ဂိုလ်ရေး ဆန်ခြင်း စသော သဘောသဘာဝများနှင့်စံနှုန်းများ ကျန်နေရစ်ခဲ့ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းသည် (၂၁) ရာစုအတွက် ငြိမ်းချမ်းရေးကိုတိုင်းတာပြနိုင်မည့် တန်ဖိုးသတ်မှတ်ချက်ဖြစ်လာပါတော့မည်။

ဘယ်သူတွေ ဘယ်ကစ
ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းကို စတင်တွေးခေါ်ခဲ့သူမှာ ဩစတြေးလျနိုင်ငံသား စွန့်ဦးတီထွင်သူ စတိဗ်ကီလီယာ ဖြစ်သည်။ ငြိမ်းချမ်းရေးကို ပုံသေနည်းဖြင့် တွက်ပြနိုင်လောက်သည်ဟု တွေးတောကြည့်ပြီး ပြောကြဆိုကြရာမှ ထိုအတွေးကိုလက်ခံကာ ဝိုင်းဝန်းစဉ်းစားပေးသူများ ၂၀၀၅ခုနှစ်နောက်ပိုင်းတွင် ပေါ်လာကြသည်။ ထိုပုဂ္ဂိုလ်များအနက် လူသိများသူများမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊နာမည်ကျော် တိဘက်ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်လားမား၊ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ဒက်စ်မွန်တူးတူး၊ဖင်လန်နိုင်ငံတော်သမ္မတဟောင်း မာ့တီအာတီစာရီ၊နာမည်ကျော် ဘောဂဗေဒပညာရှင် ဂျက်ဖရီဆက်၊ အိုင်ယာလန်နိုင်ငံတော်သမ္မတဟောင်း မေရီရော်ဘင်ဆန်၊အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာတို့ဖြစ်ကြသည်။
အများအတွက်အကျိုးရှိစေမည့် ထိုစိတ်ကူးကောင်းကို စံနှုန်းမီကိန်းတစ်မျိုးဖြစ်လာစေရန် အကြံအစည်သက်သက်ဖြင့်မပြီး မြောက်နိုင်သဖြင့် ပညာရှင်အသိုက်အဝန်းက ပုံသေနည်းအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်းကာ အစီအစဉ်များရေးဆွဲကြသည်။ ]အီကော နောမစ်}မဂ္ဂဇင်းမှ သုတေသနအဖွဲ့ကဦးဆောင်ကာ အညွှန်းပြ (၂၄)မျိုးကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည်။ ပူးပေါင်းပါဝင်သော ပညာရပ် ဆိုင်ရာအဖွဲ့အစည်းများမှာ ကုလသမဂ္ဂ၊ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့၊အု(ပ်)ဆာလာအရေးအခင်းအချက်အလက်အစီအစဉ် စသည်တို့ဖြစ်သည်။ အညွှန်းပြ တစ်ခုကို ၂၀၀၈ခုနှစ်တွင် လျှော့ချလိုက်သဖြင့် အရေအတွက်အားဖြင့် (၂၃)မျိုးသာ ရှိပါတော့သည်။ ၎င်းတို့မှာ-
(၁) ပြည်တွင်း၊ပြည်ပ စစ်မက်ဖြစ်ပွားမှုအကြိမ်ရေ
(၂) ပြည်ပစစ်မက်ကြောင့် သေဆုံးရသူ ခန့်မှန်းအရေအတွက်
(၃) ပြည်တွင်းစစ်မက်ကြောင့် သေဆုံးရသူ ခန့်မှန်းအရေအတွက်
(၄) ပြည်တွင်းအုပ်စုဖွဲ့အရေးအခင်း အဆင့်သတ်မှတ်ချက်
(၅) အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး
(၆) လူမှုအဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် ရာဇဝတ်မှုအခြေအနေ အဆင့်သတ်မှတ်ချက်
(၇) လူဦးရေရာခိုင်နှုန်းအရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူအရေအတွက်
(၈) နိုင်ငံရေးမတည်ငြိမ်မှု
(၉) လူ့အခွင့်အရေး လေးစားမှု အဆင့်အတန်း
(၁၀) အကြမ်းဖက်မှုများကို စေ့ဆော်ပေးသော အခြေအနေ
(၁၁) လူလူချင်းသတ်ဖြတ်မှု အရေအတွက်
(၁၂) အကြမ်းဖက်မှုခင်း အဆင့်သတ်မှတ်ချက်
(၁၃) အကြမ်းဖက်ဆန္ဒပြမှု ဖြစ်နိုင်ခြေ
(၁၄) အကျဉ်းကျနေသူ အရေအတွက်
(၁၅) ရဲနှင့်လုံခြုံရေးအရာရှိ အရေအတွက်
(၁၆) ဂျီဒီပီအရ စစ်အသုံးစရိတ် အခြေအနေ
(၁၇) လက်နက်ကိုင်စစ်မှုထမ်း အရေအတွက်
(၁၈) စာချုပ်အရ အဓိကလက်နက်တင်သွင်းမှု
(၁၉) စာချုပ်အရ အဓိကလက်နက်တင်ပို့မှု
(၂၀) ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်များအတွက် ရံပုံငွေထောက်ပံ့မှု
(၂၁) လက်နက်ကြီးအရေအတွက်
(၂၂) လက်နက်ငယ်များ ကိုင်ဆောင်အသုံးပြုရန် လွယ်ကူသောအခြေအနေ
(၂၃) စစ်ရေးစွမ်းဆောင်နိုင်မှု သို့မဟုတ် ကျွမ်းကျင်မှု

အချက်အလက် ဘယ်လိုရှာဖွေ တွက်ချက်သလဲ
ငြိမ်းချမ်းရေးအညွှန်းပြ (၂၃)မျိုးအတွက် သတ်မှတ်ကိန်းဂဏန်းများ အနီးစပ်ဆုံး မှန်ကန်စွာရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် အချက်အလက်တာဝန်ယူကောက်ခံပေးသူများမှာ အစုအဖွဲ့လိုက်၊ အသင်းအဖွဲ့လိုက် ရှိကြသကဲ့သို့ တစ်ဦး တစ်ယောက် ချင်းလည်း ရှိသည်။ တစ်ဦးချင်းကောက်ခံရရှိလာသော အချက်အလက်များကို ခိုင်မာမှုရှိ၊မရှိ အတည်ပြုနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ များက ထပ်ဆင့်အကဲဖြတ်ပေးကြသည်။ အဆင့် (၁)မှ (၅)အထိ သတ်မှတ်ချက်ရလဒ် မထွက်သေးသော အချက်အလက်များကို ထ=(ထ-ငြည(ထ))။(ြထေ(ထ)-ငြည(ထ)) ဟူသော ပုံသေနည်းဖြင့် တွက်ချက်ပေးရသည်။
၂၀၀ရခုနှစ်မှစတင်၍ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းရလဒ်များကို ထုတ်ပြန်နိုင်ခဲ့သော်လည်း ထိုနှစ်အတွက် အညွှန်းကိန်းရလဒ်ဇယားတွင် အိုက်စလန်၊ ဘယ်လာရုစ်၊မွန်ဂိုလီးယား၊အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် အာဖရိကနိုင်ငံများ မပါဝင်နိုင်ခဲ့ချေ။ သို့သော် နောက်နှစ်များတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှု၊သုတေသနအဖွဲ့များ၏ ကြိုးပမ်းမှုတို့ကြောင့် ဇယားတွင် နိုင်ငံများပိုမိုစုံလင်ကာ အညွှန်းကိန်းရလဒ်အတည်ပြုတွက်ချက်သတ်မှတ်မှု အနေအထားတိုးတက်လာသည်။

ယုံကြည်လောက်ဖွယ်ဖြစ်သလား
ယနေ့ခေတ် နိုင်ငံတကာအခင်းအကျင်းတွင် အညွှန်းကိန်းအမျိုးမျိုးကို ဘောဂဗေဒပညာရှင်များ၏ ကြံစည်အားထုတ်မှုကြောင့် ကဏ္ဍအသီးသီး၏ စံချိန်၊စံညွှန်းနှင့် တန်ဖိုးသတ်မှတ်ချက်များကို လေ့လာသိရှိနေရသည့်အလျောက် အနာဂတ်အလားအလာကောင်း များအတွက်လည်း အထောက်အပံ့သဖွယ် ဖြစ်စေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအညွှန်းကိန်းများကဲ့သို့ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး အညွှန်းကိန်းသည် ယုံကြည်လောက်ဖွယ်ဖြစ်သလားဟု တချို့က မေးခွန်းထုတ်ကြသည်။
ဂျီပီအိုင်ဟု အင်္ဂလိပ်လို အတိုကောက် သုံးနှုန်းခေါ်ဝေါ်သော ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပုံသေနည်းဖြင့် တွက်ချက်ရာတွင် ဂျီဒီပီတွက်သကဲ့သို့ အနီးစပ်ဆုံးမှန်ကန်သည့်ရလဒ်ကို ဖော်ထုတ်နိုင်ခြင်းရှိမည်၊ မရှိမည်ကို တိကျသေချာစွာ မပြောနိုင်သော်လည်း ယင်းအညွှန်းကိန်းသည် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သည် ကိုမူ ငြင်းဆို၍ မရစကောင်းပေ။
သုတေသနအဖွဲ့အစည်းအသီးသီးက အညွှန်းကိန်းအတွက် လေ့လာဆန်းစစ်ကြရင်း ငြိမ်းချမ်းသောနို်င်ငံများတွင် အုပ်ချုပ်သည့် အစိုးရအဖွဲ့များသည် ပြည်သူလူထုအပေါ် ထိန်ချန်ကွယ်ဝှက်မှုမရှိသလောက်နည်းပါးကြောင်း၊ အကျင့်ပျက် အဂတိလိုက်စားမှု အခြေ အနေ လျော့နည်းကြောင်း၊ လူတစ်ဦးချင်းဝင်ငွေပမာဏ၊ ကလေးသူငယ်များ ကျောင်းနေအရွယ်တွင် ကျောင်းတက် နိုင်မှု ရှိ၊မရှိ အခြေအနေ၊ ဒေသဆိုင်ရာ ပေါင်းစည်းမှုအနေအထား စသည်တို့သည် ငြိမ်းချမ်းရေးနှင့် အပြန်အလှန် ပေါင်းကူး ဆက်နွယ်နေကြောင်း သတိပြုလာမိသည်မှာ ထူးခြားသော အကျိုးအမြတ်ပင်ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအညွှန်းကိန်းကို အားကိုးအားထားပြုလောက်ဖွယ်၊ ယုံကြည်လောက်ဖွယ် ရှိ၊မရှိ သံသယ ပွားနေမည့်အစား မိမိတို့နို်င်ငံ၏ ငြိမ်းချမ်းရေးအတွက် အခြားနိုင်ငံများနှင့်အပြိုင် ကြိုးပမ်းဆောင်ရွက်ရန် လိုနေသေးသည်ဟု နှိုးဆော် ပေးသော အညွှန်းကိန်းတစ်မျိုးအဖြစ် လက်ခံသွားသင့်ကြောင်း သုံးသပ်မိပါသည်။
ကိုးကား- wikiprogress

One comment

  • lulinmg

    December 13, 2011 at 1:05 pm

    နိုင်ငံရေးစိတ်မဝင်စားပါ

Leave a Reply