ရှုမဆုံးတော့ပြီ………….. (Panorama)

Diamond KeyDecember 13, 20113min23030

ရှုမဆုံးတော့ပြီ………….. (Panorama)

Panarama Photos ဆိုတာက မြင်ကွင်းကျယ် (မြင်ကွင်းရှည်) ပုံလေးတွေပါ။ ကျွန်တော် ဓါတ်ပုံပညာ စတင်လေ့လာတဲ့ လွန်ခဲ့သော အချိန်တွေ တုန်းက ဆိုရင် Digital နည်းပညာတွေကလည်း ဒီလို မထွန်းကားသေးတော့ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ရလိုရင် ဓါတ်ပုံတွေကို “ဖြတ်ညှပ်ကပ်”  (ဆက်မဲ့ ပုံတွေကို ဆက်ကြောင်းရှာပြီးဖြတ်၊ မသိသာအောင်ညှပ်၊ ပြန်ကပ်) တွေ လုပ်ပြီး ဖန်တီးရပါတယ်။

ခုနောက်ပိုင်းမှာ Digital နည်းပညာတွေကလည်း တိုးတက်လာတော့ Panorama ရိုက်လို့ရတဲ့ နည်းပညာ ပါတဲ့ ကင်မရာ၊ (တစ်ချို့ အပျော်တမ်း ကင်မရာလေးတွေ မှာတော့ ရိုးရိုးမြင်ကွင်းကိုပဲ အပေါ်နဲ့ အောက် အမဲဘောင် ကာလိုက်ပြီး ပုံရှည် ဖြစ်သွားသယောင် ကင်မရာမျိုးကိုတော့ Panorama ရိုက်လို့ရတဲ့ နည်းပညာ ပါတဲ့ ကင်မရာ စာရင်းမသွင်းလိုပါ)၊ ဒါမှမဟုတ် ရိုက်ထားတဲ့ ပုံလေးတွေကို Panorama ပုံတစ်ပုံ ဖြစ်အောင် အလွယ်တကူ ပြုလုပ်လို့ရတဲ့ software လေးတွေများစွာ ပေါ်လာပါတယ်။

စစ်ကိုင်းတံတားနဲ့ စစ်ကိုင်းတောင်

မင်းကွန်းဒေသ နဲ့ မြသိန်းတန်စေတီ

ဒီလို ပုံဆက် Panorama ရိုက်မယ်ဆိုရင် မြင်ကွင်းကျယ်ပုံမှာ လိုချင်တဲ့ အစအဆုံးကို ပုံပေါင်းများစွာနဲ့ ဖွဲ့စည်းရပါတယ်။ ရိုက်တဲ့ ပုံတွေ Exposure ညီဖို့လိုပါတယ်။ ဒါမှ ပုံရှည်ဆက်တဲ့အခါ ပုံတစ်ပုံထဲမှာ အရောင်တွေ နုလိုက်ရင့်လိုက် ဖြစ်မနေမှာပါ။ ရိုက်တဲ့ ပုံတွေအားလုံး ရေညီပြင်ညီဖို့ လိုပါတယ်။ ဒါမှ ဆက်တဲ့ အခါ လွယ်ကူမှာပါ။ Normal မြင်ကွင်း (Normal Lens) နဲ့ ရိုက်သင့်ပါတယ်။ Wide lens နဲ့ ရိုက်ရင် မှန်ဘီလူးကြောင့်  ပုံတွေက ပုံပျက်ခြင်း ( Distraction) ဖြစ်တတ်တော့ ပုံဆက်ရင် တစ်ပုံအဆုံးနဲ့ တစ်ပုံအစ မညီနိုင်ပါ။ ဆက်ဖို့ ရိုက်တဲ့ ပုံလေးတွေက တစ်ပုံနဲ့ တစ်ပုံ ဆက်နိုင်ဖို့ ပုံတွေရဲ့ အစနဲ့ အဆုံးတွေမှာ တူညီတဲ့နေရာတွေ ပါရပါမယ်။ ဒါတွေအားလုံး ok ရင် ပုံဆက်ရတာ အဆင်ပြေပါတယ်။

အောက်က ပုံဆက်မယ့် ပုံလေးတွေကို ကြည့်ပါ။

ပုံ (၁)
ပုံ (၂)
ပုံ (၃)

ပုံ (၄)

ပုံ (၅)
ပုံ (၆)
ပုံ (၇)

ဒီပုံလေးတွေကို ဆက်ထားတဲ့ ပုံလေးနှစ်ပုံကို ပြပါမယ်။ ဒါက အသေးပါ။

21 မိုင် ရှုခင်းသာ

အောက်ပုံက အကြီးပေါ့။

21 မိုင် ရှုခင်းသာ

ရှုခင်းလှလှတွေကို Panorama ပုံရိုက်ပြီး ပုံရှည်ကြီးတွေ ကူးရင် အရမ်းကြည့်လို့ကောင်းပါတယ်။

(ရိုက်ထားတဲ့ ပုံတွေ အမျာကြီး ရှိနေပေမယ့် တင်ရခက်နေတာကြာင့် တင်လို့လွယ်တဲ့ ပုံလေးတွေပဲ ပြလိုက်တယ်)

စိန်သော့

30 comments

  • blackchaw

    December 13, 2011 at 9:48 am

    ရိုက်ကြပါ။ ရိုက်ကြပါ။
    ကိုရင် နိုဇိုမိ ကလည်း ပုဂံကို တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းတွေရိုက်ပြလိုက်။
    ကိုစိန်သော့ကြီးက ဓါတ်ပုံ ပညာတွေ ပြလိုက်။
    ကျွန်တော့်မှာ မင်းကွန်း ကို ကြိုးစားပမ်းစား ရိုက်လာတဲ့ပုံလေးတွေ ပြန်ကြည့်ပြီး
    အားငယ်သွားတာနဲ့ တင်တော့ပါဘူးဗျာ။ ဆရာတွေ ရိုက်ချက်ပဲ ခံစားပါတော့မယ်။
    မိုက်တယ်ဗျာ။

    • Diamond Key

      December 13, 2011 at 1:06 pm

      တင်ပါဗျာ။ မတူတဲ့ မြင်ကွင်းလေးတွေ ခံစားရတာပေါ့။ ရိုက်တဲ့ အတွေ့အကြုံလေးတွေလည်း ဖလှယ်ခွင့် ရတယ်လေ။ မျှော်နေပါတယ်။

  • inz@ghi

    December 13, 2011 at 9:51 am

    လူဇိုး ….
    ဘာသုံးလဲကျ ထည့်ပြောတွားဝူး …..ခစ်စ်…

    စကားမစပ်
    ဆြာတို့ နိုက်ကွန် ဆော့ဖ်ဝဲတွေ လန်းတယ်ကြားတယ်
    ဖမ်းဒေါင်းပီး သုံးကြည့်ဦးမယ်ဗျာ..

    😀

    • Diamond Key

      December 13, 2011 at 10:27 am

      Arc Panorama Maker 3 နဲ့ပါဆြာရဲ့ 😛

      • inz@ghi

        December 13, 2011 at 10:44 am

        ဘာမှ မဆြာဘာဘူးဗျာ ..
        အဲ့ဆော့ဝဲတောင် ခုမှ ကြားဖူးတာပါ…
        ဂယ်ပြောရာ …အဟုတ်…

        တားတား က ရိုက်သက် လာမယ့်လမှ ၁နှစ်တင်းတင်းပြည့်မှာပါဆို…
        ဦးဦးသော့ကလည်း…..

        😀
        😀

      • M-Lulin

        December 13, 2011 at 11:36 am

        ပညာ ယူသွားပါတယ်။ စမ်းကြည့်ဦးမယ်ဗျို ့ …

        • Diamond Key

          December 13, 2011 at 1:09 pm

          စမ်းကြည့်တဲ့ ပုံလေးတွေကိုလည်း မဖြစ်မနေ ပြပေးအုံးနော 😀

  • ပေါက်ဖော်

    December 13, 2011 at 9:57 am

    ဟိုက်..
    ရှည်လမျောပုံတွေက ဘလော့ဂ် Header အတွက် လားဂျ
    ရေလည်မိုက်ဒယ်..
    ရှယ်ဘဲ..ဂွတ်ရှယ်..ဘဲ.
    8*

  • weiwei

    December 13, 2011 at 9:58 am

    တော်လိုက်ကြတာ … မျက်လှည့်ပြလိုက်သလား အောက်မေ့ရတယ် …
    ဆရာသမားတွေပညာတွေမြင်ရတာနဲ့ ဓါတ်ပုံတင်ရမှာတောင် မျက်နှာငယ်လာပြီ … 🙁

  • MaMa

    December 13, 2011 at 10:09 am

    Panorama ရဲ့ အရသာကို ခုမှပဲ ပြည့်ပြည့်ဝဝ ခံစားမိတော့တယ်။
    တစ်ပုံချင်းကို ဆက်ပြလိုက်တာ မျက်လှည့်ပြလိုက်သလိုပဲ ကြိုက်မှကြိုက်။

  • fatty

    December 13, 2011 at 10:16 am

    ကိုစိန်သော့ရေ ကျနော် G 12 ဘဲကိုင်တာပါ အခုထိ လှုပ်နေတဲ့ပုံရိုက်လို့မရသေးဘူးဗျ။

    • Diamond Key

      December 13, 2011 at 1:24 pm

      Canon Power Shot G12 လားဆြာ၊ ဒါဆို ပညာကုန် ထုတ်သုံးလို့ ရတဲ့ ကင်မရာနော်။
      ဘယ်လို အခြေအနေမှာ ကြုံတာလဲ။ G12 နဲ့ဆို Good သဗျ။ G12 ဆိုရင် ISO ဆိုရင် 3200၊
      Exposure ဆိုရင် Auto, P, Tv, Av, M ပါတယ်။ ဒါဆို M နဲ့ Tv မှာ လှုပ်နေတဲ့ပုံ အားလုံး ရသဗျ။

  • windtalker

    December 13, 2011 at 11:08 am

    ကိုစော့သိန် ရေ ပုံတွေအားလုံး ကြည့်လို ့အရမ်းကောင်းပါတယ် ဗျို ့
    ဒီလောက်ဘဲ ပြောတတ်လို ့ပါ နော

  • M-Lulin

    December 13, 2011 at 11:38 am

    ဦးစိန်သော့ ဓတ်ပုံ တွေကြည့်ပြီး .. အံ့ကို ဩ ယူရတယ် ဗျို ့ …. မန်းလေး မရောက်ရောက် အောင်လာပြီး တစ်ရက်လောက် .. လည် ချင်လိုက်တာဗျာ … ပညာ အတော် ရမှာဗျ ..

    • Diamond Key

      December 13, 2011 at 1:13 pm

      လာမယ်ဆို PM လေးကြိုပို့လိုက်လေ။ ရိုက်စရာနေရာလေးတွေ လိုက်ပြပေးမယ်။
      Photographic Tour Guide လိုရင် 😆

      • windtalker

        December 13, 2011 at 1:32 pm

        စိုင်ပုံလေးတွေ ဆိုလား
        အဲ့ဒါ အဲဒါ ရိုက်ချင်မိတာဗျ
        ဖိုတို တိုး ဂိုက် အဖြစ် ကူညီပေးမှာလား ဗျို ့
        ဟီဟိ

        • Diamond Key

          December 14, 2011 at 9:01 am

          အဲဒါ ဟိုဆြာ နှဟ်ယောက်က ကျွမ်းသဗျ။ တစ်ယောက်က ဒီက စိုင်တွေ ဝိုက်တယ် (ကင်မရာနဲ့)။ ဟိုတစ်ယောက်က ဟိုက စိုင်တွေ နှိပ်တယ် (ခလုပ်)။ ဒီနှစ်ယောက်ရှိတယ်။ 😆

  • super

    December 13, 2011 at 12:03 pm

    ဦးစိန်သော့ဓါတ်ပုံတွေကြည့်ပြီး စစ်ကိုင်းတံတားနဲ့ စစ်ကိုင်တောင်ရိုးကို သတိရသွားပြီ…….:)

  • မှော်ဆရာ

    December 13, 2011 at 1:33 pm

    Panaroma maker က ပတ်ချာလည်လှည့်ကြည့်လို့ရတဲ့ ဖန်ရှင်ပါတယ်ထင်တယ်နော် ..
    အဲဒီလို့ ကြည့်လို့ရတာ မိုက်တယ်ဗျ … တကယ်ရောက်နေတဲ့အတိုင်း လိုချင်တဲ့နေရာကို ကြည့်လို့ရတာလေ .. အခုပုံလေးတွေလဲ မိုက်တယ် .

    • Diamond Key

      December 13, 2011 at 1:52 pm

      ဟုတ်ကဲ့ ၊ ပါတယ်ဆြာ။ ဒါပေမယ့် သူက အဲဒီ softwareလေးတင်မထားရင် မပြနိုင်လို့ ချန်ထားခဲ့တာပါ။ အပေါ်က ၂၁မိုင် View Point မှာ ပုံ (၈) ကျန်သေးတယ်။ အဲဒီပုံလေးဆက်တွဲရင် ဆြာပြောတဲ့ Panorama 360 ံ ဖြစ်ပြီ။

  • pooch

    December 13, 2011 at 4:53 pm

    ကိုစိန်သော့ရယ် အားကျလိုက်တာ ရိုက်ကြည့်ချင်တာ အဲ့လိုလေး ရိုးရိုး အိမ်သုံး ဒီဂျစ်တယ်နဲ့ ဆိုရင်ရော ရိုက်လို့ ဖြစ်လား ပြီးရင် ဘယ်လို ဆက်တာလဲ ဘယ် software ကို သုံးရလွယ်လဲ

    အားရင်ပြောပါတယ ်ကင်မရာ အသုံးပြုပုံလေး ရေးပါလား မော်ဒယ်နံပါတ်ပြောမယ်လေ (အချိန်ရမှာပါ) 😛
    SONY , DSC – T2
    SONY , DSC – W 30 ( ဒါက ပထမဆုံးပေါ်စမှာ ဝယ်တာ )

    ကျေးဇူးတင်ပါတယ်။

    • Diamond Key

      December 13, 2011 at 5:02 pm

      ရိုးရိုး အိမ်သုံး ဒီဂျစ်တယ် ကင်မရာလေးတွေနဲ့ ရိုက်လို့ ရပါတယ်ခင်ဗျ။
      Arc Panorama Maker 3 software လေးကတော့ သုံးရတာ လွယ်ပါတယ်။
      ကင်မရာ အသုံးပြုပုံလေးတွေ ရေးနိုင်အောင် ကြိူးစားပါ့မယ်။

  • naywoonni

    December 13, 2011 at 4:58 pm

    တစ်ကယ့်ကို ရှု မဆုံးတော့ ပြီ ပဲဗျို့ …..။ ဒါပေမဲ့ ကိုယ်ပိုင်ဘာမှ မရှိသေးတော့ အားကျရုံ ပဲ ကျလို့ ရပါသေးတယ်……။

  • koyinmaung

    December 13, 2011 at 8:12 pm

    မြင်ကွင်းကျယ်ရိုက်ချက်ကတော့အရမ်းမိုက်တယ်ဗျို့………..

  • thit min

    December 13, 2011 at 8:58 pm

    ဒါကြောင့်လဲ ကိုစိန်သော့ ကိုစိန်သော့နဲ့ ကျော်ကြားပေတာကိုး။
    ဇွန်းလေးတန်းလန်းနဲ့ချည်ဘဲ။
    မလေးဇာတ်လမ်းကိုလဲ ဆက်ဆွဲအုန်း လေဗျာ။
    တန်းလန်းကြီး မလုပ်ကောင်းဘူးနော်။
    မလေးဇာတ်လမ်းတင်ရင်းနဲ့ ခင်ဗျားမှတ်တမ်း Panorama တွေတွဲတင်ပေါ့ဗျာ။
    ပုံလည်းကြည့်ရ ဇာတ်လဲဖတ်ရတော့ ပိုထိတာပေါ့။
    ခင်မင်စွာ(^^)

    • Diamond Key

      December 14, 2011 at 9:11 am

      Bluemoon ဆီပို့လိုက်ပါမယ်။ 😀

  • kgmalay.girl

    December 14, 2011 at 9:25 am

    ရိုက်ချက်လေးတွေတကယ်လှပါတယ်……….ဘယ်မှာဒေါင်းလို့ရမလဲသိချင်လို့ပါ

    • Diamond Key

      December 14, 2011 at 9:42 am

      – ပုံပေါ်မှာ ကလစ် တစ်ချက် နှိပ်ကာ
      – နောက်ထပ်ပေါ်လာတဲ့ ပုံပေါ်မှာ ကလစ် တစ်ချက် ထပ်နှိပ်လိုက်ပြီး
      – ပေါ်လာတဲ့ ပုံကို Right ကလစ်နှိပ် Save Image As… ဖြင့်ရယူနိုင်ပါကြောင်း 😆

  • JackSkellington

    December 15, 2011 at 7:57 am

    အဲ့လို ပန်နိုရားမား မြင်ကွင်းကျယ် ရိုက်လို့ရတဲ့ app လဲ iPhone မှာ ရှိတယ်ဗျ။ တခြားဟာတွေ ကို သိပ်မကြိုက်ဘူး Pano ဆိုတာလေးကတော့ အတော်လေး အဆင်ပြေတယ်။
    ကိုယ် ရိုက်ထားတဲ့ ပုံရဲ့ အဆက်လေးတွေကို ပြန် ပြပေးတယ် နောက်တစ်ပုံရိုက်ရင် အဲ့ဒီတော့ ရေပြင်ညီအောင် လက်ကို ထားနိုင်ရင် အတော်ကြီး အဆင်ပြေပါတယ်။ ရိုက်ရတာ။
    ပြီးရင်လဲ ဖုန်းပေါ်မှာပဲ တစ်ခါထဲ ဆက်ပေးတယ်။ သူက
    တကယ့် ကင်မရာကြီးတွေလိုတော့ အလင်းတွေ ဘာတွေ ညာတွေ မကောင်းဘူးပေါ့လေ။ ရာသီဥတု ကောင်းရင်တော့ ပုံလေးတွေ တော်တော် လှပါတယ်။
    app store မှာ ဝယ်ရင် ၁.၉၉ ဒေါ်လာ ပေးရပါတယ်။ ဂျေးဘရိတ် လုပ်ထားရင်တော့ ဖရီးပေါ့လေ။ း)

Leave a Reply