ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ ၆ ခုတည်ဆောက်ရန် ထပ်မံခွင့်ပြု

klnMay 26, 20101min651

မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်မှု မြင့်တက်လာစေရန် ပုဂ္ဂလိကဘိလပ်မြေစက်ရုံ ၆ရုံကို တည်ဆောက်ရန် ဆက်လက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း ဘိလပ်မြေစက်ရုံ နှစ်ဆယ်ကျော် ရှိလာမည်ဖြစ်ကြောင်း ဘိလပ်မြေထုတ်လုပ်မှုနှင့် ပတ်သက်၍ စာတမ်းပြုစုထားသူ ပညာရှင် တစ်ဦးကပြောသည်။ “ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မြို့အနီးက PNO ပိုင် နဂါးဘိလပ်မြေစက်ရုံကလည်း ဆောက်ပြီးသွားပါပြီ။ ၆ လလောက်အတွင်း လုပ်ငန်းလည်ပတ်ဖို့ စီစဉ်နေပါတယ်။ အဲဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘိလပ်မြေစက်ရုံ ၁၄ ရုံရှိလာတော့မှာပါ။ ကျွန်တော်သိတဲ့အထဲမှာတော့ ပုဂ္ဂလိကစက်ရုံ ၆ ရုံ ထပ်မံတည်ဆောက်ခွင့်ပြုထားပါတယ် ” ဟု၎င်းကပြောသည်။ ယခုအခါ ပြည်တွင်း၌ တစ်နှစ်လျှင် ဘိလပ်မြေတန်ချိန် အနည်းဆုံး ၅သန်း လိုအပ်လျက်ရှိပြီး လက်ရှိထုတ်လုပ်မှုမှာ တန်ချိန် ၂သန်း မပြည့်သေးကြောင်း သိရသည်။ ယခုနှစ် ဧပြီနှင့် မေလများတွင် စက်မှု ၁ ၏ နေပြည်တော်ဘိလပ်မြေစက်ရုံ၊ ဦးဇော်ဇော်၏ မက်စ်ဘိလပ်မြေစက်ရုံနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဘိလပ်မြေစက်ရုံတို့ကို ဖွင့်လှစ်ခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။