ကောင်းကင်ပေါ်က မြင်ရတဲ့ ပုဂံ

မောင်ဆန်းDecember 12, 20117min14337

ဒီတစ်ခေါက် ပုဂံရောက်တော့ အခြေအနေလေးပေးလို့ မိုးပျံပူဖောင်း စီးဖြစ်ခဲ့ပါတယ် ၊ ပူဖောင်းနဲ့ ပတ်သက်တာကိုတော့ နောက်ပို့စ်တစ်ခုနဲ့ တင်ပေးပါမယ် ၊ အခုတော့ ပူဖောင်းပေါ်က မြင်ခဲ့ရတဲ့ ပုဂံပုံလေးတွေ ကို ပုဂံအလွမ်းပြေ တင်ပေးလိုက်ပါတယ် ၊ ပုဂံမှာ ပူဖောင်းက မြင်ကွင်းကောင်းအောင် ပေ ၂၀၀ဝ ထက် ပိုတက်လေ့ မရှိဘူး ဆိုပေမဲ့ ကျွန်တော်ကတော့ ပေ ၈၀ဝ လောက်ကနေ ကြည့်ခွင့် ရခဲ့ပါတယ်….

ပုဂံရဲ့ ညနေစောင်းအလှ
ပုဂံဂေါက်ကွင်း

အတူတူ တက်မယ်နော်...တူတူ တက်ကြမယ်

ပူဖောင်းနှစ်လုံးကြားက မျက်နှာသစ်ပြီးစကောင်းကင်
ရွှေစည်းခုံစောင်းတန်း
ရွှေစည်းခုံ
မြစ်ဧရာ နဲ့ ကိုတံငါ
လိုက်ခဲ့တော့လေ..
နေ့သစ်ကို ယူဆောင်လာသူ

ညီမလေး ရေ  ငြိမ်ငြိမ် နေညီမလေးရေ ငြိမ်ငြိမ်နေ

သူငယ်ချင်း သုံးယောက်
အနော်ရထာကို ပုန်းခဲ့တဲ့ ကျန်းစစ်မင်းဥမင်
ဒီအိမ်လေးထဲမှာ ဘယ်သူတွေများ ရှိနေမှာပါလိမ့်
ရွာထဲက ကာလသားတွေများ ဒီထတော (ထန်းတော) ထဲ ရောက်နေကြလေ မလား
ပြာပြာထဲ က နီနီလေး
ထန်းပင် ထိပ်ဖျား မကြောက်လေရော့ သလား

အလိုတော်ပြည့်ဘုရား ( ရွှေချထားတဲ့ စေတီ ၊ ဒီရက်ထဲ ဘုရားပွဲ ရှိတယ် )
ဟိုးအဝေးက တန့်ကြည့်တောင်
သဘာဝပန်ချီ
သူတို့က အရင်ဆင်းနှင့်တယ်
ဆိတ်ကျောင်းထွက်တဲ့ ညီမငယ်
ကိုယ့်အရိပ် ကိုယ်ပြန်ကြည့်ခြင်း
ရေဆင်းသောက်တဲ့ ဝက်ဝံငယ်

အဝေးရောက်ရွှေတွေ အလွမ်းပြေမယ်လို့ ထင်ပါတယ်….

 

 

37 comments

  • pooch

    December 12, 2011 at 6:57 pm

    အဲ့လိုလေး မြင်ဖူးချင်တာ ခုတော့ ကိုနိုဇိုမိကျေးဇူးနဲ့ မြင်ရပြီ ( မနာလိုလိုက်တာ) 😛
    စီးသာစီးချင်တာ ကိုယ်တိုင်က အမြင့်တော့ ကြောက်တယ် …. …
    ကျမ မပြောဘူးလား ပုဂံ က စိမ်းစိုနေပြီ အရင်လို မဟုတ်ပါဘူးလို့ … အခုလို အပေါ်စီးက ကြည့်ရတော့ ပို မသိသာဘူးလား….
    ဒါတွေက အနှစ်နှစ်အလလက ကြိုးပမ်းခဲ့ကြတဲ့ ဦးအုန်းတို့ရဲ့ ကျေးဇူးတွေ….
    ဒါပေမဲ့ ခု တုရင်တောင်ခြေမှာ ဟိုတယ်ဇုံ သစ်ဖော်ဖို့ စာတင်နေတယ်ပြောတယ် …

    ဦးအုန်းကတော့ အဲ့ဒီက အပင်တွေ မနည်းရှင်သန်အောင်လုပ်ခဲ့တာမို့ ပြန်စိုက်ဖို့ မလွယ်လှဘူးလို့တော့ ပြောတယ် …

    ခရီးသွားများတဲ့ရာသီမှာလည်း ဟိုတယ်တွေ မလောက်ဖူးဆိုတော့ ဇုံသစ်ကတော့ လုပ်ရမှာပဲ …ရှေ့လျှောက်လည်း များဖို့ပဲ ရှိတယ်ဆိုတော့

    ဒါပေမဲ့ကြည့်ရတာ ခွင့်ပြုမိန့်လည်း မကျသေးဘူး ဆိုတော့ ဆိုင်ရာများက စိစစ်ပြီး လွတ်ရာ ကျွတ်ရာ အဆင်ပြေသလို လုပ်ပေးမှာလို့ ထင်တာပါပဲ …

    • htoosan

      December 12, 2011 at 7:39 pm

      pooch ရေ ဘယ်သူမှန်လည်းမှားလည်းတော့လဲ မသိဘူး။ဗိသုကာ ပညာရှင်တစ်ယောက်ကလည်း ပုဂံမှာ သစ်ပင်တွေ သိပ်စိမ်းလန်းပြီး မိုးများ လာမှာ စိုးရိမ်ရကြောင်း ပြောပြဘူးပါတယ်။
      အချို့ ဘုရားတွေက ဘိလပ်မြေ သုံး တည်ထားတော့ မဟုတ်လို့ မိုးများရင် ဘုရားတွေ ပျက်စီးနိုင်ကြောင်း ထောက်ပြဘူးပါတယ်။
      အခုနှစ်ပိုင်းမှာ ပုဂံမှာ မိုးပိုလာတာတော့ အမှန်ဘဲ။
      တုရင်တောင်နား ကလည်း ဟိုတယ်ဇုန်ဖြစ်ဖို့ သေခြာနေပါပြီ။

  • windtalker

    December 12, 2011 at 6:59 pm

    ကောင်းလိုက်တဲ့ ရိုက်ချက်တွေ ဘဲ ဗျာ ။
    ကြည့်ရတာ အရမ်းလန်းတယ် ဗျို ့။

  • MaMa

    December 12, 2011 at 7:02 pm

    မြင်ကွင်းလေးတွေက ဆန်းလည်းဆန်း၊ လှလည်းလှတယ်။
    ဒါပေမယ့်
    လေယာဉ်ပျံစီးရမှာတောင် ကြောက်တာ။
    ပူဖောင်းစီးတော့ မစီးရဲသေးဘူး။

  • rocky

    December 12, 2011 at 7:15 pm

    ပူဖောင်းစီးတာ ဘယ်လောက်ပေးရလဲသိချင်တယ်။

  • htoosan

    December 12, 2011 at 7:28 pm

    USD 310 ဝန်းကျင်လောက်ပေးရတယ် ။
    နိုင်ငံခြားသားတွေက တော့ တစ်ခါစီးပြီးရင် တသက်မေ့မရပါဘူးတဲ့။

  • koyinmaung

    December 12, 2011 at 7:30 pm

    ပုဂံကိုဒီလိုအပေါ်ကနေကြည့်ချင်နေတာကြလှပြီ
    အရမ်းသဘောကျတယ် နိုဇိုမီရေ ပုံတွေကူးသွားတယ်နော်
    ကျေးဇူးအရမ်းတင်တယ်ဗျို……
    နောက်လဲရှိသေးယင်ထပ်တင်ပေးအုံးနော်……
    မိုးပျံပူဖေါင်းစီးခဘယ်လောက်လဲဆိုတာပြောအုံးလေ…

  • thit min

    December 12, 2011 at 7:33 pm

    လှတယ်ဗျို့။
    စီးရဲလို့လဲ ချီးကျူးပါတယ်။
    ကိုယ်တိုင်ရိုက် ပုံတွေဆိုတော့ အဖိုးတန်တာပေါ့ဗျာ။
    ဘုရားဖူးမို့ သာဓုပါဗျာ.

    ~~~~~~~~~~~။
    ပူဖောင်းလို့ခေါ်တာကြီး ကိုတော့ နားထဲတမျိုးကြီးဗျ။(^^)

  • weiwei

    December 12, 2011 at 8:09 pm

    အရမ်းလှတာပဲ … ဒါမြန်မာပြည်လို့ ဂုဏ်ယူလောက်ပါတယ် …
    တစ်ခါလောက်တော့ စီးကြည့်ချင်ပေမယ့် စီးရဲမယ်မထင်ဘူး … 🙁

  • manawphyulay

    December 12, 2011 at 8:28 pm

    ပုဂံကို ၂ ခေါက်ပဲ ရောက်ဖူးခဲ့သေးတယ်။ ထပ်မံသွားရောက်ဖူးမြော်ချင်သေးတယ်။ ဘယ်ချိန်ပဲကြည့်ကြည့်မရိုးအောင် လှပတဲ့နေရာလေးတစ်ခုပါပဲ။ ခုလိုတင်ပေးတဲ့အတွက်လည်း ကောင်းကင်ကနေ ကြည့်နေရသလို ခံစားမိပါတယ်။

  • inz@ghi

    December 12, 2011 at 8:38 pm

    လှလိုက်တာဗျာ…
    သွားဖူး စီးဖူး ရိုက်ဖူး ချင်မိပါသည်

    မျှဝေပေးတာ…
    ကျေးဇူးပါ ခင်ဗျား…

  • koaung

    December 12, 2011 at 8:39 pm

    ပီပြင်တယ်ဗျိုးဒတ်ပုံတွေက သဘာဝကိုအရှိအတိုင်းမြင်ရတာက မရိုးနိုင်ပါဘူးဗျာ ကျေးဇူးအထူးတင်ပါ၏

  • naywoonni

    December 12, 2011 at 8:54 pm

    ဒို့ ဒွေ အားလုံး ရဲ့ ဇလုံ ……… အဲ ဟုတ်ပါဘူး ပုဂံ ..။ ကိုညီထွဋ် သီချင်းထွက်ကာစက အရင်မူရင် အဲဒိလိုအော်တ ာ…။ ပါးစပ်ထဲ ကွမ်းသုံးယာလောက် ငုံထားပြီး အာလုပ်သံနဲ့ အားရပါးရ အော်ခဲ့ သတိရသေးတော့………။ ခုတော့လည်း ပြန်လည် မရတော့တဲ့ ဘဝ ကို မတမ်းတတော့ ပါဘူးလေ……..။

  • pyiminlu

    December 12, 2011 at 10:06 pm

    ပုဂံရဲ့ အပေါ်စီးက မြင်ကွင်းကို မြင်ရတဲ့အတွက် ကျေးဇူးပါ။ ပုံအားလုံးကို သဘောကျပါတယ်။ အထူးသဖြင့် တူတူတက်ကြမယ် နဲ့ ပြာပြာထဲက နီနီလေး ပုံများကိုပေါ့။

  • amatmin

    December 12, 2011 at 11:09 pm

    Ballon over Bagan ကြီးကိုစိတ်ကူးနဲ့တော့စီးဖူးချင်နေတာ..အခုတော့
    ဒီလိုစီးရဲတဲ့အပြင် ပုံကောင်းကောင်းလေးတွေပါတင်ပေးနိုင်တော့ အလွန်လေးစားသလို..
    ပုဂံရှုခင်းကို ထန်းနှစ်ပင် အမြင့်မှအနီးကပ်ပုံတွေအတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ..

  • amatmin

    December 12, 2011 at 11:12 pm

    Balloon over Bagan ကြီးကိုစိတ်ကူးနဲ့တော့စီးဖူးချင်နေတာ..အခုတော့
    ဒီလိုစီးရဲတဲ့အပြင် ပုံကောင်းကောင်းလေးတွေပါတင်ပေးနိုင်တော့ အလွန်လေးစားသလို..
    ပုဂံရှုခင်းကို ထန်းနှစ်ပင် အမြင့်မှအနီးကပ်ပုံတွေအတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ..

  • kotun winlatt

    December 12, 2011 at 11:12 pm

    မြန်မာမှန်ရင် ပုဂံတော့ရောက်ဘူးရမယ်တဲ့ဗျာ..
    ကျနော်တော့ မြန်မာ မမှန်လို့လားမသိပါဘူးး
    ပုဂံကို တစ်ခါမှမရောက်ဘူးသေးဘူးဗျာ..
    ပုံလေးတွေနဲ့ပဲ ပုဂံကိုလည်လိုက်တော့မယ်…

  • မှော်ဆရာ

    December 12, 2011 at 11:24 pm

    အားကျတယ်ဗျာ . မြန်မာငွေနဲ့သာဆိုရင် သုံးသိန်းနီးနီးပဲနော် ..

  • small cat

    December 13, 2011 at 5:32 am

    နိုဇိုမီကျေးဇူးကြောင့် ကျနော် ပူပေါင်းစီးပြီး ပုဂံကိုကြည့်ဖူးသွားပြီ ဗျ၊ သူများတွေကိုလည်း ကြည့်ဖူးသွားအောင် ကူးသွားလိုက်မယ်ဗျာ၊ မျှဝေခံစားစေချင်လို့ပါ။

  • E.T

    December 13, 2011 at 7:47 am

    ကိုနိုဇိုမိ ပူဖောင်းစီးတုန်းက ဘယ်လိုခံစားရပါလဲ။ အပေါ်စီးက ကြည့်ရတဲ့ အရသာက တော်တော်ကောင်းမယ်။ စီးဖူးချင်တယ်ဗျာ။ ပုံလေးတွေအတွက် ကျေးဇူးပါ။

  • Moe Z

    December 13, 2011 at 8:44 am

    ရှုခင်းတွေကလှလိုက်တာ
    ကြွားထားဦးပေါ့ ဦးနိုရယ်…..
    ၃ လပိုင်းကျမှ တစ်လလုံးခွင့်ယူပြီး တစ်နိုင်ငံလုံးပတ်သွားဦးမှာ
    မိုးပျံပူဖောင်းတော့ မစီးရဲဘူး 😛

    • inz@ghi

      December 13, 2011 at 8:56 am

      ဟီဟိ…..
      ဟိတ်လူတွေ တွေ့ဒလယ်နော် ….
      ၃လပိုင်း ဂီဂီပြန်တဲ့အခါ .. ဂီဂီနဲ့တူတူလည်မှာ ..
      ဘာမှတ်လဲ …
      ဟွန့်
      😛

  • etone

    December 13, 2011 at 9:20 am

    ကိုအဖြောင်ယူ ကျေးဇူးနဲ့ … မီးပုံးပျံပေါ်က မြင်ကွင်းတွေ မြင်ခွင့်ရခဲ့ပြန်ပြီ … ။
    ပြောမယ့်သာပြောတာ … ကျွန်မက အမြင့်ကြောက်တယ် … တိုက်မြင့်တွေကနေအောက်ကို ငုံ့တောင်မကြည့်ရဲဘူး … မီးပုံးပျံတော့ စီးဖူးချင်တယ် … ။ ဒါပေမယ့်လည်း …. ကြောက်ကြောက်လန့်လန့်နဲ့ ရူးထွက်ကျလျှင်တော့ .. .အရှက်ကွဲရချည်ရဲ့ 😳

    • Shwe Tike Soe

      December 13, 2011 at 9:34 am

      ဒါများ မအိတုံရယ် လူကြီး ဒိုင်ဗာရှိတာပဲ ဟာကို ဆောင်သွားပေါ့ဗျာ.. ဟဟဟ 😀

  • blackchaw

    December 13, 2011 at 9:43 am

    ကိုရင် နိုဇိုမိ တို့က
    မလုပ်ရင်လည်း အရှင်း။
    လုပ်လိုက်ရင်လည်း အောင်မလေးဗျ လို့ တရလောက်တယ်ဗျို့။
    မြန်မာတွေစီးရင် ဘယ်လောက်ပေးရလဲ ဆိုတာလေး သိချင်မိတယ်ဗျာ။

  • Diamond Key

    December 13, 2011 at 10:00 am

    ကိုနိုဇိုမိရေ၊
    အားကျတယ်ဗျို့။ ပုံတွေ ကြည့်ရတာ အားရတယ်ဗျာ။
    ဒီလို စီးပြီး ကျွန်တော်တို့တွေ အတွက် ပုံလေးတွေ တင်ပေးလို့ နောက်ဒီထက်ကောင်းတဲ့ အခွင့်အရေးတွေလည်း ကြုံနိုင်ပါစေဗျာ ။ 😀

  • နွယ်ပင်

    December 13, 2011 at 10:25 am

    အပေါ်စီးကနေမြင်ရတဲ့ ပုဂံရဲ့ မြင်ကွင်းကတော်တော်လေး လှတာပဲ
    ကိုယ်တိုင်တော့ မီးပုံးပျံမစီးရဲဘူး အမြင့်ကြောက်လို့ ..
    ကိုနိုဇိုမိရေ ကျေးဇူးကြောင့် အခုလိုပုံလေးတွေကြည့်ခွင့်ရတာ ကျေးဇူးပါပဲ

  • fatty

    December 13, 2011 at 10:35 am

    နိုဖိုမီရေ … ပုံတွေက တော်တော်အဖိုးတန်တယ်ဗျာ ..။ သဂျီးပြောသလို ဝက်အသစ်လုပ်ပေးနိုင်ရင်သိပ်ကောင်းမှာဘဲ …။ စေတနာကိုကျေးဇူးတင်ပါတယ်။
    ပုဂံကိုဟိုးတုန်းကတခါက်ရောက်တယ်။ နောက်တခေါက်ကြိုးစားအုံးမှဘဲ ….။

  • ဆူး

    December 13, 2011 at 12:16 pm

    ဒီဇင်ဘာ.. ခရီးသွား ရာသီ.. ပိုးထ နေတာ.. ခြေကျုပ်မိနေလို့ ငြိမ်နေရတယ်.. ဘယ်သွားရမလဲ ချောင်းနေတာ.. ချက်ချင်းပြန်ပြီး ချက်ချင်းသွားဖို့ ဦးဖတ်တီးရဲ့ ကျိုက်ထီးရိုး.. အခု ပုဂံ..
    ခရီးသွား ပိုးက ကူးစက် ရောဂါထက် ဆိုးတယ်.. သွားနေကျ မသွားရရင် ဘာလိုနေမှန်း မသိဘူး။

  • ဒီဇင်ဘာလအတွက်တင်တဲ့ ဓါတ်ပုံထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ချင်ပါတယ်ဗျာ။
    ရင်သပ်ရူ့မော အံ့ဩ ရပ်တန့် ဆိုတာ ဒီမြင်ကွင်းမျိုးနေမှာပါ။

  • nayminn

    December 13, 2011 at 2:23 pm

    ဓါတ်ပုံတွေ အရမ်းလှပါတယ်…။ ပူပေါင်းစီးခလည်း ပြောပါဦး ။

  • pasi

    December 13, 2011 at 3:06 pm

    အားရပါးရကြည့်ခွင့်ရလို့ အထူးကျေးဇူး ကြိုက်တဲ့ဟာလေးတွေ ဒေါင်းသွားပါတယ်

  • တညင်သား

    December 13, 2011 at 4:33 pm

    ရေဆင်း သောက်တဲ့ ဝက်ဝံငယ် ဆိုလို့ ရှာလိုက်ရတာ ဗျား………….
    တော်တော်မြင်တက်တယ်နော်.. သဘာဝ ကျတယ် …ကျေးဇူးပါဗျာ

  • nozomi

    December 14, 2011 at 10:52 am

    ဖတ်ရှု အားပေးတဲ့ သူ အားလုံးကို တကယ်ကို ကျေးဇူးတင်ပါတယ်
    ၁၂ ရက် နေ့ ညနေက ပုဂံနဲ့ ပတ်သက်တဲ့ ပထမပို့စ် တစ်ခုကို တင်ပါတယ် ၊ နောက် ဒီပို့စ်ကို ဆက်တင်ပါတယ် ပို့စ် မတင်ခင် ကတဲက လူက နေမကောင်းဖြစ်နေတာပါ ဓါတ်ပုံတွေ တင်နေတာ တဝက်လောက်မှာ အသက်ရှုတာကျပ်လာပြီး နေလို့တော်တော် မကောင်းဖြစ်လာပါတယ် ၊ အပြီး တင်ချင်တဲ့ စိတ်ကြောင့်သာ အားတင်းပြီး တင်လို့ ရလိုက်တာ ၊ မနေ့က ရွာထဲမရောက်လိုက်ရဘူး ၊ ဒီနေ့ ပြန်အရောက် ဝိုင်းအားပေးကြတဲ့ ရွာသားတွေရဲ့ မေတ္တာစေတနာကို တွေ့လိုက်ရတော့ တော်တော်လေးကို ဝမ်းသာ ကျေနပ်မိပါတယ် ၊ အားလုံးကို ကျေးဇူးတင်ပါတယ် လို့ ထပ်ပြောခွင့်ပြုပါနော်

  • ညလေး အိတုံ

    April 26, 2012 at 11:07 pm

    ဝါးလှလိုက်တာ………. .ရောက်တုန်းကပူဆာသေးတယ်ပူဖောင်းစီးချင်တယ်ဆိုပြီးတော့လေ……..
    မစီးလိုက်၇ဝူး………. .ဈေးကြီးလို.တဲ…….. ဒါပေမယ်.ဒီပုံတွေကိုကြည့်ရတာကိုယ်တိုင်အပေါ်ကနေကြည့်နေရသလိုပါပဲ…. .ကျေးဇူးတင်ပါတယ်နော်.. များများတင်ပေးပါဦးနော်….. .အမိုက်စားလေးတွေကို……..

  • kyeemite

    April 27, 2012 at 9:29 am

    ကိုနိုရေ..ဓါတ်ပုံတွေကြည့်ရင်း ကိုယ်တိုင် မိုးပျံပူဖေါင်း
    စီးရသလိုခံစားမိပါရဲ့..ဓါတ်ပုံတွေလည်းတော်တော်ကောင်းသဗျာ..

  • water-melon

    April 27, 2012 at 9:42 am

    ပုံလေးတွေ ကစ်သွားပါကြောင်း
    ကျေးဇူး

Leave a Reply