နှစ်လုံးထီလောင်းကစားမှုလုပ်ငန်း ရပ်တန့်

klnMay 26, 20101min613

လူ ၆ရဦးသေဆုံး၍ ၁၇၀ဝဦးခန့် ဒဏ်ရာရရှိခဲ့သော ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်၌ ထိုင်းတပ်မတော်နှင့် ရှပ်နီဆန္ဒပြသူများကြား ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ထိုင်းစတော့အိတ်ချိန်းနှင့် ဘဏ်အဆောက်အအုံများ မီးလောင်ခဲ့မှုကြောင့် နှစ်ကာလများစွာ မြန်မာနိုင်ငံ၌ ခေတ်စားနေသော တရားမဝင် နှစ်လုံးထီလောင်းကစားလုပ်ငန်းမှာ ရပ်တန့်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ တရားမဝင်ပြုလုပ်နေကြသော နှစ်လုံးထီလောင်းကစားပုံမှာ ထိုင်းစတော့ရှယ်ယာဈေးနှုန်းများကို ထိုင်းရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင့်သော နောက်ဆုံးဂဏန်းနှစ်လုံးအားယူ၍ ရုံးဖွင့်ရက်များတွင် နံနက် ၁၂နာရီနှင့် ညနေ ၄နာရီတွင် တစ်ရက်နှစ်ကြိမ်ပေါက်ဂဏန်းအဖြစ် ကစားခဲ့ကြခြင်းဖြစ်သည်။ မေလ ၂ဝရက်မှစ၍ စတော့အိတ်ချိန်းအဆောက်အအုံများ မီးလောင်ခဲ့သဖြင့် ထိုနေ့မှစ၍ ထိုင်းစတော့အိတ်ချိန်းဈေးကွက်မှာလည်း ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အဆိုပါလောင်းကစားနည်းမှာလည်း ယာယီရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါလောင်းကစားနည်းအား အိမ်ရှင်မအမျိုးသမီးအများစု ကစားလေ့ရှိကြပြီး သက်ဆိုင်ရာကလည်း လောင်းကစားခြင်းအား တားဆီးရန် ကစားသူနှင့်ဒိုင်များကို ဖော်ထုတ်အရေးယူခဲ့ခြင်းများရှိခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 comments

  • banban

    May 26, 2010 at 7:27 am

    ခု…ပြန်စနေပီဂျ

  • khinmintatthu

    June 5, 2010 at 6:48 pm

    အမြဲတမ်းရပ်တန့်နေရင်ကောင်းမှာပဲနော်…….

  • Shwemannmay

    June 7, 2010 at 7:25 am

    ပာင် အမြဲတမ်းရပ်သွားရင် ရဲတွေဘယ်လိုလုပ်မလဲ။ သူတို ့က လစာနဲ ့စားတာမှမပာုတ်တာ ။ သူတို ့လခက အဲဒီလို လောင်းကစားတွေကနေ ဆက်ကြေးကောက်ပြီးမှခွဲစားကြတာ။ ရဲတွေတော့ငတ်ပီ

Leave a Reply