ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် အွန်လိုင်းမှ Data transfer ပြုလုပ်သူများနှင့် အွန်လိုင်းဆက်နွယ်စီးပွားရေးလုပ်ကိုင်နေသူများအတွက် အလွန်အန္တရာယ်ကြီးမားလျက်ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်သည် ရိုမေးနီးယားနိုင်ငံရှိ ကွန်ပျူတာဟက်ကာတစ်သီးမှ (piece)အမည်ပေး၍ အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုဖိုင်အသွင်ဖြန့်ဝေခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှာပင် လပြည့်ဝန်းပလာဇာရှိ ရုံးခန်းတစ်ခု၏ ပြည်ပ Bank အကောင့်ကိုပါ စောင့်ကြည့်ခိုးယူသွားခဲ့ကြောင်း အဆိုပါဗိုင်းရပ်စ်အား ပိတ်ပင်တားဆီးသည့် ကျွမ်းကျင်သူတစ်ဦးကပြောသည်။ `သူ့ဗိုင်းရပ်စ်က Anti-virus တွေ မမြင်နိုင်အောင် အဆင့်မြင့်တဲ့နည်းသုံးထားတယ်ပြောရမယ်။ ဒီ ဗီဒီယိုဖိုင်ကို နှိပ်လိုက်တာနဲ့ စက်က လေးသွားတယ်။ ပြီးတော့ System ကControl Panel တွေပျောက်တယ်။ အဆိုးဆုံးကတော့ နက်ဝက်ခ်ချိတ်ထားတဲ့ ကွန်ပျူတာတွေအားလုံး ချက်ချင်းကူးတယ်။ ပြီးတော့ ဗီဒီယိုဖိုင်ကို ဖွင့်တာနဲ့ သူ့ရဲ့စောင့်ကြည့် Comment က စက်မှာနေရာယူပြီး သုံးတဲ့အချိန်မှာ password ကိုမှတ်တဲ့ system ဖြစ်ပါတယ်ဟု virus solution ပြုလုပ်နေသူတစ်ဦးဖြစ်သူ ကိုထူးအံ့ရှိန်ကရှင်းပြသည်။ အဆိုပါ ဗိုင်းရပ်စ်သည် User Account များ စီးပွားရေးလုပ်ငန်းအချက်အလက်များနှင့် Bank Account၊ ငွေစာရင်း Account များအား မှတ်သား၍ ပြည်ပရှိ Server သို့ Data ပြန်လည်လွှဲပြောင်းသော စနစ်ဖြစ်သောကြောင့် အန္တရာယ်ကြီးမားကြောင်း သိရသည်။ `အဓိကကတော့ အဲဒီ ဗီဒီယို Rar File ကို မဖြည့်ဖို့ ဗီဒီယိုကို မဖွင့်ဖို့ပဲ။ အခုတလော facebook နဲ့forward mail ကလို web linkတွေမှာပါလာနေပြီ။ Account ၂၀လောက်လည်း Hack လုပ်ခံထားရတယ်´ဟု ၄င်းကဆက်လက်ရှင်းပြသည်။ ယခုဗိုင်းရပ်စ်လမ်းကြောင်းကို ယင်းအဖွဲ့မှ လေ့လာချက်အရ ရိုမေးနီးယားနိုင်ငံရှိ server ကိုအသုံးပြု၍ ပြည်တွင်းသို့ တိုက်ခိုက်သူမှာ မြန်မာဟက်ကာတစ်ဦးဖြစ်ပြီး ဆက်လက်၍ မြန်မာပြည်တွင်းရှိ အင်တာနက်user များကို တိုက်ခိုက်ဦးမည်ဖြစ်ကြောင်း computercrazy အမည်ဖြင့် အသုံးပြု၍ မေးလ်မှတစ်ဆင့် ကြေညာထားကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..