မင်္ဂလာပါ ခင်ဗျာ ။
တနင်္လာနေ့ ည မှာ ကန်ကြမယ့် ပရီးမီးယားလိဂ်ပွဲ တစ်ပွဲ နဲ့ စီးရီးအေပွဲ တစ်ပွဲ အကြောင်း ကို ပြောချင်ပါတယ် ။
ပွဲစဉ်များနဲ့ အချိန်များကတော့
၂:၁၅ ရိုးမား – ဂျူဗင်တပ်
၂:၃၀ ချဲဆီး – မန်စီးတီး
*********************
ရိုးမား (၁၁) – ဂျူဗင်တပ် (၂)
ရိုးမားအသင်းဟာ စီးရီးအေ ၁၃ ပွဲ ကန်အပြီးမှာ ၅နိုင် ၊ ၂သရေ ၊ ၆ရှုံး ၊ ရဂိုး၁၅ ပေးဂိုး၁၇ ၊ ၁၇မှတ်
ဂျူဗင်တပ်အသင်းဟာ စီးရီးအေ ၁၃ ပွဲ ကန်အပြီးမှာ ၈နိုင် ၊ ၅သရေ ၊ ရှုံးပွဲမရှိ ၊ ရဂိုး၂၄ ပေးဂိုး၁၀ ၊ ၂၉မှတ်
ရိုးမား အသင်း ကစားခဲ့တဲ့ ရှေ့ ငါးပွဲရလဒ်များမှာ ရှုံး ၊ ရှုံး ၊ နိုင် ၊ နိုင် ၊ ရှုံး
ဂျူဗင်တပ် အသင်း ကစားခဲ့တဲ့ ရှေ့ ငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ သရေ ၊ နိုင် ၊ နိုင်
ရိုးမား အိမ်ကွင်းတွင် ဂျူဗင်တပ် နှင့် တွေ့ ဆုံခဲ့မှုများမှာ
Apr 3, 2011 Roma 0 – Juventus 2
Aug 30, 2009 Roma 1 – Juventus 3
ရိုးမား အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ် စီးရီးအေပွဲစဉ် ဖီအိုရင်တီးနား ကွင်းတွင် ကန်ခဲ့တုန်းက အဓိက ကစားသမားများ ဖြစ်သော ဂျူအန် ၊ ဂါဂို နှင့် ကာကစ် တို့ အနီကတ် ထိခဲ့ကြသဖြင့် ၊ ယခုပွဲစဉ်တွင် ထိုသုံးယောက် ပါဝင်နိုင်မည် မဟုတ်ပေ ။
ဂျူဗင်တပ် အသင်းကတော့ နိုင်ပွဲဆက်နေသည့် အသင်းဖြစ်ပြီး ၊ စီးရီးအေ တွင် ရှုံးပွဲ လုံးဝ မရှိသေးသော တစ်သင်းထဲသော အသင်းဖြစ်သည် ။
ဈေးအနေအထားအရ ဂျူဗင်တပ် သရေဆိုလျှင် တစ်ဝက် ဆုံးရှုံးမည် ဖြစ်သည် ။
ယခုပွဲအတွက်
“““ ရိုးမား ၀-၁/၀-၂ ဂျူဗင်တပ် ””” ဟု ခန့် မှန်းထားပါသည် ။
*********************
ချဲဆီး (၅) – မန်စီးတီး (၁)
ချဲဆီး ပရီးမီးယားလိဂ် ၁၄ပွဲကန်အပြီး ၉နိုင် ၊ ၁သရေ ၊ ၄ရှုံး ၊ ရဂိုး၃၁ ပေးဂိုး၁၇ ၊ ၂၈မှတ်
မန်စီးတီး ပရီးမီးယားလိဂ် ၁၄ပွဲကန်အပြီး ၁၂နိုင် ၊ ၂သရေ ၊ ရှုံးပွဲမရှိ ၊ ရဂိုး၄၈ ပေးဂိုး၁၃ ၊ ၃၈မှတ်
ချဲဆီးအသင်း ကစားခဲ့တဲ့ ရှေ့ ငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး
မန်စီးတီးအသင်း ကစားခဲ့တဲ့ ရှေ့ ငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ နိုင် ၊ သရေ ၊ ရှုံး
ချဲဆီးအသင်း အိမ်ကွင်း တွင် တွေ့ ဆုံခဲ့မှုများမှာ
Mar 20, 2011 Chelsea FC 2 – Manchester City FC 0
Feb 27, 2010 Chelsea FC 2 – Manchester City FC 4
Mar 15, 2009 Chelsea FC 1 – Manchester City FC 0
ဈေးအနေအထားအရ ချဲဆီးသရေ ကျလျှင် ၁/၄ ဆုံးရှုံးမည် ဖြစ်သည် ။
သည်နှစ်ပရီးမီးယားလိဂ်ပွဲစဉ်များ တွင် ချဲဆီးအသင်း သည် အသင်းကြီးများနှင့် တွေ့ ဆုံလျှင် အရှုံးပေးခဲ့ရသည် ။
မန်စီးတီး အသင်းကမူ အိမ်ကွင်း အဝေးကွင်း မရှောင် ၊ တွေ့ သမျှ အသင်းတိုင်း ကို အနိုင်ရဖို့ ကြိုးစားကစားနေသည် ကို တွေ့ ရသည် ။
ကစားသမားအင်အားချင်း ယှဉ်လျှင် မန်စီးတီး ရှေ့ တန်း နှင့် အလယ်တန်း က ချဲဆီး ရှေ့ တန်း နှင့် ကွင်းလယ် ကို အသာစီး ရနေသည် ။
နောက်တန်း က တော့ နှစ်သင်းလုံး မကောင်း ။
မန်စီးတီး အသင်း ၏ ယခုနှစ် အဓိက ရည်ရွယ်ချက် မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး ဆိုသည်မှာ သိသာထင်ရှားလွန်းနေသည် ။ ထို့ ကြောင့် ယခု ပွဲ ကို
“““ ချဲဆီး ၁-၁/၁-၂ မန်စီးတီး ””” ဟု ခန့် မှန်းထားပါသည် ။
*********************
******* ဖိုက်တာများအားလုံး အောင်မြင်ရွှင်လန်းကြပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..