နားမလည်လိုက်တဲ့ …သင်ခန်းစာ

naywoon niDecember 12, 20111min20411

အဟောင်းဆိုမှတော့
ဘယ်သူက
ဈေးကောင်းပေးပြီး
ဝယ်ချင်တော့မှာလဲမိန်းကလေးရယ်…..?
သံယောဇဉ်ပိုင်ရှင်ကတောင်
အင်တင်တင်နဲ့………။
အသစ်တွေကိုပဲ
မမောတမ်းပိုင်ဆိုင်ချင်တယ်တဲ့လေ ။
အချစ်ဆိုတာကလည်း
လူတွေ နားလည်ချင်ယောင်ဆောင်တဲ့အရာ
ဒီတော့ ငါလည်းဘာမှ…………
နားမလည်ချင်တော့ပါဘူး………။

နေဝန်းနီ

11 comments

  • windtalker

    December 12, 2011 at 7:57 pm

    လက်မြှောက် အရှုံးပေး နှလုံးအေး ဆိုပြီး
    အချစ်ကို အချိုတွေကျွေး ဘိုနီဆွေး နေတော့မှာလား ဟင်

  • kotun winlatt

    December 12, 2011 at 8:05 pm

    ဟောင်းပေမဲ့လည်းးကောင်းးးနေဆဲပါဘဲဆိုရင်ရောဟင်…
    အသစ်မှ အသစ်ပဲလားးးဟီးးးး

  • naywoonni

    December 12, 2011 at 9:24 pm

    အသစ်မှ ကောင်းတာက …။ တယ်လီဖုန်း …။ ကွန်ပြူတာ …။ တီဗွီ….။ နောက်ကျမှ ဝယ်ရင် ဈေးချိုတယ်… ပစ္စည်း ကောင်းရတယ်…။ နောက်ပီး ……….
    အရင်က နောက်ကျတာ သေတာတစ်ခုပဲကောင်းတယ်တဲ့…။ အခုတော့ အဲ ဟာတွေ ဝယ်တာလည်းနောက်ကျလေကောင်းလေဖြစ်နေပြီ…။
    နောက်ပီးး အဲ နောက်ပြီးတော့ ပေါ့……….
    ဒါပေမဲ့ နောက်ကျလို့ မရတာကလည်း ရှိသေး….။ အဲဒါနဲ့ ရှုပ်ကုန်ပြီ…။ ကိုပေါက်ပြောသလိုပဲ ခပ် ကင်းကင်းနေလိုက်တာကောင်းမယ်နဲ့ တူရဲ့

  • small cat

    December 13, 2011 at 4:30 am

    တအားဟောင်းသွားရင်အန်းတိတ်တွေဆိုပြီး ပိုဈေးကြီးတယ်ဆို၊

  • aye.kk

    December 13, 2011 at 7:04 am

    ခေတ်နှင့်အမှီလိုက်ဖို့က..
    အမြဲတန်းအမြင်ဆန်းသစ်မှုနဲ့တက်ကြွလန်းဆန်းနေရမှာပါ..။

  • etone

    December 13, 2011 at 8:58 am

    အသစ်တွေဘယ်လောက်ကောင်းကောင်း
    အဟောင်းတလည်လည်ပါ အဘနီရေ …
    အလည်လွန်တာဝတော့လဲ …
    အိမ်ပြန်လာတတ်တာပါပဲ .. ။ 😀

    အဟောင်းဆိုတာကလည်း တချိန်က အသစ်ပါပဲနော့ … ။
    အသစ်ဆိုတာကတော့ … ခဏတာအတွက်ပဲ သာယာမက်မောသင့်ပေမယ့် …
    အဟောင်းကတော့ … တစ်ဘဝစာအတွက် ဖြစ်သင့်တယ် … အိုဟောင်းခြင်းတွေနဲ့တူ အလေ့ထ ၊ အမူကျင့်တွေပါ သိပြီးသားမို့ပါပဲ … ။

  • ပေါက်ဖော်

    December 13, 2011 at 10:53 am

    ကော်တွေဝယ်ဒယ်.ဒန်တွေဝယ်တယ်..
    အဟောင်းတွေပြင်တယ် အဟောင်းတွေပြင်တယ်..

  • ကြောင်ကြီး

    December 13, 2011 at 1:10 pm

    အဟောင်းပေမဲ့
    မကောင်းထင်ပါနဲ့
    ဆောင်းသခင်..
    တောင်းပြင်ကာ
    ဇောင်းတင်ပါ့မယ်
    လောင်းစဉ်မှာ
    ဖောင်းရွှင်ဖို့အရေးကြီး…။

  • char too lan

    December 13, 2011 at 3:18 pm

    ၁ဝတန်းအောင်ပီး တက်ကတို မတက်ခင်ကရေးထားတဲ့ ကဗျာရှည်ထဲက တစ်ပိုဒ်ကိုသွားသတိရတယ်ဗျာ……………….
    ……..
    ခေတ်ဆိုတာ အသစ်လိုမှာအမှန်ပဲ
    ဒါပေမယ့်
    အချစ်ကိုတော့ အသစ်လိုတိုင်း
    အပြစ်ဆိုပီး မနှိုင်းနဲ့
    အနှစ်ကို အကာပတ်သလို
    အစစ်ဆို အရှာခက်တယ်… မိန်းကလေး………….
    …………. 🙁 🙁

  • pooch

    December 13, 2011 at 3:58 pm

    သူငယ်ချင်း ဆိုတာ….
    ဆောင်းတွင်း မီးလင်းဖိုကြီးလိုပဲတဲ့ …..
    ကြာလေ ကြာလေ…..
    အနွေးဓာတ် ကောင်းလေပဲ တဲ့ …..

    အချစ်ဆိုတာ ကတော့…..
    ……………………. ခံစားတတ်တဲ့ သူအပေါ်ပဲ မူတည်ပါလိမ့်မယ်…. အဘနီရယ်

  • inz@ghi

    December 13, 2011 at 4:06 pm

    သိပါဝူး
    မမပု သူငယ်ချင်းက ဆေးလိပ် သမား လား မေးမလို့…
    ဟီဟိ

Leave a Reply