မြန်မာဟက်ကာတစ်ဦး လုပ်ငန်းရှင်များအား တိုက်ခို်က်သည့်ဗိုင်းရပ်စ်ဖြန့်

klnMay 26, 20101min913

ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် အွန်လိုင်းမှ Data transfer ပြုလုပ်သူများနှင့် အွန်လိုင်းဆက်နွယ်စီးပွားရေးလုပ်ကိုင်နေသူများအတွက် အလွန်အန္တရာယ်ကြီးမားလျက်ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်သည် ရိုမေးနီးယားနိုင်ငံရှိ ကွန်ပျူတာဟက်ကာတစ်သီးမှ (piece)အမည်ပေး၍ အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုဖိုင်အသွင်ဖြန့်ဝေခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှာပင် လပြည့်ဝန်းပလာဇာရှိ ရုံးခန်းတစ်ခု၏ ပြည်ပ Bank အကောင့်ကိုပါ စောင့်ကြည့်ခိုးယူသွားခဲ့ကြောင်း အဆိုပါဗိုင်းရပ်စ်အား ပိတ်ပင်တားဆီးသည့် ကျွမ်းကျင်သူတစ်ဦးကပြောသည်။ `သူ့ဗိုင်းရပ်စ်က Anti-virus တွေ မမြင်နိုင်အောင် အဆင့်မြင့်တဲ့နည်းသုံးထားတယ်ပြောရမယ်။ ဒီ ဗီဒီယိုဖိုင်ကို နှိပ်လိုက်တာနဲ့ စက်က လေးသွားတယ်။ ပြီးတော့ System ကControl Panel တွေပျောက်တယ်။ အဆိုးဆုံးကတော့ နက်ဝက်ခ်ချိတ်ထားတဲ့ ကွန်ပျူတာတွေအားလုံး ချက်ချင်းကူးတယ်။ ပြီးတော့ ဗီဒီယိုဖိုင်ကို ဖွင့်တာနဲ့ သူ့ရဲ့စောင့်ကြည့် Comment က စက်မှာေနေရာယူပြီး သုံးတဲ့အချိန်မှာ password ကိုမှတ်တဲ့ system ဖြစ်ပါတယ်ဟု virus solution ပြုလုပ်နေသူတစ်ဦးဖြစ်သူ ကိုထူးအံ့ရှိန်ကရှင်းပြသည်။ အဆိုပါ ဗိုင်းရပ်စ်သည် User Account များ စီးပွားရေးလုပ်ငန်းအချက်အလက်များနှင့် Bank Account၊ ငွေစာရင်း Account များအား မှတ်သား၍ ပြည်ပရှိ Server သို့ Data ပြန်လည်လွှဲပြောင်းသော စနစ်ဖြစ်သောကြောင့် အန္တရာယ်ကြီးမားကြောင်း သိရသည်။ `အဓိကကတော့ အဲဒီ ဗီဒီယို Rar File ကို မဖြည့်ဖို့ ဗီဒီယိုကို မဖွင့်ဖို့ပဲ။ အခုတလော facebook နဲ့forward mail ကလို web linkတွေမှာပါလာနေပြီ။ Account ၂ဝလောက်လည်း Hack လုပ်ခံထားရတယ်´ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ယခုဗိုင်းရပ်စ်လမ်းကြောင်းကို ယင်းအဖွဲ့မှ လေ့လာချက်အရ ရိုမေးနီးယားနိုင်ငံရှိ server ကိုအသုံးပြု၍ ပြည်တွင်းသို့ တိုက်ခိုက်သူမှာ မြန်မာဟက်ကာတစ်ဦးဖြစ်ပြီး ဆက်လက်၍ မြန်မာပြည်တွင်းရှိ အင်တာနက်user များကို တိုက်ခိုက်ဦးမည်ဖြစ်ကြောင်း computercrazy အမည်ဖြင့် အသုံးပြု၍ မေးလ်မှတစ်ဆင့် ကြေညာထားကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 comments

  • Shwemannmay

    May 26, 2010 at 8:20 am

    တွေ ့လား အဲဒါကြောင့် bank account ဖွင့်ကိုမဖွင့်ထားတာ စီးပွားရေးလည်း မလုပ်တာ
    ဒို ့အကောင့် Hack လုပ်ရဲ လုပ်ကြည့်ပါလား … ပာင်း
    စာတွေပဲတွေ ့မှာ ဘလော့ခ်တကာ က စာတွေ ပာိပာိ ;-P
    MANDALAY GAZETTE ACCOUNT တော့မ Hack နဲ ့နော် ပွိုင့်တွေက ပိုက်ပိုက်တွေ

  • intro

    May 26, 2010 at 10:48 am

    တို့ Account တော့ လာမ Hack ကြနဲ့နော်…. Paypal နဲ့ ချိတ်ထားပြီး တစ်နာရီကို $1000 ရနေတာ…. (ဟီဟိ.. အဲလိုဖြစ်ရင်ကောင်းမှာပဲ)

  • faizal

    June 13, 2010 at 6:59 am

    KLN က ကိုယ့်ဆိုဒ်အတွက်တင်တော ့ဂျာနယ်တွေဆီက free တောင်းယူထားပြီး…အဲဒီသတင်းတွေကို ဒီမှာပွိုင့်ရဖို့ပြန်တင်နေတော့ admin ရေစဉ်းစားပါဦးဗျာ။ kln ရောဒီမှာလာလာတင်ပြီးပိုက်ပိုက်ယူနေတာကို
    ဂျာနယ်တွေ နဲ့ kln admin သိရင်ဘယ်လိုရှင်းပြမလဲသိချင်လိုက်တာ။
    just question နော် ။

Leave a Reply