ငွေ အစစ်ကျပ်တစ်သိန်းနှင့် အတု ကျပ် ၁ဝသိန်း အလဲအလှယ်လုပ်လာသူများ အဖမ်းခံရ

klnMay 26, 20101min735

ငွေတစ်ထောင်ကျပ်တန် အစစ် ကျပ်တစ်သိန်းနှင့် အတု ငွေကျပ် ၁ဝသိန်းကို အလဲအလှယ်လုပ်လာသူများ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်း ကြားသိရသည့်အတွက် ယင်း၏ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ “ဗိုလ်ထွန်းစံရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁ရမှာနေတဲ့ မကြည်ကြည်မိုးနှင့် အဖဦးဘိုအောင်တို့က အဲဒီရပ်ကွက်က ဈေးဆိုင်တွေမှာ ငွေစက္ကူအတုနဲ့ ဈေးဝယ်ကြတာကစပြီး သဲလွန်စဖြစ်တာပါပဲ”ဟု ယင်း၏ တာဝန်ရှိသူကရှင်းပြသည်။ ၎င်းတို့ကငွေစက္ကူအတုဖြင့် ငွေကျပ် ၂၀ဝဖိုးစီ ဝယ်ယူကာ ၈၀ဝကျပ်ကို ပြန်လည်သိမ်းကြောင်း ယင်းကစစ်ဆေးတွေ့ရှိမှုအပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီးပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀ဝကျပ်တန်ငါးရွက် အသုံးပြုထားတာတွေ့ရတယ်”ဟု ယင်းကဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူအတုများကို ည ရနာရီ ၁၅မိနစ်ခန့်က Kangaroo အဖြူနက်လက်ကိုင်အိတ်မှ အရွက် ၇ဝထပ်မံတွေ့ရှိခဲ့ကြောင်း၊ ငွေစက္ကူအတုများကို ရွှေပေါက်ကံမြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေဆိုသည့် အမျိုးသမီးကြီးက မြဝတီဘက်သို့ ဘုရားဖူးသွားရင်း ဆိုင်ကယ်သမားတစ်ယောက်နှင့် ရင်းနှီးကာ ငွေကျပ်တစ်သိန်းနှင့် ကျပ် ၁ဝသိန်းကို အလဲအလှယ်ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒေါ်ယဉ်ယဉ်ရွှေနှင့် မကြည်ကြည်မိုး၊ မိခင်ဒေါ်စန်းမြင့်တို့နှစ်ဦးက အဆက်အသွယ်ရှိပြီး ငွေစက္ကူအတုတွေကို သုံးစွဲကြတာ၊ အခုဖြစ်စဉ်မှာ အတုမှန်းသိလျက် သုံးစွဲသူတွေအားလုံးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁ဝနှင့် အရေးယူထားပါတယ်”ဟု တာဝန်ရှိသူကပြောပြခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

5 comments

  • intro

    May 26, 2010 at 10:44 am

    အော် ဒုက္ခပါပဲ… ပိုက်ဆံ အတုနဲ့ အစစ်နဲ့က မသိသာလို့လား?

  • pyaesone

    July 15, 2010 at 7:37 am

    အော်
    ငွေတွေ အလွယ်တကူ ရှာလို့ရတော့ လုပ်ချင်တိုင်းလုပ်နေပါလား
    လောက..လောက

  • Amilay

    December 21, 2011 at 12:54 pm

    အတုနဲ့အစစ် ဘယ်လိုခွဲလို့သိမလဲ

  • လုပ်စရာရှားလို ့ပါဗျာ။အော် လောဘသမားတွေ၊လောဘသမားတွေ
    မိုက်တွင်းနက်လှချီလားဗျာ။ဒီသတင်းမျိုးကြားနေရတာတော့ကြာပါပီ၊
    အစကတော့ သိပ်မယုံဘူး။အတုအစစ်ခွဲနည်းတွေသိရင် ထပ်ပြောပေး
    ပါအုံးဗျ။ကျေးဇူးပါ။

  • etone

    December 21, 2011 at 4:51 pm

    လူတွေကောင်းကောင်းမွန်မွန်မနေချင်ကြတော့ဘူး … ငွေတွင်းကလည်း နက်သထက်နက်လာတော့ … ရှာကြံတွေးတောပြီး လျှင်သူစားလုပ်နေတယ် … ဒီလို ပိုက်ဆံတွေ လက်လုပ်လက်စား မိသားစုတွေကြားရောက်သွားမယ်ဆို ဘယ်လိုများနေမလဲ … အချောင်နည်းတွေ သိပ်မလုပ်ကြပါနဲ့ … ခံရမှာ အောက်ခြေလူတန်းစားပါ … ။

Leave a Reply