ရာသီပေါ်မှာ …အိပ်စက်ခြင်း

naywoon niDecember 12, 20111min823

နာရီလက်တံတွေဟာ
ဘာအတွက်နဲ့ တစ်ရွေ့ရွေ့ မရပ်မနားပဲ
တစ်လစပ်ရွှေ့ရှားနေကြပါလိမ့်……။
အဲဒိလိုရွေ့ရှားနေရင်းနဲ့
သက်ရှိသတ္တဝါတွေ
သက်မဲ့ အရာတွေကို
တစ်စတစ်စ ဝါးမြို သွားနေလေရဲ့….။
အဲဒိလိုနဲ့
နာရီဟောင်းတစ်ခုရဲ့
မှန်ချပ်ပေါက်ထဲ
ဝင်ရောက်ပေါက်ပွားနေတဲ့
အိမ်မြှောင်တစ်ကောင်ရဲ့အသက်
ဆက်လက်ရှင်သန်ဖို့ ရုန်းကန်
ပြန်ထွက်ရန်ခက်ခဲ
ကြိုးပမ်းဆဲကာလ……………။
နာရီလက်တံတွေကြားမှာ
အိမ်မြှောင်ငယ်လေးဟာ……
တစ်ဖြေးဖြေး နှေးကွေးစွာနဲ့……။
နေဝန်းနီ

3 comments

  • ကြောင်လတ်

    December 13, 2011 at 7:14 am

    နာရီကိုဝယ် ပိုင်တယ်မှတ်ထားလဲ………
    နာရီပိုင်သူအားလုံးပဲ…….
    အချိန်ကိုမဝယ်နိုင်သေးဘူးဟေ့……….
    ပိုင်တယ်ထင်ရင်မင်းအမှားပဲ……….
    လူကိုအချိန်က စားသွားလည်း………..
    ခဏလေးပါ ပဲလား…………..
    (ကိုချစ်ကောင်းရဲ့သီချင်းလို့ထင်ပါတယ်)

  • aye.kk

    December 13, 2011 at 8:02 am

    တန်ဘိုးရှိတဲ့အချိန်နာရီလက်တံကြားကအိမ်မြှောင်လေးရေ..
    လက်တံနဲ ့မင်းရဲ ့အသက်ရှင်သန်နေထိုင်ရမှုအတွက်ကြိုးပန်းနေရတာ..
    အရမ်းကိုပင်ပန်းခက်ခဲလှတာ ၊ တစ်ဖြေးဖြေးနှေးကွေးစွာနဲ့သေခြင်းတရားကိုငံ့လင့်
    နေရတာ ၊ ငါနဲ့တော့အတူတူပါဘဲကွယ်..။

  • windtalker

    December 13, 2011 at 12:44 pm

    စက္ကန် ့လက်တံ ၊ မိနစ်လက်တံ ၊ နာရီ လက်တံ တွေ ကြား
    သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း ယဉ်ကျေးမှုများ ကြား
    ချစ်ခြင်း မုန်းခြင်း တွေ ကြား
    သားဖွားဆေးရုံ နဲ ့သင်းချိုင်းကုန်း ကြား
    ရုန်းကန်လှုပ်ရှား ၊ အို လူသား

Leave a Reply