HIV ကူးနိုင်ပါသလား ..

fattyDecember 13, 20111min21414

ကျနော့အိမ်နီးနားချင်းတဦးဟာ မျက်စိရှေ့မှာတင်ဘဲ နေမကောင်းဖြစ်ပြီး ချက်ချင်းပိန်ကျသွားပါတယ်။
ပထမတော့ TB ဖြစ်တယ်လို့ပြောသေးတယ်။
ကျနော်ကတော့ရိတ်မိလိုက်ပြီ ဒီလူ HIV ဘဲနေမှာဆိုပြီး …။
နောက်တော့ အိမ်ထဲကနေထွက်မလာတော့ပါဘူး။
ရန်ကုန်မှာဆိုတော့ သိကြတဲ့အတိုင်း
နယ်မှာလို မစပ်စုကြဘူးလေ သွားလဲမမေးကြပါဘူး။
နောက်တော့ပါတ်ဝန်းကျင်ကပါ သိလာပါတယ်။
သူတို့က ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတယ်။
အဲဒီလူက သက်သာလာရင် အပြင်ပြန်ထွက်လာတယ်။
ရောဂါပြန်ထလာရင် အိမ်ထဲကမထွက်ပြန်ဘူး …။
အခုတလောတော့သက်သာနေလို့
ခေါက်ဆွဲတွေဘာတွေ ဝင်လုပ်နေပြီ .. အဲဒါ ကူးစက်တတ်ပါသလားလို့သိချင်ပါတယ်။
နားလည်သူများဖြေပေးစေချင်ပါတယ် .. အများကိုရောင်းနေတာမို့ပါ …။

14 comments

  • etone

    December 13, 2011 at 10:41 am

    လေးဖက်ရေ .. သမီးတော့ ဆေးလောက ကလူတွေလို … သိပ်နားလည်လို့မဟုတ်ပါဘူး … HIV နဲ့ပတ်သတ်တာလေးတွေ … လေ့လာ ဖတ်ဖူးထားတာလေးတွေ ရှိလို့ … ပြန်ပြောပြပါမယ် … ။

    HIV အများဆုံးကူးစက်ခံရတာကတော့ … သွေးနဲ့ လိင်အင်္ဂါကထွက်တဲ့ အရည်တွေမှာပါတဲ့ ပိုးကြောင့်ပါပဲ … ။
    အဲ့ဒါတွေ မထိလျှင် ကူးစက်ခံရချေ အတော်နည်းပါတယ် … ။ တံတွေးတို့ ၊ မျက်ရည်တို့ ၊ နှပ်ချေးတို့မှာလည်း ပိုးရှိပေမယ့် … အရေတွက်ပမာဏ အလွန်နည်းပါးတဲ့အတွက် ထိမိ ကိုင်မိလျှင်တောင် အဲ့ဒီပိုးပမာဏလောက်နဲ့ … HIV မဖြစ်သေးဘူးလို့ ဆိုလို့ရမယ် … ။

    HIV / AIDS ဝေဒနာရှင် အများစုမှာ .. နောက်ဆက်တွဲရောဂါအနေနဲ့ … TB တွေပါ ငြိလာတာတွေ့ရတယ် … ။ TB ကတောင် ပိုပြီး ကူးစက်လွယ်သေးတယ် … ။ HIV ဝေဒနာရှင်တယောက် … အလုပ်ပြန်လုပ်နိုင်တယ်ဆိုတာတော့ … ဝမ်းသာစရာပါပဲ .. ။
    လူအများစုက ကိုယ့်မှာ ဒါကြီး ကူးခံထားရပြီဆိုလျှင် … များသောအားဖြင့် .. စိတ်ထောင်း ကိုယ်ကြေဖြစ်တတ်ကြတာများတယ် … ။

    အခုလို ခေါက်ဆွဲဆိုင်မှာ ဝင်လုပ်နေတာ HIV အန္တရာယ်မရှိပေမယ့် … TB အတွက်ကတော့ စိတ်မချရဘူးနော် … ။

  • koyinmaung

    December 13, 2011 at 10:50 am

    ကျနော်တို့လဲHIVအကြောင်းနဲ့ပါတ်သက်ပြီး
    ဖတ်ချင်ပါတယ်..ရေးကြပါအုံးလို့တောင်းဆိုပါတယ်
    ခြံချင်းကပ်အိမ်က ကောင်လေးတယောက်မျက်စေ့အောက်တင်
    ကြည့်နေယင်းပိန်ပိန်လာတယ်ငှက်ဖျားလိုလိုတီပီလိုလိုနဲ့
    သေသွားတာတွေ့ရတယ်
    ဆေးရုံတင်တုန်းကကူညီချင်ပေမဲ့ရဲရဲမကိုင်ရဲခဲ့ဘူး
    ဘယ်လိုကူးစက်တယ်ဆိုတာသိချင်နေတယ်..
    ဒီလိုရောဂါဖြစ်တဲ့သူတွေကိုတတ်နိုင်သလောက်ကူညီချင်ပါတယ်….

  • windtalker

    December 13, 2011 at 11:06 am

    ဦးဖက်တီးရေ
    စိတ်ထဲမှာ သံသယ ဖြစ်နေတယ် ဆိုရင် ၊ အဲဒီဆိုင် မှာ မစားတော့နဲ ့ဗျာ ။
    ကျုပ် ဆိုရင်လည်း ၊ ဘယ်လောက်ဘဲ လူလူချင်း ဘာဖြစ်ဖို ့ပါးစပ်က အော်ချင်အော်မယ်
    ကိုယ်တွေ ့ဆိုရင် စားရဲမှာ မဟုတ်ဘူး ဗျ ။
    လေးစားစွာဖြင့်

  • Ko Ko Aung

    December 13, 2011 at 12:52 pm

    HIV ပိုးသွေးထဲရှိသူ TB ရောဂါဖြစ်ရင် ကုလို့ပျောက် (ပိုးကုန်နိုင်ပါတယ်)။ အဲဒါဆိုရင် စားစရာလုပ်ရောင်းတာကို ကန့်ကွက်စရာမရှိပါဘူး
    ဒါပေမယ့် အကိုဖက်တီးပြောတဲ့အတိုင်းဆို သူက AIDS ဖြစ်နေပါပြီ။ ဒါကြောင့် အခု TB မရှိရင်တောင် (အထူးသဖြင့်ရန်ကုန်မှာနေရင်) မကြာခင် TB ရှိသွားနိုင်ပါပြီ။ ဖြစ်နိုင်ခြေအလွန်များပါတယ်။ ဒါကြောင့် စားစရာလုပ်မရောင်းတာပဲ ပိုကောင်းတယ်ထင်ပါတယ်ဗျာ။ စားသုံးသူတွေ သိရင်လဲ ကြိုက်မှာမဟုတ်ပါဘူး။

    ဒေါက်တာမိုးသီတာစိုးတို့
    ဒေါက်တာ အောင်ကိုကိုဦးတို့ နဲ့တကွ
    ရွာထဲက အခြားဒေါက်တာတွေရဲ့ အမြင်လေးတွေ ကျေးဇူးပြုပါဗျာ။
    ကျွန်တော်လဲ စိတ်ဝင်စားလို့ပါ။

  • moethidasoe

    December 13, 2011 at 2:30 pm

    အခုတော့ အချိန်မရသေးလို့ မရေးဖြစ်ပါ .. ဝင်ဖတ်သွားပြီး ည မှာ ရေးပါမယ် .. မနက်ဖန် တင်နိုင်အောင် ကြိုးစားပေးပါမယ်

  • comegyi

    December 13, 2011 at 2:52 pm

    လူချင်းပွေ့ဖက်နမ်းတာတို့၊ အစားအသောက်တွေကတော့
    HIV မကူးနိုင်ပါဦးဖက်ရေ့…….
    ရောဂါရှိလျက်နဲ့ အလုပ်လုပ်ကိုင်နိုင်တာမျိုးဆိုရင်တော့ကြိုဆိုရမှာပါ
    ဒါပေမဲ့ ရောဂါရှိသူဖက်ကလည်းဆင်ခြင်သင့်ပါတယ်
    အများနဲ့သက်ဆိုင်တဲ့အစားအသောက်ကိုလုပ်တဲ့အခါ
    ဥပမာ ကြက်သွန်လှီးတဲ့အခါ လက်ကိုလှီးမီးလို့ သွေးထွက်သွားရင်
    အဲဒီသွေးမှာ ရောဂါပါတဲ့အတွက်
    စားသုံးသူအတွက် ကူးစက်သွားနိုင်တာမျိုးတွေပေါ့
    အိတုံပြောသလို တီဘီတို့ဘာတို့ကတော့ အလွန်ကူးစက်လွယ်တာပေါ့နော်

  • fatty

    December 13, 2011 at 3:16 pm

    ကျနော်ကတော့သိတဲ့သူ ဆိုပါတော့မစားဘူးပေါ့ဗျာ ….။
    မသိတဲ့အပြင်ကတခါတရံမှကြုံလို့ ဝင်စားတဲ့သူတွေအနေနဲ့ မစားသင့်ဘူးဆိုရင်
    ကာယကံရှင်ကနားလည်ရမှာနော် …။ သူ့ကိုကျနော်တို့ဝိုင်းပယ်မထားပါဘူး ..။
    ခါတိုင်းလိုဘဲဆက်ဆံပါတယ် ..။ အခုကတော့အစားအသောက်နဲ့ပါတ်သက်နေတော့တင်ပြရတာပါ။

  • kai

    December 13, 2011 at 4:14 pm

    နည်းနည်းနောနော ပြဿနာမဟုတ်ဖူးထင်ပါတယ်..။
    ဒါမျိုးက.. အားနာနေလို့ရတဲ့ကိစ္စလည်းမဟုတ်..။ ရပ်ကွက်ကအုပ်ချုပ်ရေးကို.. အကြောင်းကြား… သွားပြောသင့်တယ်ထင်တာပါပဲ..။
    အများနဲ့ ဆက်ဆံနေ.. စားသောက်နေတဲ့ အလုပ်မျိုးမှာ ဝင်လုပ်ခွင့်မပြုသင့်ပါဘူး..။
    နိုင်ငံလုံးအတိုင်းအတာနဲ့ကို.. ဒါမျိုးပြသနာတွေအတွက်.. . ဥပဒေလုပ်ထုံး ထုတ်ပေးရပါလိမ့်မယ်..။

    မတော်..
    ကူးစက်သွားရင်.. ပရုပ်ဆီလူးလို့ပျောက်တာလည်းမဟုတ်..။

    • windtalker

      December 13, 2011 at 7:43 pm

      “ မတော်..ကူးစက်သွားရင်.. ပရုပ်ဆီလူးလို့ပျောက်တာလည်းမဟုတ်..။ ”
      ်လွှတ်မှန်တဲ့စကား ။ ၁၀၀% အားပေးပါ၏

    • etone

      December 14, 2011 at 4:08 pm

      သဂျီးကလည်း သက်သက်အချွန်နဲ့ မတာပါလား … ။
      သူ့ဘာသာသူ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာကို ..ကိုယ်က ဒီရောဂါဖြစ်နေတာ သိလို့ .. စိတ်မသန့်လျှင် သွားမဝယ်နဲ့ပေါ့ .. ဘာလို့ သူများ အရှက်တကွဲ စိတ်ဒုက္ခရောက်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေသွားပြီး ချွန်တွန်းလုပ်မှာတုန်း … ။

      နဂိုကတည်းက ရောဂါကြောင့် စိတ်ထောင်း ကိုယ်ကြေဖြစ်နေတဲ့ အထဲ … ရပ်သိရွာသိမောင်းသာခတ်ကြည့် …. အဲ့လူရော သူ့မိသားစုပါ …ပြောင်းပြေးရတဲ့အထိ ဖြစ်သွားနိုင်တယ် .. သူ့ဘာသာသူနေပါစေလားနော် … ။

      ပရုတ်ဆီလိမ်းလို့ပျောက်တဲ့ရောဂါမစဟုတ်သလို ..ဟပ်ချလောင်းဆိုပြီး ကူးစက်တတ်တဲ့ရောဂါ မဟုတ်တာလည်း သတိရပါဦး ။

  • Gipsy

    December 13, 2011 at 9:34 pm

    ကျနော်တို့လူ့ဘဝများ ဆိုးရွားလိုက်တာ … HIV တဲ့၊ AIDS တဲ့ ဗျာ….
    ဘာမှကို မလွတ်လပ်တော့ပါဘူး…. စည်းနဲ့ကမ်းနဲ့ ကလနားနဲ့ နေကြရတော့ …
    စိတ်ပိန်လိုုက်ထှာ …
    အရာရာ အခက်အခဲ များစွာနဲ့ …..။

  • E.T

    December 13, 2011 at 10:08 pm

    HIV အရှည်က Human Immunodeficiency Virus ဆိုတော့ လူမှာပဲ ကူးစက်တာပေ့ါနော်။ လူရဲ့ ဘယ်နေရာတွေက တဆင့်ကူးတတ်လည်း ဆိုတော့ လိင်အင်္ဂါကထွက်တဲ့ အရည် (အကာအကွယ်မဲ့ လိင်ဆက်ဆံတာ)၊ သွေး (HIV ပိုးပါတဲ့ သွေးသွင်းတာ၊ မူးယစ်ဆေးသုံးရင် ဆေးထိုးအပ် တစ်ချောင်းထဲ မျှဝေသုံးရင် လည်းဖြစ်တတ်ပါတယ်)၊ မိခင်နို့ရည် (ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ သန္ဓေသားကို တဆင့်ကူးစက်တာလည်းပါ ပါတယ်)။

    နမ်းတာကနေ ကူးစက်ဖို ့ အခွင့်အရေးနည်းပါတယ်။ နည်းတယ်ပြောလို ့ အရမ်းသွားမနမ်းပါနဲ ့ ကိုယ့်ပါးစပ် နဲ ့ သူ ့ပါးစပ်မှာ အပေါက်အပြဲ မရှိရင် မကူးနိုင်ပါဘူး။ အဲဒါကြောင့် ပါးစပ်ခြင်း နမ်းရင် ဖြေးဖြေးသာသာ နမ်းကြပါ။ စိတ်ယားပြီး ကိုက်တာတို ့ ဘာတို ့ ညာတို ့ သွားမလုပ်ပါနဲ ့ 😛

    ဒါတွေကနေ မကူးစက်တတ်ပါ။ အဝတ်အစားတွေ မျှဝေသုံးစွဲခြင်း (သွေးမပေရင်)၊ အီးအီးပါတဲ့ အိမ်သာကိုလည်း မျှဝေသုံးစွဲခြင်း၊ စိတ်မထိန်းနိုင်လို ့ ရေတူတူချိုးခြင်း၊ ခြင်၊ တိရစာ္ဆန်ကနေလည်း မကူးစက်တတ်ပါ။ တပ်မ ၇ရ ပြောတဲ့ ဘုန်းကံရှိပြီး လျှာမပြတ်တဲ့ ယောက်ျားလေးများ ကိုယ့်ပါးစပ်မှာ အနာအဆာမရှိရင် ဆက်လုပ် ကူးနိုင်ခြေအရမ်းနည်းတယ်။ ( ကူးဘူးပြောဘူးနော် ) လိင်တူချစ်သူများ ချစ်ခြင်ရင် ကွန်ဒုံး သုံးပါ။ ဘယ်လောက်စိတ်ချရသလဲ ဆိုတော့ ကွန်ဒုံးရဲ ့ အရည်အသွေးပေါ်မူတည်ပါတယ်။ မပေါ်က်၊ မပြဲမချင်း မကူးပါဘူး။ (အဲဒါကြောင့်ဆီပုလင်းဆောင်ထားပါ) 😛

    HIV ပိုးရှိနေတဲ့လူကို အားပေးပါ။ သူ ့မှာ ရောဂါရှိလို ့စိတ်ကျရတဲ့အထဲ အများကဝိုင်းပယ်ထားရင် စိတ်ကျရောဂါဝင်ပြီး မြန်မြန် ဂီ့ ( ဂီဂီ မဟုတ် ) နိုင်ပါတယ်။ HIV ပိုး ရှိ၊ မရှိ ဆိုတာ မြင်တာနဲ ့မသိနိုင်ပါဘူး။ အကောင်းဆုံးကတော့ လိင်ဆက်ဆံတဲ့အခါတိုင်း တောက်တဲ့ ဆောင်ထားပါ။ အဲမှားလို ့ အရည်အသွေးကောင်းတဲ့ အဖော်ဆောင်ထားပါ 😀

    ကျန်သေးတယ် မိမိ လိင်အင်္ဂါတဝိုက် သန် ့ရှင်းအောင်ထားပါ။ ထွက်လာတဲ့ အရည်က အဲဒီ လိင်အင်္ဂါတဝိုက်ရှိ အနာကနေ ကူးစက်နိုင်ပါတယ်။

  • ကြောင်ကြီး

    December 14, 2011 at 9:52 am

    မြို့နယ်ကျန်းမာရေး အဖွဲ့ကို သွားထောင်လိုက်ပါလား။ အနည်းဆုံးတော့ သူမှတ်တမ်းကို စစ်ပြီး ကူးစက်ရောဂါရှိမရှိ သိနိုင်တာပေါ့။။။

  • fatty

    December 14, 2011 at 11:24 am

    ကိုကြောင်ကြီးပြောတဲ့အတိုင်း မြို့နယ်ကျန်းမာရေးသို့သွားပြီး ထောင်တာတော့မဟုတ်ပါဘူး
    သွားပြီးဆွေးနွေးကြည့်ပါမည်။ အများအကျိုးပါ။

Leave a Reply