သူတို ့ပျော်တဲ့ ဘုရားပွဲ

မောင် ပေDecember 13, 20112min12616

ပျော်ပျော်ပစ်ပါ

မှန်အောင်သေချာချိန်ပစ်
မှန်အောင်သေချာချိန်ပစ်

ကစားမည့်သူမျှော်နေသည်
ကစားမည့်သူမျှော်နေသည်


ပိုစတာမယူချင်ရင် ဒီဗီဒီခွေယူ
ပိုစတာမယူချင်ရင် ဒီဗီဒီခွေယူ

ဒါလေးနဲ ့မီးထွန်းရတယ်
ဒါလေးနဲ ့မီးထွန်းရတယ်

ဝမ်းနိုက် တုန်းကပေါ့ ( one night )
ကျွန်ုပ် အိမ်အပြန်တွင် ၊ နှစ်စဉ် အငြိမ့်ကြည့်ဝင်ကြည့်နေကြ ဘုရားပွဲနှင့် ကြုံသဖြင့် အငြိမ့်ကြည့်ရန် အလို ့ငှါ ဝင်ဖြစ်ခဲ့သည် ။ ထိုဘုရားပွဲသည် နှစ်စဉ် အငြိမ့်တစ်ဖွဲ ့တော့ ငှားစမြဲ ဖြစ်သည် ။ အငြိမ့်မှာ အခုမှ စတိတ်ရှိုးဆိုနေတုန်းမို ့ပွဲဈေးခင်းအတွင်း လျှောက်ကြည့် ဖြစ်သည် ။
မုန် ့ပျားသလက် ၊ မုန် ့ဆီကြော် ၊ မုန် ့ပေါင်း ၊ ကောက်ညှင်းကျည်တောက် ခဲလံချောင်း ၊ မုန် ့လင်မယား ၊ မြေပဲပြုတ် ၊ အုန်းနို ့ကျောက်ကျော၊ အချိုမုန် ့စသဖြင့် မုန် ့သည်များ အစုံအလင်ရှိပြီး အပျော်ကစားစရာ လောင်းကစား ဆန်ဆန် ဆိုင်လေးများကို လည်း တွေ ့ရသည် ။
ရှေးဦးစွာ မြှားပစ်ခဲ့သည် ။ ရောင်စုံပူဖောင်းလေးများ ကို သစ်သားခွေများအတွင်း စီထည့်ထားပြီး ၊ ထိပ်မှာအပ်ချွန်တပ်ထားသော မြှားတံလေးများဖြင့် ပူဖောင်းလေးများကို လှမ်းပစ်ရခြင်းဖြစ်သည် ။ ပစ်ဖူးသူမျှ အနေဖြင့် မည်မျှ ပျော်စရာ ကောင်းသည် ကို သိကြပါမည် ။ မပစ်ဖူးသေးသူများ အနေဖြင့် ရင်ခုန်စရာ၊ပျော်ရွှင်စရာ ကောင်းကြောင်း ပြောလိုပါသည် ။
မြှားပစ်တာက ငါးရာဖိုး မြှားတံ ခြောက်ချောင်းပေးသည် ။ တစ်ချောင်းမှန်လျှင် စီးကရက် တစ်လိပ် ၊ နှစ်ချောင်းမှန်လျှင် ဂတ်စ်မီးခြစ်တစ်လုံး ၊ သုံးလုံးမှန်လျှင် ချိုချဉ်ထုပ်တစ်ထုပ် ၊ လေးလုံးမှန်လျှင် ဆပ်ပြာမှုန် ့အထုပ်ကြီးတစ်ထုပ် ၊ ငါးလုံးမှန်လျှင် ပလစ်စတစ်ဇလုံ တစ်လုံး ၊ ခြောက်လုံးမှန်လျှင်တော့ ဘစ်ပရိုက် (big prize) သုံးဆင့် စတီးချိုင့်တစ်လုံး ပေးပါသည် ။ ကျွန်ုပ်လည်း တစ်ထောင်ကျပ်ဖိုး ဝင်ပစ်ခဲ့ရာ ဂတ်စ်မီးခြစ်တစ်လုံး နှင့် ဆပ်ပြာမှုန် ့ကြီးတစ်ထုပ် ရခဲ့ပါသည် ။
ထို ့နောက် ပေသီးလှိမ့်ခဲ့သေးသည် ။ သည်ဟာကတော့ လောင်းကစားပါဘဲ ။ သစ်သားဘန်းအောက်ခြေတွင် ငါး ၊ ပုစွန် ၊ လိပ် ၊ ကြက် ၊ ကျား ၊ ဆင် အကောင်ခြောက်ကောက်ပုံများ ဆေးခြယ်ထားသည် ကို အပေါ်မှ ပေသီးလှိမ့်ချရခြင်းဖြစ်သည် ။ မလှိမ့်ခင် ကိုယ် စိတ်ကြိုက် အကောင်ရွေးလောင်းပြီး ပေသီးသုံးလုံး လှိမ့်ချရသည် ။
ကိုယ်ရွေးထားတဲ့ အကောင်မှာ ပေသီးက သွားရပ်လျှင် ၊ တစ်လုံး ဆိုလျှင် တစ်ဆ ၊ နှစ်လုံး ဆိုလျှင် နှစ်ဆ ၊ သုံးလုံး ဆိုလျှင် သုံးဆ လျော်ပေးသည် ။
ထို ့နောက် အပျော်တမ်းသရေကွင်းပစ် ကစားနည်း ကို ဆက်ကစားဖြစ်သည် ။
နှစ်ရာကျပ်ဖိုးလျှင် သရေကွင်းကြီး သုံးကွင်းပေးပစ်သည် ။ ပုံတွင်မြင်ရသော ဇီးကွက်ရုပ်လေးများ ကို အနောက်ဘက်သို ့ပြုတ်ကျအောင် ပစ်ရသည် ။
တစ်ရုပ်ကျလျှင် စီးကရက်တစ်လိပ် ၊ နှစ်ရုပ်ကျလျှင် ပိုစတာအသေးတစ်ခု သို ့မဟုတ် အချိုရည် ဘူးသေးတစ်ဘူး ၊ သုံးရုပ်ဆိုလျှင် ပိုစတာအကြီးတစ်ခု သို ့မဟုတ် ဒီဗီဒီခွေတစ်ခွေ ပေးသည် ။
ဇီးကွက်ရုပ်များကို မှန်အောင် ပစ်ရသည် မှာ မလွယ် ။ ထို ့အပြင် အောက်သို ့ပြုတ်ကျအောင် ပစ်ရသည် ဆိုတော့ အူယားစရာ ပင် ။
ပိုစတာအကြီးတစ်ခု နှင့် အသေးတစ်ခု ရခဲ့ပြီး နောက် အငြိမ့်စင်ဘက်ကို တစ်ချက်ကြည့်ရာ စတိတ်ရှိုးမပြီးသေး ။ သို ့နှင့် အချိန်ကုန်အောင် ၊ အပျော်တမ်းသရေကွင်းပစ် ဆိုင်ရှင် သားအမိ နှစ်ယောက် ကို အင်တာဗျူးရင်း ဓါတ်ပုံရိုက်ဖြစ်ခဲ့သမျှ ကို ပြန်တင်ပေးလိုက်ပါသည် ။
( အင်တာဗျူးချင်လို ့ပါပြောတာ အင်းမလဲ အဲမလုပ်သဖြင့် ငါးထောင်ကျပ် မုန် ့ဖိုးပေးလိုက်မှ အင်တာဗျူး လို ့ရခဲ့ပါကြောင်း )
မေး။ ။ အမကြီး နာမည်လေး သိပါရစေ
ဖြေ။ ။ ကျွန်မ နာမည် မြင့်မြင့်ဌေး ပါ
မေး။ ။ အမကြီး တို ့အခု သရေကွင်းပစ် ဆိုင် လုပ်မယ် ဆိုရင် အရင်းအနှီးငွေ ဘယ်လောက် လိုပါသလဲ ခင်ဗျ
ဖြေ။ ။ တစ်သိန်းခွဲကျော်လောက် လိုပါတယ်
မေး။ ။ ဘာတွေ လိုအပ်ပါသလဲ ခင်ဗျ
ဖြေ။ ။ ဝါးလုံးတွေ ၊ ၃” ၁” သစ်သားချောင်းရှည် တစ်ချောင်း ၊ မိုးကာစ ၊ သရေကွင်းအကြီး ၃ ထုပ် ၊ ဇီးကွက်ရုပ်လေးတွေ ၊ ပိုစတာအကြီး၊အသေး ၊ ညှပ်စရာ ကလစ် ၊ချိတ်စရာ အင်းကျီချိတ် ၊ ဒီဗီဒီခွေ ၊ အချိုရည်ဘူးသေး ၊ စီးကရက် ၊ မီးချောင်း မီးသီး ၊ မီးစက် တို ့လိုပါတယ် ။ ဒီဗီဒီခွေ နဲ ့အချိုရည် ပေးတာကတော့ ဒီနှစ်မှ စတာပါ ။
မေး။ ။ ပိုစတာတွေ တစ်ပုံကို ဘယ်လောက်ပေးဝယ်ရသလဲ ဗျ ၊ ဇီးကွက်ရုပ်လေးတွေ ကရော
ဖြေ။ ။ ပိုစတာတွေကို အများကြီးဝယ်တာဆိုတော့ အကြီးဆိုရင်တစ်ပုံ ၂၀ဝကျပ်နီးပါး နဲ ့အသေးဆိုရင် တစ်ရာ့ငါးဆယ်ကျပ် နီးပါး ပေးဝယ်ရပါတယ် ။ ဇီးကွက်ရုပ်လေးတွေ ကတော ့အရင်တုန်းက တစ်ရာကျပ် ပေးရတယ် ။ အခုတော့ တစ်ရုပ် တစ်ရာ့ငါးဆယ်ကျပ် ။
မေး။ ။ အမကြီးတို ့ဒီလို ဆိုင်ဖွင့်ခွင့်ရဖို ့အတွက် ဘုရားပွဲက ဘယ်လို သတ်မှတ်ပါသလဲ
ဖြေ။ ။ အခု ဒီဘုရားပွဲကတော့ ၂ညပေါ့နော် ၊ ၂ည ဖွင့်ဖို ့အတွက် ပွဲဖြစ်မြောက်ရေး ကို ငါးထောင်ကျပ် ပေးရပါတယ် ။ တစ်ကယ်လို ့အရမ်းစည်ကားတဲ့ ဘုရားပွဲမျိုးဆိုရင် တစ်သောင်းကျပ် လောက်အထိ ပေးရတာမျိုး ရှိပါတယ် ။
မေး။ ။ အမတို ့အခုမီးသုံးတာ က ကိုယ်ပိုင်မီးစက်နဲ ့ဆိုတော့ တစ်ည ကို ဆီဘယ်လောက် ကုန်ပါသလဲ
ဖြေ။ ။ တစ်ည ကို တစ်ဂါလံ နဲ ့တစ်ကွာတ ကုန်ပါတယ်
မေး။ ။ အမတို ့အလုပ်က တစ်ည ကို ဆီဖိုးက ၅ထောင်ကျပ် ၊ ပွဲကော်မတီကို ၂၅၀ဝကျပ်ထားပါဦး ၊ သရေကွင်းက နှစ်ရာကျပ်ဖိုး သုံးကွင်းပေးပစ်တာဆိုတော့ ၊ တစ်ကယ်လို ့ပစ်တဲ့သူ က သုံးကွင်းလုံး ကျအောင်ပစ်နိုင်ရင် တွက်ချေကိုက်ပါ့မလား
(ထိုမေးခွန်းကို မေးလိုက်တော့ ဆိုင်ရှင် သားအမိနှစ်ယောက်လုံး ရယ်ကျဲကျဲဖြင့် ဇီးကွက်ရုပ် ၂ ရုပ်ခန် ့ကို ကျွန်ုပ် လက်သို ့ပေးလာသည် ။ ကြည့်မိလိုက်တော့ ဇီးကွက်ရုပ်ကလေးများ ၏ ဖင်တွင် အလေးတစ်ခုခု ထည့်ထားသည် ကို သတိထားမိလိုက်သည် )
မေး။ ။ အမ တို ့အလုပ်က တစ်ရက် ကို ဝင်ငွေ ဘယ်လောက် ရှိပါသလဲ
ဖြေ။ ။ ဒါကတော့ ဘုရားပွဲရဲ ့စည်ကားမှု အပေါ်မှာ မူတည်တာပေါ့နော် ၊ အခုလို ပွဲမျိုး ဆိုရင်တော့ တစ်ည ကို နှစ်သောင်းကျပ်လောက်တော့ ရပါတယ် ။ မန်းတလေးတောင်ခြေ က ကျောက်တော်ကြီးဘုရားပွဲလိုမျိုးဆိုရင် တစ်ညကို သုံးသောင်း၊လေးသောင်းကျပ်လောက် ရပါတယ် ။
မေး။ ။ အမတို ့က ၁၂ရာသီလုံး လိုက်ဖွင့်တာလား
ဖြေ။ ။ ၁၂ရာသီလုံးတော့ မလုပ်ပါဘူး။ တစ်နှစ်ကို ခြောက်လ ဘဲ လုပ်ပါတယ် ၊ ကျန်တဲ့အချိန်တွေ မှာတော့ သားက ဈေးချိုမှာ အလုပ်ဝင်လုပ်တယ် ။ ကျွန်မ ကတော့ ဈေးမှာ ဟင်းချက်စရာသီးနှံလေးတွေ ရောင်းပါတယ် ။
မေး။ ။ ဟုတ်ကဲ့ ဒီလောက်ဆိုရင် ရပါပြီ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
(အင်းမလုပ် အဲမလုပ်) ကြောင်တောင်တောင်ကြည့်နေသည် ။
*************************************
အထက်ပါ အကြောင်းအရာများကတော့ မောင်ပေ ဘုရားပွဲမှာ အင်တာဗျူးလာခဲ့တဲ့ အကြောင်းပါ ။ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး ။ ဒီလူတွေ ဘယ်လို လုပ်စားကြသလဲ ဆိုတာလေး ကို သိခဲ့ရသမျှ ပြန်ဝေမျှပေးလိုက်တာပါ ။ နောက်လည်း ကြုံရင် ကြုံသလို ဗျူးဖြစ်သမျှ ကို ပြန်တင်ပေးပါမည် ။
——- အားလုံးကို ကျေးဇူးတင်ပါသည် ——-

16 comments

  • Diamond Key

    December 13, 2011 at 2:15 pm

    အလျှော့အတင်းလုပ်လို့ရတဲ့ ကွင်းနဲ့ ညဖက်မှာ ဖင်ပညာသုံးပြီး လုပ်စားနေတဲ့ သူတွေ ဘယ်လို လုပ်စားကြသလဲ ဆိုတာလေးတွေကို MRTV 9 (ဗမာလို ကိုးဟု ဖတ်ပါ) မှ ကိုပေမှ ဗျူးပါသည်။ 😀
    ရိုင်းတယ်လို့ ပြောနေအုံးမယ် 😛 တလွဲတွေ မဖတ်ပါနှင့်။
    (အလျှော့အတင်းလုပ်လို့ရတဲ့ ကွင်း) – သားရေကွင်း
    (ညဖက်) – ညပွဲလမ်းတွေမှာ
    (ဖင်ပညာ) – ဇီးကွက်ရုပ်ကလေးများ ၏ ဖင်တွင် အလေးတစ်ခုခု ထည့်ထားသည်။ :mrgreeen: )

    • windtalker

      December 13, 2011 at 2:40 pm

      ဂွတ်ရှယ် အိုင်ဒီယာ နဲ ့ဂွတ်ရှယ် ကွန်မင့် ပါဘဲ ကိုစော့သိန် ရေ
      ရိုက်အန်းစား အဖြစ် ရွေးခွင့်ပြုပါဗျို ့

  • “ဘီလူးကြီး”ogre

    December 13, 2011 at 3:42 pm

    ကိုပေရေ
    ခင်ဗျားပြောတဲ့အံစာလုံးကြီးသုံးလုံးနဲ့ အရုပ်တွေပါတဲ့ဟာက
    ပဲခူးဘက်မှာတော့ “အံဂလုံ ”လို့ခေါ်သဗျ
    သာယာဝတီ ၊ထိန်တော၊မိုးညို ဘက်က အာဝါဒေး ပွဲများမှာမပါမပြီး
    လောင်းကစားဝိုင်းပေါ့ ဒီကစားနည်းနဲ့ လယ်ပြုတ် ယာပြုတ် တဲ့အထိ
    လောင်းကစားလုပ်ကြတာဗျ

    • windtalker

      December 13, 2011 at 9:15 pm

      မန်းတလေး မှာ တော့ ဂျလုံးဂျလုံး လို ့ခေါ်ကြတာဗျ
      လောင်းကြေး ကြီးတယ် ဗျို ့၊ အဲ့ဝိုင်းတွေ က
      ရှမ်းပြည်ဘက် က ဘုရားပွဲတွေ မှာ ဆိုရင် သိန်းချီလောင်းကြတယ်
      ကြိုးဆွဲတဲ့သူ က အသက်ဘဲ တဲ့ ဗျို ့

  • Moe Z

    December 13, 2011 at 3:48 pm

    MRTV -9 မှ ကိုပေရဲ့ ၅၀၀ဝ တန် အင်တာဗျူးကို
    ဖတ်သွားပါသည် 🙂

  • မှော်ဆရာ

    December 13, 2011 at 7:50 pm

    ဂဇက်ဝင်တွေဟာ ပွိုင့်လိုချင်လို့ ရေးနေကြတာမဟုတ်ဘူးဆိုတာ ဒီပိုစ်လေးက သက်သေပြလို်က်ပါ၏..။

    • windtalker

      December 13, 2011 at 7:57 pm

      မှော်ကြီးရေ
      ဂေဇက်ဝင်တွေ အတွက် ပြန်ရှဲနိုင်ဖို ့၊ အာကေပေးရမည် ဆိုပါကလည်း ၊ တတ်နိုင်သလောက် ပေး ဝယ် တင်ဆက်သွားမည် ဖြစ်ကြောင်း ရယ်ပါလေ ။

  • naywoonni

    December 13, 2011 at 8:52 pm

    သေနတ် က မျှားတံထွက်တဲ့ မြောင်းကိုလည်းကွေးထားသေးတယ်..။ မျှားတံကိုလည်း တစ်ဖက်ကို နဲနဲ မသိမသာ ကွေးထားဦးမှာ နင့်ကို အဲဒါမပြောလိုက်ဖူးမဟုတ်လား …။ လူနောက် ….။ အဲဒါကမှ တစ်ကယ် ဆီးကရက်…………….။

    • MaMa

      December 14, 2011 at 8:04 am

      အဲဒါဆိုရင်တော့ အကောက်နဲ့ အကောက်ပေါင်းပြီး တည့်သွားတယ်ထင်တယ်။
      တခါက ကစားကွင်းမှာ မျှားသွားပစ်တာ ၅ချက်မှာ ၄ချက်မှန်တော့ ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးသွားမိတာ 😆

  • weiwei

    December 13, 2011 at 9:23 pm

    မောင်ပေ့ အူးတာဗျင်က ရှယ်ပဲ …
    ၅၀၀ဝ ပေးပြီး ဗျူးခဲ့ရတယ်ဆိုလို့ ၄ ကျပ်ဖိုး ကွန်မန့်ဝင်ပေးလိုက်တယ် … 😛

  • comegyi

    December 13, 2011 at 9:52 pm

    ကိုပေ ဂွမ်းဂွမ်းဒုုံးဒုံး ဗူးနဲ့လှုပ်တဲ့အံစာသမားတွေကို
    ဗျူးမယ်ဆို ကိုယ်ရံတော်တွေဘာတွေနဲ့ဗျူးနော် ကိုယ့်လူ
    နောက်ကျော စိတ်မချရဘူး……..
    ဟဟ…

  • super

    December 14, 2011 at 10:05 am

    ကျနော်တို့ ရပ်ကွက်ဘုရားပွဲဆိုရင်လည်း အမြဲပါနေကျပဲ၊ ဘုရားပွဲအချိန် ကျနော့်အိမ်မှာရှိရင်တော့ ရောင်စုံပူဖောင်းလေးတွေကို သွားပစ်ဖြစ်တယ်၊ အခုတော့ ရပ်ကွက်ဘုရားပွဲနဲ့ ဝေးတာကြာပေါ့၊ u talker ရွာထဲမှာ တင်ပေးလိုက်တော့ အဲ့ဒီအချိန်တွေကို လွမ်းသလိုရှိသား………… 😛

  • ms.pay sote

    December 14, 2011 at 10:07 am

    ကိုပေက ဗျူးဆော့ ပေါ့နော် :P:P:lol:

  • ကိုရင်စည်သူ

    December 14, 2011 at 12:42 pm

    လကြတ်တဲ့ သတင်းစနတ်ရှော့ခ်တွေမှသည်
    အင်တာဗျူးတွေတို့ ချီတက်နေသော…
    မီဒီယာသမား ကိုပေဖြစ်ပေတော့သည်။
    အဗျူးကောင်းတယ်… မန်းဒလေးတိုင်းမ်မှာ ဝင်လုပ်ပါလားဗျာ… :mrgreen:

  • ကြောင်လတ်

    December 14, 2011 at 7:26 pm

    ကိုပေရေ ခက်ခက်ခဲခဲရှာဖွေစားနေရတဲ့သူတွေကိုဗျူးပါဗျာ။
    ဒါ့ပုံဆရာတွေလည်း အလှအပလေးတွေကော ၊မလှဘဝလေးတွေကော တင်စေချင်တယ်၊
    အနော့မှာတော့ အားကြီး၊ မတင်ရဲလို့ ၊တင်တော့ဝူး

  • မောင်ပေ မင်းကို ဆယ်နှစ်ပွဲမှာ လုပ်စားနေသူတွေက မင်းကိုလိုက်ရှာနေပြီ။
    ဂွင်ပျက်အောင်ဖော်လို့တဲ့။
    ပြေးနိုင်မှလွတ်မနော်…………………………….

Leave a Reply