စာခိုးကူးချနေတဲ ့ဆရာအသစ်တွေ

စာမရေးဖြစ်၊မဖတ်ဖြစ်တာ နည်းနည်းကြာတော့ Mandalay Gazette နဲ ့စိမ်းသလို
လိုဖြစ်သွားတယ်။ဒီနေ ့တွေ ့ရ၊မြင်ရကြားရ တာလေးတစ်ခုက စိတ်မချမ်းသာတာဖြစ်နေ
တော့ ရေးချင်လာတော့ ဝင်ရေးဖြစ်ပါပီ။အားလုံးသော ညီအကိုမောင်နှမ၊ရွာသူရွာသားများ
ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာခြင်းနဲ ့ပြည့်စုံကြစေဖို ့ရာ sweet December
မှာ နှုတ်ခွန်းဆက်ပါရစေဗျား။
ယနေ ့ထိကျွန်တော်နဲ ့ထိတွေ ့နေရတဲ ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ(အနီးစပ်ဆုံး
မိမိမြို ့)ပညာရေးနဲ ့ပတ်သက်လို ့ပြောစရာတွေရှိလာပြန်ပါပီ။“ပညာရေးဖြင့် ခေတ်မှီဖွံ ့ဖြိုး
တိုးတက်သောနိုင်ငံတော်တည်ဆောက်အံ့”ဆိုတဲ ့ဆိုင်းဘုတ် အစိမ်းအောက်ခံမှာ အဖြူရောင်
စာလုံးနဲ ့ရေးထားတဲ့ ဘုတ်တွေကိုမြင်ဖူးတွေ ့ဖူးကြမှာပါ။ဆောင်ပုဒ်က သိပ်ကောင်းပါတယ်။
တကယ်တမ်းသာဖြစ်မယ်ဆိုရင် ဝမ်းသာစရာပါလား။ခက်နေတာက လဲဗျာ ကျွန်တော်
တို ့နိုင်ငံက ဆောင်ပုဒ်တွေ၊အပြောတွေကောင်းပ၊ညွန် ့ပဆိုပေမယ့် အလုပ်ကတော့ သိပ်မတွင်လှပါဘူး။
ပညာရေးနဲ ့တည်ဆောက်ရမယ့်နိုင်ငံမှာ ဘယ်လိုဆရာမျိုးတွေက တာဝန်ယူမှာလဲ။ဆရာတွေရဲ ့အရည်အချင်းဘယ်လောက်ရှိသလဲ။မေးရမှာ တော်တော်အားနာစရာတော့
ကောင်းပါတယ်။ဘာလို ့လဲဆိုတော့ ဟိုးအရင် ကတည်းက မူလတန်းပြဆရာတစ်ယောက်
ဖြစ်ဖို ့ပေးရမယ့်ငွေ (၅)သိန်းဝန်းကျင်ရှိတယ်။တကယ်လို ့ စာမေးပွဲဖြေ မပါရင် ငွေပြန်အမ်းဆိုတာကရှိသေးတယ်။ဟိုး အရင်က ပျက်နေတာလေးတွေကို ထားပါအုံး။
ဒီနေ ့ခေတ် ဒီမိုကရေစီခေတ်၊ပြည်သူ ့ခေတ်မှာ တကယ်အရည်အချင်းမရှိတဲ့ဆရာတွေကို မခန် ့သင့်တော့ပါဘူး။
ပြောစရာရှိတာတော့ ပွင့်ပွင့်လင်းလင်းပြောရပါလိမ့်မယ်။ဒါမှမဟုတ်ရင် ကိုယ့်မြို ့၊ကိုယ့်ဇာတိ၊ကိုယ့်နိုင်ငံရဲ ့ ပညာရေးမြောင်းထဲ ရောက်နေတာက တခါမှပြန်တက်တော့မှာ
ကိုမဟုတ်တော့ပါဘူး။
သံတွဲမြို ့ အခြေခံပညာအလယ်တန်းကျောင်းအမှတ်(၁)မှာ ဘီအီးဒီဝင်ခွင့် ဖြေဆိုနေကြတဲ့ ဆရာလုပ်မယ်ဝါသနာပါသူ၊လုပ်ရမယ့်အလုပ်မရှိလို ့ဝင်လုပ်သူ ဘယ်သူဘဲဖြစ်ဖြစ် ရိုးသားကြိုးစားစွာဖြေဆိုခြင်းအလျှင်းမရှိ ကူးချဖြေဆိုနေလိုက်ကြတာဗျာ။
မြင်ရကြားရတဲ့ သူတွေရှက်ရတယ်။သူတို ့ကတော့ရှက်ရကောငါးမှန်းသိပါရဲ ့လားဗျာ။ဖြေဆိုရတဲ့ကျောင်းက အလယ်တန်းကျောင်းပါ။လာဖြေတဲ့သူတွေက ဘီအီးဒီဖြေတာ။ကျောင်းသူတစ်ယောက် ကအခန်းအပြင်က မြင်လို ့ဆရာမ ဆရာမ ဟိုမှာ စာတွေကူးချနေတယ်လို ့ပြောမိတာဗျာ။ကူးချသူအပြစ်မဖြစ်ပါဘဲ မြင်လို ့ပြောမိသူအပြစ်ဖြစ်ပါလေရောတဲ့နော်။
အဲဒီတော့ ဆရာတို ့ရေ နာမယ်ဆိုရင်လဲ နာကြပါတော့။ကျွန်တော်ကတော့ ပြောစရာရှိရင် ပြောရဦးမယ်။ဆယ်တန်းကိုအောင်တုန်းက လဲစာခိုးချပြီး တစ်ဘာသာ ရမှတ်(၄၀)နဲ ့အောင်တယ်။ခုလို ဘီးအီးဒီ ဆရာဖြစ်ဝင်ဖြေတော့လဲ ကူးချပြီးဆက်ဖြေတယ်။
စဉ်းစားကြည့်ရင် ကလေးသူငယ်တွေကို စာသင်ပြပေးရမယ့် ဆရာတွေလေဗျာနော့်။ခင်များတို ့ သင်မယ့် တပည့်တွေကို ခင်များတို ့တတ်ထားတဲ့ ခိုးချမယ့် နည်းလမ်းတွေထက်ပို ကောင်းမယ့် နည်းလမ်းတွေသင်မှာ လား၊ခုဘဲ ရပ်တန့် ကရပ်ပြီး
ပြုပြင်ကြမှာလား။ရွေးချယ်ပေးကြပါဗျာ။
ခုလို စိတ်မကောင်းဖွယ်ရာ ကိစ္စနဲ ့ပတ်သက်ပြီးဖြစ်နေတာ ခုမှမဟုတ်တော့ပေမယ့်
ပြင်ပေးကြစေလိုပါတယ်။ပြည်နယ်ပညာရေးမှုးရော၊ပြည်နယ်ဝန်ကြီးချုပ်ဆီကို ပါအကြံပြုပြောပြသွားမှာပါ။ဒီလို ကိစ္စမျိုးတွေလဲ တခြားမြို ့ရွာတွေမှာရှိနေနိုင်ပါတယ်။ပညာရေးသည် အဓိကဖြစ်တဲ့အရာဆိုတာဘယ်သူမှမငြင်းဆန်နိုင်ပါဘူး။ မိမိရင်သွေးငယ်များရဲ ့အနာဂတ်ပဲ့ကိုင်ရှင်တွေဖြစ်သောဆရာဆိုတာ ခိုးနည်းသင်ပေးမယ့်ဆရာဖြစ်နေရင် အားလုံးရင်ကျိုးရမှာပါ။ပညာရေးအတွက်ဝိုင်းဝန်းကြိုးပမ်းကြပါစို ့။ ။

8 comments

  • lulinmg

    December 13, 2011 at 12:26 pm

    ကိုယ်တိုင်ပဲသင်တော့ပေါ့

  • kotun winlatt

    December 13, 2011 at 12:32 pm

    ဪ….
    အင်းးး
    အဲ…
    ဟုတ်…
    ဟုတ်ကဲ့….

  • Diamond Key

    December 13, 2011 at 1:45 pm

    ကိုသန်းထွဋ် ဦးရေ၊
    ဒီဆရာတွေ ပြန်ပြီး စာမေးပွဲခန်းပြန်စောင့် ရတဲ့နေ့တွေ ရောက်လာရင်တော့ သူခိုးက ရဲဖြစ်သွားတဲ့ ရုပ်ရှင်တစ်ကား ထဲကလို ဒီပညာတွေ နောကျေလာခဲ့သူတွေမို့ သူတို့ တပည့်တွေ လုံးဝမခိုးမချနိုင်အောင် ဖမ်းတတ်လာမယ်လေ။ 😀
    စာတွေကူးချနေတယ်လို ့ပြောမိတာ ကူးချသူအပြစ်မဖြစ်ပါဘဲ မြင်လို ့ပြောမိသူအပြစ်ဖြစ်ရတာလေးကတော့ ဒီပညာတွေ နောကျေနေတဲ့သူကိုမှ မီးကျောင်းမင်း (မမြင်ချင်ယောင်ဆောင်နေတာ) ရေခင်းပြမိလို့ပါ။ :mrgreen:
    နောက်ဆုံးတော့ နော်တို့ရွာထဲက ဆရာကြီးတွေ ပြောပြောနေကြသလိုပဲ ခေတ်များလေ ပြောင်းပါမှ ပေါ့ဆရာရယ်။ 😛

  • kotaungsu

    December 13, 2011 at 3:31 pm

    ခိုးချပြီးတော့မှ စာမေးပွဲအောင်လာပြီး ဆရာဖြစ်လာတဲ့ ကျောင်းဆရာတွေကတော့ တပည့်တွေကို ခိုးနည်းတွေပဲ သင်ပေးနိုင်တော့မှာပေါ့။ ဒါ့ကြောင့် အလွတ်ကျက်ဖြေကြတော့ “ကျက်မှုတက္ကသိုလ်”။ အခု ခိုးချပြီး ဖြေကြတော့ “ခိုးမှုတက္ကသိုလ်” ပေါ့။ အဲဒီ ခိုးမှုတက္ကသိုလ် ဘွဲ့ရသူတွေများလာရင်တော့ မြန်မာပြည်ဟာ သူခိုးနိုင်ငံဖြစ်တော့မှာပေါ့။

  • pasi

    December 13, 2011 at 3:31 pm

    ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့

  • အများသိထားသလို ပေါ့ ခုလိုစာခိုးချ၊ကူးချသူဆရာဖြစ်ဝင်ဖြေသူတွေက ဆရာတွေဖြစ်လာရင်
    ဘယ်လို နည်းလမ်းတွေနဲ ့သင်ကြားပို ့ချကြမလဲဆိုတာကို ပိုတွေးမိလို ့ပါ။သူတို ့ကိုယ်တိုင်မှာ
    အဲလောက်အရည်အချင်းမရှိရင် သူတို ့လက်ထဲကထွက်မယ့်ကျောင်းသား အပေါင်းအနှုတ်တောင်
    တတ်ပေါ့မလားတွေးမိလို ့အပူအပင်လေးနဲ ့ရေးမိတာပါဗျာ။ရွာထဲက ဆရာများရဲ ့အမြင်များရောဝင်ပြော
    ပေးကြပါအုံးနော့။

  • Gipsy

    December 13, 2011 at 8:01 pm

    ဝင်ဆွေးနွေးဖို့ရာ အားမရှိဖြစ်နေတယ်..
    ဆရာ၊ ဆရာမ လုပ်မဲ့သူတွေက ခိုးကူးချပြီး စာမေးပွဲဖြေတယ်ဆိုတော့ သွားပြီပေါ့ …
    အနာဂါတ်ပညာရေးကတော့ ကောင်းလိုက်မဲ့ဖြစ်ခြင်း…
    ပြေးသွားပြီးတော့ ကြိမ်တုတ်နဲ့ ရိုက်ပစ်လိုက်ချင်တယ်…။

  • ကျနော်ကင်မရာ မရှိခင်ကာလက စိတ်ထဲမှာအကြိမ်ကြိမ်ရိုက်ခဲ့သော ပုံလေးတစ်ပုံရှိပါတယ်။
    နောက်ခံက ကျောင်းအဝင်ဝ။
    ဘေးမှာက” အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုတဲ့ဆိုင်းဘုတ်ကြီးကဟီးလို့။
    ဆိုင်းဘုတ်ဘေးမှာဆိုင်ကယ်ကိုယ်စီနဲ့ ကျောင်းဆရာမသုံးယောက်။
    ကျောင်းဆင်းလို့မပြန်ခင်ရပ်ပြီးလေပေါနေပါတယ်။
    ထူးခြားတာက တစ်ယောက်မှ ဆိုင်ကယ်စီးဦးထုပ်ဆောင်းမထားတာပါဘဲ။
    ကဲကောင်းကြသေးရဲ့လား အရပ်ကတို့………….ရေလို့သာပြောလိုက်ချင်ပါတယ်၊

Leave a Reply