နှလုံးသားအလင်္ကာ

အက္ခရာစာတန်းစု

သံစဉ်တစ်ခုနဲ့ဖွဲ့ဆို

ရင်ခွင်မှာအလွမ်းရက်

တမ်းတခက်တယ်…….

ပင်လယ်လေတိမ်စိုင်ထက်

တိုက်ခက်တဲ့ရက်စက်မှု့ကြောင့်

သံသယမျက်ဝန်းမျှားကို

အပြုံးများနဲ့ခြေဖျက်

ဒဏ်ရာအတွက်ကုရခက်တယ်…..

သံသရာအလယ်

ကံဇာတာမကြွယ်တော့

ဘ၀အဆက်ဆက်

လက်စားချေငြိုးဖျက်တဲ့

သုဘဒ္ဒါချစ်သဲအတွက်

မေ့ရခက်တယ်………………။

About lulinmg

has written 31 post in this Website..