HIV/AIDS ဗဟုသုတပွဲတော်

moethidasoeDecember 13, 20111min984

HIV/AIDS ဗဟုသုတပွဲတော် ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် ၂၄၉ ရှိ ဆရာဝန်အသင်း ဝင်းအတွင်း

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ မှ ၁ရ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အခမ်းအနားဖွင့်ပွဲကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ မြန်မာနိုင်ငံကြက်ခြေနီ၊ MSI, AFXB, MBCA, UNFPA တို့မှ HIV/AIDS ဆိုင်ရာ ဗဟုသုတ ပြခန်းများ ပြသထားမှာဖြစ်ပါတယ်။

ပြခန်းများ အပြင် HIV/AIDS ဆိုင်ရာ ဗဟုသုတ ညာဏ်စမ်းပြိုင်ပွဲ၊ ပြခန်းတိုင်းကို ကြည့်ရှုမှတ်သားပြီး ဖြေဆိုနိုင်မယ့် ရှာပုံတော်ဖွင့်မယ်၊

ဗဟုသုတဖြစ်ဖွယ်ရာ ဗီဒီယို ပြကွက်၊ တိုးတိုးတိတ်တိတ် မေးနိုင်မယ့် သိလိုရာမေး အစီအစဉ်၊

အပန်းဖြေနိုင်မယ့် ပျော်ပွဲရွှင်ပွဲ ကစားပွဲ၊ အမောပြေစားသောက်ဖွယ်ရာ အရောင်းဆိုင်၊ HIV ကူးစက်ခံ ကလေးငယ်များအတွက် အလှူခံဌာန များ ပါဝင်မှာဖြစ်ပါတယ်။

၁ရ ရက်နေ့ နေ့လည် ၁၂ နာရီမှ စလို့

လူငယ်များဖန်တီးထားတဲ့ ပြဇာတ်၊ အသံတိတ်ဇာတ်လမ်း၊ အငြိမ့်၊ တေးဂီတ ဖျော်ဖြေမှုများ တင်ဆက်မှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနား ပြုလုပ်ပါမယ်။

ညနေ ၄ နာရီ ပိတ်ပွဲမှာ ပြိုင်ပွဲအချို့ရဲ့ ဆုများကိုလည်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်

4 comments

  • lulinmg

    December 13, 2011 at 2:52 pm

    သိပ်ကောင်းတာပဲ

  • laypai

    December 13, 2011 at 5:15 pm

    သောကြာ စနေ နှစ်ရက် ဆိုတော့၊ သောကြာ နေ့ ည ပါ ကျင်းပမှာလား မသိဘူး နော်။
    ရုံး အပြန် ဝင် လို့ ရ အောင်ပါ။

  • moethidasoe

    December 14, 2011 at 10:39 am

    ပွဲတော်ကို မနက် ၉ ညနေ ၄ အထိသာ ပြနိုင်မှာပါ ..
    စနေနေ့ မွန်းလွဲပိုင်းအချိန်မှာ တင်ဆက်မယ့်ဖျော်ဖြေရေးအစီအစဉ်ကိုလည်း လာရောက် အားပေးနိုင်ပါတယ်

  • etone

    December 14, 2011 at 1:45 pm

    ဒေါက်တာရေ … တကူးတက စာပို့ပြီးဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ် … ။
    ချောင်းသာမသွားဖြစ်လျှင် 17ရက်နေ့ ညနေပိုင်းရောက်အောင် လာလေ့လာပါဦးမယ် … ။ ပွဲတော်သတင်းအတွက်ကတော့ ကျေးဇူးပါ ။ 🙂

Leave a Reply